ADAE Myanmar Co., Ltd.

ADAE Myanmar Co., Ltd. HQ:
No. 584, Thumingalar Road, No (5) Qr., South Okkalarpa Tsp, Yangon
Ph; 09444004005

29/03/2024

Option (1)
- 2024 ခုနှစ် အစပိုင်းမှာ သင့်လက်ထဲတွင် ​ငွေကျပ် သိန်း 400 ရှိတယ်ဆိုပါစို့။
- သိန်း 400 တန် လုပ်ငန်းတစ်ခုစတင်ဖို့ သင် အစပြုမိလိုက်တယ်။
- တကယ်တမ်း စတင်ပြင်ဆင်လိုက်တဲ့အခါ အစစအရာရာ ​စျေးနှုန်းများ ကြီးမြင့်သွားမှု​ကြောင့် ကုန်ကျစရိတ်က သိန်း 750 ခန့်ဖြစ်သွားမယ်။
- သိန်း 400 ရင်းနှီးထားပြီမို့ လုပ်ငန်းအ​ကောင်အထည်မ​ပေါ်ခင် ဆုံးရှုံးသွားမှာစိတ်ပူပြီး သိန်း 350 အတိုးဖြင့် ​ချေးယူဆက်လုပ်မိတယ်။
- ကနဦးက သင့်လုပ်ငန်း၏ အရင်း​ကျေကာလ (3) နှစ် ခန့်မှန်းထားရင် (5) နှစ်ဖြစ်သွားမယ်။
- လုပ်ငန်းက အ​ခြေအ​နေမဟန်ရင် လက်ရှိအချိန်မှာ သင် နားကားပြီ။

Option (2)
- လက်ထဲရှိတဲ့ သိန်း (400) ကို ​ရွှေ (10) ကျပ်သား ဝယ်ရင်းထားလိုက်မယ်။
- နှစ်စ​က ရွှေ​စျေးနှုန်းအရ သိန်း (370) ခန့်မို့ သိန်း (30) လက်ထဲကျန်ခဲ့ဦးမယ်။
- လက်ရှိအချိန်မှာ ​ရွှေ (10) ကျပ်သားက သိန်း (450) ဖြစ်ပြီ။
- လက်ထဲကျန်ခဲ့​သော သိန်း (30) နဲ့ဆို ခုချိန်မှာ သိန်း (480) ဖြစ်သွားပြီ။
- သိန်း (30) ကို တိုးပွား​​အောင် မလုပ်ဘဲ ထားပြီးတွက်ချက်တာကို ဒီလို ကိန်းဂဏန်းထွက်​ပေါ်တယ်။
- လုပ်ငန်း​တွေ အသစ်စတင်လုပ်ကိုင်ဖို့ လက်တွန့်သွားကြခြင်းရဲ့​အ​ဖြေက အဲ့ဒါပဲ။

Option (3)
- သင့်လက်ထဲမှာ ​ငွေပမာဏ ဘာမှ မရှိ​နေဘူး။
- လုပ်ငန်းလုပ်ကိုင်ဖို့လည်း စဥ်းစား​ခေါင်းပူစရာ မရှိဘူး။
- ဘာ​ရွှေမှလည်း ဝယ်မရင်းထားနိုင်ဘူး။
- တစ်​နေ့စာတစ်​နေ့ ကြံဖန် ရှာ​ဖွေစား​သောက်ရင်း အခက်အခဲကာလကို ရှင်သန်​ကျော်ဖြတ်နိုင်ဖို့ လုပ်​ဆောင်​နေတယ်။
- မိမိသည် Option (3) ထဲမှာ ဖြစ်တယ်။
- မနက်ဖြန်အတွက် စား​သောက်စရိတ် ကြံဖန်ရဦးမယ်။

(ADAE)
Options
#(2024 March 30)

"မြေဧက ထောင်ချီ ရောင်းမည်"- ပြည်မြို့နယ်၊ ဝက်ထီးကန်ဒေသ၊ မြောက်နဝင်းဆည်ဘောင်မကြီးဘေးအနီး။- လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှ...
28/11/2023

"မြေဧက ထောင်ချီ ရောင်းမည်"

- ပြည်မြို့နယ်၊ ဝက်ထီးကန်ဒေသ၊ မြောက်နဝင်းဆည်ဘောင်မကြီးဘေးအနီး။
- လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ထွက်ရှိထားသော လယ်မြေအချို့နှင့် ယာမြေအများစု။
- ကြံ၊ ဝါ၊ မြေပဲ၊ နှမ်း၊ ပီလောပီနံ စသည့် သီးနှံများစိုက်ပျိုးရန် စိုက်ခင်းကြီးအဖြစ် ဖော်ဆောင်၍ ရ။
- တစ်ဧက ကျပ်သိန်း (၆.၉) သိန်းခန့်ဖြင့် စုစုပေါင်း ဧက (၁၈၀၀) ခန့်ရှိသည်။ (၁၂၀၀+၆၆၀) ဧက
- ပိုင်ရှင်များကိုယ်တိုင် ရောင်းချမည်။ (အကျိုးဆောင်များကို လက်သင့်ခံ ဖိတ်ခေါ်ပါသည်)

(Ph - 09444004005)

04/10/2023

"မြန်မာငွေကြေးနှင့်ဈေးကွက်"
(၂၀၂၃ ခုနှစ် အောက်တိုဘာ ၄ ရက်)

- လက်ရှိအချိန်မှာ လူအများစုသည် လှည့်ပတ်ကိုင်တွယ်သုံးစွဲငွေ Cash Flow လိုအပ်ချက် ကိုယ်စီ ကြုံနေကြရတယ်။ မိမိ ငွေရေးကြေးရေး ကသီလင်တ ဖြစ်တယ်ဆိုပါစို့။ အရေးပေါ် ငွေလိုတယ်။ ဒါပေမယ့် ဘေးဘီဝန်းကျင်ကလူတွေကို ပြောကြည့်ရင် မိမိလိုပဲ ငွေကြေးအရေးပေါ် လိုအပ်နေသူတွေချည်းပဲ ဖြစ်ပါလိမ့်မယ်။ ပြောရရင် လူတိုင်း အရေးတကြီး ငွေကြေးလိုအပ်နေတာမျိုးပါ။
- Hypothesis တစ်ခုပြုကြည့်တယ်။
- မြန်မာငွေကြေးနှင့်ဈေးကွက်ကို (၁၀၀) လို့ သတ်မှတ်မယ်။ ဈေးကွက်ထဲ လှည့်ပတ်ငွေ တန်ဖိုး Volume က (၇၀) လို့ တွက်ဆရတယ်။ ကျန်ရှိ (၃၀) က ဘဏ်တွေ၊ အခြားနေရာတွေမှာ ရှိနေမယ်။
- ဖြစ်ပုံက ကျပ် (၂၀၀၀၀) တန် ဂယက်ကြောင့် ငွေကြေးဖောင်းပွမှုဖြစ်ပြီး ဈေးကွက် Volume က (၁၄၀) ဖြစ်သွားတယ်။ ကျပ် (၂၀၀၀၀) တန်ရဲ့ ဂယက်က ဖြစ်ပြီးသွားပေမယ့် ထို ကျပ် (၂၀၀၀၀) တန်တွေက ဈေးကွက်ထဲ ဆင်းသက်လာတာ မတွေ့ရသေးဘူး။ ဒီတော့ မူလ လှည့်ပတ်ငွေကြေး (၇၀) ဖြင့် ဈေးကွက်တန်ဖိုး (၁၄၀) ကို မမီမကမ်းလိုက်ပါနေရသလိုဖြစ်သွားတယ်။
- ဒီလိုနဲ့ လုပ်ငန်းသမားအပါအဝင် ပြည်သူလူထု အကုန်ကျပ်တည်းကုန်တယ်။ (အခြားအချက်တွေကို Hypothesis မှာ လုံးဝ ထည့်သွင်းမစဉ်းစားထားပါ။) တကယ်တမ်းဆိုရင် ကျပ် (၂၀၀၀၀) တန်၏ ဂယက် ဈေးကွက်ကို ရိုက်ခတ်ပြီးပြီမို့ ထိုငွေစက္ကူများကို ဈေးကွက်ထဲ ရဲရဲဝံ့ဝံ့ ထည့်ရတော့မယ့်သဘောဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်ထဲ ဝင်မလာနိုင်သေးတဲ့အတွက် ဈေးကွက်မှာ Volume နှင့် လှည့်ပတ်ငွေ မညီမမျှ ဖြစ်ပြီး ပိုမိုကျပ်တည်းသွားတဲ့သဘောဖြစ်တယ်။
- ကျပ် ၂၀၀၀၀ တန်များ ဈေးကွက်ထဲ ဆင်းသက်လာရင် ပိုပြီး ငွေကြေးဖောင်းပွ၊ ဈေးနှုန်းမြင့်တက်လာမလား အတွေးရှိသူတွေ ရှိကြမယ်။ Volume (၁၅၀) ဖြစ်သွားတဲ့အခါ လှည့်ပတ်ငွေ (၁၅၀) ဖြင့် ကိုင်တွယ်စီမံရတာမျိုး ဖြစ်လာမှာပါ။
- ခုချိန်မှာလို (၁၄၀) တန်ကို (၇၀) ဖြင့် လိုက်ပါနေရတာမျိုးထက်တော့ အဆင်ပြေသွားမှာပါ။ Cash Flow က (၇၀) သာ ရှိနေကြသေးလို့ လုပ်အားခအပါအဝင် မြှင့်တင်ပေးရမယ့် စရိတ်တွေ မတိုးပေးနိုင်ကြသေးတာပါ။ တစ်ဖက်မှာတော့ လှမ်းရတဲ့ တန်ဖိုးတွေက (၁၄၀) ဖြစ်နေပြီမို့ ဘယ်သူမှ အဆင်မပြေနေပါဘူး။ ဒါကြောင့် ဘယ်လုပ်ငန်းသမားမှ ဝန်ထမ်းလစာ၊ စရိတ် စသည်တို့ကို မတိုးမြှင့်ပေးနိုင်ဘူး။
- မကြာခင် အဆင်ပြေပြေ ဖြစ်လာတန်ကောင်းရဲ့။


#တွေးမိသမျှ (လုပ်ငန်းအမြင်)
#(၄.၁၀.၂၀၂၃)

အကျိုးအမြတ်များမယ့် ပရော့ဂျက်တစ်ခုရှိပါတယ်။ စိတ်ပါဝင်စားရင် Hi လိုက်ကြပါဗျာ။
03/10/2023

အကျိုးအမြတ်များမယ့် ပရော့ဂျက်တစ်ခုရှိပါတယ်။ စိတ်ပါဝင်စားရင် Hi လိုက်ကြပါဗျာ။

တောင်ဥက္ကလာ၊ သုမင်္ဂလာလမ်းမပေါ်မှ ကုမ္ပဏီရုံးခန်း
18/08/2023

တောင်ဥက္ကလာ၊ သုမင်္ဂလာလမ်းမပေါ်မှ ကုမ္ပဏီရုံးခန်း

"A star is born" (လင်းလက်ကြယ်တစ်ခု စတင်ခြင်း)- ADAE Myanmar Company Limited သည် New Model ပုံစံအသစ်ဖြင့် ပြန်လည်မွေးဖွား...
04/06/2023

"A star is born" (လင်းလက်ကြယ်တစ်ခု စတင်ခြင်း)

- ADAE Myanmar Company Limited သည် New Model ပုံစံအသစ်ဖြင့် ပြန်လည်မွေးဖွားလာပါပြီ။
- ရင်းနှီးမြှုပ်နှံမှုအားကောင်းကောင်းဖြင့် လုပ်ငန်းအသစ်များကို နယ်ပယ်ကဏ္ဍအလိုက် လုပ်ကိုင်ဆောင်ရွက်ရန် စီမံလျာထားပါသည်။
- မကြာမီ လုပ်ငန်းများ စတင်တော့မည် ဖြစ်ရာ ရင်းနှီးချစ်ခင်ကြသူ မိတ်ဆွေအပေါင်းက သောင်းသောင်းဖြဖြ ကြိုဆိုအားပေးကြပါဦးခင်ဗျာ။
- လုပ်ငန်းများကို ရင်းနှီးလုပ်ကိုင်မည့်အပေါ် စိတ်ပါဝင်စားသူများရှိပါက အကြံပြုဆွေးနွေးပေးကြပါရန် မေတ္တာရပ်ခံလိုပါသည်။
- ကျယ်ပြောလှတဲ့ ကောင်းကင်ယံထက် အလှပဆုံး လင်းလက်တောက်ပလာမည့် လင်းလက်ကြယ်တစ်ခု ဖြစ်လာပါတော့မည်။
- A star is born.

"Investment Plan"
1. Real Estate (Investment and Consultant)
2. Border Trading and Money Exchange
3. Agri-Business Sector (Whole Chain)
4. Various Types of Investment Service

Myanmar
star is born
#(3.6.2023)

Address

No. 584, Thumingalar Road, No (5) Qr, South Okkalarpa Tsp
Yangon
11091

Website

Alerts

Be the first to know and let us send you an email when ADAE Myanmar Co., Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share