Third Officer On Job Training

Third Officer On Job Training Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Third Officer On Job Training, Advertising/Marketing, Yangon.

ကျွန်တော် စာ မသင်ပါဘူး 🤗
Onboard ပေါ်မှာ တစ်ကယ်လုပ်ရမယ့်
အဓိကအရာတွေပဲ လေ့ကျင့်ပေးပါတယ် ☺️
New COC တစ်ယောက်ဖြစ်နေပေမယ့် Senior 3/O တစ်ယောက်လို ရဲရဲ ဝံ့ဝံ့ သဘောပေါ်ကို
တက်ရဲဖို့ အချိန် (၂) ရက်ပဲ လိုပါတယ် 💯%
❤️ သင်ဆရာ၊ မြင်ဆရာ များအား အစဉ်အမြဲ 🙏🙏🙏

10/08/2025

Weekly Inspection
✅ L/B Major Inspection
✅ဒီ Video လေးက New COC အရာရှိများအတွက်သာ ရည်ရွယ်ပါတယ် 🤗🤗

31/07/2025

's Outfit Donning Procedure
#သဘော်ပေါ်မှာတော်တော်များများ လွဲချော်နေတာတွေကို ဒီ Video လေးက ပြင်ဆင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် 🤗



🏃‍♀️ လေ့ကျင့်ခြင်းမှသည် ကျွမ်းကျင်ခြင်းဆီသို့ ..🤝 ယုံကြည်စွာဖြင့် လာရောက် လက်တွဲသော အရာရှိများအား အထူးပင် ကျေးဇူးတင်ရှိပ...
28/10/2024

🏃‍♀️ လေ့ကျင့်ခြင်းမှသည် ကျွမ်းကျင်ခြင်းဆီသို့ ..
🤝 ယုံကြည်စွာဖြင့် လာရောက် လက်တွဲသော အရာရှိများအား အထူးပင် ကျေးဇူးတင်ရှိပါတယ် .. 🙏

Crown Aurora
#9753567608

16/10/2024

3rd Officer On Job Training (Maintenance of firefighting equipment)
ကိုယ်က New COC တစ်ယောက်အနေနဲ့ သဘ်ောပေါ်တက်တော့မယ် ... သဘ်ောပေါ်မှာ ကိုယ် အဓိက တာ၀န်ယူရမယ့် Firefighting equipment တွေကို ဘယ်လို Maintenance လုပ်ကြမလဲ ?
👉 FFE Equipment တွေကို ဘယ်လို Maintenance လုပ်ရမလဲ ဆိုတာကို သဘ်ောပေါ်မှာရှိတဲ့ SOLAS Training Manual နဲ့ SMS ထဲမှာ Procedure နဲ့အတူ Check List Form တွေနဲ့ အတိအကျ ဖော်ပြပေးထားသလို၊ Weekly , Monthly, Quarterly , Annual , 2 years , 5 years and 10 years အစရှိတဲ့ Form တွေနဲ့ Maintenance Record တွေကို သေသေချာချာစစ်ပြီး Record လုပ်ထားပါရတယ်။
👉 ဒီ Record တွေကို သက်ဆိုင်ရာ Responsibilities တွေက အသိအမှတ်ပြု လက်မှတ်‌ရေးထိုးပြီးတော့ စနစ်တကျ သိမ်းဆည်းထားရပါတယ်။
👉 ဒီနေရာမှာ တစ်ခုရှိတာ သဘ်ောပေါ်က FFE & LSA ရဲ့ Responsible Person က Chief Officer သာ ဖြစ်ပြီး 3/O & 2/O က Assistant သာဖြစ်တယ်ဆိုတာ နားလည် သဘောပေါက်ထားဖို့ လည်း လိုအပ်ပါသေးတယ်။
👉 ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်တာ၀န်ယူရမယ့် အပိုင်းကိုတော့ မိမိဘက်က Perfect ဖြစ်အောင်တော့ ပြင်ဆင်ထားဖို့တော့လိုတာပေါ့နော် ။

ကျွန်တော့်ရဲ့ On Job Training မှာဆိုရင်တော့ FFE နဲ့ ပါတ်သက်တဲ့ Weekly , Monthly, Quarterly , Annual , 2 years , 5 years and 10 years အစရှိတဲ့ Form တွေကို ကိုယ်တိုင် ဖြည့်ပြီး Practices လုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မိမိက သဘ်ောပေါ် မတက်ခင်မှာပဲ ကိုယ်တာ၀န်ယူရမယ့်အပိုင်းကို အကြမ်းအားဖြင့် ကြိုတင်နားလည် သဘောပေါက်သွားမှာ ဖြစ်ပြီး သဘ်ောပေါ်ရောက်တဲ့အခါ လွယ်လင့်တကူပဲ မိမိ တာ၀န်ယူရမယ့် အပိုင်းကို ရဲရဲတင်းတင်း လုပ်ဆောင်နိုင်မှာ သေချာပါတယ်။
ကျွန်တော့ရဲ့ On Job Training ကို စိတ်၀င်စားလို့ တက်ချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

CROWN AURORA
Ph Or Viber– 09753567608

Call now to connect with business.

11/10/2024

3rd Officer On Job Training (JOB DESCRIPTION)

ကိုယ်က New COC တစ်ယောက်အနေနဲ့ သဘ်ောပေါ်တက်တော့မယ် ... သဘ်ောပေါ်မှာ ကိုယ်ရဲ့ Responsibility ကဘာလဲ ? ဘာတာ၀န်တွေ ယူရမှာလဲ ? သဘော်ပေါ်မှာ ရာထူးတစ်ခုချင်းဆီရဲ့ သက်ဆိုင်တဲ့ တာ၀န်ယူရမယ့်အပိုင်းတွေကို SMS ထဲမှာ အတိအကျ ဖော်ပြထားပါတယ် ... 3rd Officer တစ်ယောက်တာ၀န်ယူရမယ့် Job Descriptions က အများအားဖြင့် အောက်ပါအတိုင်း ရှိကြတာ များပါတယ် ...
1. Maintenance of firefighting equipment
2. Management of medical equipment & medicine
3. Assistance of master during entering/departure
4. Record of bell book
5. Management of sanitary
6. Work for watch officer
7. Adjustment of time
8. Management of navigation, anchor and signal light
9. Management of signal flag and national flag
10. Guide of embarkation and disembarkation of pilot
11. Preparation of condition report
12. Work for cargo work officer
13. Communication work during navigation watch
14. Check weather forecast, receive navigation warning and monitor distress message and record GMDSS log during navigation watch
15. Preparation of document for entering formality
16. Work from mater and C/O
ကျွန်တော့်ရဲ့ ဒီ On Job Training မှာဆိုရင် အထက်ဖော်ပြပါ တာ၀န်တစ်ခုချင်းဆီရဲ့ အလုပ်တာ၀န်ယူမှုတွေကို ရှင်းပြပေးမှာ ဖြစ်ပြီး တာ၀န်ယူရမယ့်/လုပ်ဆောင်ရမယ့် Check List တစ်ခုချင်းဆီကိုလည်း SMS Form တွေနဲ့တစ်ကွရှင်းလင်း ပြသပေးမှာ ဖြစ်လို့ သဘော်ပေါ် ရောက်တဲ့အခါ ကိုယ်တာ၀န်ယူရမယ့်အပိုင်းကို ကြိုကြိုတင်တင်သိရှိပြီး ဖြစ်တဲ့အတွက် လုပ်ငန်းခွင်မှာ တစ်ကယ်ကို အကျိုးရှိမှာ သေချာပါတယ် ... ကျွန်တော့ရဲ့ On Job Training ကို စိတ်၀င်စားလို့ တက်ချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။
CROWN AURORA
(3RD OFFICER ON JOB TRAINING )
2nd batch Will Be Opened
(OCT – 23RD, 24TH & 25TH )
Ph – 09753567608

10/10/2024

3rd Officer On Job Training
(PORT FORMALITIES)

OOW တော့ အောင်ပြီးပြီ , သ‌ဘ်ောပေါ်ကို 3rd Officer တစ်‌‌ယောက်အနေနဲ့ ရဲရဲ ၀င့်၀င့် တက်ရဲ ပြီလား ?
ကိုယ်က သ‌ဘ်ောပေါ်ကို New Third Officer တစ်ယောက်အနေနဲ့ တက်ရမယ်။
သေချာတယ် ဆရာတို့ Port Formalities ကိုင်ကို ကိုင်ရမှာ။
ဒါဆိုရင် Port Formalities ထဲမှာ ဘာတွေ ပါမှာလဲ ?
Port Formalities ထဲမှာဆိုရင် ... အဓိကအားဖြင့် ..
 Arrival Documents
 Departure Documents
 ISPS Documents
အစရှိတဲ့ ခေါင်းစဥ် 3 မျိုး ရှိသလို တစ်ခုချင်းဆီမှာလည်း ပို့ရတဲ့ Form တွေ ရှိပါတယ်။
Arrival Documents ထဲမှာဆိုရင် Port မရောက်ခင် ပို့ရတဲ့ စာရွက်စာတန်းနဲ့ ကမ်းကပ်ပြီးမှ Agent ကို ပေးရမယ့် စာရွက်စာတမ်းဆိုပြီး ရှိပါသေးတယ် ....
Pre-Arrival Documents ထဲမှာဆိုရင် ISPS , RPM , MDH , Crew List & 10 Ports Of Called အစရှိသလို ပို့ရလေ့ ရှိပြီး ... ကမ်းကပ်ပြီးမှ Agent ကို ပေးရမယ့် စာရွက်စာတမ်းတွေ ဖြစ်တဲ့ Crew List, Voyage Memory ( Ports of Called List) , MDH, Store List , Nil List အပြင် တစ်ချို့ဆိပ်ကမ်းတွေက To***co Free Permit Form ပါ တောင်းတက်ပါသေးတယ် .....
ဒါက Arrival Documents ပဲ ရှိပါသေးတယ်.. နောက် Departure Documents & ISPS Documents တွေ ကျန်ပါသေးတယ် ..
ကျွန်တော့်ရဲ့ ဒီ On Job Training မှာဆိုရင် တစ်ခုချင်းဆီရဲ့ Form တွေကို ဘယ်လို ဖြည့်ရမယ်.. အရေးကြီးတဲ့ အချက်တွေက ဘာတွေလဲ... ဘယ်အချက်အလက်တွေက လုံး၀ကို မှားလို့မရဘူးလဲ .. စတဲ့ Real Process ကို ပြောပြပေးမှာဖြစ်ပြီး ကိုယ်တိုင်လည်း Form တွေကို ဖြည့်ရမယ် . ပြီးတော့ ကိုယ်တိုင် Mail နဲ့ Attached တွဲပြီး ပို့ကြည့်ရမယ်.. ဒါဆိုရင် သဘ်ောပေါ် ရောက်တာနဲ့ ‌ အစိမ်းသက်သက် မဖြစ်တော့ပဲ မြန်မြန်အသားကျပြီး လုပ်ငန်းမှာ တစ်ကယ်ကိုအဆင်ပြေမှာ သေချာပါတယ် ...

CROWN AURORA
(3RD OFFICER ON JOB TRAINING )
2nd batch Will Be Opened
(OCT – 23RD, 24TH & 25TH )
Ph – 09753567608

10/10/2024

3rd Officer On Job Training
(NEW CREW CHANGE)

New Third Officer တစ်ယောက်အနေနဲ့ Crew Change တဲ့အခါ Previous 3rd Officer က Crew Change Documents တွေကို မပြင်ပေးထားဘူးဆိုရင် ကိုယ်က သဘ်ောပေါ်ရောက်တာနဲ့ ကိုယ့်အတွက်ကိုယ် Crew Change Documents တွေ ပြင်ဆင်ရတော့မယ် .. ဒါဆိုရင် New Crew Change ရင် လိုအပ်တဲ့ စာရွက်စာတန်းတွေက ဘာတွေလဲ ? Generally – New Crew Change Documents တွေကတော့ -
1. Crew List ( Crew List ဆိုရင် ပြင်ပြီးတာနဲ့ သဘ်ောမှာ ထားရမယ့်၊ လဲရမယ့် နေရာတွေမှာ အကုန်လုံး လဲထားရပါမယ် )
2. New Joint Crew Education ( ISM/ISPS)
3. Essential Instructions Onboard
4. Familiarization for new joined crew
5. Personal emergency station bill
6. Oath Letter of Drug & Alcohol Policy
7. Crew Emergency Contact List
8. Crew Certificate Check List …….

အစရှိတဲ့ Form တွေ ၊ Education တွေ ပြင်ဆင်ထားရပါတယ် ။ ဒီ On Job Training မှာဆိုရင် ဖော်ပြထားတဲ့ Form တွေအကုန်လုံးကို တစ်ခုချင်းဆီ မိမိကိုယ်တိုင် ဖြည့်ရမယ်၊ ပြင်ရပါမယ်။
New COC တစ်ယောက်အနေနဲ့ သဘ်ောပေါ် မတက်ခင် တစ်ခါလောက် လုပ်ထားဘူးတော့ သဘ်ောပေါ် ရောက်တဲ့အခါ အစိမ်းသက်သက် မဖြစ်တော့ပဲ မြန်မြန်အသားကျပြီး လုပ်ငန်းမှာ တစ်ကယ်ကို အဆင်ပြေမှာ သေချာပါတယ် .
ကျွန်တော့ရဲ့ On Job Training ကို စိတ်၀င်စားလို့ တက်ချင်တယ်ဆိုရင်တော့ အောက်ပါဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

CROWN AURORA
(3RD OFFICER ON JOB TRAINING )
2nd batch Will Be Opened
(OCT/2024 – 23RD, 24TH & 25TH )
Ph – 09753567608

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Third Officer On Job Training posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Third Officer On Job Training:

Share