Go Go Marketing

Go Go Marketing Go Go Marketing is providing insightful one-stop marketing services.

ကျွန်တော်တို့ Go Go Marketing အနေနဲ့ "ဇဝန မြန်မာထမင်းဆိုင်" အတွက် Video ရိုက်ကူးပေးဖြစ်ခဲ့ပါတယ်။ မိတ်ဆွေလုပ်ငန်းအတွက် Ti...
20/05/2026

ကျွန်တော်တို့ Go Go Marketing အနေနဲ့ "ဇဝန မြန်မာထမင်းဆိုင်" အတွက် Video ရိုက်ကူးပေးဖြစ်ခဲ့ပါတယ်။

မိတ်ဆွေလုပ်ငန်းအတွက် TikTok Marketing/ Facebook Marketing အတွက် Video Production လိုအပ်လာရင် ကျွန်တော်တို့ Go Go Marketing ကိုသာ ဆက်သွယ်လိုက်ပါခင်ဗျာ။

Viber: +959780549190




🔴 ယနေ့ခေတ် TikTok Marketing လောကမှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ Marketing Objectives တွေကို မစဥ်းစားဘဲ ...
14/05/2026

🔴 ယနေ့ခေတ် TikTok Marketing လောကမှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အားနည်းချက်ကတော့ Marketing Objectives တွေကို မစဥ်းစားဘဲ "ပေါက်ရင်ပြီးရော" ဆိုပြီး Content တွေဖန်တီးနေကြတာပဲ ဖြစ်ပါတယ်။

🔴 ရလဒ်အနေနဲ့ကတော့ Like တွေ၊ View တွေများလာတယ်။ Content ထဲက Talent တွေက နာမည်ကြီးသွားပေမဲ့ Brand ကတော့ လူတွေရဲ့ အာရုံထဲမှာ ကျန်ရစ်မနေခဲ့ဘူး၊ ရောင်းအားလည်းမတက်လာဘူး ဆိုတာမျိုးတွေ ကြုံလာရပါတယ်။

🔴 ဒီလိုဆိုရင် လုပ်ငန်းရှင်တွေဘက်က Talent ကြေးလည်းကုန်၊ Production ခလည်းကုန်နဲ့ပေမဲ့ Branding လည်းမထိရောက်၊ Sale လည်းမတက်ဆိုတော့ ဘာမှအဖတ်မတင်သလိုဖြစ်တတ်ပါတယ်ခင်ဗျာ။

တကယ်တော့ Marketing ဆိုတာ Brand ကို ဦးတည်ပြီး လုပ်ဆောင်ရတာပါ။Trend နောက်ကို အတင်းလိုက်နေရုံနဲ့ ရေရှည်မှာ အလုပ်မဖြစ်နိုင်ပါဘူး။ ဖန်တီးလိုက်တဲ့ Content တိုင်းဟာ အခုချက်ချင်း မဝယ်ဖြစ်ရင်တောင် နောက်တစ်ကြိမ် လိုအပ်လာတဲ့အခါ မိတ်ဆွေရဲ့ Brand ကို အရင်ဆုံး ပြန်သတိရနေစေမယ့် Lead တွေ၊ Trust တွေကို တည်ဆောက်ပေးနိုင်ရပါမယ်ခင်ဗျာ။

ဒါကြောင့် Go Go က (၁၀) သိန်းမကျော်တဲ့ ဈေးနှုန်းနဲ့ မိတ်ဆွေတို့ Brand အတွက် စစ်မှန်တဲ့ TikTok Marketing ဝန်ဆောင်မှုတွေပေးနိုင်အောင် စီစဥ်ထားပါတယ်။ Go Go ရဲ့ TikTok Marketing Package မှာဆိုရင်

🔴 Brand နဲ့ အံကိုက်ဖြစ်မယ့် TikTok Marketing Strategy များချမှတ်ပေးခြင်း
🔴 TikTok Content Idea များ ပံ့ပိုးပေးခြင်း
🔴 စွဲဆောင်မှုရှိသော Script များရေးသားခြင်း
🔴 (၈) နှစ်ကျော် အတွေ့အကြုံရှိတဲ့ Video ProductionTeam နဲ့အတူ အရည်အသွေးမြင့် Video Content များ ဖန်တီးပေးခြင်း
🔴 Brand ပုံရိပ်ကို မြှင့်တင်ပေးနိုင်မယ့် Talent များ စီစဉ်ပေးခြင်း
🔴 TikTok Platform ပေါ်မှာ ထိရောက်တဲ့ Media Buying Campign များ Run ပေးခြင်း စတာတွေကို စနစ်တကျဝန်ဆောင်မှုပေးပါတယ်။

အခုဆိုရင် TikTok Marketing Service အပ်ချင်တဲ့ ရန်ကုန်မြို့က လုပ်ငန်းရှင်တွေအတွက် Go Go Marketing ကနေပြီး Reel (၁) ပုဒ်စီ FOC ရိုက်ပေးနေတဲ့ အစီအစဥ်လေးလည်းရှိပါတယ်။ FOC (၁) ပုဒ်တည်းနဲ့ ထွေထွေထူးထူးပြောင်းလဲသွားတာ မရှိနိုင်ဘူးဆိုပေမဲ့ မိတ်ဆွေရဲ့လုပ်ငန်းအတွက် Quality ကောင်းတဲ့ Video လေးတစ်ခုရရှိသွားမှာဖြစ်သလို Go Go Markeing ရဲ့ အရည်အသွေးနဲ့လုပ်နိုင်စွမ်းကိုလည်း မျက်ဝါးထင်ထင်အကဲဖြတ်နိုင်မှာပါ။

ကျွန်တော် Go Go Marketing က TikTok ပေါ်မှာ လူသိများလာရုံတင်မဟုတ်ဘဲ တကယ်အရောင်းရလဒ်တွေပါ လိုက်လာစေဖို့ စစ်မှန်တဲ့ နည်းစနစ်တွေနဲ့ အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနိုင်ပါတယ်။

ဒါကြောင့် စစ်မှန်တဲ့ TikTok Marketing Strategy နဲ့ မိတ်ဆွေရဲ့ Brand ကို အဆင့်မြှင့်တင်ဖို့ ကျွန်တော်တို့ဆီမှာ အခုပဲတိုင်ပင်ဆွေးနွေးလိုက်ပါခင်ဗျာ။ 🤝

မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။ 🤝

☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190




ကျွန်တော်တို့ Go Go Marketing အနေနဲ့ "ဇဝန မြန်မာထမင်းဆိုင်" အတွက် Rebranding လေး ပြုလုပ်ပေးခဲ့ပါတယ်ခင်ဗျာ။ မြန်မာထမင်းဆိ...
11/05/2026

ကျွန်တော်တို့ Go Go Marketing အနေနဲ့ "ဇဝန မြန်မာထမင်းဆိုင်" အတွက် Rebranding လေး ပြုလုပ်ပေးခဲ့ပါတယ်ခင်ဗျာ။ မြန်မာထမင်းဆိုင်ဖြစ်တာနဲ့အညီ မြန်မာအငွေ့အသက်ရအောင်၊ Client လိုအပ်ချက်နဲ့ ကိုက်ညီအောင် ဖန်တီးပေးခဲ့ပါတယ်။ ❤️

တကယ်လို့ မိတ်ဆွေတို့လုပ်ငန်းအတွက်လည်း Branding/ Rebranding အတွက်လိုအပ်ပါက ကျွန်တော်တို့ Go Go Marketing ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။




Page မှာပုံနဲ့ စာတွေ တင်နေပေမဲ့ Customer တွေရဲ့ အာရုံစိုက်မှုကိုရဖို့ ခက်ခဲလာပြီလား။ 🤔📌 ဒါဟာ လူတွေရဲ့ Content အကြိုက်ပုံ...
04/05/2026

Page မှာပုံနဲ့ စာတွေ တင်နေပေမဲ့ Customer တွေရဲ့ အာရုံစိုက်မှုကိုရဖို့ ခက်ခဲလာပြီလား။ 🤔

📌 ဒါဟာ လူတွေရဲ့ Content အကြိုက်ပုံစံတွေ ပြောင်းလဲလာတာကြောင့်ပဲဖြစ်ပါတယ်။ အခုအချိန်မှာ ဒီကွက်လပ်တွေကို ဖြည့်ဆည်းပေးနိုင်တာကတော့ Video Content တွေပါပဲ။

📌 Video Content တွေဟာ ကြည့်ရှုသူရဲ့ အာရုံစိုက်မှုကို စက္ကန့်ပိုင်းအတွင်း ဖမ်းစားနိုင်သလို၊ Brand ရဲ့ စေတနာနဲ့ ခံစားချက်ကို စာသားတွေထက် ပိုမိုနက်ရှိုင်းစွာ ထိတွေ့စေနိုင်ပါတယ်။

📌 အထူးသဖြင့် Branding တည်ဆောက်နေတဲ့ လုပ်ငန်းတွေအတွက်ဆိုရင် Video တွေက ယုံကြည်မှုကို အချိန်တိုအတွင်းတည်ဆောက်ဖို့ အမြန်ဆုံးနည်းလမ်းပါပဲ။ မျက်မြင်ကိုယ်တွေ့ ပြသနိုင်ခြင်းက Customer ရဲ့ သံသယတွေကို ပယ်ဖျက်ပေးပြီး ယုံကြည်မှုကို ခိုင်မာစေပါတယ်။

📌 အခုဆိုရင် Facebook, TikTok နဲ့ အခြား Social Media Platform တွေမှာလည်း Algorithm တွေဟာ Video Content တွေကို ပိုမိုဦးစားပေး ဖော်ပြပေးနေကြပါတယ်။ ဒါကြောင့် မိတ်ဆွေရဲ့ လုပ်ငန်းကို လူအများ ပိုမိုမြင်တွေ့နိုင်ဖို့ဆိုရင် အခုအချိန်မှာ Video Content တွေက အကောင်းဆုံး ရွေးချယ်မှုပါပဲခင်ဗျာ။

📌 ဒါ့အပြင် Go Go Marketing ရဲ့အတွေ့အကြုံအရ Media Buying လုပ်တဲ့အခါမှာလည်း Video Content တွေဟာ ရိုးရိုး Post တွေထက် Conversion Rate တွေ ပိုမိုမြင့်မားတာကို တွေ့ရှိရပါတယ်။

📌 ဒါကြောင့် ကျွန်တော်တို့ Go Go Marketing မှာလည်း အရည်အသွေးကောင်းမွန်တဲ့ Video Content တွေဖန်တီးနိုင်ဖို့အတွက် (၈) နှစ်ကျော်အတွေ့အကြုံရှိတဲ့ Videographer, Video Editor တွေနဲ့ဖွဲ့စည်းထားတဲ့ Video Production Team ရှိပါတယ်။ Go Go Marketing ကဖန်တီးပေးတဲ့ Video တွေဟာ Quality ကောင်းမွန်ရုံတင်မကဘဲ

✅ Brand Strategy နဲ့ ကိုက်ညီမှုရှိခြင်း
✅ Customer ရဲ့ Insight ကို ထိမိစေခြင်း
✅ လက်တွေ့ ရလဒ် ထွက်ပေါ်စေခြင်း
စတဲ့ အချက်တွေကိုပါ ထည့်သွင်းစဥ်းစားပြီး အစအဆုံး တာဝန်ယူ ဖန်တီးပေးနေတာ ဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင့် မိတ်ဆွေတို့လုပ်ငန်းကို Video Marketing နဲ့ အရှိန်အဟုန်မြှင့်တင်ဖို့အစီအစဥ်ရှိတယ်ဆိုရင် Go Go Marketing ကို အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ။

မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။

☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190




🔴 ရတနာရွှေဆိုင်တွေ၊ Real Estate Business တွေ၊ ကားရောင်းတဲ့ Automobile လုပ်ငန်းတွေ၊ အလှအပရေးရာနဲ့ဆိုင်တဲ့ Aesthetic Clini...
25/04/2026

🔴 ရတနာရွှေဆိုင်တွေ၊ Real Estate Business တွေ၊ ကားရောင်းတဲ့ Automobile လုပ်ငန်းတွေ၊ အလှအပရေးရာနဲ့ဆိုင်တဲ့ Aesthetic Clinic တွေအပြင် Price Point မြင့်တဲ့ လုပ်ငန်းတွေဟာ Customer ဆီက "ယုံကြည်မှု" ကို အပြည့်အဝရမှသာ အရောင်းအဝယ်ဖြစ်တဲ့လုပ်ငန်းတွေဖြစ်ပါတယ်။

🔴 ဝယ်ယူသူတွေအတွက် Purchasing Decision ကို အချိန်ယူစဉ်းစားကြပါတယ်။ High-End Products တွေဆိုတာ စျေးနှုန်းမြင့်တဲ့ Product တွေဖြစ်တဲ့အပြင် ဝယ်ယူမယ့် Customer ကလည်း လူနည်းစုပဲရှိတတ်ကြပါတယ်။

🔴 ဒီလိုလုပ်ငန်းတွေအတွက် အထိရောက်ဆုံး Strategy ကတော့ Post-Purchase Marketing ပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဝယ်ယူပြီးသား Customer ကို နောက်ထပ်ဝယ်ယူလာအောင် ဒါမှမဟုတ် Customer ဟောင်းတွေကနေ နောက်ထပ် Customer အသစ်တွေ တိုးပွားလာအောင်လုပ်တယ်လို ဆိုနိုင်ပါတယ်။

🔴 ဒါကြောင့် ဒီလို High-End Products တွေမှာ အရောင်းအဝယ်တစ်ခု ပြီးဆုံးသွားတာဟာ Marketing ပြီးဆုံးသွားတာ မဟုတ်ဘဲ နောက်ထပ် အခွင့်အရေးသစ်တစ်ခုကို စတင်လိုက်တာ ဖြစ်ပါတယ်။ မိတ်ဆွေတို့က Post-Purchase Marketing Strategy ကောင်းကောင်းတည်ဆောက်ထားပြီး ဒီအခွင့်အရေးကို အကျိုးရှိအောင်အသုံးချရမှာပါ။

🔴 ကိုယ့်ဆီကနေ သိန်းထောင်ချီတန်တဲ့ အိမ်၊ ကား၊ ပစ္စည်းတစ်ခုကို ယုံယုံကြည်ကြည် ဝယ်ယူသွားတဲ့ Customer ဟာ ကိုယ့် Brand ရဲ့ အကောင်းဆုံး သံတမန်ပါပဲ။ သူတို့ရဲ့ စိတ်ကျေနပ်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ရင် သူတို့ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကိုပါ ကိုယ့်ဆီလက်ဆင့်ကမ်း ခေါ်ဆောင်လာပေးနိုင်ပါတယ်ခင်ဗျာ။

🔴 ဒါကြောင့် မိတ်ဆွေက High-End Products တွေရောင်းချနေတယ်ဆိုရင် Product or Service တစ်ခုကို ရောင်းချပြီးတိုင်း ပြီးရောဆိုတဲ့ စိတ်မျိုးမထားဘဲ ဝယ်ယူပြီးနောက်ပိုင်းမှာလည်း လိုအပ်တဲ့ဝန်ဆောင်မှုနဲ့ အချက်အလက်တွေကို ပံ့ပိုးပေးခြင်းက မိတ်ဆွေရဲ့ Brand ကို စျေးကွက်ထဲမှာ ပြိုင်ဘက်တွေထက် ပိုမိုခိုင်မာစေမှာပါ။

🔴 ဒါ့အပြင် စျေးကွက်လေ့လာမှုအရ Customer ဟောင်းကို ပြန်လည်ထိန်းသိမ်းရတဲ့ Post-Purchase Marketing စရိတ်ဟာ Customer အသစ်ရှာဖို့ သုံးရတဲ့ Marketing စရိတ်ထက် ပိုပြီးသက်သာလေ့ရှိပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Go Go Marketing ကလည်း ဘယ်လုပ်ငန်းအတွက်မဆို အရောင်းအဝယ် ဖြစ်မြောက်ဖို့တင်မကဘဲ ဝယ်ယူပြီးသွားတဲ့ Customer တွေဆီကနေ နောက်ထပ် Customer အသစ်တွေ ထပ်မံရရှိလာစေဖို့
✅ ဝယ်ယူပြီးသား Customer များအတွက် အကျိုးရှိမယ့် After-sales Content များ ဖန်တီးပေးခြင်း
✅ Brand ကို အမြဲတမ်း အမှတ်ရနေစေမယ့် Community Engagement Plan များ ဆွဲပေးခြင်း
✅ Brand Loyalty တိုးတက်စေမယ့် Strategy များ ချမှတ်ပေးခြင်း
စသဖြင့် Post-Purchase Marketing Plan တွေကို လုပ်ငန်းတစ်ခုခြင်းစီအပေါ်မူတည်ပြီး စနစ်တကျ ရေးဆွဲပေးနေပါတယ်ခင်ဗျာ။

Go Go Marketing နဲ့အတူ မိတ်ဆွေတို့လုပ်ငန်းရဲ့ တန်ဖိုးရှိတဲ့ Customer ဟောင်းတွေကို Brand ရဲ့ အားအကောင်းဆုံး လက်နက်တစ်ခုအဖြစ် ပြောင်းလဲလိုက်ရအောင်လားခင်ဗျာ။

မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။

☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190




🎉 Happy New Year 🎉မြန်မာ့နှစ်သစ်မှာ မိတ်ဆွေလုပ်ငန်းရှင်များအားလုံး ဒီထက်မက အောင်မြင်တိုးတက်ပြီး ပိုမိုခိုင်မာတဲ့ အောင်မြ...
17/04/2026

🎉 Happy New Year 🎉

မြန်မာ့နှစ်သစ်မှာ မိတ်ဆွေလုပ်ငန်းရှင်များအားလုံး ဒီထက်မက အောင်မြင်တိုးတက်ပြီး ပိုမိုခိုင်မာတဲ့ အောင်မြင်မှုမှတ်တိုင်သစ်တွေကို စိုက်ထူနိုင်ပါစေကြောင်း ကျွန်တော်တို့ Go Go Marketing မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ ❤️

🎉 ထိုင်းနိုင်ငံအခြေစိုက် Real Estate လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းရှင်တွေအပါအဝင် Client ပေါင်း (၂၀) က...
08/04/2026

🎉 ထိုင်းနိုင်ငံအခြေစိုက် Real Estate လုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံက အိမ်ခြံမြေလုပ်ငန်းရှင်တွေအပါအဝင် Client ပေါင်း (၂၀) ကျော်ကို Go Go Marketing အနေနဲ့ Digital Marketing ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။

✅ ဒါကြောင့် ကျွန်တော်တို့ Go Go Marketing က Real Estate နဲ့ပက်သက်လာရင် ထိုင်းနဲ့ မြန်မာ စျေးကွက်နှစ်ခုစလုံးရဲ့ အားသာချက်၊ အားနည်းချက်တွေကို ကောင်းကောင်းကြီး နားလည်ပါတယ်။

Go Go Marketing ရဲ့ အတွေ့အကြုံတွေအရ ဈေးကွက်မှာနေရာရတဲ့ Real Estate Brand တစ်ခုဖြစ်လာဖို့ဆိုရင်

✅ Branding ကောင်းမွန်အောင်တည်ဆောက်ခြင်း
ဒီနေရာမှာ Business Side ရော Personal Branding လုပ်ငန်းရှင်ပုံရိပ်ပါ နှစ်ခုလုံး အားကောင်းဖို့ လိုအပ်ပါတယ်။ အိမ်ခြံမြေဝယ်ယူတယ်ဆိုတာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်တဲ့အတွက် လူတွေဟာ ကုမ္ပဏီတင်မကဘဲ ကုမ္ပဏီရဲ့ နောက်ကွယ်က လူကိုပါ ယုံကြည်မှသာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်တတ်ကြပါတယ်ခင်ဗျာ။

✅ Consistent Brand Presence နဲ့ Sales Funnel ကိုစဉ်းစားခြင်း
ခိုင်မာတဲ့ Branding တည်ဆောက်ပြီးရင် Brand ကို Social Media မှာအမြဲတမ်း မြင်တွေ့နေရဖို့ကလည်း အရေးကြီးပါတယ်။ အိမ်ခြံမြေဝယ်ဖို့စဥ်းစားနေသူတွေဆီ မိတ်ဆွေတို့ရဲ့ Social Media Content တွေအချိန်မီရောက်ရှိနေဖို့ ကြိုးစားအားထုတ်ရပါမယ်။ Content နဲ့ Social Media Post တွေဖန်တီးတဲ့အခါမှာလည်း Brand ကိုသိတဲ့အဆင့်ကနေ အမှန်တကယ် ဝယ်ယူတဲ့ Customer အဆင့်ထိရောက်လာအောင် Sales Funnel နဲ့ Strategy ကို စနစ်တကျ စဥ်းစားထားသင့်ပါတယ်ခင်ဗျာ။

✅ High-Quality Videos များဖန်တီးခြင်း
Quality ကောင်းတဲ့ Video တွေက Real Estate Audience တွေကိုပြဖို့ အကောင်းဆုံး Content အမျိုးအစားပါ။ ဆွဲဆောင်မှုရှိတဲ့ အိမ် Design တွေ၊ အခန်းအပြင်အဆင်နဲ့ ပတ်ဝန်းကျင်ကို သေချာပြသနိုင်တဲ့ Video Content တွေက လူစိတ်ဝင်စားမှုနဲ့ ယုံကြည်မှုကို မြန်မြန်ရရှိစေပါတယ်။

✅ သင့်တင့်လျောက်ပတ်တဲ့ Ads Budget ကိုအသုံးပြုခြင်း
Branding ကိုလည်း ခိုင်ခိုင်မာမာတည်ဆောက်ထားတယ်၊ Content တွေလည်း သေချာပြင်ဆင်ထားတယ်ဆိုရင် Media Buying လုပ်တာက Potential Client တွေဆီကို ရောက်ရှိဖို့ အမြန်ဆုံးနည်းလမ်းပါပဲခင်ဗျာ။ လူကြီးမင်းတို့ရဲ့ Ads Budget ကို အကျိုးရှိရှိ အသုံးချဖို့အတွက်တော့ ကျွန်တော်တို့ Go Go Marketing က ကူညီပေးနိုင်ပါတယ်။

Go Go Marketing က ထိုင်းနဲ့မြန်မာက Real Estate လုပ်ငန်းများအတွက်
📌 စျေးကွက်ရှာဖွေပေးခြင်း
📌 ဝယ်ယူနိုင်စွမ်းရှိတဲ့ Potential Customer များ စုဆောင်းပေးခြင်း
📌 ခိုင်မာတဲ့ Branding တည်ဆောက်ခြင်း
စတဲ့ ဝန်ဆောင်မှုအားလုံးကို အစအဆုံး တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

မိတ်ဆွေက ထိုင်း-မြန်မာ Real Estate စျေးကွက်မှာ ခြေလှမ်းချချင်တယ်။ ဈေးကွက်ကို စနစ်ကျထိုးဖောက်ချင်တယ် ဆိုရင်တော့ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ Go Go Marketing နဲ့ လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါရစေခင်ဗျာ။

မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။

☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190




✅ Marketing ဆိုတာ လုပ်ငန်းတစ်ခုရဲ့ အနာဂတ်အမြတ်အစွန်းအတွက် အထိရောက်ဆုံး "ရင်းနှီးမြှုပ်နှံမှု "ပါ။✅ လုပ်ငန်းရှင်တော်တော်မ...
30/03/2026

✅ Marketing ဆိုတာ လုပ်ငန်းတစ်ခုရဲ့ အနာဂတ်အမြတ်အစွန်းအတွက် အထိရောက်ဆုံး "ရင်းနှီးမြှုပ်နှံမှု "ပါ။

✅ လုပ်ငန်းရှင်တော်တော်များများဟာ Marketing နဲ့ Branding အတွက် အသုံးပြုရတဲ့ ငွေကြေးကို "ကုန်ကျစရိတ်" လို့ပဲ မြင်တတ်ကြပါတယ်။ အဲ့တာကြောင့် “Marketing မလုပ်လို့မရောင်းရ၊ မရောင်းရလို့ Marketing မလုပ်” ဆိုတာနဲ့ပဲ သံသရာလည်ပြီး လုပ်ငန်းတိုးတက်မှု ကြံ့ကြာနေတတ်ကြပါတယ်။

🔴 ဘာကြောင့် Marketing ကို ရင်းနှီးမြှုပ်နှံမှုလို့ ခေါ်ရတာလဲ?
ကုန်ကျစရိတ်ဆိုတာ သုံးပြီးရင် ပြီးသွားတာမျိုးပါ။ Marketing အသုံးစရိတ်ကိုကျတော့ ရေရှည်ပိုင်ဆိုင်မှုအတွက် ရင်းနှီးမြုပ်နှံတာလို့ ပြောလို့ရပါတယ်။ Marketing ကိုသေချာလုပ်ထားတဲ့ လုပ်ငန်းတစ်ခုဟာ အချိန်ကြာလာလေလေ လူတွေရဲ့ ယုံကြည်မှုနဲ့ ခိုင်မာတဲ့စျေးကွက်ဝေစုကို ပိုင်ဆိုင်လာလေလေပါပဲ။ ဒါဟာ ရေရှည်မှာ ဘယ်သူမှလုယူလို့မရတဲ့ မိတ်ဆွေတို့လုပ်ငန်းရဲ့ အဖိုးတန်ပိုင်ဆိုင်မှု ဖြစ်လာမှာပါ။

📌 ဒီလိုရေရှည်ခိုင်မာတဲ့ Marketing ကိုတည်ဆောက်ဖို့ဆိုရင် Strategy ကောင်းဖို့လိုပါတယ်။ Marketing မှာ Strategy မရှိဘဲ ကျပန်းလုပ်နေရင်တော့ အချိန်တွေ၊ ငွေတွေ အလေအလွင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းနဲ့ ကိုက်ညီတဲ့ Strategy ရှိဖို့က အလွန်အရေးကြီးပါတယ်ခင်ဗျာ။

📌 ဗျူဟာကို သေချာသိပြီဆိုရင် ဒုတိယအရေးအကြီးဆုံးက Budget ပါ။ စျေးကွက်ထဲမှာ နေရာတစ်ခုရဖို့ဆိုရင် ကိုယ့်လုပ်ငန်း Target Audience အပေါ်မူတည်ပြီး ခေတ်နဲ့အညီ လုံလောက်တဲ့ Budget တစ်ခုကို စနစ်တကျ ခွဲဝေအသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိတ်ဆွေတို့လုပ်ငန်းက Customer တွေဆီကို ရောက်ရှိမှာပါ။

📌 ဒါကြောင့် မိတ်ဆွေတို့လုပ်ငန်းအတွက် ခိုင်မာတဲ့စျေးကွက်ဝေစုကို ပိုင်ဆိုင်ဖို့ Marketing ရင်းနှီးမြုပ်နှံမှုတွေလုပ်မယ်ဆိုရင် အချိန်နဲ့ ငွေကြေးတွေ အလေအလွင့်မဖြစ်စေဖို့ အတွေ့အကြုံရင့်ကျတ်တဲ့ ကျွန်တော်တို့ Go Go Marketing နဲ့ လက်တွဲနိုင်ပါတယ်။
ကျွန်တော်တို့ Go Go Marketing က လုပ်ငန်းရှင်တို့ရဲ့ Marketing ကုန်ကျစရိတ်တွေကို အမြတ်အစွန်းတွေအဖြစ် ပြန်လည်ရောက်ရှိလာအောင် ဗျူဟာမြောက် ဖန်တီးပေးနေတဲ့ Marketing Partner တစ်ခု ဖြစ်ပါတယ်ခင်ဗျာ။

မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။

☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190




Reality vs LinkedIn 😝
25/03/2026

Reality vs LinkedIn 😝




🎉 3rd Year Anniversary 🎉ဒီနေ့မှာတော့ ကျွန်တော်တို့ Go Go Marketing ကို စတင်တည်ထောင်ခဲ့တာ (၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ (...
19/03/2026

🎉 3rd Year Anniversary 🎉

ဒီနေ့မှာတော့ ကျွန်တော်တို့ Go Go Marketing ကို စတင်တည်ထောင်ခဲ့တာ (၃) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ (၃) နှစ်တာကာလအတွင်း အလုပ်အပ်ပေးခဲ့ကြတဲ့ Client တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ အလုပ်တွေကို အချိန်မီပြီးစီးအောင်၊ အဆင်ပြေအောင် စီမံဆောင်ရွက်ပေးခဲ့ကြတဲ့ Team Memeber တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ နောင်နှစ်ပေါင်းများစွာမှာလည်း Client တွေအတွက် ဝန်ဆောင်မှုတွေကို ဒီထက်ပိုကောင်းအောင် ကြိုးစားသွားပါ့မယ်ခင်ဗျာ။ ❤️




🌟 ၂၀၂၆ ခုနှစ်တောင်ရောက်လာပြီဆိုတော့ Marketing နည်းဗျူဟာတွေကလည်း ပြောင်းလဲ ဆန်းသစ်လာပါပြီခင်ဗျာ။ မြန်မာနိုင်ငံမှာရော ၂၀၂၆...
14/03/2026

🌟 ၂၀၂၆ ခုနှစ်တောင်ရောက်လာပြီဆိုတော့ Marketing နည်းဗျူဟာတွေကလည်း ပြောင်းလဲ ဆန်းသစ်လာပါပြီခင်ဗျာ။ မြန်မာနိုင်ငံမှာရော ၂၀၂၆ မှာဘယ်လို Marketing တွေ ခေတ်စားလာမလဲ၊ ကိုယ့် Customer ကို ဘယ်လိုနည်းလမ်းတွေနဲ့ ချည်းကပ်သင့်သလဲ။ ကျွန်တော်တို့ Go Go Marketing က လေ့လာတွေ့ရှိထားတာတွေကို မိတ်ဆွေတို့အတွက် ဝေမျှပေးချင်ပါတယ်။

🔴 Attention ထက် ယုံကြည်မှုကို တည်ဆောက်ပါ။
“Attention is Cheap, Trust is Rare” အခုခေတ်မှာ လူတွေရဲ့ အာရုံစိုက်မှုကို ခဏတာရဖို့က လွယ်ကူပေမဲ့ ယုံကြည်မှုကိုရဖို့ကတော့ ခက်ခဲလာပါတယ်။ ခဏတာပဲခံတဲ့ အပေါ်ယံ ဆွဲဆောင်မှုတွေထက် မိတ်ဆွေတို့ Brand ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေကိုချပြပြီး ရေရှည်မှာယုံကြည်မှုရအောင် တည်ဆောက်ကြည့်ပါခင်ဗျာ။

🔴 Video Content Marketing
အခုခေတ်က TikTok Video တွေ၊ YouTube Short တွေကို လူတွေပိုကြည့်လာကြတာ အားလုံးလည်း သိကြမှာပါ။ Social Media Platform တွေကလည်း Short Video တွေကို Reach များများပေးတာတွေ ရှိပါတယ်။ ဒါကြောင့် ပုံနဲ့စာသားတွေထက် Short-form Video တွေကိုအသုံးပြုပြီး Customer တွေနဲ့ ပိုပြီးနီးကပ်အောင်လုပ်ပါ။ ပြီးရင် Live-streaming တွေ Long Form Video တွေနဲ့ Branding ကို ခိုင်မာအောင်တည်ဆောက်ပါ။ စိတ်ဝင်စားစရာ Storytelling တွေပါဝင်တဲ့ Video Content တွေက စျေးကွက်ကို စိုးမိုးလာပါလိမ့်မယ်။

🔴 Insight-Driven Marketing
ခန့်မှန်းချက်တွေနဲ့ လုပ်ဆောင်တဲ့ Marketing ခေတ် ကုန်သွားပါပြီ။ ကိုယ့်ရဲ့ Customer က ဘယ်သူလဲ၊ ဘာကိုနှစ်သက်တာလဲဆိုတဲ့ တကယ့် Insight Data တွေကို အခြေခံပြီး Strategy ချမှတ်ထားတဲ့ Marketing Campaign တွေပဲလုပ်သင့်ပါတယ်။ AI ကြောင့် Social Media Platform တွေမှာ ပိုပြီးတိကျတဲ့ Data တွေရှိနေပါပြီ။ မိတ်ဆွေတို့က ဒီ Data တွေကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် Result ကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။

🔴 Community Building
ရောင်းသူနဲ့ ဝယ်သူဆိုတဲ့ ဆက်ဆံရေးထက် ကိုယ့် Brand ကို ချစ်မြတ်နိုးတဲ့ Community တစ်ခု ဖန်တီးပါ။ Facebook Group တွေ၊ Telegram Group တွေ၊ Email list, Phone Number List တွေနဲ့ ကိုယ့်အမာခံဖောက်သည်တွေကို စုဆောင်းထာဖို့လိုပါတယ်။ အပြန်အလှန် အကျိုးပြုတဲ့ အသိုက်အဝန်းရှိနေတဲ့ Brand တွေဟာ ဘယ်လိုစီးပွားရေး အခြေအနေမျိုးမှာမဆို ခိုင်မာစွာ ရပ်တည်နိုင်ပါတယ်ခင်ဗျာ။

🔴 Social Commerce Mastery
လွယ်လွယ်ကူကူ Attention ရတတ်တဲ့ခေတ်မှာ မြန်မြန်ဆန်ဆန်ရောင်းဝယ်နိုင်ဖို့လည်းလိုပါတယ်။ Social Media ကြည့်နေရင်း တိုက်ရိုက်ဝယ်ယူနိုင်တဲ့ Social Commerce ဟာ ပိုမိုအရေးပါလာပါတယ်။ ကိုယ့် Product Video ကိုကြည့်နေရင်း Chat Box ကိုရောက်လာပေမဲ့ စာပြန်မယ့်သူမရှိလို့ ဝယ်မသွားတာတွေ လုံးဝအဖြစ်မခံသင့်တော့ပါဘူး။ အထူးသဖြင့် TikTok လို နေရာမျိုးတွေမှာ ဈေးရောင်းရတာ ပိုမိုလွယ်ကူမြန်ဆန်စေဖို့ Chat Bot တွေကို စနစ်တကျ ပြင်ဆင်အသုံးပြုသင့်ပါတယ်ခင်ဗျာ။

🔴 Influencer Marketing ကို စနစ်တကျ လုပ်ဆောင်ပါ။
Influencer တွေ၊ Creator တွေနဲ့ ပရောဂျက်တစ်ခုစာ ချိတ်ဆက်ရုံတင်မဟုတ်ဘဲ Brand ရဲ့ ရေရှည်ရည်မှန်းချက်နဲ့ ထပ်တူကျတဲ့ Creator တွေနဲ့ စနစ်တကျ လက်တွဲလုပ်ဆောင်ခြင်းက Branding အတွက်လည်းပိုပြီးကောင်းသလို ရေရှည်မှာပိုမိုခိုင်မာတဲ့ ရလဒ်တွေကိုလည်း ပေးစွမ်းနိုင်မှာပါ။

🔴 Facebook တစ်ခုတည်းမှာတင် ရပ်မနေပါနဲ့။
မြန်မာနိုင်ငံမှာ Facebook ကို အဓိကသုံးနေကြဆဲဆိုပေမဲ့ အခုနောက်ပိုင်းမှာ VPN ကိစ္စတွေကြောင့် TikTok နဲ့ အခြား Platform တွေကလည်း အသီးသီးနေရာယူလာကြပါပြီ။ ဒါကြောင့် တစ်ခုတည်းအပေါ်မှာပဲ ပုံအောပြီး ရင်းနှီးမြှုပ်နှံထားတာထက် TikTok၊ Telegram နဲ့ အခြား Social Media Platforms တွေမှာပါ လုပ်ငန်းရဲ့ ခြေလှမ်းတွေကို အမြန်ဆုံး ချဲ့ထွင်ထားသင့်ပါတယ်ခင်ဗျာ။

ဒါတွေကတော့ ၂၀၂၆ မှာ ပြောင်းလဲလာတဲ့ Marketing ခေတ်ရေစီးကြောင်းတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Go Go Marketing က ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ Marketing Trend တွေကို အမြဲတမ်း လေ့လာစောင့်ကြည့်ပြီး မိတ်ဆွေတို့လုပ်ငန်းအတွက် အနာဂတ်အထိ အလုပ်ဖြစ်စေမယ့် Marketing Solutions တွေကို ဖန်တီးပေးနိုင်ပါတယ်။

မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။ 🤝

☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190




Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959780549190

Website

Alerts

Be the first to know and let us send you an email when Go Go Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Go Go Marketing:

Share