29/06/2021
ဘယ်လို Content အမျိုးအစားတွေတင်ပြီး သင့် page Engagement တက်လာအောင်လုပ်နိုင်မလဲ။
page ကို ကိုယ်တိုင်ပဲ စီမံပြီးလုပ်ကိုင်နေရတဲ့ အသေးစားလုပ်ငန်းရှင်တွေ၊ online business သမားတွေအနေနဲ့ တစ်ပတ်နဲ့ တစ်ပတ် content တွေမထပ်အောင်၊ page မှာရှိတဲ့ follower တွေနဲ့ engage ဖြစ်နေအောင် စဥ်းစားရင်း ခေါင်းခြောက်နေရတယ် ဆိုရင် အခု marketing village က ရှဲပေးမယ့် ဒီ post က သင့်တို့အတွက် အိုင်ဒီယာတွေ၊ အကြံတွေ အများကြီးရစေမှာပါ။
Page မှာ အမြဲတမ်းရောင်းတဲ့ post တင်နေတာမျိုးထက်၊ သင့် page မှာရှိတဲ့ follower တွေအတွက် အကျိုးရှိစေမယ့် တစ်ခြား ပိုစ်တွေ၊ သတင်းလေးတွေ တင်ပေးမယ့်ဆိုရင် သင့် follower တွေအနေနဲ့ လည်း သင်နဲ့ အမြဲ engage ဖြစ်နေမှာဖြစ်ပါတယ်။
၁) Blogs
လုပ်ငန်း တွေတော်တော်များများအနေနဲ့က page မှာ သက်ဆိုင်ရာ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ ပတ်သတ်ပြီး customer တွေကို educate လုပ်နိုင်မယ့် Blog post လေးတွေ အများဆုံးတင်ကြပါတယ်။ တင်ပေးလိုက်တဲ့ Blog တွေကို like လုပ်ရင်း၊ share ရင်းနဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုကို လူများများ သိသွားကြတာများလို့ Blogs ကတော့ page မှာ မဖြစ်မနေတင်သင့်တဲ့ content မျိုးဖြစ်ပါတယ်။
ဥပမာသင့်အနေနဲ့ အလှကုန်နဲ့ ပတ်သတ်တဲ့ ကုန်ပစ္စည်းမျိုးကိုရောင်းတာမျိုးဆိုရင် “အသားအရေကို အထူးဂရုစိုက်နိုင်မယ့် သဘာ၀နည်းလမ်း ၅ မျိုး” တို့လို သင့် follower တွေ၊ customer တွေ အတွက် အကျိုးရှိစေမယ့် Blog လေးတွေ တင်ပေးနိုင်ပါတယ်။
၂) Videos
Videos တွေဟာ engagement အကောင်းဆုံး content အမျိုးအစားထဲမှာပါပါတယ်။ အခုနောက်ပိုင်းဆို လူစိတ်၀င်စားတဲ့ content videos တွေ၊ motion video တွေ၊ Illustration video တွေဟာဆိုရင် engagement ROI အကောင်းဆုံးလို့တောင် ပြောလို့ရပါတယ်။ Tutorial video တွေ၊ Live video တွေဟာ ဆိုရင်လည်း video ကြည့်ရတာ ကြိုက်တဲ့ audiences အတွက် အရမ်းကိုအဆင်ပြေစေနိုင်ပါတယ်။
ဒါကြောင့် လုပ်ငန်းတွေအနေနဲ့ ကြော်ငြာချင်တဲ့ ကုန်ပစ္စည်း၊ ၀န်ဆောင်မှုနဲ့ ပတ်သတ်ပြီးပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် Awarness နဲ့ ပတ်သတ်ပြီး story line ကောင်းတဲ့ video တွေပဲ ဖြစ်ဖြစ် ဖန်တီးပြီး page မှာတင်သင့်ပါတယ်။
၃) Quotes
သင့်ရဲ့ page မှာ blog post တွေအပြင် Quote တွေလည်း တင်လို့ရပါတယ်။ Quote တွေဟာဆိုရင် သင့်ရဲ့ Follower တွေကို motivation၊ inspriation ပေးနိုင်သလို သင်လုပ်ငန်းနဲ့ လည်း engage ဖြစ်နေစေမှာဖြစ်ပါတယ်။
သင့်လုပ်ငန်း၊ ၀န်ဆောင်မှု၊ ကုန်ပစ္စည်းပေါ်လိုက်ပြီး Quotes လေးတွေ ရွေးချယ်ပြီးတင်နိုင်ပါတယ်။ အလှအပဆိုရင်လည်း အလှအပနဲ့ ပတ်သတ်ပြီး အောင်မြင်သူတွေ ပြောထားဖူးတဲ့ Quotes လေးတွေကို အလွယ်တကူရှာပြီး share ပေးနိုင်လို့ Quote ဟာဆိုရင်လည်း ထည့်ပြီး စဥ်းစားသင့်တဲ့ content အမျိုးအစားတစ်ခုဖြစ်ပါတယ်။
၄) Contests
Page မှာ engagement များချင်ရင် နောက်ထပ်စဥ်းစားရမှာကတော့ Contest တွေဖြစ်ပါတယ်။ Contests ဆိုရင် game ဆော့ခိုင်းတာပဲဖြစ်ဖြစ်၊ puzzles လေးတွေ ဆက်ခိုင်းတာပဲဖြစ်ဖြစ်၊ အဖြေမှန်ရွေးပြီး မဲဖောက်ပေးတာမျိုး၊ Like & Share လုပ်ခိုင်းပြီး လက်ဆောင်ပြန်ပေးတဲ့ အစီအစဥ်မျိုးတွေကို သင့်လုပ်ငန်းနဲ့ အဆင်ပြေပြီး ကိုက်ညီတာမျိုးဖန်တီးနိုင်ပါတယ်။
Contests လုပ်တာမျိုးကတော့ ၁ လမှာတစ်ကြိမ်လောက်၊ ဒါမှမဟုတ် သင့်အနေနဲ့ seasonal promotion လုပ်ပေးချင်တဲ့အချိန်မျိုးမှာ အလျဥ်းသင့်သလို အသုံးပြုနိုင်ပါတယ်။
တစ်ခုသတိပေးချင်တာကတော့ အမြဲတမ်း contest တွေလုပ်နေတာမျိုးဆိုရင် Facebook အနေနဲ့ Engagement Bait သုံးတယ်လို့ Algorithm က ယူဆပြီး သင့် page ရဲ့ normal engagement တွေကျလာနိုင်တဲ့အတွက် ဒီအချက်ကိုတော့ နည်းနည်းသတိထားရပါမယ်။
၅) Infographics
နောက်ထပ် content အမျိုးအစားတစ်ခုကတော့ Infographics တွေပဲဖြစ်ပါတယ်။ Infographics တွေကတော့ အမျိုးအစားအများကြီးရှိပါတယ်။ Survey data လို Statistical infographics မျိုး အပါအ၀င် အခြား Infographics အမျိုးအစားတွေလည်း ရှိလို့ သင့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး ကိုက်ညီတဲ့ Inforgraphics မျိုး ရွေးချယ်ပြီး တင်နိုင်ပါတယ်။
ဥပမာဆိုရင် နှစ် ၁၀၀ အတွင်းပြောင်းလဲလာတဲ့ မိတ်ကပ်နဲ့ ၀တ်စားဆင်ယင်မှု video တွေ၊ photos တွေ ကြည့်ဖူးကြမယ် ထင်ပါတယ်။ ဒါဆိုရင် Timline Infographics ဖြစ်ပါတယ်။ ဒါကြောင့် Infographics ကလည်း သင့်အနေနဲ့ ထည့်ပြီးစဥ်းစားသင့်တဲ့ content အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။
၆) Testimonials
ဒီ Content အမျိုးအစားကတော့ သင့်ရဲ့ ကုန်ပစ္စည်းနဲ့ သင့်ရဲ့ အလားအလာရှိတဲ့ ၀ယ်သူအကြား ယုံကြည်မှုတည်ဆောက်ပေးနိုင်လို့ သင့် page မှာ မပါမဖြစ်တင်သင့်ထဲမှာ ပါပါတယ်။
သင့် ပစ္စည်း၊ ၀န်ဆောင်မှုကို သုံးပြီးတဲ့ ၀ယ်သူရဲ့ experiences တွေကို အခြားအလားအလာရှိတဲ့ ၀ယ်သူတွေကို ၀ယ်ချင်စိတ်ပေါ်လာအောင် လှုံ့ဆော်နိုင်ပါတယ်။
နောက်တစ်ခုက ၀ယ်သူအများစုအနေနဲ့ လည်း လူသုံးများတဲ့၊ review ကောင်းတဲ့ ပစ္စည်း၊ ၀န်ဆောင်မှုကို သုံးဖို့အတွက် အများကြီးစဥ်းစားစရာမလိုတဲ့ အတွက်ကြောင့် သင့်ရဲ့ content plan မှာ Testimonials မဖြစ်မနေထည့်ပြီး စဥ်းစားလိုက်ပါ။
၇) Website Content
ဒါကတော့ ကိုယ်ပိုင် website ရှိထားတဲ့ လုပ်ငန်းတွေအနေနဲ့ မဖြစ်မနေတင်သင့်တဲ့ content ဖြစ်ပါတယ်။ Website မှာရေးထားတဲ့ Content တွေ၊ ဖန်တီးထားတဲ့ Landing page တွေကိုလည်း Website Visitor တက်လာစေဖို့ သင့်ရဲ့ page မှာတင်နိုင်ပါတယ်။
ဒါမှပဲ သင့်အနေနဲ့ page မှာ engagement တက်ရုံသာမက website promotion လည်း တစ်ခါတည်း လုပ်နိုင်မှာဖြစ်လို့ တစ်ပတ်မှာ ၁ ခါလောက်တော့ Website Content တွေပြန် share သင့်ပါတယ်။
ဒီလောက်ဆိုရင် သင့်ရဲ့ content plan မှာပါသင့်တဲ့ content အမျိုးအစားတွေကိုသိလောက်ပြီး ဒီတစ်ပတ် ဘယ်လို content မျိုးတွေတင်ပြီး engagement တက်အောင်လုပ်မလဲဆိုတဲ့ အိုင်ဒီယာတွေ၊ အကြံဥာဏ်တွေ ရသွားလောက်မှာ အသေအချာပါပဲ။
သင့် page Growth အတွက် ထိရောက်တဲ့ Content Strategy နဲ့ Content Plan တွေ လိုအပ်နေပြီဆိုရင် Marketing Village ကိုသာ ချက်ခြင်းဆက်သွယ်လိုက်ပါ။