Shwe Yote Hlwar

Shwe Yote Hlwar ရွှေရုပ်လွှာ
ဘုရားဆင်းတုတော်နှင့်သစ်သားပန်းပုများရောင်းဝယ်ရေး

17/06/2024

မေ-အကျွန်ုပ်၏ ၊
ပဉ္စက္ခန္ဓာ- ခန္ဓာငါးပါး နာမ်ရုပ် တရားတို့သည် ၊
အနိစ္စံ-မမြဲလေစွ တကား ၊
ဒုက္ခာ- ဆင်းရဲလေစွတကား ၊
အနတ်တာ- အစိုးမရလစှေ တကား ၊
အနိစ္စာယ-မမြဲခြင်းကြောင့်
ဒုက္ခယ- ဆင်းရဲခြင်းကြောင့်
အနတ္တာယ- အစိုးမရခြင်းကြောင့်
မရိဿန္တိ- သေကြေပျက်စီး ရလတ္တံ.ပါတကား။
မရဏံတံ- သေရခြင်းသဘောကို
ဂမိဿာမိ- ရောက်ရလတ္တံ.
ဣမံသဗ္ဗကာယံ - အလုံးစုံသော
ဤ ခန္ဓာ ကိုယ်ကြီးကို
ခိပ္ပိဿန္တိ- လူသူမနီး
တစပြင်ကြီးသို့
စွန့်ပစ်ရလတ္တံ.ပါတကား

ရွှေရုပ်လွှာ

14/06/2024

🙏🙏🙏 မျှဝေပူဇော် 🙏🙏🙏

မကောင်းတဲ့အလုပ်နဲ့ ကောင်းတဲ့အလုပ်ကို
ဘယ်လို သတ်မှတ် တိုင်းတာသလဲ။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
(၁) မကောင်းတဲ့အလုပ်ဆိုတာ...

လုပ်ပြီးရင် စိတ်ပူနေရတယ်။ ကြောက်လန့်
နေရတယ်။

လုံခြုံမှု မရှိ။လန့်ဖျပ်နေရတဲ့ အနေအထား။

အကျိုးပေါ်လာတဲ့အခါ ရှိုက်ကြီးတငင်ငိုယိုပြီး ဆိုးကျိုးကို ကြိတ်မှိတ်ခံစားရတဲ့ အလုပ်မျိုး။

နှစ်ဦးလုံးကို ပျက်စီးစေတယ်။အကုသိုလ် တိုးပွားစေတယ်။

အဲ့ဒီ အကျိုးတွေ ရစေတာကို မကောင်းတဲ့ အလုပ်လို့ သတ်မှတ်တယ်။

(၂)ကောင်းတဲ့အလုပ် ဆိုတာ...

လုပ်ပြီးရင်ဘယ်တော့မှ စိတ်မပူရဘူး။

လုပ်ပြီးတဲ့ နောက်မှာ...
Resultပေါ်လာတဲ့အခါ နှစ်ခြိုက်ပီတိဖြစ်
အကျိုး ခံစားရတဲ့အလုပ်မျိုးဟာ ကောင်းတဲ့အလုပ်။

ကိုယ်ကော သူတပါးရော မထိခိုက်ဘူး။

ကောင်းတာ မကောင်းတာ ခွဲခြားသိပြီး မလုပ်မိဖို့ စောင့်ရှောက်ရမယ်။

လူတစ်ယောက်က ကြီးပွားတိုးတက်ချင်တယ်။
မကောင်းတဲ့ လုပ်ရပ် မကောင်းတဲ့ အပြုအမူတွေကို မလုပ်မိဖို့ သတိထားရမယ်။

မကောင်းတဲ့ လုပ်ရပ် မကောင်းတဲ့ စိတ်ဓာတ်က ကောင်းတဲ့သူကိုဖျက်ဆီးတယ်။

ငါသည် ငါ့ရဲ့မိတ်ဆွေ ရင်းချာသာ ဖြစ်ရမယ်။

ကိုယ့်ကိုယ်ကိုလေးစားမယ် မြတ်နိုးမယ် တန်ဖိုထားမယ်။

မကောင်းတဲ့အတွေးတွေ အပြောတွေ
လုပ်ရပ်တွေ မဖြစ်ပါစေနဲ့။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု

လူကြီးမင်းတို့၏နေအိမ်တွင်ကြည်ညိုဖွယ်ကောင်းပြီးသပ္ပါယ်လွန်းလှသော ဘုရားဆင်းတုတော်များကို စိတ်တိုင်းကျကိုးကွယ်ချင်တယ်ဆိုရင်...
29/05/2024

လူကြီးမင်းတို့၏နေအိမ်တွင်ကြည်ညိုဖွယ်ကောင်းပြီး
သပ္ပါယ်လွန်းလှသော ဘုရားဆင်းတုတော်များကို စိတ်တိုင်းကျကိုးကွယ်ချင်တယ်ဆိုရင်တော့
Shwe Yote Hlwarပန်းပုရုံမှ မှာယူနိုင်ပါတယ်ခဗျာ။😊
✔✔ကျွန်းနက်သားအစစ်/သရက္ခံသားအစစ်/မဟော်ဂနီနှင့်လူကြီးမင်းတို့ကိုးကွယ်ချင်သောနေ့နံသားများကိုသာ အသုံးပြုပြီးထုလုပ်ရောင်းချပေးခြင်း။(အတုအပ🚫🚫
လုံး၀ လုံး၀ မရောင်းချပါ) 😊
👌👌ကြိုက်နှစ်သက်ရာဒီဇိုင်းပုံတော်နှင့် ဥာဏ်တော်ကိုစိတ်တိုင်းကျမှာယူနိုင်ခြင်း
🚗🚗၀ယ်ယူသူစိတ်တိုင်းကျမှ ပုံတော်များပို့ဆောင်ပေးခြင်း
♻️♻️Shwe Yote Hlwarမှ၀ယ်ယူထားသောပုံတော်များအား ကျိုးပဲ့အက်ကွဲခြင်းများအတွက်တစ်သက်တာ အခမဲ့
ပြန်လည်ပြုပြင်ပေးခြင်း🔨⛏🛠
👍👍ကိုယ်ပိုင်ပန်းပုရုံကထွက်ရှိသည့် ပုံတော်များ ဖြစ်သည့်အပြင် စျေးနှုန်း ချိုသာပြီး၀ယ်ယူသူစိတ်တိုင်းကျ
ဖြစ်စေဖို့ အဓိကထားရောင်းချပေးခြင်းဖြစ်သည့်အတွက်
Shwe Yote Hlwarမှ ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်ခဗျာ။🙏🙏🙏
အသေးစိပ်သိလိုသည်များကို 📩Cb(သို့)
📲09892300044/09754254816/09753785085
သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခဗျာ။

🔹အလုပ်ကိစ္စ တစ်ခုခုလုပ်ခါနီးမှာ         မြတ်စွာဘုရားကို အာရုံပြုလိုက်ရတော့၊ 🔹တစ်ခါတည်း ဗုဒ္ဓါနုဿတိကမ္မဌာန်းနဲ့      သမာဓ...
02/05/2024

🔹အလုပ်ကိစ္စ တစ်ခုခုလုပ်ခါနီးမှာ
မြတ်စွာဘုရားကို အာရုံပြုလိုက်ရတော့၊

🔹တစ်ခါတည်း ဗုဒ္ဓါနုဿတိကမ္မဌာန်းနဲ့
သမာဓိ တော်တော်ကောင်းသွားတယ်။

🔹သမာဓိတော်တော်ကောင်းတော့ ဉာဏ်
က ထက်လာတယ်။

🔹အဲဒီတော့ လုပ်လိုက်တဲ့ အလုပ်ဟာ မ
မှား နိုင်ဘူး။

🔹ဘာပြုလို့လဲဆိုတော့ ဘုရားကို အာရုံပြု
နေတဲ့စိတ်နဲ့၊

🔹ဟိုဟိုဒီဒီ အာရုံတွေ ရောက်နေတဲ့ စိတ်
ဟာ အလွန်ကွာခြားတယ်။

🔹နည်းနည်းမှ မတူဘူး။ အဲဒီလို ဘုရား
အာရုံပြုလို့ သမာဓိ ရလာတဲ့အခါ...

🔹ဉာဏ်ကောင်းကောင်းကလေး ပေါ်လာ
တယ်။

🔹အဲဒီအခါမှာ အလုပ်ကိစ္စ မမှားနိုင်ဘူး။

☀️(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာ
ဘိဝံသ) ဓမ္မစကြာတရားတော် မှ ။

🙏မဟာဂန္ဓာရုံဆရာတော်ဘုရား🙏

☀️ဓမ္မ,တရားဖြင့် ငြိမ်းအေး ကြပါစေ။☀️

Crd::::🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တန်ဆောင်မုန်းလပြည့်နေ့အကြောင်း   သိကောင်းစရာ ~~🌹   🌹   🌹   🌹  🌹   🌹  🌹  🌹မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလ...
27/11/2023

တန်ဆောင်မုန်းလပြည့်နေ့အကြောင်း
သိကောင်းစရာ ~~
🌹 🌹 🌹 🌹 🌹 🌹 🌹 🌹

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသညကိုအကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။
(၁) သာမညဖလဆိုသည်မှာ ~~ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပါယ်ရပါသည်
(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုကြပါသည် ။
(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂပါဠိတော်၌ ပါရှိပါသည်
(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည်၊ မရှိသည်ကို ဤသုတ်ဖြင့်ထင်ဟပ်စေနိုင်ပါသည်။
(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ ပြဒါးချိန်ကြီးသဖွယ်ဖြစ်၍ မိမိတို့ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊ မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။
(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့် ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။
(၇) ယင်းဝေဒနာကိုကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး (သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။
(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။
(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှစ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။
(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊ အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီမည်သော ပစ်စေကာဗုဒ်ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။
(၁၁) အဇာတသတ်မင်းတရားသည်
- ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
- မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်းသိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
- ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက် ကျေးဇူးကြီးလှပါပေသည်။
(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။
(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော်များကို ရှာဖွေ၍ သီရိဓမ္မာသောကမင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။
(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

မူရင်းရေးသားသူကို credit ပေးပါသည်။

ပြန်လည်မျှဝေသူ Htar 🌻

#တန်ဆောင်မုန်းလပြည့်နေ့

🙏🙏🙏
11/11/2023

🙏🙏🙏

စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...စိတ်ကိုပြင်လေ...
10/11/2023

စိတ်ကိုပြင်လေ အထက်တန်းရောက်လေ...

စိတ်ကိုပြင်လေ အသိဉာဏ်တွေကြွယ်ဝလာလေ...

စိတ်ကိုပြင်လေ မိမိဘဝ တန်ဖိုးရှိလာလေ...

စိတ်ကိုပြင်လေ စိုးရိမ်မှုတွေနည်းလာလေ...

စိတ်ကိုပြင်လေ စဉ်းစားတတ်လေလေ...

ဆင်ခြင်တတ်လေလေ၊သိမ်မွေ့လာလေလေ...

ဒီလိုဖြစ်လာတာ...

ဒါကြောင့်မို့ စိတ်ကိုလွှတ်မထားပဲ ပြုပြင်ကြပါ

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော်
ရွှေရုပ်လွှာ

ရတနာသုံးပါးနဲ့ပတ်သက်လာရင် #နမောတဿ တစ်လုံးထဲလည်းစွမ်းတာပဲ၊ #ဗုဒ္ဓံသရဏံဂစ္ဆာမိ တစ်လုံးထဲလည်းစွမ်းတာပဲ၊ #အရဟံ တစ်လုံးထဲလည်း...
24/10/2023

ရတနာသုံးပါးနဲ့ပတ်သက်လာရင်
#နမောတဿ တစ်လုံးထဲလည်းစွမ်းတာပဲ၊
#ဗုဒ္ဓံသရဏံဂစ္ဆာမိ တစ်လုံးထဲလည်းစွမ်းတာပဲ၊
#အရဟံ တစ်လုံးထဲလည်းစွမ်းတာပဲ၊
ကိုယ်ကယုံဖို့နဲ့မှန်ကန်တဲ့အသိရှိဖို့လိုပါတယ်၊

ရတနာကတော့ ရတနာလို ဆည်းကပ်သူအတွက်
ရတနာစွမ်းအားကို ပေးမှာချည်းပါပဲ၊ဘယ်ရတနာကမှ လိမ်လည်လှည့်ဖြား ညာထား
တာ တစ်ခုမှ မရှိပါဘူး။

(တိပိဋကယောဆရာတော်ကြီး)

Address

North Dagon
Yangon

Telephone

+979754254816

Website

Alerts

Be the first to know and let us send you an email when Shwe Yote Hlwar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share