Akariz Digital Marketing

Akariz Digital Marketing The goal is to promote the business, brand, build customer loyalty, and increase sales through digit

31/12/2022

🎉🎉🎉🎉🎉
မင်္ဂလာရှိသောနှစ်သစ်မှစ၍
စိတ်၏ကျန်းမာခြင်း
ကိုယ်၏ချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီး
အလိုရှိ တောင်းတအပ်သောအရာများ
အမြန်ဆုံးပြည့်ပါစေလို့ ....
Akariz Digital Marketing မိသားစုမှ
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်.... 🙏🙏🙏
🎉🎉🎉🎉🎉




Business တစ်ခုမစတင်ခင်လိုအပ်တဲ့ skills များ ...လုပ်ငန်းတစ်ခုစတင်ရန် ကျွမ်းကျင်မှုများစွာ လိုအပ်ပါတယ်။ နေ့စဥ်လုပ်ငန်းလည်ပ...
18/10/2021

Business တစ်ခုမစတင်ခင်လိုအပ်တဲ့ skills များ ...

လုပ်ငန်းတစ်ခုစတင်ရန် ကျွမ်းကျင်မှုများစွာ လိုအပ်ပါတယ်။ နေ့စဥ်လုပ်ငန်းလည်ပတ်မှုတွေမှာ အောင်မြင်ဖို့ တိုးတက်ဖို့ လိုအပ်တဲ့ skill တွေအများကြီးရှိတဲ့ အထဲကနေမှ အ​ရေးကြီးဆုံး လိုအပ်တဲ့ skills တွေကို ပြောပြပေးသွားမှာပါ။

💠 Financial Management skill
လုပ်ငန်းတစ်ခုမှာ ဝင်ငွေ ထွက်ငွေနဲ့ အရှုံးအမြတ် ငွေကြေးကို ထိထိရာက်ရောက် စီမံခန့်ခွဲနိုင်ဖို့ အရေးကြီးပါတယ်။ ခိုင်မာတဲ့ ငွေကြေးစီမံခန့်ခွဲမှုက လုပ်ငန်းရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ပေးလိမ့်မယ်။

💠 Marketing, Sale and customer service skill
ထုတ်ကုန် (သို့မဟုတ်) ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် မြှင့်တင်နိုင်ဖို့ ​ကောင်းမွန်​သော ဝန်ဆောင်မှုပေးခြင်းနှင့် စျေးကွက်ရှာဖွေရေး မဟာဗျူဟာရှိခြင်းသည် Company အားရောင်းအားတက်စေပါတယ်။

💠 Leadership skill
ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့ အဖွဲ့ဝင်တွေရဲ့ ယုံကြည်မှုနဲ့ သစ္စာခံမှုရှိအောင် တည်ဆောက်နိုင်စွမ်းရှိဖို့ လိုပါတယ်။

💠 Project Management and planning skill
လုပ်ငန်း၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အချိန်၊ ငွေ နင့် ဝန်ထမ်းများ အပါအဝင် company ၏အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရမည်။

💠 Problem solving skill
လုပ်ငန်းတစ်ခုတွင် ပြဿနာများစွာ ကြုံတွေ့ရပါက ကောင်းမွန်စွာ ဖြေရှင်းတတ်ရန် လိုအပ်ပါတယ်။

💠 Networking skill
ကွန်ယက်မှ တစ်ဆင့်ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းသည် Company ၏လုပ်ငန်းကြီးထွားရန်နှင့် သင်လိုအပ်သော အထောက်အပံ့ကို ရရှိပါလိမ့်မည်။
-------------------------------------
သင့်လုပ်ငန်းရဲ့လိုအပ်ချက်တွေဖြစ်တဲ့ Content, Social media design, Logo design, Marketing strategy, Boosting အစရှိသော services များကို တစ်နေရာတည်းအပြီးအစီး ဈေးနှုန်းသက်သာစွာဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးနေပါပြီ။
Page Message Box: m.me/akarizdigital

အားလုံးပဲမင်္ဂလာပါခင်ဗျ။ပျော်ရွင်စရာနေ့ရက်လေးဖြစ်ပါစေနော်။🥰 ဒီတစ်ခါမှာတော့ ကျွန်တော်တို့ Agency ကနေ မိတ်ဆွေတို့အားလုံးအတ...
01/10/2021

အားလုံးပဲမင်္ဂလာပါခင်ဗျ။
ပျော်ရွင်စရာနေ့ရက်လေးဖြစ်ပါစေနော်။

🥰 ဒီတစ်ခါမှာတော့ ကျွန်တော်တို့ Agency ကနေ မိတ်ဆွေတို့အားလုံးအတွက်အရမ်းကိုအသုံးဝင်မယ့် အကြောင်းအရာလေးကို Knowledge Sharing လေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ်။

ကျွန်တော် Knowledge Sharing လုပ်ပေးမယ့်အကြောင်းအရာလေးက ဘာလေးများဖြစ်မလဲ .....

"စီမံခန့်ခွဲမှု"

ဟုတ်ပါတယ်နော်။ ကျွန်တော်တို့ရဲ့နေ့စဥ်ဆောင်ရွက်နေတဲ့လုပ်ငန်းဆောင်တာတွေစနစ်တကျပြီးမြောက်ဖို့အတွက်အလိုအပ်ဆုံးအရာကတော့ ကောင်းမွန်တဲ့စီမံခန့်ခွဲမှုအကြောင်းပဲဖြစ်ပါတယ်ဗျ။

စီမံခန့်ခွဲမှု "Management" ဆိုတာဘာလဲ ....❓❓

👉 "စီမံခန့်ခွဲမှု" ဆိုတာကတော့ ကျွန်တော်တို့တွေရဲ့
စီးပွါးရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေကို စီမံအုပ်ချုပ်ရတာဖြစ်ပြီး စီးပွါးရေးလုပ်ငန်းသေးသေးလေးကနေစပြီး ကမ္ဘာ့အဆင့်မှီလုပ်ငန်းကြီးတွေအထိရေရှည်အောင်မြင်ဖို့အတွက်အလိုအပ်ဆုံးအရာတစ်ခုလည်းဖြစ်ပါသေးတယ်ဗျ။

👉 မိတ်ဆွေတို့အနေနဲ့ ပြည့်စုံကောင်းမွန်တဲ့စီမံ
ခန့်ခွဲနိုင်မှုကိုရယူချင်တယ်ဆိုရင်တော့အရင်ဆုံး မိတ်ဆွေတို့ရဲ့လုပ်ငန်းအဖွဲ့အစည်းအတွက် အကောင်းဆုံး နည်းဗျူဟာတွေကိုညွှန်ကြားပေးဖို့လိုအပ်သလို၊ ငွေကြေး၊ သဘာဝအရင်းအမြစ်၊ နည်းပညာနှင့် လူ့အရင်းအမြစ်စတဲ့အရာတွေကို အသုံးချပြီး ဝန်ထမ်းတွေ၊ အလုပ်သမားတွေရဲ့ကြိုးပမ်းမှုတွေနဲ့အတူ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ဖို့လည်းလိုပါသေးတယ်နော်။

👉 တကယ်တော့ စီမံခန့်ခွဲမှုဆိုတာ အလုပ်ရှင်တွေ၊ ရာထူးကြီးသူတွေနဲ့ပဲဆိုင်တာမဟုတ်ပါဘူးဗျ။ မိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲ အိမ်ရှင်မတွေအိမ်ထောင်မှုနိုင်နင်းတယ်ဆိုတာကလည်း သူတို့ရဲ့စီမံခန့်ခွဲမှုကောင်းမွန်ပြည့်စုံလို့ဖြစ်သလို ဝန်ထမ်းတွေအလုပ်ပြီးမြောက်အောင်မြင်ပြီး သတ်မှတ်ထားတဲ့ Target ရတယ်ဆိုတာကလည်း သူတို့တွေရဲ့ ကိုယ်တိုင်စီမံနိုင်စွမ်းကောင်းမွန်လို့ဆိုတာကတော့လုံးဝငြင်းလို့မရတဲ့အချက်တစ်ခုပဲမဟုတ်လား။

👉 ယနေ့ခေတ်အချိန်ကာလမှာတော့ စီးပွါးရေးကိုစိတ်ဝင်စားတဲ့အနာဂါတ်မျိုးဆက်သစ်တွေအနေနဲ့ တက္ကသိုလ်တွေမှာ စီမံခန့်ခွဲမှုဘာသာရပ်တွေကိုလေ့လာသင်ယူနိုင်သလို နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေရဲ့ စီးပွါးရေးစီမံခန့်ခွဲမှုသင်တန်းတွေအများအပြားရှိလို့လာတာလည်းကျွန်တော်တို့နိုင်ငံရဲ့အနာဂါတ်အတွက်အရမ်းကိုကောင်းတဲ့ကိစ္စရပ်တစ်ခုပါပဲနော်။

အခုဆို မိတ်ဆွေတို့လည်း စီမံခန့်ခွဲမှုရဲ့အရေးပါပုံတွေကိုသိကြလောက်ပြီလို့ထင်ပါတယ်ဗျ။

နောက်တစ်ပါတ်တွေမှာလည်း မိတ်ဆွေတို့အတွက်အသုံးဝင်မယ့်အကြောင်းအရာလေးတွေကို Knowledge Sharing လေးလုပ်ပေးမှာမို့ ကျွန်တော်တို့ Agency Page လေးကို Like and Follow လုပ်ထားဖို့မမေ့နဲ့နော်။
-------------------------------------
လူကြီးမင်းတို့ရဲ့ Social Media Page များအတွက် လိုအပ်ချက်တွေဖြစ်တဲ့ Content, Social Media Design, Logo Design, Marketing Strategy, Boosting အစရှိသော services များကို တစ်နေရာတည်းအပြီးအစီး ဈေးနှုန်းသက်သာစွာဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးနေပါပြီ။
Page Message Box: m.me/akarizdigital

Online ပေါ်မှာ သင့်ရဲ့လုပ်ငန်းနာမည်ရအောင် ဘယ်လိုလုပ်ဆောင်မလဲ ...Online ပေါ်မှာ လုပ်ငန်းတူတွေ အများကြီးရှိတဲ့အထဲကမှ ကိုယ့...
24/09/2021

Online ပေါ်မှာ သင့်ရဲ့လုပ်ငန်းနာမည်ရအောင် ဘယ်လိုလုပ်ဆောင်မလဲ ...

Online ပေါ်မှာ လုပ်ငန်းတူတွေ အများကြီးရှိတဲ့အထဲကမှ ကိုယ့်လုပ်ငန်းဟာ Quality ရော Service ရော ကောင်းနေမယ်ဆိုရင်တော့ သင့်လုပ်ငန်းဟာ တဖြည်းဖြည်း နာမည်ရလာမှာပါ။ Online ပေါ်မှာမိမိလုပ်ငန်း နာမည်ရလာအောင် လုပ်ဖို့နည်းလမ်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအသေးစိတ်အချက်လေးတွေကို လုပ်ဆောင်မယ်ဆိုရင်တော့ ...

💎 ပထမအချက်အနေနဲ့ ကိုယ်ရဲ့ Online page ကို စိတ်ဝင်စားဖွယ်ကောင်းပြီး ဝယ်သူမျက်စိ ကျအောင် လှလှပပလေး ဖွဲ့နွဲ့ တတ်ဖို့လိုပါတယ်။ ကိုယ်ဘာရောင်းလဲဆိုတာကို ချက်ချင်တန်းသိစေဖို့ ရှင်းရှင်လင်းလင်းပြထားပေးရပါမယ်။

💎 ဒုတိယအချက်အနေနဲ့ကတော့ ကိုယ့်ရဲ့ Online Page မှာ live လွှင့် ပြီးကြော်ငြာတာ ဝယ်သူတွေကို ကံစမ်းမဲဖောက်ပေးတာပြီးတော့ ဝယ်သူမေးသမျှအကြောင်းအရာများကို စိတ်ရှည်ရှည်ဖြင့်ပြန်ဖြေပေးတာတို့ လုပ်ရပါမယ်။

💎 တတိယအချက်ကတော့ ကိုယ်လိုချင်တဲ့ပစ္စည်းတစ်ခုခုကို Facebook ပေါ်မှာရှာရင် ဒီ page ကစိတ်ချရရဲ့လား ယုံကြည်လို့ရလားဆိုတာကို Page like တွေ follower တွေ review တွေကိုကြည့်ပြီးဆုံးဖြတ်တာ ဖြစ်တဲ့အတွက်ကြောင့် like တွေ follower တွေ feedback တွေကောင်းအောင် သေချာတည်ဆောက်ရပါမယ်။

💎 စတုတ္ထအချက်အနေနဲ့ Online ပေါ်ကနေ ဓာတ်ပုံကြည့်ပြီး စျေးဝယ်ရတာဖြစ်တဲ့ အတွက်ကြောင့် ကာလာအရောင် size အကြီးအသေးကွာဟမှုတွေ ရှိပေမယ့် customer ဆီရောက်ရင် အရည်အသွေးက​တော့ တူတူပဲဖြစ်ရပါမယ်။ ဒါမှလည်း ဘာပစ္စည်းလေးဝယ်ဝယ် ကိုယ့်ဆိုင်လေးကို သတိရနေမှာပါ။

💎 နောက်ဆုံးအချက်အနေနဲ့ ကိုယ့်ဆီမှာ ဝယ်ယူဖူးတဲ့ customer တွေရဲ့ information ကိုသိရပါမယ်။ Customers အသစ်ထက် customer အဟောင်းတွေကို ထိန်းသိမ်းထားရပါမယ်။ ဘာပစ္စည်းလေးရောက်ရောက် ကိုယ့် customer တွေကို remind လေးလုပ်နေရပါမယ်။ Customer ကို ဂရုတစိုက်ရှိကြောင်းပြရပါမယ်။ ဒါမှလည်း တစ်ဆင့်စကားတစ်ဆင့်နဲ့ customer အသစ်တွေပါထပ်မံရောက်ရှိလာမှာဖြစ်ပါတယ်။

Onlineပေါ်မှာ ဘယ်လောက်နာမည်ကြီးကြီး customer ကို care မလုပ်ဘူး အရည်အသွေးကိုလည်း မထိန်းထားနိုင်ဘူးဆိုရင်တော့ ရေရှည်အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီသေးစိတ်အချက်အလေးတွေကို ဂရုတစိုက်လိုက်လုပ်ရင်း ဒီ့ထက်မက အဆင်ပြေကြဖို့ ဆုတောင်းပေးပါတယ်။

Akariz Digital Marketing Agency သည် လူကြီးမင်းတို့ရဲ့ Social Media Page များအတွက် လိုအပ်ချက်တွေဖြစ်တဲ့ Content, Social Media Design, Logo Design, Marketing Strategy, Boosting အစရှိသော services များကို တစ်နေရာတည်းအပြီးအစီး ဈေးနှုန်းသက်သာစွာဖြင့် အကောင်းဆုံး၀န်ဆောင်မှုပေးနေပါပြီ။
Page Message Box: m.me/akarizdigital

" You can't sell anythingif you can't tell anything " 💯
28/01/2021

" You can't sell anything
if you can't tell anything " 💯


" ဘာတွေ ငေးငိုင်နေတာလည်း သူငယ်ချင်း ... "" ဘာမှမဟုတ်ပါဘူးကွာ ..... ငါ တစ်ခုနားမလည်နိုင်လို့ကွ ......... "" ဘာများလဲဟ "" ...
15/01/2021

" ဘာတွေ ငေးငိုင်နေတာလည်း သူငယ်ချင်း ... "

" ဘာမှမဟုတ်ပါဘူးကွာ ..... ငါ တစ်ခုနားမလည်နိုင်လို့ကွ ......... "

" ဘာများလဲဟ "

" အော် ........
ငါ့မှာတော့ နေ့မအား ညမနားနဲ့အလုပ်တွေကြိုးစားပြီး နေလာလိုက်တာ ဒီလိုအချိန်မှာတောင် အနားမရတဲ့အပြင် လုပ်ငန်းတွေရပ်နေလို့ ဝင်ငွေထိခိုက်နေရတယ်။ မင်းကျတော့ မိသားစုကို အချိန်ပေးနိုင်တဲ့အပြင် အေးအေးဆေးဆေးနဲ့ စာထိုင်ဖတ်လိုက်၊ ဖုန်းသုံးလိုက်၊ လေ့ကျင့်ခန်းလုပ်လိုက်နဲ့ မသိတဲ့သူတွေဆိုရင် မင်းမှာ အလုပ်မရှိဘူးတောင် ထင်မိမှာပဲ။ ပြီးတော့ လုပ်ငန်းအတူတူချင်းကို ငါကနေရာကောင်းကောင်းမှာ မင်းထက် ပိုက်ဆံတွေ အများကြီး ရင်းထားတာတောင် မင်းလောက်ဝင်ငွေမကောင်းဘူးဖြစ်နေတာ ဘာလို့လဲ။
ဆက်ဆံရေးနဲ့ ဈေးနှုန်း၊ ပစ္စည်းကွာလတီကလည်း အတူတူချင်းတောင်မှ မင်းကျတော့ နေ့တိုင်း Customer တွေ တိုးပြီးရင်းတိုး ဖြစ်နေတာ ငါဖြင့် နားမလည်နိုင်တော့ဘူး။ "

" ဟားးးဟားးးးး ဟားးးးးးးးးး
ဘာများလဲလို့ကွာ.......
ကဲ...ပါ.........
ရော့ ........ သူငယ်ချင်း ........
သူတို့နဲ့ဆက်သွယ်လိုက်
မင်း ပြဿနာအတွက်အဖြေ သူတို့မှာ ရှိပြီးသား .......... "


ယနေ့ ဇန်နဝါရီလ(၁၃)ရက် ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် မိဘပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆ...
13/01/2021

ယနေ့ ဇန်နဝါရီလ(၁၃)ရက် ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့တွင် မိဘပြည်သူများ
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများပြည့်စုံကြပါစေကြောင်း ကျွန်တော်တို့ Akariz Digital Marketing Agency မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။


၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် "လွတ်လပ်ရေးနေ့" ကို Akariz Digital Marketing Agency မှ ဂုဏ...
04/01/2021

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် "လွတ်လပ်ရေးနေ့" ကို Akariz Digital Marketing Agency မှ ဂုဏ်ပြုကြိုဆိုအပ်ပါတယ်ခင်ဗျာ။


🎉 Happy New Year 2021 🎉၂၀၂၀ ခုနှစ်အတွင်း ရရှိခဲ့တဲ့ စိတ်ညစ်စရာတွေ၊ ပူပင်သောကတွေကိုထားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ မြန်မာပြည်သူ...
01/01/2021

🎉 Happy New Year 2021 🎉

၂၀၂၀ ခုနှစ်အတွင်း ရရှိခဲ့တဲ့ စိတ်ညစ်စရာတွေ၊
ပူပင်သောကတွေကိုထားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ
မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ၍ ရောဂါဘယအပေါင်းမှ ကင်းဝေးကြပြီး ကြည်နူးပျော်ရွှင်စရာအခိုက်အတန့်များစွာနဲ့ လှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း .....
Akariz Digital Marketing Agency မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။


🎅🎄Merry Christmas to you all🎄🎅ပျော်ရွှင်စရာကောင်းသော ခရစ္စမတ်ကာလမှာ မိဘပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒ...
24/12/2020

🎅🎄Merry Christmas to you all🎄🎅

ပျော်ရွှင်စရာကောင်းသော ခရစ္စမတ်ကာလမှာ မိဘပြည်သူများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လိုရာဆန္ဒများ
ပြည့်စုံ အောင်မြင်ကြပါစေကြောင်း ကျွန်တော်တို့
Akariz Digital Marketing Agency မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။ ⛄⛄


Digital Marketing လို့ပြောလိုက်တာနဲ့ လူတော်တော်များများက Facebook မှာ ကြော်ငြာတာကိုပဲ ပြေးမြင်နေကြပါတယ်။ အမှန်တကယ်တော့ F...
10/12/2020

Digital Marketing လို့ပြောလိုက်တာနဲ့ လူတော်တော်များများက Facebook မှာ ကြော်ငြာတာကိုပဲ ပြေးမြင်နေကြပါတယ်။ အမှန်တကယ်တော့ Facebook မှာ ကြော်ငြာတယ်ဆိုတာ Social Media Platform တစ်ခုမှာ ကြော်ငြာတာပဲ ဖြစ်ပါတယ်ခင်ဗျာ……….😉

ခေတ်ရေစီးကြောင်း ပြောင်းလဲလာမှုအရ လုပ်ငန်းရှင်တော်တော်များများဟာ Facebook ပေါ်မှာ သူတို့ရဲ့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံလာကြပါတယ်။

ဘာကြောင့် ရင်းနှီးမြှုပ်နှံလာကြတာလဲ………..? 🤔

အဖြေကတော့ ရှင်းရှင်းလေးပါ။ အဓိကအချက်တွေပဲ ပြောရမယ်ဆိုရင်တော့........ 💡💡💡
၁. မြန်မာနိုင်ငံမှာ Facebook က လတ်တလော အသုံးအများဆုံး Social Media Platform တစ်ခုပဲဖြစ်ပါတယ်။
၂. Facebook ပေါ်မှာ ကြော်ငြာဖို့အတွက် ငွေကုန်ကြေးကျ အလွန်သက်သာပါတယ်။
၃. ကျား၊ မ၊ အသက်အရွယ်စတဲ့ လိုချင်တဲ့ Target တွေဆီ အရောက်သွားနိုင်တယ်။
၄. အချိန်တိုတိုလေးအတွင်းမှာ ပေးချင်တဲ့ Message တွေကို ထိရောက်မှုရှိရှိ ကြော်ငြာနိုင်တယ်။
၅. ကိုယ်ကြော်ငြာထားတဲ့ Post တွေ လူဘယ်နှယောက်ဆီရောက်လဲ၊ ဘယ်လိုလူတွေက စိတ်ဝင်စားလဲ သိနိုင်တယ်။
၆. Customer နဲ့ အချိန်တိုလေးအတွင်းမှာ တိုက်ရိုက်ထိတွေ့ ဆက်ဆံနိုင်မယ်။
၇. ကိုယ့်လုပ်ငန်းရဲ့ တိုးတက်ပြောင်းလဲမှု၊ ရှုံးနိမ့်မှုတွေကို အလွယ်တကူ နှိုင်းယှဉ်လေ့လာနိုင်လို့ပဲ ဖြစ်ပါတယ်ခင်ဗျာ .....👌

ဒီအချက်အလက်တွေကို ဖတ်ပြီး မိတ်ဆွေတို့ဆီမှာ တစ်ခုခုတွေးစရာ ကျန်ခဲ့မယ်ဆိုရင် ဒီ Page ကို Like and Share လုပ်ပြီး အတွေးလေးတွေ မျှဝေပေးစေချင်ပါတယ်။ ဒီအတွေးတွေကို ဘယ်လိုအကောင်အထည် ဖော်သင့်လဲဆိုတာကိုတော့ ရှေ့လာမဲ့ Post တွေမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ………..☺️☺️☺️



ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နှစ် (၁၀၀) ပြည့် "အ...
09/12/2020

ယနေ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်
ဗုဒ္ဓဟူးနေ့တွင် ကျရောက်သော ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နှစ် (၁၀၀) ပြည့် "အမျိုးသားနေ့"ကို Akariz Digital Marketing Agency မှ လှိုက်လှဲစွာကြိုဆို ဂုဏ်ပြုလိုက်ပါတယ်ခင်ဗျာ။


Address

Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Akariz Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share