Ascend Media Agency

Ascend Media Agency Signifies Your Brand to New Heights Signifies Your Brands to New Heights

May your days be merry, your heart be light, and your Christmas sparkle with moments of pure delight!
25/12/2023

May your days be merry, your heart be light, and your Christmas sparkle with moments of pure delight!

16/10/2023

Lighting Up Success: 's Pre-Thadingyut Promotion Celebration! 💡✨
Presented by Ascend Media Agency

MSME နဲ့ Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေဖို့ ရိုးမဘဏ်ရဲ့ “Grow Together BizPitch” အစီအစဥ် စတင်မိ...
04/10/2023

MSME နဲ့ Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေဖို့ ရိုးမဘဏ်ရဲ့ “Grow Together BizPitch” အစီအစဥ် စတင်မိတ်ဆက်

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နဲ့ Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေပြီး၊ တိုးတက်အောင်မြင်စေဖို့ ကူညီပံ့ပိုးပေးခြင်းသာမက စီပွားရေးအကြံဉာဏ်များနဲ့ အခွင့်အလမ်းများ ရရှိမှာဖြစ်ပါတယ်။

ရိုးမဘဏ် နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အဖြစ် MSME နဲ့ Start-up လုပ်ငန်းများအတွက် “Grow Together BizPitch” အစီအစဥ်ကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း အောက်တိုဘာလ ၂ ရက်နေ့က Chatrium Hotel မှာ အသိပေးကြေငြာခဲ့ပါတယ်။ ၄င်းအစီအစဉ်ဟာ ပြည်တွင်းရှိ MSME နဲ့Start-up လုပ်ငန်းများကို လက်တွဲမြှင့်တင်ဖို့၊ ထောက်ပံ့ကူညီပေးဖို့နဲ့ စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်တဲ့ ရိုးမဘဏ်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။

ရိုးမဘဏ် Head of SME Banking ဖြစ်သူ မမေစန္ဒီသိန်းဇော် က “BizPitch အစီအစဉ်ကနေ တစ်ဆင့် အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို အတူဖန်တီးပေးဖို့ရိုးမဘဏ်အနေနဲ့ စိတ်အားထက်သန်လျက်ရှိပါတယ်။ အနာဂတ်မှာလည်း ကျွန်မတို့ ရိုးမဘဏ်က MSME နဲ့ Start-up လုပ်ငန်းတွေ တိုးတက်လာမှုကနေ တစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေ အစဉ်တစိုက် ကူညီထောက်ပံ့ပေးသွားမှာပါ” လို့ပြောပြခဲ့ပါတယ်။

Grow Together BizPitch" အစီအစဥ်ရဲ့ သတ်မှတ်ကာလပြည့်ပြီးနောက် လက်ခံရရှိတဲ့ လျှောက်လွှာတွေကို ပရိုဂရမ်ဒါရိုက်တာနဲ့ စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက စိစစ်သုံးသပ်မှာဖြစ်ပြီး အရည်အချင်းပြည့်မီတဲ့ လုပ်ငန်းစုစုပေါင်း (၂၀၀) ကို ရွေးချယ်သွားမှာပါ။ ယင်း လုပ်ငန်းစုစုပေါင်း (၂၀၀) ထဲမှ ပရိုဂရမ် ဒါရိုက်တာန စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆန်ခါတင် လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်သွားမှာဖြစ်ပြီး ယင်းဆန်ခါတင် လုပ်ငန်း (၃၀) ရဲ့ တင်ပြချက်များနဲ့ လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံပြီး ပရိုဂရမ် ဒါရိုက်တာနဲ့ စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆုရရှိမယ့် လုပ်ငန်း (၄) ခုကို ထပ်မံရွေးချယ်ပြီး ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် လုပ်ငန်းရင်းနှီးမြှပ်နှံရန် ဆုကြေးငွေ ကျပ် သိန်း (၅၀၀) စီ ပေးအပ်သွားမည်ဖြစ်ပါတယ်။

"Grow Together BizPitch" အစီအစဥ်ကို စွန့်ဦးတီထွင်ကဏ္ဍနဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ပညာရှင်များမှ ပါဝင်ထားပြီး အစီအစဉ်တစ်လျှောက် လိုအပ်တဲ့ ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို သင်တန်းများ ပို့ချပေးမှာဖြစ်ပါတယ်။ ရိုးမဘဏ် သက်မှတ်ချက်နဲ့ ပြည့်မီတဲ့ MSME များနဲ့ Start-up လုပ်ငန်းများအနေနဲ့ အခမဲ့ ပါဝင်လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်အတွင်း https://yomabank.net/grow-together-bizpitch/ မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင် မှာဖြစ်ပါတယ်။

ငွေကျပ် သိန်း ၁ ထောင်တန်ဖိုးရှိ ဆုလက်ဆောင်တွေပိုင်ဆိုင်ရမယ့် Samsung ရဲ့ “ရင်ထဲကသီတင်းကျွတ်” ပရိုမိုးရှင်း အစီအစဥ်  Sams...
03/10/2023

ငွေကျပ် သိန်း ၁ ထောင်တန်ဖိုးရှိ ဆုလက်ဆောင်တွေပိုင်ဆိုင်ရမယ့် Samsung ရဲ့ “ရင်ထဲကသီတင်းကျွတ်” ပရိုမိုးရှင်း အစီအစဥ်

Samsung Myanmar မှ အသုံးပြုသူ ပရိတ်သတ်များကို ကျေးဇူးတုံ့ပြန်တဲ့‌အနေနဲ့ “ရင်ထဲကသီတင်းကျွတ်” ပရိုမိုးရှင်း အစီအစဥ်ကို အောက်တိုဘာလ ၁ ရက်ကနေ ၃၁ ရက်အတွင်း တစ်လတာလုံး ကျင်းပပြုလုပ်ပေးသွားတော့မှာဖြစ်ပါတယ်။ ဒီအစီအစဥ်ဟာ ၂၀၂၃ ခုနှစ်အတွင်းကျင်းပပြုလုပ်တဲ့ Samsung Myanmar အကြီးမားဆုံး ပရိုမိုးရှင်းအစီအစဥ်တစ်ခုဖြစ်ပြီး အထူးအစီအစဥ်အနေနဲံ သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများအပြင် စုစုပေါင်း ငွေကျပ်သိန်း ၁ ထောင်တန်ဖိုးရှိ ငွေသားဆုလက်ဆောင် (Cashback) များစွာကို Samsung ထုတ်ကုန် ဝယ်ယူအသုံးပြုသူများထံသို့ ပေးအပ်သွားမှာဖြစ်ပါတယ်။

Samsung Electronics ကနေ သတ်မှတ်ထားတဲ့ ထုတ်ကုန်များဖြစ်တဲ့ ဖုန်း၊ Tablet၊ Wearable ပစ္စည်းနဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပရိုမိုးရှင်းကာလ အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အတွင်း ဝယ်ယူအားပေးသူတွေအနေနဲ့ “ရင်ထဲကသီတင်းကျွတ်” အထူးပရိုမိုးရှင်းမှာ ပါဝင်ကံစမ်းနိုင်မှာြစ်ပြီး ဝယ်ယူခဲ့တဲ့ ပစ္စည်းအမျိုးအစားအလိုက် ငွေကျပ် ၇ သိန်းအထိ သက်သာခွင့် ငွေသားဆုလက်ဆောင် (Cashback) များနဲ့ သီတင်းကျွတ်အမှတ်တရ လက်ဆောင်ပစ္စည်းများ ရယူနိုင်မယ့်အပြင် ထပ်ဆောင်းအထူးအခွင့်အရေးအဖြစ် ကျပ်သိန်း ၁၀၀ (၁) ဆု၊ ကျပ်သိန်း ၅၀ (၄) ဆု၊ ကျပ် ၁၀ သိန်း (၇၀) ဆု အစရှိသဖြင့် ့် စုစုပေါင်း ငွေကျပ်သိန်း ၁,၀၀၀ တန်ဖိုးရှိ ငွေသားလက်ဆောင် ၇၅ ဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။
အစီအစဥ်မှာ Samsung ရဲ့ နောက်ဆုံးထွက် ထုတ်ကုန်သစ်များဖြစ်တဲ့ Galaxy Z Flip5 နဲ့ Z Fold5 တို့ဝယ်ယူခြင်းအတွက် Samsung နဲ့ Yangoods တို့ အထူးပူးပေါင်းဖန်တီး ထုတ်လုပ်ထားတဲ့ Exclusive Yangoods Mini Bag အပြင် ထုတ်ကုန်သစ်များအတွက် ပထမဦးဆုံးအကြိမ်အဖြစ် ငွေသားလက်ဆောင် Cashback ၅ သိန်းကျပ်အထိ ပြန်လည်ပေးအပ်သွားမှာလည်းဖြစ်လို့ အသုံးပြုသူတွေ လက်မလွှတ်သင့်တဲ့ အတန်ဆုံးအစီအစဥ်တစ်ခုလည်းဖြစ်ပါတယ်။

သီးသန့် လုပ်ဆောင်ချက်များနဲ့ အခြားCustomized ဝန်ဆောင်မှုများပါဝင်တဲ့ ViberPlus Premium Service အား Rakuten Viber မှ စတင်...
03/10/2023

သီးသန့် လုပ်ဆောင်ချက်များနဲ့ အခြားCustomized ဝန်ဆောင်မှုများပါဝင်တဲ့ ViberPlus Premium Service အား Rakuten Viber မှ စတင်မိတ်ဆက်

Rakuten Viber မှ လစဉ်ကြေးပေးသွင်းပြီး ရယူသွားနိုင်မဉ့် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါရှိတဲ့ ViberPlus ဝန်ဆောင်မှုကို စတင်မိတ်ဆက်ခဲ့ကြောင်း သိရှိရပါတယ်။ ယခု အသစ်မိတ်ဆက်လိုက်တဲ့ ViberPlus ဝန်ဆောင်မှုအား ရယူအသုံးပြုသူများအနေနဲ့ Viber အသုံးပြုရာမှာ ကြော်ငြာများမပါရှိပဲ အသုံးပြုသွားနိုင်တော့မှာဖြစ်ပါတယ်။

ဝန်ဆောင်မှုရယူထားသူများအနေနဲ့ Viber အသုံးပြုရာမှာ ကြော်ငြာများ မြင်တွေ့ရတော့မှာ မဟုတ်တဲ့အပြင် မိမိစိတ်တိုင်းကျ Icon ဒီဇိုင်းများအား ရွေးချယ်အသုံးပြုနိုင်ခြင်း၊ Viber နဲ့ပတ်သက်သော အခက်အခဲ တစ်စုံတစ်ရာအတွက် အချိန်မရွေးဆက်သွယ်ပြီး Personalized 1-on-1 Support အကူအညီရယူနိုင်ခြင်း၊ Viber စတစ်ကာများအား အကန့်အသတ် မရှိ ရယူအသုံးပြုနိုင်ခြင်းစတဲ့ အထူးသီးသန့် လုပ်ဆောင်ချက်တွေကို ရရှိသွားနိုင်မှာဖြစ်တဲ့အပြင် အခြား အဆင့်မြှင့်တင်မှုတွေကိုလည်း မကြာမီအချိန်အတွင်း ထပ်မံ ထည့်သွင်းပေးသွားမှာဖြစ်ကြောင်းသိရပါတယ်။

ဒါတင်မက ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံစိတ်ချရမှုနဲ့ ဆက်သွယ်ချိတ်ဆက်မှုပိုင်းဆိုင်ရာများမှာ ပိုမို အဆင့်မြင့်မားလာစေရန်အတွက် Voice Messages (အသံဖိုင်များ) အား စာတိုအသွင် ပြောင်းလဲဖတ်ရှု နိုင်ခြင်းနဲ့ ‘Invisible Mode’ လုပ်ဆောင်ချက်များလည်း ဝန်ဆောင်မှု အသစ်မှာ ပါဝင်လာပြီဖြစ်ပါတယ်။

အူရီဒူးမြန်မာက ဖြူးမြို့နယ် ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျပ်သိန...
03/10/2023

အူရီဒူးမြန်မာက ဖြူးမြို့နယ် ရေကျော်ကျေးရွာရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ရန် ကျပ်သိန်းတစ်‌ထောင်လှူဒါန်း


အူရီဒူးမြန်မာမှ မြန်မာပြည်သူလူထုအတွက် ပညာရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီမယ်ဆိုတဲ့ကတိကဝတ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်တဲ့အနေနဲ့
ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မင်းဂံရိုးကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာရှိ ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကလေးငယ်ပေါင်း ၁၀၀ ကျော် ပညာသင်လေ့လာရာမှာ အထောက်အကူဖြစ်စေဖို့ စာသင်ကျောင်းဆောင်သစ်ဆောက်လုပ်ဖို့အတွက် အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှု ပြုလုပ်တဲ့အခါ ၁ မိနစ် ပြောဆိုမှုတိုင်းအတွက် အူရီဒူးမြန်မာရဲ့ ဝင်ငွေထဲမှ ၁ ကျပ်စီ လှူဒါန်းပေးသွားတဲ့ “အူရီဒူးကလှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ” အစီအစဥ်တရပ်အနေနဲ့ ကျပ်သိန်းတစ်‌ထောင် လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ အနီးအနား ရပ်ရွာဝန်းကျင်မှ ကျောင်းသားကျောင်းသူဦးရေ ၁၀၀ ဝန်းကျင် လာရောက် ပညာသင်ကြားလျက် ရှိပြီး ဆရာတော်ဦးဥတ္တရမှ ဦးဆောင်ကာ ရပ်ရွာအနီးရှိကလေးသူငယ်များ စာပေတတ်မြောက် စေရန်ရည်ရွယ်ချကနဲ့် မူလတန်းဘကကျောင်းကို စတင်ခဲ့ခြင်းဖြစ်ပါတယ်။

ရတနာမာရ်အောင်တောရ ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းအုပ်ဆရာတော် ဦးဥတ္တရမှ “ဦးဇင်းအနေနဲ့ အူရီဒူးမြန်မာက ယခုလို မိုးလုံလေလုံကျောင်းဆောင်ကြီးဆောက်လုပ်ဖို့ လာရောက်လှူဒါန်းတဲ့အတွက် ပြောမပြတတ်အောင် ပီတိဖြစ်ရပါတယ်။ ဦးဇင်းတို့ ရပ်ရွာဝန်းကျင်မှာ တတ်နိုင်တဲ့သူ ရှားပါးတော့ ကျောင်းဆောင်တစ်ဆောင်ပေါ်ပေါက်လာဖို့ အလွန်ခဲယဉ်းပါတယ်။ ကျောင်းဆောင်နဲ့ စာသင်ခန်းအလုံအလောက် မရှိတဲ့အတွက် ခန်းမတစ်ခုတည်းမှာ အတန်းတွေမျှပြီး အခက်အခဲတွေကြားထဲက ပညာသင်ပေးခဲ့ရပါတယ်။ ပြီးတော့လက်ရှိအသုံးပြုနေရတဲ့ စာသင်ခန်းက သံဇကာအပေါက်တွေနဲ့ မိုးလေမလုံတော့ ကလေးတွေ အ‌အေးမိဖျားနာတာမျိုးတွေ ဖြစ်ကြတယ်။ ယခု အူရီဒူးကလှူဒါန်းမယ့်ကျောင်း‌‌ဆောင်ကတော့ မိုးလုံလေလုံကျောင်းဆောင်ကြီး ဖြစ်နေတော့ ကျောင်းသားမိဘတွေလည်း ပိုစိတ်ချသွားရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်နေကြပါတယ်” လို့ ဝမ်းမြောက်စွာ မိန့်ကြားခဲ့ပါတယ်။

Smartphone သုံးစွဲသူတွေအတွက် ဆန်းသစ်သောအတွေ့အကြုံသစ်တွေ ယူဆောင်လာပေးတဲ့ vivo Delightful Night V29 G မိတ်ဆက်ပွဲကျင်းပ ဓာတ...
03/10/2023

Smartphone သုံးစွဲသူတွေအတွက် ဆန်းသစ်သောအတွေ့အကြုံသစ်တွေ ယူဆောင်လာပေးတဲ့ vivo Delightful Night V29 G မိတ်ဆက်ပွဲကျင်းပ

ဓာတ်ပုံရိုက်နိုင်မှုစွမ်းရည်တွေမှာ Smart Aura Light Portrait၊ Supermoon Mode၊ Food Mode နဲ့ 50 MP AF Group Selfie ကင်မရာတို့ ပါဝင်တဲ့ Vivo V29 5G စမတ်ဖုန်းကို 'Delightful Night' အမည်နဲ့ အောက်တိုဘာလ ၁ ရက်နေ့က vivo ရဲ့ CEO Mr. Nelson Ni ၊ vivo မှ တာဝန်ရှိသူများ၊ Brand Ambassador နော်ဖောအယ်လ်ထားနဲ့ နန်းစန္ဒာလှထွန်း၊ Alice Ong၊ ကျော်ထက်ဇော်၊ အောင်ရဲထိုက်၊ ဟိဏ်းသစ်၊ Amera Hpone၊ ဝင်းခန့်မိုး၊ သံသာညီ၊ စုလှိုင်၊ Jewel နှင့် သရုပ်ဆောင်၊ မော်ဒယ်များနှင့် influencer ၂၀ ကျော်တို့နဲ့အတူ LC International Hotel မှာ မိတ်ဆက်ခဲ့ပါတယ်။ V29 5G ကပါးလွှာမှုအတွက် စံသစ်တစ်ခုသတ်မှတ်ထားပြီး 120 Hz 3D Curved Screen နဲ့ စမတ်ဖုန်းဒီဇိုင်းကို သာမာန်ထက်ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းအဖြစ် ဖန်တီးတီထွင်ထားပါတယ်။
vivo Myanmar CEO ဖြစ်သူ Mr. Nelson Ni က “မိုဘိုင်းပုံရိပ်ဖော်ခြင်းမှာ ဦးဆောင်သူတစ်ဦးအနေနဲ့နည်းပညာတိုးတက်မှုအတွက် ကျွန်တော်တို့ ရည်စူးထားပါတယ်။ ယခုလ 19th Asian Games Hangzhou အတွက် မိုဘိုင်းလ်ဖုန်းများ ထောက်ပံ့ပေးနိုင်ခဲ့တဲ့အတွက် များစွာ ဂုဏ်ယူပြီး ကမ္ဘာ့ဖလားနဲ့ ဥရောပချန်ပီယံရှစ်ကဲ့သို အားကစားပွဲ များနဲ့အတူ ထင်ရှားကျော်ကြားတဲ့ အားကစားပွဲတွေမှာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်း ရေးထိုးနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ vivo ဟာ မြန်မာနိုင်ငံစျေးကွက်မှာ ကိုးနှစ်ကျော်ရှိပြီဖြစ်ပြီး အရောင်းပြခန်း ၁၀ ခုကျော် နဲ့ သုံးစွဲသူဝန်ဆောင်မှုစင်တာ ၁၅ ခုကျော်နဲ့အတူ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တစ်ခုကို ထူထောင်ထားနိုင်ပြီပဲဖြစ်ပါတယ်။
မိတ်ဆက်ပွဲအခမ်းအနားမှာ vivo Myanmar ရဲ့ Product Manager ကိုကောင်းထက်မိုး၊ မီဒီယာကိုယ်စားလှယ်တော်များအဖြစ် Technity မှ ကို John Smith နဲ့ MMTR မှ ကိုအောင်ကျော်သူ နဲ့ Brand Ambassadors များ၊ နာမည်ကျော် ဓာတ်ပုံဆရာ ကိုအောင်ကျော်ထွန်း ၊ တို့နဲ့အတူ အစီစဉ်တင်ဆက်သူ Teresa Khine တို့မှ အတွေ့အကြုံများကို မျှဝေခဲ့ပြီး V29 5Gမှာ ၎င်းတို့ စိတ်ကြိုက်လုပ်ဆောင်ချက်တွေပါဝင်ပြီး စွဲမက်ဖွယ် အရောင်များ ပါရှိကြောင်း ရှင်းပြခဲ့ပါတယ်။

Fancy House Academy ရဲ့ ၅ ကြိမ်မြောက် Graduation and Gathering ပွဲကျင်းပFancy House Academy မှာ 2020 ခုနှစ်ကနေ 2023 ခုနှ...
28/09/2023

Fancy House Academy ရဲ့ ၅ ကြိမ်မြောက် Graduation and Gathering ပွဲကျင်းပ

Fancy House Academy မှာ 2020 ခုနှစ်ကနေ 2023 ခုနှစ်အတွင်း တတ်ရောက်ခဲ့တဲံ သင်တန်းသား/သူ ၉၅ ဦးကို သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ်များချီးမြှင့်တဲ့ ၅ ကြိမ်မြောက် Fancy House Graduation and Gathering ပွဲကြီးကို စက်တင်ဘာလ 27 ရက်နေ့က မြို့မကျောင်းလမ်းက Oriental House မှာကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ Fancy House Academy အနေနဲ့ ၅ ကြိမ်မြောက် ကျင်းပတဲ့ ပွဲလဲဖြစ်ပါတယ်။

Fancy House Academy အနေနဲ့ ၂၀၂၀ ကနေ ၂၀၂၃ ခုနှစ်အတွင်း ကျောင်းသားဦးရ ၁၆၇ ယောက်ကို မွေးထုတ်ခဲ့ပြီးဖြစ်ပါတယ်။ အလှပြင်လုပ်ငန်းက လက်မှုပညာ အနုပညာဖန်တီးမှုဖြစ်တဲ့အတွက် လူချင်းတွေ့ပြီးဘယ်လိုညှပ်ရတယ်၊ ဘယ်လိုလုပ်ရတယ်ဆိုတာ သင်ပေးရတာမျိုး၊ body position, စိတ်နဲ့ပတ်သက်တဲ့အခါမှာလည်း ခံစားချက်၊ စိတ်ခွန်အား၊ customer အပေါ်ထားပေးရမယ့် စိတ်ထားမျိုးတွေ၊ ကျောင်းသားတွေရဲ့ လုပ်ရည်ကိုင်ရည်၊ အမှားအမှန်ကို ဆရာတယောက်အနေဲ့ စစ်ဆေးပေးရတာမျိုးဖြစ်တဲ့အတွက် Fancy House Academy အနေနဲ့ online class မရှိဘူးလို့လည်း သိရပါတယ်။

ပြည်တွင်းထုတ်၊ ဒေသထွက်အစားအစာချစ်မြတ်နိုးသူတွေအတွက် Made in Myanmar Local Food FairWeekened လည်းဖြစ်၊ လစာလည်း ထုတ်ထားတဲ့...
01/09/2023

ပြည်တွင်းထုတ်၊ ဒေသထွက်အစားအစာချစ်မြတ်နိုးသူတွေအတွက် Made in Myanmar Local Food Fair

Weekened လည်းဖြစ်၊ လစာလည်း ထုတ်ထားတဲ့အချိန်ဖြစ်နေတော့ ဘယ်နေရာမှာ သုံးရမလဲ စားရမလဲ စဉ်းစားနေသူတွေအတွက်၊ ကိုယ့်မြန်မာပြည်တွင်း ဒေသထွက်စားသောက်ကုန်လေးတွေကို မှ အားပေးချင်သူတွေအတွက်၊ ဆန်းဆန်းပြားပြားလေးတွေကြည့်ချင်သူတွေအတွက် event လေးတခုကို ညွှန်ပေးရမယ်ဆိုရင်တော့ MyanWen Marketplace (မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်) ကနေ Junction City မှာ စီစဉ်ကျင်းပနေတဲ့ Made in Myanmar Local Food Fair ကြီးကိုသွားဖြစ်အောင် သွားကြည့်ပါလို့ ညွှန်လိုက်ပါရစေ။ စက်တင်ဘာလ ၃ ရက်နေ့အထိ ကျင်းပမယ့် Food Fair မှာ ဆိုင်ခန်းပေါင်း ၆၀ လောက်က မြန်မာပြည်တွင်းထွက်ကုန်တွေ ဒေသအစားအစာတွေကို ခင်းကျင်းပြသထားတဲ့အတွက် စိတ်ဝင်တစားဝင်ရောက်ကြည့်ရှု၊ စားသောက်ရင်း ဒီ weekend ကို ကုန်ဆုံးဖို့ အကောင်းဆုံးနေရာတခုပါပဲ။

ဝင်ငွေနည်းပါးပြီး မိသားစုတာဝန်ယူထားရသူတွေအတွက် မမျော်လင့်ထားတဲ့ ကိစ္စတွေအတွက် Manulife ရဲ့ "သောကကင်းဝေး" အသက်အာမခံ မိတ်ဆ...
01/09/2023

ဝင်ငွေနည်းပါးပြီး မိသားစုတာဝန်ယူထားရသူတွေအတွက် မမျော်လင့်ထားတဲ့ ကိစ္စတွေအတွက် Manulife ရဲ့ "သောကကင်းဝေး" အသက်အာမခံ မိတ်ဆက်

ဝင်ငွေနည်းပါးပြီး မိသားစုဝတ္တရား ကြိီးကြီးမားမားတာဝန် ယူထားရသူတိုင်းအတွက် မမျှော်လင့်ထားသောကိစ္စများနဲ့ တွေ့ကြုံတဲ့အခါ ဖြစ်လာမယ့် ငွေကြေးအခက်အခဲကို အကာအကွယ်ပေးဖို့နဲ့ အနာဂတ်မိသားစုဘဝစိတ်အေးချမ်းသာယာစေဖို့ ရည်ရွယ်ချက်နဲ့ "သောကကင်းဝေး" အမည်ရတဲ့ အာမခံအမျိုးအစားအသစ်ကို Manulife ကနေ မိတ်ဆက်ပေးခဲ့ပါတယ်။

• နှစ်ဆကြီးမားသောအကာအကွယ်
• မတော်တဆမှုကြောင့် ကိုယ်အင်္ဂါထိခိုက်ပျက်စီးခြင်းကို အာမခံအကာအကွယ်ပေးခြင်း
• ပေးသွင်းထားသော ပရီမီယံ၏ ၂၅ရာခိုင်နှုန်းကို နှစ်စေ့အကျိုးခံစားခွင့်အဖြစ် ပြန်လည်ပေးအပ်ခြင်း စတဲ့အကျိုးခံစားခွင့်တွေပါဝင်တဲ့ "သောကကင်းဝေး"အသက်အာမခံကို အသက် ၁၈နှစ်မှစတင်ဝယ်ယူထားရှိနိုင်ပြီး (၃)နှစ်ပေါ်လစီသက်တမ်းအတွက် အကြီးဆုံးအသက် ၆၂ နှစ်နှင့် (၅)နှစ်ပေါ်လစီသက်တမ်းအတွက် အကြီးဆုံးအသက် ၆၀ နှစ်အထိ ထားရှိနိုင်မှာ ဖြစ်ပါတယ်။

အသက်အာမခံအသစ် စတင် မိတ်ဆက်ခြင်းနဲ့အတူ Manulife Myanmar က လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမယ့် လူမှုအကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ဖို့ ကတိကဝတ်အတိုင်း သောကကင်းဝေးအသက်အာမခံပေါ်လစီ (၅၅) စောင်ကို ‌ ဒေါင်းဆင်ဒရုန်းရောဂါခံစားနေရတဲ့ ကလေးငယ်များကို စောင့်ရှောက်ပေးနေတဲ့ မိသားစုဝင်များအတွက် မြန်မာနိုင်ငံ ဒေါင်းဆင်ဒရုန်းအသင်းမှတစ်ဆင့် မေတ္တာဖြင့် ပံ့ပိုးကူညီလှူဒါန်းခဲ့ပါသေးတယ်။

Manulife Myanmar ၏ CEO နှင့် General Manager Gaurav Sharma က“အာဆီယံ၊ တောင်အာရှနိုင်ငံတွေနဲ့ ယှဥ်ရင် မြန်မာနိုင်ငံက အသက်အာမခံအကြောင်းသိရှိမှု အတော်လေးနည်းပါးသေးသလို အသက်အာမခံဆိုင်ရာ ဗဟုသုတနဲ့ ဒီအရာကို လက်လှမ်းမီဖို့ ငွေရေးကြေးရေးအခက်အခဲရှိနေတဲ့ မိသားစုတွေလည်းအများကြီးရှိနေပါသေးတယ်။ ဝင်ငွေ အတွက် အခက်အခဲအကျပ်အတည်းတွေကြားကနေ ရုန်းကန်နေရတဲ့ မိသားစုတွေကို ကူညီပေးနိုင်ဖို့၊ အထောက်အပံ့တစ်ခုအနေနဲ့ အံဝင်ခွင်ကျ ဖြစ်ဖို့ကို စဥ်းစားပြီး Manulife သောကကင်းဝေးကို စီစဥ်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။" လို့ ရှင်းပြခဲ့ပါတယ်။

ဆိုင်ကလုန်းမိုခါဒဏ်ခံ ရခိုင်ပြည်သူများအတွက်  အူရီဒူးမြန်မာမှ ပြန်လည်ထူထောင်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးနေ အူရီဒူးမြန်မ...
28/08/2023

ဆိုင်ကလုန်းမိုခါဒဏ်ခံ ရခိုင်ပြည်သူများအတွက် အူရီဒူးမြန်မာမှ ပြန်လည်ထူထောင်ရေးအကူအညီများ ဆက်လက်ပံ့ပိုးပေးနေ

အူရီဒူးမြန်မာကနေ ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကာလတွင်လည်း ပြည်သူများကို ဆက်လက်ပြီး လိုအပ်သည့် ပံ့ပိုးကူညီမှုများ ပေးအပ်ခြင်း ဒုတိယအကြိမ်အဖြစ် ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု ၂,၀၀၀ စာအတွက် ငွေကျပ်သိန်းပေါင်း ၁,၄၀၀ ကျော် တန်ဖိုးရှိ 5 kg ဆန်အိတ် ၂,၀၀၀ ၊ 1.8 L ဆီပုလင်း ၂,၀၀၀ စတဲ့ အခြေခံစားသောက်ကုန်များ အပါအဝင် 150W ဆိုလာမီးသီး အလုံး ၂,၀၀၀ နဲ့ အိမ်အမိုးအကာများ ကို ပံ့ပိုးလှူဒါန်းခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ပြီးစအချိန်ကလည်း အူရီဒူးမြန်မာကနေ ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ရွှေရောင်မေတ္တာပရဟိတဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး စစ်တွေနှင့် ရသေ့တောင်မြို့နယ်များရှိ အိမ်ထောင်စု ၁,၅၀၀ အတွက် လိုအပ်တဲ့ အခြေခံ စားသောက်ကုန်များကို ပေးပို့လှူဒါန်းခဲ့ပါသေးတယ်။
ဒါတင်မက ဆက်သွယ်ရေးကွန်ရက်တွေ အမြန်ဆုံးပြန်လည်ရရှိအောင် လုပ်ဆောင်ပေးခဲ့တဲ့အပြင် အူရီဒူးအချင်းချင်း အကန့်အသတ်မရှိ အခမဲ့ ဖုန်းခေါ်ဆိုခွင့်တွေ၊ SMS စာတိုပေးပို့မှုတွေ နဲ့ အင်တာနက် ဒေတာအစီအစဉ်တွေကို မုန်တိုင်းစတင်ဝင်ရောက်ခဲ့စဉ်ကစလို့ မေလကုန်အထိ ပေးအပ်ခဲ့ပြီး လက်ရှိမှာလည်း ရခိုင်ပြည်နယ်အတွင်း သုံးသလောက်ပေးနှုန်းထားနဲ့ အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုမှုတွေနဲ့ ဒေတာအသုံးပြုမှု အားလုံးအတွက် ၂၀၂၃ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိ ၅၀% လျှော့ပေးပြီး မုန်တိုင်းဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ ရပ်ရွာလူ့အဖွဲ့အစည်းတွေကို ဆက်လက်ကူညီပေးလျက်ရှိပါတယ်။

Address

No. 174, Saya San Road, Bahan Tsp
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959254115280

Website

Alerts

Be the first to know and let us send you an email when Ascend Media Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ascend Media Agency:

Share