ISEKI - ျမန္မာ

ISEKI - ျမန္မာ အမှတ်-၅၆၄၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ ထောက်ကြန့်၊ ရန်ကုန်မြို့။

🙏နှစ်ဦးဆုတောင်း🙏==============🎵( သင်္ကြန်ခါတော်ပေ ရက်မြတ်မှာလေ×××လှပျိုဖေါ်တသင်းနဲ့ တေးသံလွင်လွင်ရင့်ကျူးပေ×××ဆီးလို့သာလ...
07/04/2023

🙏နှစ်ဦးဆုတောင်း🙏
==============
🎵( သင်္ကြန်ခါတော်ပေ ရက်မြတ်မှာလေ×××လှပျိုဖေါ်တသင်းနဲ့ တေးသံလွင်လွင်ရင့်ကျူးပေ×××ဆီးလို့သာလေ ပက်ဖြန်းမယ်သင်္ကြန်ရေ ×××အေးအေးချမ်းလန်းဆန်းကြစေ မိတ်အပေါင်းကျန်းမာကြောင်းဝေ ဟောင်း​ချွေနှစ်သစ်ပေ) 🎶

🙏ကျန်းမာတော်မူကြပါစခင်ဗျာ...
📢လေပြည်ထဲက သင်းပျံ့တဲ့ ပိတောက်ရနံ့နဲ့အတူ ယခုနှယ် ပျံ့လွင့်လာတဲ့ သင်္ကြန်သီချင်းသံ တညံညံ ကြားရပြီလားဆိုမှဖြင့် သူသူငါငါ နှစ်ဟောင်းကအညစ်အကြေးတွေကို အတာရေနဲ့ဆေးကြောပက်ဖျန်းပြီး နှစ်သစ်ကို လူသစ်၊ စိတ်သစ်နဲ့ ကြိုဆိုဖို့ အားထုတ်ကြသလို....

"မိုးယံမှာလေ ကြယ်ဇေဌ၊ သီတာကုန် ဘာရိန်၊ နှစ်နန်းငယ်ချိန်၊ ထိန်ထိန်ယံ ဝန်းခသည်နှင့်လေး" ဆိုတဲ့ လယ်ထွန်မင်္ဂလာသီချင်းထဲကလို

🌧️နယုန်လပြည့်ကျော်ပြီး မိုးလေးတပြိုက်နှစ်ပြိုက်ရွာလို့ မြေသင်းနံ့ကလေးလှိုက်ကနဲရတဲ့အခါ အူထဲအသည်းထဲက ယားသလိုလို ရိုးတိုးရွတနဲ့ နေမထိထိုင်မသာဖြစ်တတ်ကြပြီး ထွန်တုံးတပြင်ပြင်ရှိတတ်ကြတဲ့ အီစယ့်ကီရဲ့ မိတ်ဟောင်း၊ မိတ်သစ် တောင်သူဦးကြီးများလည်း...

🙏နှစ်ဦးမှာ ဘေးဘယာ ဝေးကွာနိုင်ကြပါစေ...
🌾ကျန်းမာရွှင်လန်းစွာဖြင့် ထွန်တုံးရာသီကို အားနဲ့မာန်နဲ့ စောင့်ကြိုနိုင်ကြပါစေကြောင်း
🚜ကျနော်များ အီစယ့်ကီ-မြန်မာမိသားစုက ဆုတောင်းမေတ္တာများ ပို့သလိုက်ရပါတယ် ခင်ဗျား...🙏🙏

📢 စခန်းမဝေး မန္တလေးက တောင်သူတွေ ဆောင်ယူစရာ သတင်းကောင်းပါတဲ့ဗျိုး✨ 💖မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ JICA တို့ပူးပေါင်းပြီး...
25/09/2022

📢 စခန်းမဝေး မန္တလေးက တောင်သူတွေ ဆောင်ယူစရာ သတင်းကောင်းပါတဲ့ဗျိုး✨

💖မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နဲ့ JICA တို့ပူးပေါင်းပြီး မန္တလေးတိုင်းအတွင်းက တောင်သူတွေကိုချေးငွေထုတ်ပေးမည့် အစီအစဉ်အကြောင်း ကြားပြီးကြပြီလား💰🤩

မန္တလေးတိုင်းဒေသကြီးအတွင်း လက်ယာသုံးစက်ကိရိယာများ ဝယ်ယူအသုံးပြုနိုင်စေဖို့ JICA ရဲ့ Two Step Loan အစီအစဉ်ဖြင့် ယခုဘဏ္ဍာနှစ်အတွင်း ထုတ်ချေးပေးတော့မှာနော် 💯 🌾

တောင်သူတစ်ဦးအတွက် ချေးငွေကို အများဆုံး
🔹 ကျပ်သိန်း(၇၀၀) အထိ ခွင့်ပြုပေးထားမှာဖြစ်ပြီး အရစ်ကျစနစ်ဖြင့် …
🔹 အနည်းဆုံး ၃ နှစ်
🔹 အများဆုံး ၅ နှစ်နဲ့ ပေးချေနိုင်မှာပါတဲ့လေ။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ချေးငွေထုတ်ပေးမယ့် မြို့နယ်များကတော့
🔹 ချမ်းအေးသာစံ၊ အမရပူရ
🔹 သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာ
🔹ပြင်ဦးလွင်
🔹စဉ့်ကိုင်၊ မြစ်သား၊ ဝမ်းတွင်း
🔹 ပျော်ဘွယ်၊ ရမည်းသင်း
🔹 ကျောက်ပန်းတောင်း၊ ညောင်ဦး မြို့နယ်များပါတဲ့ဗျာ
🤝ဒါ့ကြောင့် ချစ်ခင်လေးစားရပါသော တောင်သူဦးကြီးတို့အနေနဲ့ လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးကြီးပဲပေါ့😌

👌ဒီအခွင့်အရေးကိုအမိအရယူဖို့ဆိုရင် ISEKI ကိုသါသတိရလိုက်တော့ 🙋‍♂️

ကျေးဇူးရှင်တောင်သူဦးကြီးများ လိုအပ်လျက်ရှိနေတဲ့…
🔹ထွန်စက်ကြီးများ
🔹တွဲဖက် ထွန်၊ ထယ်များ
🔹 ရိတ်သိမ်းခြွေလှေ့စက်များကို
👉ISEKI ကနေ ဆိုခဲ့ပြီး ချေးငွေဖြင့် ဝယ်ယူအသုံးပြုနိုင်မှာဖြစ်တဲ့အတွက် ဒီထက့်များပိုအဆင်ပြေတဲ့ အခွင့်အရေးရှိနိုင်ဦးမှာတဲ့လားခင်ဗျာ🥳

✨ လက်ယာသုံးစက်ကိရိယာတိုင်းအတွက် အကောင်းမွန်ဆုံးရွေးချယ်စရာ ISEKI ပါ✨

ဖြေကြားပေးမည့် ဖုန်းနံပါတ်များ⬇️
(MDY) 09 252489782
(YGN) 09 454437542
(YGN) 09 4225070110
(NPT) 09 422922072
(YGN) 09 955026149

✅မြင်းကောင်ရေအား ၄၀ အီစယ့်ကီလယ်ထွန်စက် NT540 အားရွေးချယ်ဝယ်ယူသွားခဲ့သော ဦးစိုးတင့်(ကျောင်းကုန်းမြို့) အားတွေ့ရစဉ်။ ✅အီစယ...
19/05/2022

✅မြင်းကောင်ရေအား ၄၀ အီစယ့်ကီလယ်ထွန်စက် NT540 အားရွေးချယ်ဝယ်ယူသွားခဲ့သော ဦးစိုးတင့်(ကျောင်းကုန်းမြို့) အားတွေ့ရစဉ်။
✅အီစယ့်ကီရဲ့ပုံမှန်ဝန်ဆောင်မှု့အရ စက်ရောက်အပ်နှင်းပြီးနောက် စက်မောင်းသင်တန်းလည်းပေးခဲ့ပါတယ်။
➡️ဦးစိုးတင့်နှင့် မိသားစု စိတ်ချမ်းသာ ကိုယ်ကျမ်းမာ လိုရာဆန္ဒ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ခင်ဗျား။🙏

➡️ကျောင်းကုန်းမြို့ မှ ဦးဇော်မင်းဌေး(အင်္ကျီအနီရောင်) နှင့်မိတ်ဆွေကြီး  ဦးစိုးသန်းမြင့် တို့ကို ယနေ့ရွေးချယ်ဝယ်ယူသွားသော...
11/05/2022

➡️ကျောင်းကုန်းမြို့ မှ ဦးဇော်မင်းဌေး(အင်္ကျီအနီရောင်) နှင့်မိတ်ဆွေကြီး ဦးစိုးသန်းမြင့် တို့ကို ယနေ့ရွေးချယ်ဝယ်ယူသွားသော အီစယ်ကီ NT554 နှင့်အတူ လုပ်ငန်းခွင် မဝင်ခင် ကွင်းစပ်ကြီးကျေးရွာတွင် တွေ့မြင်ရပုံ-
➡️ ဦးဇော်မင်းဌေးနှင့်မိသားစုဝင်မိတ်ဆွေများ လုပ်ငန်းများအဆင်ပြေချောမွေ့ပြီး ကျမ်းမာချမ်းသာ ဘေးရန်ကင်းပါစေ🙏

10/05/2022

"မသိသူ ကျော်သွား၊ သိသူဖေါ်စား"
========================
🧗‍♂️အားလုံးခက်ခဲနေကြတဲ့ ကာလကြီးမှာ
⛈️မစိုက်မပျိုးဘဲကလည်း မနေနိုင်
🥺လိုအပ်နေတဲ့ စက်ကြပြန်တော့လည်း
💰ငွေဈေးဘာညာကြောင့် အသစ်ဝယ်ဖို့ ဝန်လေးနေတဲ့ တောင်သူများအတွက်
💪ပြုပြင်ပြီး လက်တင်မောင်း ဂွတ်ဒ်စက်ကင်းဟန်း
👍အီစယ့်ကီ ထွန်စက်နဲ့ ရိတ်ခြွေစက် တွေကို
သင့်လျော်သောနှုန်းထားများနဲ့ ရောင်းချပေးနေပါတယ်-
📽️Viedeo မှာ နာရီ၈၀၀ သက်တမ်းရှိ
အီစယ့်ကီ NT 554 (မြင်းကောင်ရေအား ၅၄)
🚜ထွန်စက် အုပ်စုံ ဝယ်ယူသွားတဲ့
🧢ဦးအေးဝင်း (ပန်းတနော်) မှ စမ်းသပ်မောင်းနှင်ကြည့်နေပုံဖြစ်ပါတယ်-
⚠️အရေအတွက် အကန့်အသတ်ရှိတဲ့အတွက်
အမြန်ဆက်သွယ်ဝယ်ယူနိုင်မှ စိတ်ချရမယ်နော
👨‍🌾တောင်သူဦးကြီးအပေါင်းတို့ အန္တရာယ်ခပ်သိမ်းကင်းငြိမ်း၍ ကျန်းမာ ချမ်းသာကြပါစေ 🙏
📞
(1) 09 955026149
(2) 09 454437542
(3) 09 448541458

19/03/2022

👩‍⚕️Breathing Exerciser ‌ေလးနဲ့မိတ်ဆက်‌ေပးချင်ပါတယ်ရှင့်ရောဂါတစ်ခုခုကြောင့်
❗အဆုတ်အားနည်းနေတဲ့သူများ
❗အဆုတ်ခွဲစိတ်မူပြုလုပ်ပြီးသူတွေ
❗အထူးသဖြင့် COVIDကူးစက်ခံရပြီးတဲ့သူတွေဟာအဆုတ်ကျန်းမာဖို့အတွက်အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်
🍀အဆုတ် ကျန်းမာစေဖို့အတွက် အသက်ရှူ လေ့ကျင့်ခန်းလုပ်ခြင်းဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။
အဆုတ်ကျန်းမာရေးအတွက် အကောင်းဆုံး ကူညီပေးနိုင်မည့်
AMDx Breathing Exerciser ရှိပါတယ်။..
* 5000ml capacity အထိ လေ့ကျင့်နိုင်သည်။
* အသက်ရှူမြန်လွန်းခြင်း၊ နှေးလွန်းခြင်း မဖြစ်အောင် ထိန်းညှိပေးသော Indicator Ball ပါဝင်သည်။
* လေ့ကျင့်နည်း လမ်းညွှန် ဗူးအတွင်းတွင် ပါဝင်သည်။
AMDx Breathing Exerciser လေးကိုထူးသဇင်ဆိုင်ခွဲများတွင်ရရှိနိုင်ပါပြီ

Htoo Thazin 1
No(74/80) Min Ye Kyaw Swar street, Lanmadaw township, Yangon
☎️09795743828

Htoo Thazin 2
No(137) Corner of Ahnawyahtar and Lanmadaw Road,Lathar township, Yangon
☎️ 09987785361

Htoo Thazin 3
No(488)near the Moe Kaung Bus stop, Thitsar Road, Yankin township, Yangon
☎️09767613559

🎤အလွန်အေးတဲ့ရာသီ×××အလွန်ချမ်းတဲ့ရာသီ×××အလွန်အေးတဲ့ရာသီ×××🎵မောင်တစ်ရွာ မယ်တစ်မြို့တော့×××နေလို့လည်းမဖြစ်နိုင်ပါပြီ 🎼 💑အဲ့...
18/12/2021

🎤အလွန်အေးတဲ့ရာသီ×××အလွန်ချမ်းတဲ့ရာသီ×××အလွန်အေးတဲ့ရာသီ×××
🎵မောင်တစ်ရွာ မယ်တစ်မြို့တော့×××နေလို့လည်းမဖြစ်နိုင်ပါပြီ 🎼

💑အဲ့ဒါနဲ့ပဲ လက်ထပ်ကြလိုက်တယ်ဆိုပါတော့ ပြိတ်သတ်😁
(ကြာနီကန် အဟဲဖြင့်ဖတ်ရန်)😆

💘ဒီကာလကြီးမယ် သတို့သမီးက စင်ကာပူကနေတောင် ပြန်လာပြီး လက်ထပ်တာဆိုတော့ တော်ယုံမေတ္တာတော့မဟုတ်ဘူးပေါ့ဗျာ
💞သတို့သားကတော့ အီစယ့်ကီ ဝန်ထမ်းပီပီ
ရောင်းချပြီးနောက်ပိုင်းဝန်ဆောင်မှု အဲ ဟုတ်ပေါင် ယောင်လို့😁
💝လက်ထပ်ပြီးနောက်ပိုင်းကာလအတွက်ပါ အာမခံ ပေးထားလို့ထင်ရဲ့👏👏👏
♥️မေတ္တာအရင်းခံ
💪စွမ်းဆောင်ရည်ပြည့်ဝ
💯စိတ်ချရတာ အီစယ့်ကီပါ (ကြော်ငြာ)😆

👨‍🦰သတို့သား ကိုတေဇာကျော်လင်း နှင့်
👱‍♀️သတို့သမီး မလွင်လွင်နိုင် တို့နှစ်ဦး
🤝သာယာချမ်းမြေ့သော ဘဝခရီးကို အတူလက်တွဲလျှောက်လှမ်းလျှက် သားတစ်ရာ မြေးတစ်ဖြာ ရသည့်တိုင် အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြစေ​ဖို့ အီစယ့်ကီ ဝိုင်းတော်သားများက ဆုတောင်းမေတ္တာများ ပို့သလိုက်ရကြောင်းပါ ခင်ဗျား👏👏👏

🧑‍🌾 ဦးကျော်ခင်(ပဲခူးစု) NT-540 🛠️နာရီ၁၀၀၀-ဆားဗစ်(၁၄.၁၀.၂၀၂၁)🛠️🙏မြွေပါးကင်းပါး ရန်သူမျိုးငါးပါး မှကင်းဝေးပြီး ကျမ်းမာချမ်...
14/10/2021

🧑‍🌾 ဦးကျော်ခင်(ပဲခူးစု) NT-540
🛠️နာရီ၁၀၀၀-ဆားဗစ်(၁၄.၁၀.၂၀၂၁)🛠️
🙏မြွေပါးကင်းပါး ရန်သူမျိုးငါးပါး မှကင်းဝေးပြီး ကျမ်းမာချမ်းသာ ကြပါစေ🙏

🙏မန္တလေးအဖွဲ့က ခုထိတော့ နက်ကတစ် ပါတဲ့.. တစ်ဦးမေတ္တာ တစ်ဦးမှာ ❤️အီစယ့်ကီမိတ်ဆွေ တောင်သူဦးကြီး အားလုံး ကျမ်းမာကြပါစေ🙏
15/07/2021

🙏မန္တလေးအဖွဲ့က ခုထိတော့ နက်ကတစ် ပါတဲ့.. တစ်ဦးမေတ္တာ တစ်ဦးမှာ ❤️အီစယ့်ကီမိတ်ဆွေ တောင်သူဦးကြီး အားလုံး ကျမ်းမာကြပါစေ🙏

🖋️စစ်ရေးမက်ရေး၊ရန်သူဘေးကြောင့်၊အပြေးအလွဲဆွေမျိုးကွဲသား၊ပြည်ထဲရေးရာ၊ခက်သည်သာတည့်။🌽🍗အစာအစား၊ထွားထွားမြည့်ကြေ၊ရှားပါးလေ၍ သေ...
26/06/2021

🖋️စစ်ရေးမက်ရေး၊ရန်သူဘေးကြောင့်၊အပြေးအလွဲဆွေမျိုးကွဲသား၊ပြည်ထဲရေးရာ၊ခက်သည်သာတည့်။
🌽🍗အစာအစား၊ထွားထွားမြည့်ကြေ၊ရှားပါးလေ၍ သေကျေပျောက်စဲ၊ငတ်မွတ်ကဲလျှင်၊ပြည်ထဲရေးထက်ဝမ်းရေးခက်၏။ (ဦးရွှန်း၊ ဥမ္မာဒန္တီပျို့)

✔️ဝမ်းရေးမခက်ဖို့ကတော့ စိုက်နိုင်ပျိုးနိုင်သူတွေ အားထုတ်ကြပါမှပဲ
👌ဒီအတွက်
🤝အီစယ့်ကီရဲ့
💪စွမ်းအားမြင့်
💘တန်ဖိုးသင့် ထွန်စက်
🚜NT 554 (မြင်းကောင်ရေအား ၅၄) အုပ်စုံတစ်စီးကို ဝယ်ယူသွားတဲ့
🍁မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ဓနုံးကျေးရွာမှ
💑ဦးကျော်ကျော်ဦး နှင့် ဇနီး ဒေါ်မိမိ တို့ကို
👍အီစယ့်ကီ အရောင်းပြခန်း(မန္တလေး)မှာ စက်နှင့်အတူ တွေ့ရပုံ ဖြစ်ပါတယ် ခင်ဗျာ။

🙏အီစယ့်ကီကို ရွေးခြယ်သည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့်
🙏အခက်အခဲမှန်သမျှ အောင်မြင်ကျော်လွှားနိုင်ပြီးသကာလ
🌾စိုက်ပျိုးသီးနှံများလည်း အောင်မြင်ဖြစ်ထွန်း၍ အချိန်မီရိတ်သိမ်းနိုင်လျက် ဈေးကောင်းမိကာ စီးပွါးတိုးတက်ပါစေကြောင်း အီစယ့်ကီ-မြန်မာ မိသားစုက ဆုတောင်းမေတ္တာ ပို့သအပ်ကြောင်းပါခင်ဗျား🙏🙏🙏

Address

Pyi Road
Yangon
11021

Alerts

Be the first to know and let us send you an email when ISEKI - ျမန္မာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share