evolx

evolx We don't do hundreds or thousands of things. We only have 100% commitment to the things we do.

Gong Xi Fa Cai !! 🧧🧧🧧May this chinese new year 2023 brings everyone health and prosperity 🙏🙏🙏
22/01/2023

Gong Xi Fa Cai !! 🧧🧧🧧

May this chinese new year 2023 brings everyone health and prosperity 🙏🙏🙏


လွတ်လပ်ရေးနေ့ တို့မမေ့ 🇲🇲Happy 75th Myanmar Independence Day!
04/01/2023

လွတ်လပ်ရေးနေ့ တို့မမေ့ 🇲🇲
Happy 75th Myanmar Independence Day!

01/01/2023

✨ Happy New Year! ✨

Merry Christmas everyone !
25/12/2022

Merry Christmas everyone !

Wishing everyone a Happy Karen New Year !
22/12/2022

Wishing everyone a Happy Karen New Year !

Professional Live Streamer အဖြစ်ရပ်တည်ချင်တယ်ဆိုရင်ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲမယ့် လူကြီးမိဘတွ...
09/12/2022

Professional Live Streamer အဖြစ်ရပ်တည်ချင်တယ်ဆိုရင်

ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲမယ့် လူကြီးမိဘတွေရဲ့ စကားတစ်ခွန်းက ဒီအရေမရ အဖတ်မရ ဂိမ်းဆော့နေပြန်ပြီလား ဖုန်းသုံးနေပြန်ပြီလား ဆိုတာပါပဲ။

အရင်က အိမ်မှာ လက်ဖက်ရည်ဆိုင်မှာ ဘောလုံးပွဲလေး ထိုင်ကြည့်နေရာကနေ အခု ဂိမ်းတွေ ဆော့တာ ထိုင်ကြည့်လာနိုင်တယ်။ Streamer တွေ ရဲ့ Live Streaming မျိုးတွေပေါ့။ ဒီလို Social Media Platform တွေမှာ တွေ့ရ မြင်လာရတာနဲ့အမျှ လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်ထဲမှာလည်း Pro ကျကျ Streamer တစ်ယောက်ဖြစ်ချင်လာကြတယ်။ ဖန်တီးမှူစွမ်းရည်နဲ့အတူ လွတ်လပ်စွာ ရပ်တည်ချင်လာကြတယ်ပေါ့။ ခက်တာက ကျွန်တော်တို့အတွက် အထူးသဖြင့် မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဒါကို အချိန်ဖြုန်းတယ် အသုံးမဝင်ဘူး ဘာလို့ လုပ်တာလဲ ဘာအကျိုးရှိလို့လဲ ဆိုတဲံ့ အမြင်နဲ့ပဲ ကြည့်ကြ ပြောကြတာပါပဲ၊

ဆိုတော့ ဒီနေ့မှာ Professional Live Steamer ဆိုတဲ့ ခေါင်းစဉ်နဲ့ ပတ်သတ်ပြီး အနည်းငယ်မျှဝေလိုပါတယ်။

Streamer ဆိုတာက မြန်မာလို တည့်ပြန်ရင် တိုက်ရိုက်ထုတ်လွှင့်သူပေါ့ဗျာ။ Activities တစ်ခုခု ဉပမာ ဂိမ်းကစားတာမျိုး၊ ပန်းချီဆွဲတာမျိုး၊ ဟင်းချက်ပြတာ၊ အနုပညာလက်ရာတစ်ခုခုကို ကိုယ့်ကိုကြည့်နေတဲ့ ပရိသတ်ကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ပြီး လှုပ်ရှားမှုတစ်ခုကို တိုက်ရိုက်လုပ်ဆောင်ပြနေတဲ့ ပရော်ဖက်ရှင်နယ်တစ်ဦးပေါ့။ လူတွေက ကြည့်နေရင်း Comment တွေ ပေးကြ၊ သူကလည်း ဖတ်ပြီး စကားတွေပြော အပြန်အလှန် ဆက်သွယ်နေကြတဲ့ ပျော်စရာ တင်ဆက်မှု တစ်မျိုးပါ။

ကိုယ်ဝါသနာ ကို အခြေပြုပြီး လုပ်ရတာမို့စိတ်လှုပ်ရှားဖို့ ကောင်းသလို ပျော်စရာလည်းကောင်းတဲ့ အလုပ်တစ်မျိုးပါ။ လွတ်လပ်မှုအပြည့်နဲ့ ကိုယ်ဝါသနာပါတဲ့ နယ်ပယ်ကို ကိုယ် စိတ်အားထက်သန် သလောက် ဖန်တီးနိုင်စွမ်းသလောက် အချိန် ဘောင်တွေ အကန့်အသတ် ရှိမနေဘဲ စိတ်တိုင်းကျ ဖန်တီးလုပ်ကိုင်နိုင်ပါတယ်။

နောက်ပြီး Esports commentator ၊ Gaming ပိုင်းနဲ့ ပတ်သတ်တဲ့ Public Relations Representative ဒါမှမဟုတ်လည်း Sponsor Organizations တွေမှာ Role တစ်ခုနဲ့ လမ်းကြောင်းအသစ်ကို ခြေဆန့်နိုင်ပါတယ်။ ဒါကြောင့်လည်း အလုပ်ကို ဝါသနာ တစ်ခု မဟုတ်ဘဲ Pro ကျကျ လုပ်ကိုင်နေကြသူတွေ ကမ္ဘာမှာသာမက မြန်မာမှာလည်း အများအပြားရှိနေပါပြီ။

စစချင်းပိုင်းမှာ ပုံမှန် ဝင်ငွေဆိုတာ တွက်ချက်နေလို့တော့မရပါဘူး။ ဉပမာ Twitch လို Platform မှာဆို အစပိုင်းမှာ $50လောက်ကနေမှ စ ရ ကြတယ်လို့ဆိုကြပါတယ်။ ဒါကတော့ တစ်ဉီး တစ်ယောက်ချင်းပေါ်လည်း မူတည်တာမို့ ကိုယ်က အရှိန်ရ အောင်မြင် ကျော်ကြားလာတာနဲ့အမျှ Personal Branding , Popularity နဲ့ Sponsorship တွေနဲ့ ကြည့်ရှုသူ အရေအတွက်တွေ၊ Star လက်ဆောင်ပေး donate လုပ်တဲ့ ပမာဏ ပေါ် မူတည်ပြီး ဝင်ငွေ ပမာဏ တွေ များပြားတိုးတ က်လာ နိုင်သလို တစ်ဉီးတစ်ယောက်ချင်းလည်း မတူကွဲပြားနိုင်ပါတယ်။

ကိုယ်ချစ်တဲ့အရာကို လုပ်တဲ့အခါ ဘဝမှာ ဘယ်တော့မှ “အလုပ်”ဆိုတာ မလုပ်ရတော့ဘူး ဆိုတဲ့ စကားလို ပေါ့ဗျာ။ အကယ်၍များ ကိုယ် တကယ် စိတ်အားထက်သန်တဲ့ ဝါသနာပါတဲ့ အရာတစ်ခုကို အလုပ်တစ်ခုအနေ နဲ့ကိုယ့်လို ဝါသနာတူ အသိုင်းအဝိုင်း နယ်ပယ်တစ်ခုဆီကို မျှဝေခွင့်ရမယ်၊ တင်ဆက်ပြသခွင့်ရမယ်ဆိုရင် ဒါဟာ တကယ့်ကို ဆုလာဘ်တစ်ခုလို့ ဆိုရမှာပါ။

ကိုယ်ရဲ့ အိမ်မက်ကဒီလို ပုံစံမျိုး လို့ အတိအကျ သိရှိနေရင် သုညကနေပဲ စ ရပါစေ၊ အောင်င်မြင်မှုရှိရာထိ လျှောက်နိုင်မယ်လို့ ယုံကြည်ချက်ရှိရင် အိမ်မက်တစ်ခု လက်တွေ့ဖြစ်လာဖို့ သင့်မှာ ကြိုးစားဖန်တီးမှူ တစ်ခုပဲ လိုအပ်တော့တာပါ။

evolx iT
Hotline: : 09-550 5296, 09- 773 180 150
E-mail: [email protected]
Website: www.evolxit.com
“Your Trusted Digital Marketing Firm”
Evolve to your epic evolution with evolx.



ကိုယ့်လုပ်ငန်း Social Media Marketing အတွက် အေဂျင်စီနဲ့ လက်တွဲဖို တကယ် လိုအပ်လား?ဒီနေ့ခေတ်မှာ ကိုယ့်လုပ်ငန်း Marketing အ...
21/11/2022

ကိုယ့်လုပ်ငန်း Social Media Marketing အတွက် အေဂျင်စီနဲ့ လက်တွဲဖို တကယ် လိုအပ်လား?

ဒီနေ့ခေတ်မှာ ကိုယ့်လုပ်ငန်း Marketing အတွက်ဆို ခြေလှမ်း မဖြစ်မနေ စလှမ်းရမယ့် နေရာက Social Media တွေ ၊ အထူးသဖြင့် Facebook မှာပေါ့။ ဒါက ဘယ်လောက်ထိ အရေးပါနေပြီ လုပ်သင့်နေပြီဆိုတာကတော့ အားလုံး သိနေကြပြီဆိုတော့ အထူးတလည် တွေးမနေကြတော့ဘူး လုပ်မယ် ချမယ်ပေ့ါ။

ပြဿနာက ကိုယ့်ဘာသာလုပ်လို့ရတာလား အေဂျင်စီတွေကို အပ်ရမလား ဆိုတာပါ။

ဆိုတော့ ဒီလို ပြဿနာ ကြုံနေရပြီ ဆိုရင် ခု ဆောင်းပါးလေးကို အချိန် ၁ မိနစ်လောက် ပေး ဖတ်ကြည့်လိုက်ပါ။ ဒါဆို ဆုံးဖြတ်ချက်ကောင်းတစ်ခုတော့ ချနိုင်မှာ အသေအချာပါပဲ။

အေဂျင်စီကို ကိုယ့်လုပ်ငန်းရဲ့ Social Media Marketing ကို အပ်လိုက်ပြီဆိုပါစို့။

(၁) ဘာတွေ လုပ်ရမလဲ သူတို့က သိပါတယ်။
ဒီလိုပြောလို့ ငါတို့ကရော ဘာလုပ်ရမယ်မသိဘူး ဆိုလိုချင်တာ မဟုတ်ပါဘူး။ စစ လုပ်လုပ်ချင်း ဘယ်လို Post က စတင်ရမယ် Logo ဆွဲရမလား ဘယ်လို Theme , Concept မျိုးနဲ့ဆို သင့်တော်မလဲ Trend ေပါ်အခြေခံဘာလုပ်ရမလဲ ဒါတွေက နိစ္စဓူဝ သူတို့လုပ်နေကြတဲ့အလုပ်တွေပါ။ ဆိုတော့ ကိုယ့် Social Media Marketing အတွက် သူတို့က က ကြီးကနေ ဘယ်လို ဆက်မလဲဆို Plan လိုက် ထွက်လာမှာပါ။

(၂) လုပ်ချင်တာတွေအတွက် သူတို့မှာ Resource ရှိပါတယ်။
ဆိုကြပါစို့ video တင်ချင်တာလား အိုင်ဒီယာအသစ်ထုတ်ချင်တာလား ဒီဇိုင်းကြီးပဲ ဆွဲချင်တာလား ဓာတ်ပုံကောင်းကောင်းလိုချင်တာလား ဒါတွေအားလုံး အေဂျင်စီနဲ့လက်တွဲခြင်းရဲ့ အားသာချက်တွေပါ။ လူအင်အား၊ စက်အင်အား တွေကစလို့ အတွေ့အကြုံ များစွာနဲ့ အလုပ်လုပ်နေကြသူမို့ ကိုယ့်အတွက် အလွယ်တကူ လမ်းခင်းပေးမယ့် သူတွေပါ။

(၃) ပြဿနာတိုင်းအတွက် သူတို့မှာ အဖြေရှိပါတယ်။
ဟာ Boost လို့မရတော့ဘူး Page ကြီးပျက်သွားပြီ လုပ်ကြပါဦး အော်စရာမလိုပါဘူး။ အချိန်နဲ့ တပြေးညီ ပြောင်းလဲနေတဲ့ ဇူဇူရဲ့ စည်းကမ်းတွေအတိုင်း ဘာတွေ မလုပ်ရဘူး လုပ်ရမယ်သူတို့က အလွတ်ရပြီးသားပါ။ အကယ်၍ ပြဿနာ တစုံတရာဖြစ်လာရင်လည်း
Facebook Team နဲ့ စကားပြောဖို့ ညှိဖို့ ပင်တိုင် ရယ်ဒီရှိနေပါတယ်။

(၄) အချိန်ရော လူပါ သူတို့ရှိနေလို့ သက်သာပါတယ်။
လုပ်ငန်းအတွက် အားတဲ့အချိန်တွေ post လေးဖန်တီးလိုက်၊ မအားရင် ပစ်ထားမိလိုက်နဲ့။ ကိုယ့် Page ကို ကြည့်လိုက် Post တွေ အစီအစဉ်မကျသလိုဖြစ်နေတဲ့ပြဿနာမျိုးတွေပေါ။ အချိန်တန် ကိုယ့်ဆီ လုပ်ငန်းအတွက် သင့်တော်တဲ့ Content ဒီဇိုင်း ဖန်တီးမှုတွေကို ပြင်ဆင်ပို့ပေးမယ်။ စာတွေ Comment တွေ Reply ပေးတာမျိုးကစလို့ ကိုယ့် Potential Customer တွေနဲ့ ေပါင်းသင်းဆက်ဆံပေးနေတာဆိုတော့ ဘာကြိုက်တယ် မကြိုက်ဘူး ကိုယ်နဲ့ ဓာတ်သိရင် လှည့်ကြည့်စရာမလိုလောက်အောင်ကိုပဲ Social Media Marketing ကို မျက်နှာလွှဲထားနိုင်ပါပြီ။

(၅) Professional ေတွနဲ့ လက်တွဲလုပ်ကိုင်ဖို့ သူတို့က ရယ်ဒီရှိပါတယ်။
အေဂျင်စီတိုင်းမှာ ကိုယ့်လုပ်ငန်းကို တာဝန်ယူပေးထားတဲ့ Team ဆိုတာ သပ်သပ်ရှိစမြဲပါ။ ဉပမာ Account Executive, Copywriter, Graphic Designer စသည်ဖြင့်ပေါ့။ နာရီနဲ့အမျှ ပြောင်းလဲနေတဲ့ Social Media Trends တွေကို အမှီလိုက်ရင်း Proကျကျ လုပ်ကိုင်ပေးမယ့်သူတွေကို ရလိုက်သလိုပါပဲ။

(၆) ကိုယ့်အောင်မြင်မှု ကို သူတို့နဲ့ အတူ ယူကြပါတယ်။
သင့်လုပ်ငန်းရဲ့ အောင်မြင်တိုးတက်မှုက ဒီ အေဂျင်စီရဲ့ အောင်မြင်မှုတစ်ခုပါပဲ။

ဒီလောက်ဆို အေဂျင်စီနဲ့ လက်တွဲသင့်လားဆိုတဲ့ မေးခွန်းရဲ့အဖြေကို ဆုံးဖြတ်ပြီးလောက်ပြီလို့ ထင်ပါတယ်။

ထိရောက်သော Strategy၊ အမိုက်စား စိတ်ကူးစိတ်သန်းတွေနဲ့ ပုံဖော်ဖန်တီးခြယ်သရင်း Business & Brand Page များကို အထူး ဂရုစိုက်ဖို့ evolx ကတော့ အမြဲ ရယ်ဒီပါပဲ။

Hot line: : 09-550 5296, 09- 773 180 150
E-mail: [email protected]
Website: www.evolxit.com
“Your Trusted Digital Marketing Firm”
Evolve to your epic evolution with evolx.

Address

အခန်းနံပါတ် 4A ၊ တိုက်အမှတ် 5၊ အရှေ့ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
Yangon

Opening Hours

Monday 09:00 - 17:30

Telephone

+9595505296

Alerts

Be the first to know and let us send you an email when evolx posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to evolx:

Share