CreationX

CreationX Marketing Agency

“Content Marketing (သို့မဟုတ်) Customer များနှင့် ဆက်သွယ်ခြင်းအနုပညာ”Content Marketing ဆိုတာ အခြေခံအားဖြင့် Customer တွေ...
19/01/2021

“Content Marketing (သို့မဟုတ်) Customer များနှင့် ဆက်သွယ်ခြင်းအနုပညာ”

Content Marketing ဆိုတာ အခြေခံအားဖြင့် Customer တွေနဲ့ ဆက်သွယ်ခြင်းအနုပညာ (The Art of Communication) ပါပဲ။ ဒါတင်ပဲလား?

Customer တွေက ခင်ဗျားနဲ့ ခင်ဗျားရဲ့ Product တွေ Service တွေကို ဂရုစိုက်မှာမဟုတ်ဘူး။ သူတို့က သူတို့လိုအပ်တာနဲ့ သူတို့လိုချင်တာကိုပဲ ဂရုစိုက်မှာပါ။

အဲဒီတော့ သူတို့ကို အမြဲတစေ သွားသွားရောင်းနေမှာလား။ No ဒါက အမြဲအလုပ်မဖြစ်ပါဘူး။ သမီးရည်းစားတွေမှာ လိုက်ရင်ပြေးတတ်သလို Customer တွေကလည်း ရောင်းရင်လည်း ပြေးတတ်ပါတယ်။ အဲဒီတော့ သူတို့မပြေးအောင် သူတို့လိုချင်တာလေးတွေ ပေးဖို့လိုပါတယ်။

Content Marketing ဆိုတာက Customer တွေက ကိုယ့်ဆီအာရုံညွတ်လာအောင် သူတို့သဘောကျစေမယ့် စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက်တွေ၊ တင်ဆက်မှုတွေဖန်တီးပေးတာကို ဆိုလိုတာဖြစ်ပါတယ်။ တစ်နည်း Customer တွေကို Valuable Experience ဖန်တီးပြီး စည်းရုံးတဲ့အတတ်ပညာဖြစ်ပါတယ်။
………………………………….
လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် Digital Marketing နှင့် Content ဝန်ဆောင်မှုများ လိုအပ်ပါက Messenger (သို့မဟုတ်) 09 961 468296 မှ ဆက်သွယ်နိုင်ပါကြောင်း . . .

Quote of CreationX
29/11/2020

Quote of CreationX

"လုပ်ငန်းငယ်တွေအတွက် Content Marketing ဘာကြောင့်အရေးကြီးသလဲ"Content Marketing ဆိုတာ မားကက်တင်တင်းနယ်ပယ်၊ Business နယ်ပယ်...
28/10/2020

"လုပ်ငန်းငယ်တွေအတွက် Content Marketing ဘာကြောင့်အရေးကြီးသလဲ"

Content Marketing ဆိုတာ မားကက်တင်တင်းနယ်ပယ်၊ Business နယ်ပယ်အတွက် နာမည်အသစ်လို ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ Concept ကတော့ လုံး၀ အသစ်တော့ မဟုတ်ပါဘူး။ ဒါက Direct Sales ကိုပုံဖော်တဲ့အကော်အထည်ဖော်မှုထက် ကိုယ့်ရဲ့ Customer တွေအတွက် Value ပေးတဲ့ Content တွေဖန်တီးခြင်းပဲဖြစ်ပါတယ်။ Content ကောင်းတစ်ခုဟာ ဖျော်ဖြေမှု၊ သို့မဟုတ် ပညာပေးမှုတစ်ခုခုပါတာမျိုးဖြစ်သင့်ပါတယ်။ Content က Marketing Plan ရဲ့ အဓိကအစိတ်အပိုင်းဖြစ်ရတဲ့ အကြောင်းရင်း ၅ ချက်ကို ဝေမျှချင်ပါတယ်။
၁။ Web Traffic
သင့်ရဲ့ဝက်ဘ်ဆိုက်ကို Traffic ပိုရအောင်လုပ်ချင်တယ်ဆိုရင် Content တွေဖန်တီးဖို့လိုပါတယ်။ ဝက်ဘ်ဆိုက်မှာ Content တွေ ပိုတင်လေလေ အလားအလာရှိတဲ့ Customer တွေကို ရဖို့အခွင့်အလမ်းပိုရှိလေပါပဲ။
၂။ Brand Wareness
Content တွေဟာ Audience အသစ်တွေကို ကိုယ့် Product နဲ့ Service အကြောင်း မိတ်ဆက်ပေးဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ Traffic ရှာဖွေမှုတိုးလာတဲ့အလျောက် ဒါက ကိုယ့်လုပ်ငန်းအကြောင်း Customer တွေတိုးဖို့ အကူအညီဖြစ်စေပါတယ်။ အဲဒီကနေ အသုံးပြုသူတွေ အဆင့်ဆင့်ရှယ်ရာကတစ်ဆင့် Network က ပိုပိုကျယ်သွားပါလိမ့်မယ်။

၃။ Industry Reputation
သင်ဟာ တခြားဘယ်သူတွေထက်မဆို သင့်လုပ်ငန်းကို ပိုသိပါလိမ့်မယ်။ ဒါကြောင့် အဲဒါကို ဝေမျှပါ။ အဲဒီလို ဝေမျှတယ်ဆိုရင် လူတွေက သင်ဟာ သင့် Field ထဲမှာ ကျွမ်းကျင်တဲ့သူပဲဆိုပြီး သူဝေမျှထားတာတွေကို ကြည့်ပါလိမ့်မယ်။ ပြီးတော့ သင့်ကို အားလုံးက ဝိုင်းထောက်ခံကြတဲ့ အကျိုးကျေးဇူးကို ရရှိပါလိမ့်မယ်။ ဒါက ခိုင်မာပြီး ယုံကြည်စိတ်ချရတဲ့ နာမည်ဂုဏ်သတင်းကို ဖြစ်စေပါတယ်။

၄။ Building Loyalty
Customer တွေ တစ်ကြိမ်တစ်ခါပဲ ဝယ်တာထက် တစ်ကြိမ်မက နောက်ထပ်ပြန်လာတာကို သင့်အနေနဲ့ ဖြစ်စေချင်မှာပါ။ ဒီအတွက် Customer တွေနဲ့ Relationship ကောင်းတစ်ခုတည်ဆောက်ဖို့လိုပါတယ်။ လတ်ဆတ်ပြီး ထိရောက်တဲ့ Content တွေဟာ သင့်ရဲ့ Existing Customer တွေကို ဆက်လက်ထိန်းသိမ်းနိုင်စေမှာပါ။
၅။ Generate Leads
အဆုံးသတ်အနေနဲ့ ဘယ် Marketing Activity မဆို လုပ်ရတဲ့အကြောင်းရင်းကတော့ လုပ်ငန်းသစ်တစ်ခုလည်ပတ်ဖို့ပါပဲ။ ပြီးတော့ Content Marketing ဆိုတာ Direct Sales လုပ်ဖို့မသင့်တော် Customer စိတ်ဝင်စားမှုကိုဆွဲဆောင်ဖို့အတွက် တကယ်ထိရောက်တဲ့အရင်းအမြစ်တစ်ခုတော့ဖြစ်နိုင်ပါတယ်။ ကိုယ်က စစ်မှန်တဲ့ Value ပါတဲ့ Content တွေပေးနိုင်ရင် ကိုယ့်ပေးတဲ့ Content ကိုဖတ်နိုင်ဖို့ သူတို့ရဲ့ အချက်အလက်တွေကို ပေးဖို့ဝန်မလေးပါဘူး။ သူတို့ဆီက အီးမေးလ်လိုအချက်အလက်မျိုးရရင်တောင် Followup လုပ်ပြီး ကိုယ့် Customer အဖြစ်ပြောင်းလဲနိုင်ပါတယ်။
ကဲ ဒီလောက်ဆို စီးပွားရေးလုပ်ငန်းတွေမှာ Content Marketing က ဘာကြောင့် အရေးကြီးတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။

CreationX


ဆိုရှယ်မီဒီယာ အားကောင်း မကောင်းက . . .
20/10/2020

ဆိုရှယ်မီဒီယာ အားကောင်း မကောင်းက . . .

Content Marketing  ဆိုတာဘာလဲ-------------------------------ဒီ‌နေ့ခေတ်မှာ  မိရိုးဖလာဖြစ်တဲ့ Traditioanl Marketing ဆိုတာ အ...
16/10/2020

Content Marketing ဆိုတာဘာလဲ
-------------------------------
ဒီ‌နေ့ခေတ်မှာ မိရိုးဖလာဖြစ်တဲ့ Traditioanl Marketing ဆိုတာ အချိန်နဲ့အမျှ အားနည်းလာပြီး အဲဒီအစား ပိုပြီးထိ‌ရောက်တဲ့ မားကက်တင်းပုံစံတွေက အားကောင်းကောင်းနဲ့ အစားထိုး၀င်ရောက်လာပြီဖြစ်ပါတယ်။

တကယ်လို့ သင်ဟာ ရှေ့ကို ချီတက်နေတဲ့ Marketer တစ်‌ယောက်ဆိုရင် သေချာတယ် ပိုကောင်းတဲ့နည်းလမ်းတွေကို သတိပြုမိမှာပါ။ အဲဒီနည်းလမ်းတွေထဲကတစ်ခုဖြစ်တဲ့၊ တစ်နည်း ခေတ်သစ်မားကက်တင်းမှာ အရေးပါတဲ့မားကက်တင်းတစ်ခုဖြစ်တဲ့ Content Marketing အကြောင်းကို ‌အနည်းငယ်မိတ်ဆက်ပေးချင်ပါတယ်။

Content Marketing ဆိုတာ
“Content Marketing ဆိုတာ ကိုယ်ရဲ့ Audience ကို ဆွဲ‌ဆောင်ဖို့၊ ဒါမှမဟုတ် ထိန်းသိမ်းဖို့၊ ဒီထက်ကုန်ကုန်ပြောရရင်တော့ အကျိုးအမြတ်ရှိမယ့် Customer တွေရအောင်တွန်းအားပေးဖို့ Value ရှိတဲ့၊ အဆက်အစပ်ရှိတဲ့ Contentတွေကို ဖန်တီးခြင်း(Creating)၊ ဖြန့်‌ေ၀ခြင်း(Distributing) စတဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်တဲ့ ဗျူဟာမြောက်မားကက်တင်းပုံစံတစ်ခုပဲဖြစ်ပါတယ်။
သင့်လုပ်ငန်းရဲ့ ဆိုရှယ်မီဒီယာ၊ ၀က်ဘ်ဆိုက် စတဲ့ပလက်ဖောင်းတွေမှာ Product တွေ၊ Service တွေချည်း အတုံးလိုက်အတစ်လိုက်လှိမ့်တင်နေတာထက် သင့် Customer တွေရဲ့ ပြသနာနဲ့လိုအပ်ချက်တွေကို ဖြေရှင်းပေးမယ့် အဆက်အစပ်ရှိပြီး အသုံး၀င်တဲ့ Content တွေပေးမယ်ဆိုရင် သင့် Customer တွေ၊ ဖောက်သည်တွေ စိတ်ကျေနပ်မှုရှိပြီး သင့်အမှတ်တံဆိပ်ကို အမြဲအမှတ်ရနေပါလိမ့်မယ်။

ဒါကြောင့် ကိုယ်ပိုင် Digital Platform တွေနဲ့ Run နေတဲ့ ဒီနေ့ခေတ်မှာ လုပ်ငန်းတွေ၊ Brand တွေ Growth ဖြစ်ဖို့အတွက် Content Marketing က ထိပ်ဆုံးကနေအ‌ရေးပါလာပါတယ်။


Address

Yangon

Telephone

+959961468296

Website

Alerts

Be the first to know and let us send you an email when CreationX posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share