05/02/2021
လက်ရှိအခြေအနေများအရ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ Civil Disobedience Movement ကို ဦးဆောင်ဦးရွက်ပြုခဲ့ရုံသာမက ရှေ့တန်းကနေတက်ကြွစွာ ပါဝင်နေကြတာကို တွေ့ရပါတယ်။ ဒီလို ကျန်းမာရေးဝန်ထမ်း၊ အစိုးရဝန်ထမ်းတွေ အနားယူလိုက်တာကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို တဖက်တစ်လမ်းကနေ အခမဲ့အကူအညီပေးပြီး ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုတွေ၊ CDM လှုပ်ရှားမှုအတွက် လိုအပ်တဲ့ ကူညီပံ့ပိုးနေကြတဲ့ အဖွဲ့အစည်းတွေ အားလုံးအတွက် Agency M မှ Facebook ကနေ Twitter အထိ လိုအပ်တဲ့ Digital ပိုင်းဆိုင်ရာ Content ၊ Copy နဲ့ Visual Design ၊ Social Media Management တွေကို အခမဲ့ ပံ့ပိုးပေးသွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် Civil Disobedience Movement ဖြစ်မြောက်အောင် ဝင်ရောက်အားဖြည့်ပေးကြပါသော ဆေးရုံ၊ ဆေးခန်းနဲ့ အဖွဲ့အစည်းများအနေနဲ့ Agency M ကို တိုက်ရိုက်ဆက်သွယ်ပြီး လိုအပ်တဲ့ Digital အကူအညီများကို ရယူနိုင်ပါပြီ။
ပြည်သူနှင့်အတူ ....