NOKO Digital Marketing Agency

NOKO Digital Marketing Agency Grow up your business with our Creation

ရောင်းအားကိုအထောက်ကူပြုပေးမယ့် tiktok video marketingမိတ်ဆွေရဲ့လုပ်ငန်းက Reach တွေကျပြီး ရောင်းအားတွေ ရပ်တန့်နေပြီလား?ဘာ...
02/08/2026

ရောင်းအားကိုအထောက်ကူပြုပေးမယ့် tiktok video marketing

မိတ်ဆွေရဲ့လုပ်ငန်းက Reach တွေကျပြီး ရောင်းအားတွေ ရပ်တန့်နေပြီလား?

ဘာကြောင့်လည်းဆိုတော့ ဆိုရှယ်မီဒီယာခေတ်က ပြောင်းလဲသွားပါပြီ။ အရင်လို ပုံလှလှလေးတွေတင်၊ စာလေးတွေ ရေးရုံနဲ့ ပရိသတ်က ရပ်မကြည့်တော့ပါဘူး။

အခုချိန်မှာက Customer တွေရဲ့ အာရုံစိုက်မှုကို အပြည့်အဝရဖို့ဆိုရင် Video Content တွေက မရှိမဖြစ် လိုအပ်လာပါပြီ။ ပြိုင်ဘက်တွေက ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုတွေနဲ့ စျေးကွက်ကို သိမ်းပိုက်နေချိန်မှာ မိတ်ဆွေက ဗီဒီယို မလုပ်နိုင်သေးဘူးဆိုရင်တော့ နောက်ကောက်ကျန်ခဲ့ဖို့ သေချာသလောက်ရှိနေပါပြီ။

ဒါကြောင့် TikTok ကနေ ရောင်းအားတက်ချင်တယ်၊ဒါပေမယ့် Video တစ်ပုဒ်ဖြစ်ဖို့ ဘယ်ကစရမလဲ?Idea ဘယ်လိုထုတ်မလဲ?ဘယ်လို ရိုက်ကူး တည်းဖြတ်မလဲဆိုတာတွေက မိတ်ဆွေတို့အတွက် အချိန်ကုန်ပြီး ခေါင်းကိုက်စရာ ပြဿနာတစ်ခု ဖြစ်နေတတ်ပါတယ်။

ဒီလိုအခက်အခဲတွေအားလုံးကို ဖြေရှင်းပေးဖို့ ကျွန်တော်တို့ရဲ့ tiktok video marketing ရှိနေပါပြီ။

မိတ်ဆွေရဲ့ကုန်ပစ္စည်း၊ဝန်ဆောင်မှုကို ပရိသတ်ဆီ အထိရောက်ဆုံး ရောက်ရှိစေမယ့် ဗီဒီယိုတွေကို Idea ထုတ်တာကနေစပြီး ရိုက်ကူးရေး၊ တည်းဖြတ်ရေး (Post-Production) အထိ One-Stop Service အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့အပြင် TikTok ရဲ့ သဘာဝနဲ့ ကိုက်ညီစေဖို့...
ပထမ ၃ စက္ကန့်မှာတင် ဆွဲဆောင်နိုင်မယ့် Visual & Text Hooks တွေ ဖန်တီးပေးခြင်း၊
Target Audience ရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်မယ့် Storyline နဲ့ Script များ ရေးဆွဲပေးခြင်း၊
ခေတ်စားနေတဲ့ Trending သီချင်း၊ အသံများနှင့် လိုက်ဖက်တဲ့ Transitions တွေကို အသုံးပြုပြီး စနစ်တကျ တည်းဖြတ်ပေးခြင်း

စတာတွေကို ကျွမ်းကျင်စွာ ဖန်တီးပေးနေတာကြောင့် မိတ်ဆွေအနေနဲ့ TikTok မှာ Viral ဖြစ်ဖို့နဲ့ ရောင်းအားတက်ဖို့ကိုသာ ပြင်ဆင်ထားလိုက်ပါ။

ဒါကြောင့် ရိုးရိုးသာမန် ကြော်ငြာတွေကနေ ခွဲထွက်ပြီး မိတ်ဆွေရဲ့လုပ်ငန်းကို quality မြင့် Video Content တွေနဲ့ အဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ အခုပဲ page messenger ကနေပြီး ဆက်သွယ်လိုက်ပါ။

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ " တွင် သတ္တဝါများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကာ စီ...
29/07/2026

"ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ " တွင် သတ္တဝါများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်ဝကာ စီးပွားလာဘ်လာဘများ တိုးတက်ကြီးပွားကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

onlineလုပ်ငန်းတိုင်း မဖြစ်မနေ လိုင်စင်တင်ရတော့မှာပါ။ အရင်လိုပစ္စည်းတွေကို အွန်လိုင်းရောင်းနေရုံနဲ့ မလုံလောက်တော့ပါဘူး။ တ...
25/07/2026

onlineလုပ်ငန်းတိုင်း မဖြစ်မနေ လိုင်စင်တင်ရတော့မှာပါ။

အရင်လိုပစ္စည်းတွေကို အွန်လိုင်းရောင်းနေရုံနဲ့ မလုံလောက်တော့ပါဘူး။ တရားဝင်ဖြစ်ကြောင်း အသိအမှတ်ပြုတဲ့ onlineလိုင်စင်လည်း လိုအပ်လာပါပြီ။

အခုချိန်မှာဆိုရင် page ကနေဖြစ်ဖြစ်၊ Website ကနေဖြစ်ဖြစ် အွန်လိုင်းပေါ်မှာ ပစ္စည်းရောင်းချနေတယ်ဆိုရင် Online Sales Certificate (E-commerce License) က လုပ်ငန်းတစ်ခုအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါပြီ။

"နောက်မှလုပ်မယ်" လို့ စောင့်နေရင်း လိုအပ်တဲ့အချိန်ရောက်မှ လုပ်ဖို့ဆိုရင် အချိန်ကြာနိုင်သလို လုပ်ငန်းလည်ပတ်မှုကိုလည်း ထိခိုက်နိုင်ပါတယ်။

online လိုင်စင်က ဘာကြောင့် လုပ်ထားသင့်တာလဲ?

✅ တရားဝင် လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နိုင်ပါတယ်။
သက်ဆိုင်ရာဌာနရဲ့ သတ်မှတ်ချက်နဲ့အညီ မှတ်ပုံတင်ထားတဲ့လုပ်ငန်းဖြစ်တဲ့အတွက် စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ပါတယ်။

✅ Customer တွေရဲ့ ယုံကြည်မှုကို ပိုရလာပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေ များလာတဲ့အခုလိုအချိန်မှာ တရားဝင်လိုင်စင်ရှိတဲ့ Page တစ်ခုဟာ ဝယ်ယူသူတွေအတွက် ယုံကြည်စိတ်ချရမှုကို ပိုပေးနိုင်ပါတယ်။

✅ လုပ်ငန်းကို ရေရှည်တည်ဆောက်ဖို့ အထောက်အကူဖြစ်ပါတယ်။
Merchant Account ဖွင့်တာ၊ ကုမ္ပဏီတွေနဲ့ လက်တွဲလုပ်တာ၊ Branding တည်ဆောက်တာ စတဲ့ အပိုင်းတွေမှာလည်း တရားဝင်လုပ်ငန်းတစ်ခုဖြစ်တာက အားသာချက်တစ်ခု ဖြစ်လာပါတယ်။

ဒါဆို Noko မှာရော onlineလိုင်စင်နဲ့ပတ်သက်ပြီး ဘာဝန်ဆောင်မှုတွေရနိုင်လဲ ?

✔ Online Sales Certificate အသစ်လျှောက်ထားခြင်း
✔ သက်တမ်းတိုးခြင်း
✔ အချက်အလက်ပြင်ဆင်ခြင်း

အစရှိတဲ့ လျှောက်ထားရမယ့် အဆင့်တိုင်းကို အသေးစိတ်ရှင်းပြပေးပြီး Certificate ရရှိတဲ့အထိ အပြည့်အဝ တာဝန်ယူဆောင်ရွက်ပေးပါတယ်။
ဒါကြောင့်အချိန်လည်းမကုန် အလုပ်မရှုပ်စေပဲ အချက်အလက်ပေးရုံနဲ့ အဆင်ပြေလွယ်ကူစေမှာပဲဖြစ်ပါတယ်...

အခုချိန်မှာ onlineလိုင်စင်ဆိုတာက စစ်ဆေးမယ့်နေ့ရောက်မှ လုပ်ရတဲ့အရာ မဟုတ်တော့ပါဘူး။

လုပ်ငန်းကို ရေရှည်တည်တံ့အောင်၊ ယုံကြည်မှုရှိတဲ့ Brand တစ်ခုအဖြစ် တည်ဆောက်ချင်တယ်ဆိုရင် မဖြစ်မနေကြိုတင်ပြင်ဆင်ထားသင့်တဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။

ဒါကြောင့် onlineလိုင်စင်နဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို ရယူလိုပါက page messenger ကနေ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

လတ်တလော Facebook မှာ Reach ကျတာကို ဘယ်လိုဖြေရှင်းမလဲ?အခုတလော Page admin တော်တော်များများနဲ့ Content Creator တိုင်း ရင်ဆိ...
06/07/2026

လတ်တလော Facebook မှာ Reach ကျတာကို ဘယ်လိုဖြေရှင်းမလဲ?

အခုတလော Page admin တော်တော်များများနဲ့ Content Creator တိုင်း ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး အခက်အခဲကတော့ Facebook Algorithm ရဲ့ အပြောင်းအလဲကြောင့် Reach တွေ ကျဆင်းနေတာ ပဲ ဖြစ်ပါတယ်။

ဒါဆိုရင် Algorithm ကြောင့်ဆိုပြီး လက်မှိုင်ချနေတော့မလား? လုံးဝ မလုပ်ပါနဲ့။ ဒီအခြေအနေကို ကျော်လွှားဖို့အတွက် လက်တွေ့အသုံးချလို့ရမယ့် အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။

၁။ Reels နဲ့ Video Content ကို ပိုသုံးပါ
လက်ရှိမှာ Facebook ဟာ ပုံနဲ့ စာထက်စာရင် Short-form Video (Reels) တွေကို ပိုပြီး Reach ပေးနေပါတယ်။ ကိုယ့်လုပ်ငန်းအကြောင်း ဒါမှမဟုတ် Knowledge တစ်ခုခုကို ဗီဒီယိုတိုလေးတွေ လုပ်ပြီး ပြောင်းလဲ တင်ဆက်ကြည့်ပါ။

၂။ Engagement (အပြန်အလှန် တုံ့ပြန်မှု) ကို အသက်သွင်းပါ
ကိုယ့်ပို့စ်မှာ လာပြီး Comment ပေးသူတွေကို မပျက်မကွက် ပြန်ပြီး Reply ပြန်ပေးပါ။ ပို့စ်ရေးတဲ့အခါမှာလည်း မေးခွန်းမျိုးလေးတွေ ထည့်ပြီး Interaction များအောင် ဖန်တီးပါ။

၃။ Share ချင်စရာကောင်းတဲ့ Value ပေးပါ
လူတွေဟာ သူတို့အတွက် တကယ်အသုံးဝင်တဲ့ အချက်အလက်၊ သိမ်းထားချင်စရာ ဗဟုသုတ ဒါမှမဟုတ် ရယ်မောပျော်ရွှင်ရတဲ့ အရာတွေကိုပဲ တစ်ဆင့် ပြန်မျှဝေ (Share) တတ်ကြပါတယ်။ ကိုယ့်အိတ်ကပ်ထဲက ပစ္စည်းရောင်းဖို့ချည်းပဲ မဟုတ်ဘဲ Customer အတွက် ဘာအကျိုးရှိမလဲဆိုတာ အရင်စဉ်းစားပါ။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင် Reach ကျတာဟာ အလုပ်မလုပ်တော့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ Strategy ကို ပြောင်းလဲဖို့ Facebook က သတိပေးနေတာပါ။

ဒါကြောင့် အပေါ်က ၃ ချက်ကို လိုက်နာပြီး reach တွေတဟုန်ပြန်တက်အောင် လုပ်ကြည့်လိုက်ပါ။

ADS ကနေ ဝင်လာတဲ့သူတွေကို ဝယ်သူအဖြစ် ဘယ်လိုပြောင်းလဲမလဲ?Facebook Ads တွေကနေတဆင့် မိတ်ဆွေရဲ့လုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေ...
29/06/2026

ADS ကနေ ဝင်လာတဲ့သူတွေကို ဝယ်သူအဖြစ် ဘယ်လိုပြောင်းလဲမလဲ?

Facebook Ads တွေကနေတဆင့် မိတ်ဆွေရဲ့လုပ်ငန်းကို စိတ်ဝင်စားတဲ့သူတွေ (Leads) အများကြီး ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီ Leads တွေကို တကယ့်ဝယ်သူ (Customers) အဖြစ် ပြောင်းလဲဖို့ဆိုတာ နည်းဗျူဟာမှန်ကန်ဖို့ လိုအပ်ပါတယ်။ ဒီပို့စ်မှာ ADS ကနေ ဝင်လာတဲ့သူတွေကို ဝယ်သူအဖြစ် ဘယ်လိုထိထိရောက်ရောက် ပြောင်းလဲနိုင်မလဲဆိုတာကို ပညာပေးအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆွဲဆောင်မှုရှိသော Landing Page သို့မဟုတ် Messenger Flow

မိတ်ဆွေရဲ့ ADS ကို နှိပ်လိုက်တဲ့အခါ ရောက်ရှိသွားမယ့် Landing Page (သို့မဟုတ်) Messenger Flow ဟာ အလွန်အရေးကြီးပါတယ်။ Landing Page က သပ်ရပ်လှပပြီး သတင်းအချက်အလက် ပြည့်စုံရပါမယ်။ Messenger Flow ဆိုရင်လည်း မေးခွန်းတွေ၊ အဖြေတွေက ရှင်းလင်းပြတ်သားပြီး လိုအပ်တဲ့ အချက်အလက်တွေကို အလွယ်တကူ ရရှိနိုင်ရပါမယ်။ Customer တွေရဲ့ စိတ်ဝင်စားမှုကို ဆက်လက်ထိန်းထားနိုင်ဖို့ ဒီအဆင့်က အဓိကကျပါတယ်။

၂။ ချက်ချင်းတုံ့ပြန်မှု (Instant Response)

ADS ကနေ ဝင်လာတဲ့ Leads တွေကို အမြန်ဆုံး တုံ့ပြန်ဖို့ လိုအပ်ပါတယ်။ သူတို့ စိတ်ဝင်စားနေချိန်မှာ ချက်ချင်း ပြန်လည်ဆက်သွယ်ခြင်းဖြင့် ဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေနိုင်ပါတယ်။ Messenger Bot တွေ၊ Auto-reply စနစ်တွေနဲ့ ဖုန်းခေါ်ဆိုမှုတွေဟာ ချက်ချင်းတုံ့ပြန်ဖို့ အထောက်အကူပြုပါတယ်။

၃။ တန်ဖိုးပေးနိုင်သော Content များ ပေးအပ်ပါ

Leads တွေကို ဝယ်သူအဖြစ် မပြောင်းလဲခင်မှာ မိတ်ဆွေလုပ်ငန်းရဲ့ တန်ဖိုးကို သူတို့ နားလည်အောင် လုပ်ပေးဖို့ လိုပါတယ်။ Free Trial, Free Consultation, E-book, Webinar စတဲ့ တန်ဖိုးရှိတဲ့ Content တွေကို ပေးအပ်ခြင်းဖြင့် သူတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် မိတ်ဆွေရဲ့လုပ်ငန်းအပေါ် စိတ်ဝင်စားမှု ပိုမိုတိုးပွားလာပါလိမ့်မယ်။

၄။ Remarketing Strategy များ အသုံးပြုပါ

မိတ်ဆွေရဲ့ ADS ကို နှိပ်ခဲ့ပေမယ့် ဝယ်သူအဖြစ် မပြောင်းလဲသေးတဲ့သူတွေကို Remarketing ပြန်လုပ်ပါ။ Facebook Pixel ကို အသုံးပြုပြီး မိတ်ဆွေရဲ့ Website ကို ဝင်ရောက်ခဲ့သူတွေ၊ Page နဲ့ Engagement ရှိခဲ့သူတွေကို Custom Audience အဖြစ် သတ်မှတ်ပြီး နောက်ထပ် ADS တွေ ပြန်ပြပါ။ သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြန်လည်နှိုးဆွပြီး ဝယ်ယူဖို့ ဆွဲဆောင်ပါ။

၅။ Customer Review များနှင့် Testimonials များ ပြသပါ

လူတွေဟာ တခြားသူတွေရဲ့ အတွေ့အကြုံကို ယုံကြည်တတ်ကြပါတယ်။ မိတ်ဆွေရဲ့ လက်ရှိ Customer တွေရဲ့ ကောင်းမွန်တဲ့ Review တွေ၊ Testimonial တွေကို ပြသခြင်းဖြင့် Leads တွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိစေပြီး ဝယ်ယူဖို့ ဆုံးဖြတ်ချက်ကို အထောက်အကူပြုပါတယ်။

၆။ Call-to-Action (CTA) ကို ရှင်းလင်းစွာ ဖော်ပြပါ

Leads တွေကို ဘာလုပ်စေချင်လဲဆိုတာကို ရှင်းလင်းပြတ်သားတဲ့ Call-to-Action (CTA) နဲ့ ဖော်ပြပါ။ “အခုပဲ ဝယ်ယူပါ”၊ “အခမဲ့ စမ်းသပ်ကြည့်ပါ”၊ “အသေးစိတ် သိရှိရန် ဆက်သွယ်ပါ” စတဲ့ CTA တွေဟာ သူတို့ကို နောက်တစ်ဆင့် တက်လှမ်းဖို့ လမ်းညွှန်ပေးပါလိမ့်မယ်။

Facebook Ads ကနေ ရရှိတဲ့ Leads တွေကို ဝယ်သူအဖြစ် ပြောင်းလဲဖို့ဆိုတာ စနစ်တကျ စီမံခန့်ခွဲမှုနဲ့ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။ အထက်ပါ နည်းလမ်းတွေကို အသုံးပြုပြီး မိတ်ဆွေလုပ်ငန်းရဲ့ Conversion Rate ကို မြှင့်တင်လိုက်ပါ။

TikTok နဲ့ Reels တွေကနေ Sales ဘယ်လိုတက်အောင် လုပ်မလဲ။TikTok နဲ့ facebook Reels တွေက ဒီနေ့ခေတ် Online Shop နဲ့ SME လုပ်ငန...
25/06/2026

TikTok နဲ့ Reels တွေကနေ Sales ဘယ်လိုတက်အောင် လုပ်မလဲ။

TikTok နဲ့ facebook Reels တွေက ဒီနေ့ခေတ် Online Shop နဲ့ SME လုပ်ငန်းရှင်တွေအတွက်တော့ ရွှေတွင်းကြီးပါပဲ။ ဒါပေမဲ့ လူအများစုက ဗီဒီယိုတွေ တင်နေကြပေမဲ့ "ကြည့်သူသာရှိပြီး ဝယ်သူမရှိတာ" ဘာကြောင့်လဲ?

အဓိကအချက်က ဗီဒီယိုအကြည့်များရုံတင်မကဘဲ အဲဒီအကြည့်တွေကို Sales အဖြစ် ပြောင်းလဲနိုင်မယ့် Strategy မရှိလို့ပါ။

ဒါဆိုရင် TikTok နဲ့ Reels ကနေ တကယ့် Sales တက်လာစေမယ့် လက်တွေ့ကျတဲ့ လျှို့ဝှက်ချက် 4 ချက်ကို မျှဝေပေးလိုက်ပါတယ်။

၁။ Hook ( ခေါင်းစဥ် )
Short-form ဗီဒီယိုတွေရဲ့ သဘာဝက လူတွေဟာ စက္ကန့်ပိုင်းအတွင်း Scroll ဆွဲပြီး ကျော်သွားတတ်ကြပါတယ်။ ဒါကြောင့် ဗီဒီယိုစစချင်း ၃ စက္ကန့်မှာတင် ကြည့်ရှုသူရဲ့ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ရပါမယ်။

၂။ "ပစ္စည်းလာရောင်းတာ" မဟုတ်ဘဲ "အဖြေပေးတာ" ဖြစ်ပါစေ (Problem-Solving Content)
လူတွေဟာ ပစ္စည်းလာရောင်းတာကို မကြိုက်ပေမဲ့ သူတို့ပြဿနာကို ဖြေရှင်းပေးတာကိုတော့ လိုချင်ကြပါတယ်။ မိတ်ဆွေရဲ့ထုတ်ကုန်ရဲ့ အာနိသင်တွေကိုပဲ စာစီစာကုံးလို ရွတ်ပြမနေပါနဲ့။ ဒီပစ္စည်းက သူတို့ဘဝကို ဘယ်လိုပိုကောင်းအောင် လုပ်ပေးနိုင်လဲ (Benefit) ဆိုတာကိုပဲ အသားပေးပြပါ။

၄။ ရှင်းလင်းပြတ်သားတဲ့ CTA (Call To Action) ထည့်ပါ
ဗီဒီယိုကြည့်ပြီးသွားတဲ့အခါ Customer က ဘာဆက်လုပ်ရမလဲဆိုတာ ဇဝေဇဝါ မဖြစ်ပါစေနဲ့။ ဗီဒီယိုအဆုံးမှာ သူတို့ကို လုပ်စေချင်တဲ့ အလုပ်တစ်ခုကို တိတိကျကျ ခိုင်းစေပါ။

၅။ Trends တွေကို အရူးအမူးမလိုက်ပါနဲ့၊ သင့် Brand နဲ့ ကိုက်ညီမှ သုံးပါ
Trend ဖြစ်နေတဲ့ သီချင်း သို့မဟုတ် Challenge တွေကို သုံးတာဟာ ဗီဒီယို အကြည့်များ (Views တက်) စေတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီ Trend က မိတ်ဆွေရဲ့ လုပ်ငန်း၊ထုတ်ကုန်နဲ့ လုံးဝမဆိုင်ဘူးဆိုရင် အကြည့်ပဲရပြီး Sales ရမှာ မဟုတ်ပါဘူး။
Trend တစ်ခုကို သုံးတော့မယ်ဆိုရင် "ငါ့ရဲ့ Target Customer က ဒီ Trend ကို သဘောကျမှာလား? ငါ့ပစ္စည်းနဲ့ ရောစပ်ပြီး ဖန်တီးလို့ရမလား?" ဆိုတာကို အမြဲတွေးပြီးမှ သုံးပါ။

Short-form video ရဲ့ သော့ချက်က Consistency ပါပဲ။ ဗီဒီယို တစ်ပုဒ်၊ နှစ်ပုဒ် တင်ရုံနဲ့ အရောင်းအ၀ယ်တွေ တန်းပေါက်ကွဲလာမှာ မဟုတ်ပါဘူး။ တစ်ပတ်ကို အနည်းဆုံး ၃ ပုဒ်ကနေ ၅ ပုဒ်အထိ ပုံမှန် တင်ပေးသွားပါ။ အယ်လ်ဂိုရီသမ် (Algorithm) က မိတ်ဆွေရဲ့ဗီဒီယိုကို လူတွေဆီ ပိုတွန်းပေးလာလိမ့်မယ်။

ဒီဗျူဟာတွေကို အခုပဲ စမ်းသပ်အသုံးချကြည့်လိုက်ပြီး ရောင်းအားတွေ တိုးတက်လာတာကို ခံစားလိုက်ပါ။

ဖတ်ပြီးတာနဲ့ဝယ်ချင်စိတ်ပေါက်သွားစေမယ့် Copywriting ရေးနည်းစနစ်အွန်လိုင်းမှာ ပစ္စည်းတစ်ခုခုရောင်းတော့မယ်ဆိုရင် လူအများစု ...
21/06/2026

ဖတ်ပြီးတာနဲ့ဝယ်ချင်စိတ်ပေါက်သွားစေမယ့် Copywriting ရေးနည်းစနစ်

အွန်လိုင်းမှာ ပစ္စည်းတစ်ခုခုရောင်းတော့မယ်ဆိုရင် လူအများစု ရေးလေ့ရှိတာက...
"ဒီပစ္စည်းလေးက အရည်အသွေးအလွန်ကောင်းပါတယ်၊ ဈေးနှုန်းကတော့... ပါ၊ မှာယူချင်ရင် Chatbox ကို လာခဲ့ပါ" ဆိုတဲ့ ပုံစံမျိုးပါ။
ဒါက ပစ္စည်းရဲ့ Feature ကိုပဲ ရိုးရိုးကြီး ပြောပြနေတာဖြစ်လို့ ဖတ်တဲ့သူအတွက် စိတ်ဝင်စားစရာမကောင်းသလို ရင်လည်းမခုန်စေပါဘူး။ စာဖတ်သူကို ဖတ်ပြီးတာနဲ့ တကယ်ဝယ်ချင်စိတ်ပေါက်သွားစေဖို့ဆိုရင် စနစ်တကျရှိတဲ့ Copywriting Framework တစ်ခုကို သုံးရပါမယ်။

ဒီနေ့မှာတော့ ကမ္ဘာပေါ်က Professional ကော်ပီရိုက်တာတွေ အမြဲသုံးလေ့ရှိပြီး အရောင်းအပိတ် အမြန်ဆုံးဖြစ်စေတဲ့ PAS Framework စနစ်အကြောင်းကို မျှဝေပေးချင်ပါတယ်။

စာဖတ်သူကို ဖမ်းစားမယ့် PAS ရေးနည်းစနစ် (၃) ဆင့်
၁။ P - Problem (ပြဿနာကို အရင်ထောက်ပြပါ)
လူတွေက သူတို့နဲ့မဆိုင်တဲ့အရာကို အာရုံမစိုက်ကြပါဘူး။ ဒါကြောင့် စာစရေးကတည်းက မိတ်ဆွေရဲ့Target Customer အဓိက ကြုံတွေ့နေရတဲ့ နာကျင်မှု သို့မဟုတ် ပြဿနာကို စကားလုံးနဲ့ ကွက်တိအမိဖမ်းရပါမယ်။

၂။ A - Agitate (ပြဿနာကို ပိုခံစားရအောင်လုပ်ပါ)
ပြဿနာကို ပြောပြီးရင် ဒီအတိုင်းမထားပါနဲ့။ အဲဒီပြဿနာကို အချိန်မီမဖြေရှင်းရင် နောက်ဆက်တွဲ ဘယ်လောက်ထိ ဆိုးကျိုးတွေ ကြုံလာရနိုင်လဲဆိုတာကို စိတ်ကူးထဲမြင်ယောင်လာအောင် စိတ်ခံစားချက်ကို လှုံ့ဆော်ပေးရပါမယ်။

၃။ S - Solve (မိတ်ဆွေရဲ့ကုန်ပစ္စည်းနဲ့ အဖြေထုတ်ပေးပါ)
သူတို့ရဲ့ ပြဿနာကိုလည်း ကောင်းကောင်းသဘောပေါက်သွားပြီ၊ စိုးရိမ်စိတ်လည်း ရှိလာပြီဆိုတဲ့ အချိန်ကျမှ မိတ်ဆွေရဲ့ ကုန်ပစ္စည်း (သို့မဟုတ်) ဝန်ဆောင်မှုကို အကောင်းဆုံး ကယ်တင်ရှင်အဖြစ် ချပြလိုက်ပါ။

လူတွေက ကုန်ပစ္စည်းရဲ့ "အင်္ဂါရပ်" ကို ဝယ်တာမဟုတ်ပါဘူး။ အဲဒီကုန်ပစ္စည်းက ပေးနိုင်တဲ့ "သူတို့ပြဿနာရဲ့ အဖြေ" ကိုပဲ ဝယ်ကြတာပါ။
ဖတ်ပြီးတာနဲ့ ဝယ်ချင်စိတ်ပေါက်သွားစေမယ့် စာသားမျိုး ဖန်တီးဖို့ဆိုရင် အခုလို စိတ်ပညာအခြေခံတဲ့ ရေးသားနည်းစနစ်တွေ လိုအပ်ပါတယ်။

မိတ်ဆွေရဲ့ နောက်လာမယ့် အရောင်း Post မှာ ဒီ PAS Framework လေးကို အသုံးပြုပြီး စမ်းရေးကြည့်လိုက်ပါ။ လူစိတ်ဝင်စားမှုနဲ့ ရောင်းအား သိသိသာသာ ကွာခြားသွားတာကို တွေ့ရပါလိမ့်မယ်။

ကိုယ့်လုပ်ငန်းကို ပိုမိုမြန်ဆန်လွယ်ကူအောင် Ai ကို ဘယ်လို သုံးရမလဲ?အွန်လိုင်းရှော့ပ်လုပ်နေပြီ၊ ဒါမှမဟုတ် လုပ်ငန်းအသေးစားလ...
16/06/2026

ကိုယ့်လုပ်ငန်းကို ပိုမိုမြန်ဆန်လွယ်ကူအောင် Ai ကို ဘယ်လို သုံးရမလဲ?

အွန်လိုင်းရှော့ပ်လုပ်နေပြီ၊ ဒါမှမဟုတ် လုပ်ငန်းအသေးစားလေးတစ်ခု စလုပ်နေပြီဆိုတာနဲ့ ပစ္စည်းသွင်းရ၊ အမှာစာကောက်ရ၊ ပို့စ်တင်ရ၊ Chatbox စာပြန်ရနဲ့ တစ်ယောက်တည်း ဒိုင်ခံလုပ်နေရလို့ အချိန်တွေမလောက်ဖြစ်နေပြီလား?

လုပ်ငန်းသေးတဲ့အခါ လူအများကြီးမငှားနိုင်တော့ ရှိတဲ့အချိန်လေးနဲ့ အလုပ်အများဆုံးပြီးမြောက်အောင် လုပ်နိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ ဒီနေရာမှာ AI နည်းပညာတွေက မိတ်ဆွေရဲ့လုပ်ငန်းကို ပိုမြန်၊ ပိုလွယ်၊ ပိုတွင်ကျယ်လာအောင် ကူညီပေးမယ့်အရာတွေ ဖြစ်လာပါပြီ။

၁။ ဆွဲဆောင်မှုရှိတဲ့ Sales Copy တွေ ရေးသားခြင်း (Copywriting)
ပို့စ်တစ်ခုတင်ဖို့ စာသားဘယ်လိုရေးရမလဲ စဉ်းစားရင်း အချိန်ကုန်နေတတ်တယ်ဆိုရင် AI ကို မိတ်ဆွေရဲ့ ကိုယ်ပိုင် Copywriter တစ်ယောက်လို အသုံးချပါ။ ကိုယ်ရောင်းချင်တဲ့ Product ရဲ့ အားသာချက်၊ ဖြေရှင်းပေးနိုင်မယ့် ပြဿနာလေးတွေကို အချက်အလက်နည်းနည်း ထည့်ပေးလိုက်ရုံနဲ့ Customer ကို ဆွဲဆောင်နိုင်မယ့် ကြော်ငြာစာသား (Sales Copy) တွေကို စက္ကန့်ပိုင်းအတွင်း ရေးပေးနိုင်ပါတယ်။

၂။ 24/7 Customer Service ပေးနိုင်မယ့် Chatbots တွေ တည်ဆောက်ခြင်း
ညဘက် Customer က စျေးလာမေးချိန် ချက်ချင်းမပြန်နိုင်လို့ အရောင်းလွတ်သွားတာမျိုး၊ မေးခွန်းတူတွေကိုပဲ ထပ်ခါထပ်ခါ ဖြေနေရလို့ အချိန်ကုန်တာမျိုး ကြုံဖူးမှာပါ။
Telegram လို Platform တွေမှာဖြစ်ဖြစ်၊ Messenger မှာဖြစ်ဖြစ် AI Chatbot လေးတွေကို ချိတ်ဆက်အသုံးပြုပြီး အမေးများတဲ့ မေးခွန်း (FAQ) တွေ၊ စျေးနှုန်းတွေ၊ ပစ္စည်းလက်ကျန် အခြေအနေတွေကို အလိုအလျောက် ပြန်ခိုင်းထားလို့ရပါတယ်။ ဒါဟာ လူပင်ပန်းသက်သာစေသလို Customer တွေကိုလည်း အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါ။

၃။ ပုံဒီဇိုင်းနဲ့ Visuals တွေ ဖန်တီးခြင်း
ထုတ်ကုန်ပုံတွေလှမှ လူစိတ်ဝင်စားမှု (Engagement) ပိုရမှာပါ။ Graphic Designer အမြဲမငှားနိုင်ရင်တောင် Canva AI လိုမျိုး Tools တွေကိုသုံးပြီး ကိုယ့်ရဲ့ Product ပုံတွေကို နောက်ခံအမိုက်စားလေးတွေ ပြောင်းတာ၊ ပရိုမိုးရှင်း Post ဒီဇိုင်းတွေ ဖန်တီးတာတွေကို လွယ်လွယ်ကူကူနဲ့ Professional ကျကျ လုပ်နိုင်ပါတယ်။ စိတ်ကူးထဲက ပုံစံလေးတွေကို AI ကို စာနဲ့ရေးပြပြီး ပုံဆွဲခိုင်းလို့လည်း ရနေပါပြီ။

၄။ စျေးကွက်လေ့လာခြင်းနဲ့ အကြံဉာဏ်သစ်တွေရှာခြင်း
ကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ Idea ပိတ်နေရင် AI က အကောင်းဆုံး အကြံပေးပုဂ္ဂိုလ်ပါ။ "ငါက ဒီလိုပစ္စည်းမျိုး ရောင်းနေတာ၊ Customer တွေ ပိုစိတ်ဝင်စားအောင် ဘယ်လို Content မျိုးတွေ တင်သင့်လဲ? ဘယ်လို Promotion မျိုး လုပ်သင့်လဲ" ဆိုတာတွေကို AI ကို မေးမြန်းပြီး ပြိုင်ဘက်တွေထက် ခြေတစ်လှမ်း ဦးအောင် ပြင်ဆင်နိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် AI ဆိုတာ နည်းပညာသမားတွေမှ သုံးရမယ့်အရာ မဟုတ်ပါဘူး။ လုပ်ငန်းရှင်တိုင်း ကိုယ့်ရဲ့ အချိန်နဲ့ ငွေကြေးကို သက်သာစေဖို့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ထည့်သွင်းအသုံးပြုသင့်တဲ့ မရှိမဖြစ် ကိရိယာတစ်ခု ဖြစ်လာပါပြီ။ဒါပေမယ့် အားလုံးကို တစ်ပြိုင်နက်တည်း အသုံးပြုဖို့ မလိုပါဘူး။ ဒီနေ့ပဲ AI ကိုသုံးပြီး မိတ်ဆွေရောင်းချင်တဲ့ ပစ္စည်းအတွက် ကြော်ငြာစာသားလေးတစ်ခု စမ်းရေးကြည့်လိုက်ပါ။ လုပ်ငန်းအတွက် ဘယ်လောက်တောင် အထောက်အကူဖြစ်လဲဆိုတာကို မိတ်ဆွေကိုယ်တိုင် မြင်တွေ့လာရမှာပါ။

BOOST လုပ်တိုင်း ရောင်းရမှာလား...?ဒီမေးခွန်းက ကျွန်တော်တို့ Digital Marketing လောကမှာ အမြဲကြားနေရတဲ့ မေးခွန်းတစ်ခုပါ။ Fa...
14/06/2026

BOOST လုပ်တိုင်း ရောင်းရမှာလား...?
ဒီမေးခွန်းက ကျွန်တော်တို့ Digital Marketing လောကမှာ အမြဲကြားနေရတဲ့ မေးခွန်းတစ်ခုပါ။ Facebook Post တွေကို Boost လုပ်လိုက်တာနဲ့ ရောင်းအားတက်လာမယ်လို့ ထင်နေကြသူတွေ အများကြီးပါပဲ။ တကယ်တော့ Boost လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ Content ကို ပိုများတဲ့လူတွေဆီ ရောက်အောင်လုပ်တာပါ။ ရောင်းအားတက်ဖို့ဆိုတာ Boost လုပ်ရုံသက်သက်နဲ့ မပြီးပါဘူး။
🔺Target Audience မှားယွင်းခြင်း: ကိုယ့်ကုန်ပစ္စည်းကို စိတ်ဝင်စားမယ့်သူတွေဆီ မရောက်ဘဲ Boost လုပ်မိတာမျိုး။
🔺Content မကောင်းခြင်း: ပုံတွေ၊ စာသားတွေက ဆွဲဆောင်မှုမရှိတာ၊ သတင်းအချက်အလက် မပြည့်စုံတာမျိုး။
🔺Call to Action (CTA) မရှင်းလင်းခြင်း: ဝယ်ယူသူကို ဘာလုပ်စေချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း မပြောထားတာမျိုး။
🔺Budget ကို ထိရောက်စွာ အသုံးမပြုခြင်း: သင့်တော်တဲ့ Budget ခွဲဝေမှုနဲ့ Boost Strategy မရှိတာမျိုးတွေကြောင့်ပဲဖြစ်ပါတယ်။
ဒါကြောင့် Boost လုပ်ပြီးတဲ့အခါ ရလဒ်တွေကို သေချာကြည့်ပါ။ ဘယ်အချက်တွေက ကောင်းလဲ၊ ဘယ်အချက်တွေက ပြင်ဆင်ဖို့လိုလဲဆိုတာကိုခွဲခြမ်းစိတ်ဖြာပြီး နောက်တစ်ကြိမ် Boost လုပ်တဲ့အခါ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ပါ။
Digital Marketing ဆိုတာ ရေရှည်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ။ မှန်ကန်တဲ့ ဗျူဟာနဲ့ စနစ်တကျ လုပ်ဆောင်မယ်ဆိုရင် Boost လုပ်တာက သင့်လုပ်ငန်းကို အောင်မြင်မှုဆီ ပိုမိုမြန်ဆန်စွာ ပို့ဆောင်ပေးနိုင်မှာပါ။

Facebook Marketing က ဘယ်လိုမျိုး တိုးတက်ပြောင်းလဲလာခဲ့ပြီလဲ?အရင်အချိန်‌တွေကို ပြန်ကြည့်မယ်ဆိုရင်က Facebook Marketing ဆို...
12/06/2026

Facebook Marketing က ဘယ်လိုမျိုး တိုးတက်ပြောင်းလဲလာခဲ့ပြီလဲ?

အရင်အချိန်‌တွေကို ပြန်ကြည့်မယ်ဆိုရင်က Facebook Marketing ဆိုတာ "Social Graph" ကို အခြေခံပါတယ်။ ကိုယ့် Page ကို Like လုပ်ထားတဲ့သူ၊ ကိုယ့်သူငယ်ချင်းတွေ Like လုပ်ထားတဲ့ အရာတွေကိုပဲ မြင်ရတဲ့ခေတ်ပါ။ ပုံလှလှလေးတစ်ပုံ၊ စာသားရှည်ရှည်လေးနဲ့ Facebook ပေါ်မှာ အလွယ်တကူ Organic Reach ရခဲ့ကြပါတယ်။
ဒါပေမယ့် ယနေ့ခေတ်မှာတော့ "Content Graph" ခေတ်ကို ကူးပြောင်းသွားပါပြီ။

🔻အာရုံစိုက်မှု တိုတောင်းလာခြင်း
လူတွေရဲ့ Attention Span က အရမ်းတိုလာတဲ့အတွက် စာရှည်ကြီးတွေထက် Short-form Video တွေက နေရာယူလာပါတယ်။

🔻AI Algorithm များ ကြီးစိုးလာခြင်း
ကိုယ်ဘယ်သူ့ကို Follow လုပ်ထားသလဲဆိုတာထက်၊ ကိုယ်ဘာကို စိတ်ဝင်စားသလဲ ဆိုတာကို AI က တိတိကျကျ ခန့်မှန်းပြီး Content တွေကို Feed ထဲ ပို့ပေးလာပါတယ်။

🔻Copywriting ရဲ့ အခန်းကဏ္ဍ အပြောင်းအလဲ
အရင်က စာဖတ်ဖို့အတွက် ရေးရပေမယ့်၊ အခုခေတ်မှာ Video ရဲ့ ပထမ ၃ စက္ကန့်မှာတင် Attention ဖမ်းနိုင်ဖို့ Hook တွေ၊ Script တွေအဖြစ် Copywriting က အသွင်ပြောင်းလာပါတယ်။

အသေအချာ ပြောရမယ်ဆိုရင် "Post တင်ရုံနဲ့ Reach ရတဲ့" ရွှေခေတ်က အပြီးတိုင် ကုန်ဆုံးသွားပါပြီ။ ယနေ့ခေတ် Brand တွေအနေနဲ့ ရှေ့ဆက် ရှင်သန်ချင်တယ်ဆိုရင် Algorithm ပြောင်းသွားတာကို ထိုင်ညည်းတွားနေလို့ မရတော့ဘဲ မိတ်ဆွေရဲ့ Content Strategy ကိုပါ လျင်လျင်မြန်မြန် Update လုပ်နိုင်ဖို့ လိုအပ်နေပါပြီ။ ရောင်းဖို့သက်သက် Content တွေထက် Audience အတွက် တကယ်တန်ဖိုးရှိမယ့် Education နဲ့ Entertainment ပုံစံမျိုးတွေကို ခိုင်မာတဲ့ Storytelling၊ ထိမိတဲ့ Video Script တွေနဲ့သာ ပေါင်းစပ်ဖန်တီးနိုင်မှ ဒီ "Content Graph" လှိုင်းလုံးကြီးပေါ်မှာ မိတ်ဆွေရဲ့ Brand ကို ထိပ်ဆုံးကနေ အောင်မြင်စွာ ခုတ်မောင်းနိုင်မှာ ဖြစ်ပါတယ်။

Address

Than Road
Yangon
11051

Telephone

+959769102465

Website

Alerts

Be the first to know and let us send you an email when NOKO Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NOKO Digital Marketing Agency:

Shortcuts

Share