Kyaw Nyar Sine - ကြော်ငြာဆိုင်

Kyaw Nyar Sine - ကြော်ငြာဆိုင် A Journey Out Of The Borders.

Happy Diwali 🪔
01/11/2024

Happy Diwali 🪔

ပြဿနာကဘာလဲ ?လူကြီးမင်းက ကိုယ့်လုပ်ငန်းအတွက် Post တွေတော့ တင်ဖြစ်နေတာပဲ၊ဒါပေမယ့် Post တွေက ထင်ထားသလောက် မပေါက်နေဘူး။ထည့်ထ...
26/10/2024

ပြဿနာကဘာလဲ ?

လူကြီးမင်းက ကိုယ့်လုပ်ငန်းအတွက် Post တွေတော့ တင်ဖြစ်နေတာပဲ၊
ဒါပေမယ့် Post တွေက ထင်ထားသလောက် မပေါက်နေဘူး။
ထည့်ထားတဲ့ effort နဲ့ မျှတဲ့ engagement မျိုးရမနေဘူးလား ?

ဒါဆိုရင်ပြဿနာ ကဘာဖြစ်မလဲ ?

1. Unengaging Content / စိတ်ဝင်စားဖွယ်မရှိသော အကြောင်းအရာများ

လူကြီးမင်းရဲ့ audience တွေက စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို မျှော်လင့်နေတာဗျ။ ကိုယ့်ပို့စ်တွေက ပျင်းစရာကောင်းနေရင် Creative ဖြစ်မနေရင်တော့ engage ဖြစ်ဖို့ကခက်မယ်နော် 😁

2. Lack of Visuals / ပုံ ( သို့ ) ဗီဒီယို မပါခြင်း/မကောင်းခြင်း

ပုံနှင့် ဗီဒီယိုတွေက သင့်ရဲ့ audienceတွေကို အာရုံစိုက်စေပါသည်။
Facebook သုံးရင်း ဒါလေးကဘာလေးများလည်းဆိုပြီး ကြည့်ချင်စိတ်မျိုးဖြစ်စေလောက်မယ့် Visual ကောင်းကောင်းကလည်း သင့်ရဲ့ engagement ကိုတက်လာစေချင်တယ်ဆို မရှိမဖြစ်ပေါ့ဗျာ။

3. Inconsistent Posting / ပုံမှန် တိကျစွာ မတင်ခြင်း

လူကြီးမင်းရဲ့ page မှာ audience များ သတိတရရှိနေစေပြီး သူတို့ social media interfaceမှာ အမြဲရှိနေဖို့ဆိုရင် အမြဲတမ်း page မှာ post တွေ မပြတ်တင်နေဖို့ ကလည်းအရေးကြီးတယ်နော် ။

4. No Interaction / ပရိတ်သတ်များနှင့် အပြန်အလှန် ဆက်သွယ်မှု မရှိခြင်း

Audienceများနဲ့ ဆက်သွယ်ဖို့ကြိုးစားခြင်းကအင်မတန်အရေးကြီးတဲ့ အချက်ပါပဲ။
ဆက်သွယ်တယ်ဆိုခြင်းမှာ comments နဲ့ messagesများကို တုံ့ပြန်ပြီး သူတို့၏ အမြင်များကို ဂရုစိုက်နေတယ်ဆိုတာကို ပြရုံမျှမက consistent ဖြစ်ဖြစ် post တွေဖန်တီးပြီး သူတို့နားမှာအမြဲရှိနေတယ် ဆိုတာကို ပြရမှာလည်းဖြစ်ပါတယ်။

5. Boring Topics / ပျင်းစရာကောင်းသော အကြောင်းအရာများ

ဒါကတော့ အထွေအထူးမဟုတ်ပါဘူး
ပျင်းစရာကောင်းသော ပို့စ်တွေကို ဘယ်သူမှ အချိန်ပေးမဖတ်ပါဘူး။

6. Wrong Timing / မှားယွင်းသော အချိန်တွင် ပို့စ်တင်ခြင်း

Timingမှန်ဖို့ကလည်း အရေးကြီးပါတယ်။
ကိုယ့် Target audience တွေကိုသေချာစွာ နားလည်ပြီး သူတို့ Active ဖြစ်လောက်တဲ့ Timing မှာ post တင်ဖို့လိုပါတယ်။
---

ဒီတော့ ဒီနေ့ ဝေမျှချင်တဲ့ Tips တွေကတော့ ဒီလောက်ပဲဗျို့။

ဒီတစ်ချက်မှလည်း မလုပ်ချင်ဘူး၊ Engagement လည်း ထိုးတတ်လာချင်ရင်တော့ Kyaw Nyar Sine မှာ ကြော်ငြာတွေကို အသက်သာဆုံး နှုန်းထားနဲ့ အပ်လို့ရနေပြီဆိုတာကတော့ အရေးကြီးဆုံးပဲဗျို့ ❗️❗️

အသေးစိတ်သိရင်ချင်ရင်တော့ page ရဲ့ messenger ကနေ တိုက်ရိုက်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ် ✔️


#ကြော်ငြာဆိုင်
#ပြဿနာကဘာလဲ


Client : Sunny Baby Diaper PantsThanks For Believing Us!   #ကြော်ငြာဆိုင်
05/06/2024

Client : Sunny Baby Diaper Pants
Thanks For Believing Us!


#ကြော်ငြာဆိုင်


Client : Classic Sanitary PadsThanks For Believing Us!   #ကြော်ငြာဆိုင်
31/05/2024

Client : Classic Sanitary Pads
Thanks For Believing Us!


#ကြော်ငြာဆိုင်


Client : Yangon Ambience Restaurant   #ကြော်ငြာဆိုင်
27/02/2024

Client : Yangon Ambience Restaurant

#ကြော်ငြာဆိုင်


Client : Say Ta Nar Pyae - မှိုဆီကြော်   #ကြော်ငြာဆိုင်
10/01/2024

Client : Say Ta Nar Pyae - မှိုဆီကြော်


#ကြော်ငြာဆိုင်


🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့   🇲🇲 76th Independence Day of Myanmar 2024........................................................
04/01/2024

🇲🇲လွတ်လပ်ရေးနေ့ တို့မမေ့ 🇲🇲

76th Independence Day of Myanmar 2024...............................................................
လွတ်လပ်ရေးနေ့ဆိုသည်မှာ
မြန်မာတစ်မျိုးသားလုံး မမေ့အပ်တဲ့ အထွဋ်အမြတ်ထားရာ
နေ့ထူးနေ့မြတ်လေးဖြစ်ပါတယ်။

လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများအား အောက်မေ့တမ်းတရင်း
January 4, 2024 ရက်နေ့မှာ ကျရောက်တဲ့
(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုလျက်။


#လွတ်လပ်ရေးနေ့
#ကြော်ငြာဆိုင်



ယနေ့ကျရောက်လာတဲ့ သီတင်းကျွတ်အခါသမယ​လေးမှာ မိတ်ဟောင်း၊မိတ်သစ် နဲ့ မိတ်မဖြစ်ဖူးသေးတဲ့သူတွေအကုန် ကျန်းမာလို့ လိုတိုင်းတ ရပါ...
29/10/2023

ယနေ့ကျရောက်လာတဲ့ သီတင်းကျွတ်အခါသမယ​လေးမှာ မိတ်ဟောင်း၊မိတ်သစ် နဲ့ မိတ်မဖြစ်ဖူးသေးတဲ့သူတွေအကုန် ကျန်းမာလို့ လိုတိုင်းတ ရပါစေကြောင်း Kyaw Nyar Sine မှဆုတောင်းပေးလိုက်ပါတယ် ‼️


#ကြော်ငြာဆိုင်

21/10/2023

ဘာသာရေးဆိုတာ အကြောက်တရားနဲ့မောင်းနှင်တဲ့ စနစ်တစ်ခုပဲဆို လွန်မယ်လို့ထင်လား ကိုယ့်လူ ‼️

တစ်ကယ်လဲ ဘာသာရေးဆိုတာ စနစ်တစ်ခုပဲဗျ။တိတိကျကျပြောရရင် လူတွေကိုတစ်စုတစည်းတည်း စုဝေးစေတဲ့ စနစ်တစ်ခု ။

စဉ်းစားချက်အားဖြင့် ဖြေရှင်းရမယ်ဆို ဘာသာကြီးတွေဖြစ်တဲ့ ဟိန္ဒူ ၊ မွတ်ဆလင် ၊ ဗုဒ္ဓဘာသာ နဲ့ ခရစ်ယာန် ဘာသာတို့မှာ ငရဲ နဲ့ နတ်ပြည်ရှိတယ်လို့ဆိုထားတယ်ထားဗျာ ။
( ဗုဒ္ဓဘာသာမှာတော့ ဗုဒ္ဓကငရဲ နဲ့ နတ်ပြည်တကယ်ရှိတယ်လို့ပြောခဲ့ မပြောခဲ့က Argument State အနေနဲ့ပဲရှိတယ် )

ဒီတော့ မေးခွန်း တကယ်ရော နတ်ပြည်၊ငရဲပြည်စသည်တို့ကတည်ရှိတာလား ?

ဒီညအတွက်တွေးစရာတစ်ခုပေးရမယ်ဆိုရင် စဉ်းစားကြည့်ဗျာ

ကျနော်တို့ငယ်ငယ်တုန်းက အမေ့ဆီက မုန့်ဖိုး လိမ်တောင်းတယ် ဒါကို အမေကသိတော့ တုတ်နဲ့ရိုက်တယ်။

ဒီတော့ ကြောက်ပြီး နောက်မလုပ်ရဲတော့ဘူး။

ငယ်ငယ်က တိရစ္ဆာန်လေးတွေအသက်သတ်တော့ အမေက တုတ်နဲ့ရိုက်ပြန်တယ်။

ဒီတော့ ကြောက်ပြီး မလုပ်ရဲတော့ပြန်ဘူး။

ဆိုလိုရင်းက ငယ်ငယ် က မကောင်းတာတွေလုပ်တော့မယ့်အခါ မလုပ်မိအောင်ထိန်းပေးတဲ့ တုတ်ဆိုတဲ့ အကြောက်တရားရှိခဲ့တယ်။

တုတ်ဆိုတာကြောက်စရာမဟုတ်ဘူးဆိုတာကို သိတဲ့အရွယ်ရောက်လာတဲ့ အခါကျတော့ရော မကောင်းတာတွေကို မလုပ်မိအောင်ထိန်းချုပ်ပေးမယ့် အကြောက်တရား စနစ်တစ်ခုကဘာဖြစ်မလဲ ?

ဘာသာရေးရဲ့ အကြောက်တရား Concept အစကတော့ ဒါပဲဗျ ။

ဒီလိုပြောတိုင်းမကောင်းဖူးလို့ယူဆချင်တာတော့မဟုတ်ဘူးဗျ။

စနစ်တစ်ခုအနေနဲ့ဆိုရင်တော့ သိပ် အိုင်ကျူ မြင့်မားလွန်းပြီး အလုပ်ဖြစ်တယ်လို့ပြောလို့ရမယ်ဗျ။

နောက်တစ်ချက်က ဘာသာရေးက လူတွေကို တပေါင်းတစည်းတည်း ဖြစ်စေတဲ့ ဟန်ချက်ထိန်းပဲ့ တစ်ခုဆိုလဲ မလွဲဘူးဗျ။

သို့ပေမယ့် ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အကြောင်းပြောတဲ့အခါ လူတွေက စည်းလုံး စုစည်းလာတဲ့ တွေးခေါ်အမြင်တစ်သမတ်ဖြစ်လာတာကြောင့် သမိုင်းအမည်းစက်ထင်စရာကိစ္စတွေဖြစ်ခဲ့တယ်ဆိုတာကိုလဲ ငြင်းမရတဲ့ သာဓကတွေရှိတယ်။

ဥပမာအနေနဲ့ဆို ဟစ်တလာရဲ့ ဂျူးမုန်းတီးရေး လက်ကမ်းစာစောင်တွေမှာ ပရိုတက်စတင့်ဂိုဏ်းကိုထောင်ခဲ့တဲ့ ဘုန်းတော်ကြီး မာတင်လူသာ ရေးခဲ့တဲ့စာတွေကို ကိုးကားခဲ့တယ်ဗျ။

ဒါကလည်း ဂျာမန်တွေ ဂျူးတွေကို မုန်းတီးပြီးစိတ်လိုလက်ရသတ်ဖြတ်မှုတွေကိုဖြစ်စေတဲ့ တစ်သမတ်ထဲရှိတဲ့ အတွေးအခေါ်ရဲ့ အကြီးဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဗျ။

( ကွန်မြူနစ်ကျမ်းကြီးတွေကို စရေးခဲ့တဲ့ ကားလ် မတ်ခ်ဟာ ဂျာမန်-ဂျူးမိဘတွေကပေါက်ဖွားလာပြီး ဘာသာမဲ့ဖြစ်တာကြောင့် ဟစ်တလာဟာ ကွန်မြူနစ်စနစ် ပေါ်လာတာ ဂျူးတွေရဲ့ လက်ချက်လို့လည်း စွတ်စွဲခြင်း အပြင်သမိုင်းမှာထဲက ရှိခဲ့တဲ့ ဂျူးမုန်းတီးရေးဝါဒ antisemitism ကြောင့်လည်းပါတာပေါ့ )

အချုပ်အနေနဲ့ပြောရရင်တော့ ကျုပ်အမြင်အရဆို ဘာသာရေးဆိုတာ လူတွေကိုစုစည်းစေတဲ့ စနစ်တစ်ခု၊ယုံကြည်မှုတစ်ခု၊hope တစ်ခုပဲလို့ ယူဆတယ်။

ကိုယ့်လူတို့ရော ?

________________________

ဒါနဲ့ စကားမစပ် ဒီ ကြော်ငြာဆိုင်ဆိုတဲ့ Page လေးကနာမည်အတိုင်းပဲ ကြော်ငြာတွေအပ်လို့ရတယ်

Content ၊ Media buying ၊ Graphic နဲ့ Motion တွေကို ကိုယ့်လူတို့ စိတ်တိုင်းကျလုပ်ပေးနေပါတယ် 😉

#ကြော်ငြာဆိုင်

#ဘာသာရေးနှင့်အကြောက်တရား


ဒီနေ့မှာတော့ ဦးမြင့်မောင်ကြီးက အောင်မြင်မှုဆိုတာဘာလဲဆိုတာကိုပြောပြပေးမယ်။ဦးမြင့်မောင်က မေဒီးကားကပြန်လာတဲ့သူပြီပြီ အောင်မ...
29/09/2023

ဒီနေ့မှာတော့ ဦးမြင့်မောင်ကြီးက အောင်မြင်မှုဆိုတာဘာလဲဆိုတာကိုပြောပြပေးမယ်။

ဦးမြင့်မောင်က မေဒီးကားကပြန်လာတဲ့သူပြီပြီ အောင်မြင်မှုဆိုတာကို လင်းသိုက်ညွှန့်မဆန်တဲ့နည်းနဲ့ပြောရမယ်ဆိုရင် ကိုယ့်လူတို့ အောင်မြင်မှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်လဲဆိုတာ အရင်ဆုံးမေးဖို့တော့လိုတာပေါ့😉

ဆိုတော့ အောင်မြင်မှုဆိုတာဘာလဲ ?

ဒီမေးခွန်းမေးတိုင်း အများဆုံးကြားရတဲ့ အဖြေက "အောင်မြင်မှုဆိုတာ ငွေမဟုတ်ဘူး ပျော်ရွှင်မှု" လို့ဖြေတတ်ကြတယ်။

ကျွန်တော်ဒီနေ့တစ်ကယ်ဆွေးနွေးချင်တာလဲ
အဲ့အဖြေနဲ့ပတ်သက်ပြီးတော့ပဲဗျ။

အောင်မြင်မှုဆိုတာ ပျော်ရွှင်မှုဆိုရင် မည်သည့် အတိုင်းအတာအားဖြင့်ပျော်ရွှင်မှုလဲ ?

ဥပမာ - အလုပ်တစ်ခုမှာ ပျော်ရွှင်ရတဲ့ ဝန်းကျင်တစ်ခုကိုဖန်တီးထားတာရော ပျော်ရွှင်မှုလား ၊ ငွေရေးကြေးရေးအားဖြင့်ရရှိတဲ့ ပျော်ရွှင်မှုလား၊ ချစ်သူခင်သူတွေကြောင့်ရတဲ့ပျော်ရွှင်မှုလား ?

ကျုပ်ယူဆတာတော့ အောင်မြင်မှုတစ်ခုလို့ပြောလို့ရဖို့ ငွေကြေးအားဖြင့် အမှီအခိုကင်းတဲ့ပျော်ရွှင်မှုဟာ မဖြစ်မနေလိုအပ်တယ်လို့ယုံကြည်တယ်။

ဒဲ့ပြောကြေးဆိုဗျာ ငွေရှာနိုင်တိုင်းအောင်မြင်မှု ရတယ်လို့မဆိုနိုင်ပေမယ့် အောင်မြင်မှုရတယ်လို့
ကိုယ့်ကိုယ်ကို ယူဆချင်ရင်တော့ ငွေကြေးအားဖြင့် အမှီအခိုကင်းခြင်းကြောင့်ရတဲ့ ပျော်ရွှင်မှုရှိနေဖို့တော့ မဖြစ်မနေလိုတယ်ဗျ။

ခင်ဗျားစိတ်ဓာတ်ကျသွားလဲ မတတ်နိုင်ပေမယ့်
ဒါအမှန်တရားပဲ ။

အောင်မြင်မှုဆိုတာ ပျော်နေရင်ရပြီဆိုတာအလကား။

မယုံရင် ခင်ဗျားအပျော်ရဆုံးဖြစ်မယ့် ကိုယ့်အချစ်ဆုံးဆိုတဲ့ ဘော်ဒါတွေနဲ့ အလုပ်တွဲလုပ်ကြည့်ပြီး သိန်းနဲ့ချီပြီးရှုံးတဲ့ အခါ ငါအောင်မြင်နေပြီကွ လို့ပြောနိုင်မယ်ထင်လား ?

ဒါအဖြေပဲဗျ။

အတိုချုပ်ပြန်ပြောရရင်တော့ အောင်မြင်မှုလို့သတ်မှတ်ဖို့အတွက် ပျော်ရွှင်မှုရှိနေဖို့လိုတယ်။

❗️ငွေကြေးဆိုင်ရာအမှီအခိုကင်းတဲ့ပျော်ရွှင်မှု
❗️နေ့တစ်ဓူဝလုပ်နေတဲ့ အလုပ်ကြောင့်ရရှိတဲ့
ပျော်ရွှင်မှု
❗️လုပ်ငန်း ပတ်ဝန်းကျင်ကြောင့်ရရှိတဲ့ပျော်ရွှင်မှု
❗️နှလုံးသားပိုင်ဆိုင်ရာ ပျော်ရွှင်နေရမှုဆိုတဲ့
ပျော်ရွှင်မှု အပိုဒ်ခွဲတွေတော့ အပြည့်အစုံလိုတယ်

နောက်ဆုံးပိတ်အနေနဲ့ ဦးမြင့်မောင်ပြောချင်တာက အောင်မြင်မှုဆိုတာ ပိုက်ဆံရှိခြင်းမဟုတ်ပေမယ့် အောင်မြင်မှုလို့ လက်ခမောင်းခတ်ပြောချင်ရင်တော့ ငွေကြေးဆိုင်ရာအမှီအခိုကင်းခြင်းကြောင့်ရတဲ့ ပျော်ရွှင်မှုကတော့မဖြစ်မနေလိုတယ်။

ဦးမြင့်မောင်ဆို မေဒီးကားမှာ တစ်လ သိန်း (၄၀) content ရေးရင်းရှာနေရင်း ငါမပျော်လို့ ငါမအောင်မြင်နေဘူး ဆိုပြီး မြန်မာပြည်မှာ တစ်ပုဒ် ( ၁၀,၀၀၀ ) နဲ့ freelance content writer လာလုပ်တယ်။

ဦးမြင့်မောင် မအောင်မြင်သေးပါ ‼️

#ဦးမြင့်မောင်မအောင်မြင်သေး
#ကြော်ငြာဆိုင်

Address

Pazundaung
Yangon
11171

Telephone

+959798290042

Website

Alerts

Be the first to know and let us send you an email when Kyaw Nyar Sine - ကြော်ငြာဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyaw Nyar Sine - ကြော်ငြာဆိုင်:

Share