15/05/2019
' မီ မီ မီ ' ကြော်ငြာအပြီး နောက်ကွယ် .. .🤑💲
➖➖➖➖➖➖➖➖➖➖➖
➖➖➖➖➖
ပြီးခဲ့တဲ့ May -12 ရက်နေ့ Sunday Seminar မှာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အတူ Bella က မဝေသစ်လွင် လည်းပါ ပါတယ် ။ Marketing Research အကြောင်း ပြောကြ ၊ ဆွေးနွေးကြတော့ ကြော်ငြာတွေအကြောင်းပြောကြရင်း ရုတ်တရက် မဝေသစ်လွင်က ကောက်ခါ ငင်ကာ မီမီမီ ကြော်ငြာအကြောင်းကို မေးလိုက်တယ် ။
" မီ မီ မီ ကြော်ငြာကို သိကြလားတဲ့………? "
ဟာ သိတာပေါ့ နေတိုး ကြော်ငြာတာလေ မမြင်ချင် မကြားချင်အဆုံးပဲ ။
မဝေသစ်လွင်က ဆက်မေးတယ်
" အင်း..
ကောင်းပြီ
အဲ့ဒါ ဘာကြော်ငြာလဲ……….? " ။
အဲ့လိုမေးတော့ ကိုယ်လည်း နဲနဲကြောင်သွားတယ် အဲ့ဒါ Mytel ကြော်ငြာလေ လို့ ။ စိတ်ထဲမှာတော့ တွေးနေတာ ဘာလားပေါ့ ။
သူက ဆက်ပြောတယ်
Mytel မှန်းတော့ သိတယ်လေ Mytel က ဘာကို ကြော်ငြာတာလဲဆိုတာကို မေးတာပါတဲ့ ။
အဲ့မှာသွားရော
ဘယ်သူမှ မဖြေနိုင်ဘူး။ Seminar ပွဲက လူ 800 ကျော်လောက်ရှိပါတယ်။ မီ မီ မီ ကြော်ငြာကို လူ 800 လုံးကသိကြတယ် ဒါပေမယ့် Mytel ရဲ့ဘာကိုကြောငြာတာလဲ ဆိုတာကိုတော့ တစ်ယောက်မှ မပြောပြနိုင်ကြဘူး။
မဝေသစ်လွင်ကလည်းပြောရှာပါတယ် ကျွန်မလည်း အခါ 20 လောက်ကြည့်တယ် ဒါပေမယ့် Mytel က ဘာကိုကြော်ငြာတာလည်းဆိုတာ နားမလည်ဘူးတဲ့။ သူကတော့ ဒီလောက်ပဲပြောသွားတာပါ ကျန်တာတော့ ကိုယ့်ဖာသာစဉ်းစားကြပေါ့။
ဟုတ်တယ်လေ အားလုံးသိကြ မှတ်မိကြတာက နေတိုး ကနေတဲ့ပုံနဲ့ မီမီမီရဲ့ သံစဉ် Flow ကိုပဲမှတ်မိကြတာ။
မိန်းမကိုဖုန်းဆက်ဖို့လိုနေလား " မီမီ ..မီမီ ..မီမီ .မီ "
Mytel 1s 1s 20% ဘာညာ ကွိကွ ပေါ့လေ ။
ကိုယ်လည်းသူပြောမှ ပြန်စဉ်းစားကြည့်မိတယ် ။
ဟုတ်သားပဲ ။
Mytel ကဘာကြော်ငြာတာလဲဆိုတာ မသိလိုက်ဘူး
ပေါက် တာကတော့ တော်တော်ကို ပေါက် ပါတယ် TV, Facebook, Tik Tok အားလုံး မီ မီ မီ ကို မမြင်ချင်မှ အဆုံး mimi challenge တောင်လုပ်လိုက်ကြသေးတယ်။
ဒါပေမယ့် တစ်ကယ်ပေါက်တာက နေတိုး ကတဲ့ ဟန်နဲ့ မီမီမီရဲ့ သံစဉ် Flow ကပဲပေါက်သွားပြီး Mytel ကြော်ငြာချင်တဲ့ အရာက မပေါက်ဘူးလို့မြင်ပါတယ်။
ဘာလို့လဲဆိုတော့ ကျွန်တော်တို့နားထဲမှာ မီမီမီဆိုတဲ့ အသံကြားလိုက်တာနဲ့ နေတိုးရဲ့အမြင်ကတ်ဖွယ် ကနေတဲ့ ဟန်ပဲ(ကျနော်တစ်ယောက်ထဲရဲ့အမြင်) မျက်လုံးထဲမှာ ပေါ်လာပါတယ်။ Mytel ကိုမပေါ်ပါဘူး။
ကြော်ငြာဆိုတာ ကိုယ့်ထုတ်ကုန် ကိုယ့်ဝန်ဆောင်မှု အကြောင်း Customers တွေဆီ ရိုးရှင်းမှတ်မိလွယ်တဲ့ သတင်းစကားကို ကြားခံ မီဒီယာကတစ်ဆင့် ဆက်သွယ်တာပါ။
ကြောငြာကတော့ပေါက်ပြီး ကိုယ်ပေးချင်တဲ့ Message ကို Audience က မသိဘူး မရလိုက်ဘူးဆိုရင်တော့ ငွေကုန်တာပဲအဖတ်တင်ပါလိမ့်မယ်။
တစ်ကယ်ဖြစ်ရမှာက ဒီသံစဉ် ဒီစာသားကို ကြားလိုက်တာနဲ့ ကိုယ့် Products or Services ဟာ Customer တွေရဲ့ ခေါင်းထဲမှာ တန်းပေါ်လာမှ သို့မဟုတ် ယှဉ်တွဲမှတ်မိနေမှ ကုန်ရကျိုးနပ်တဲ့ ကြော်ငြာ ထိရောက်တဲ့ကြော်ငြာဖြစ်မှာပါ။
ဒါကတော့ ကျွန်တော် တစ်ယောက်တည်းရဲ့အမြင်သာလျှင်ဖြစ်ပြီး မတူကွဲပြားတဲ့ အမြင်တွေရှိရင်လည်း မန့်ခဲ့လို့ရပါတယ်။
မိတ်ဆွေတို့ရော Mytel က ဘာကိုကြော်ငြာတယ်ဆိုတာ သိပါသလား…….......မညာကြေးနော်😊😊
☎0949452809
#ယုံကြည်ရာ