17/02/2026
ဗုဒ္ဓဂယာကြွမည့် ဆရာတော်ဘုရားကို လေဆိပ်မှာ ဦးချကန်တော့ပြီး နှုတ်ဆက်တဲ့အချိန် ဆရာတော်ကမေးတယ်၊ ဒီလုပ်ငန်းလုပ်တာ ဘယ်နှစ်နှစ်ရှိပြီလဲတဲ့...
၁၅နှစ်ရှိပါပြီဘုရားလို့လျှောက်တော့
ဆရာတော်ကမိန့်တယ်...တော်တော်ကြာပြီပဲတဲ့
🙏ရတနာသုံးပါးကိုကြည်ညိုသောစိတ်🙏
🙏မြတ်စွာဘုရားပွင့်ရာ မြေမြတ်မဟာနှင့်သံဝေဇနိယဌာန၊ အဝိဇဟိတဌာနများကို ပါရမီမြောက် ဘုရားဖူးခရီးဖြစ်အောင် ဖူးမျှော်ကြည်ညိုနိုင်စေရန် ပါရမီဖြည့်ချင်သောစေတနာ🙏
🙏ခရီးသွားနေရရင်ကို စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပျော်နေတတ်သော ဝါသနာ🙏
များအရင်းခံကာ ခရီးသွားလာရေး ဝန်ဆောင်မှုကို ဆောင်ရွက်ခဲ့တာ ၁၅နှစ်ကျော် သက်တမ်းရှိခဲ့ပါပြီ
ကျေးဇူးရှင်ဆရာတော်ဘုရားများ၊ သီလရှင်ဆရာကြီး ဆရာလေးများ၏ ကူညီစောင့်ရှောက်မှု၊ ဘုရားဖူးဓမ္မမိတ်ဆွေများ၏ ယုံကြည်စိတ်ချစွာဖြင့် ခရီးစဉ်များ စီစဉ်ဆောင်ရွက်ခွင့်ပေးမှုများကြောင့် ဒီနေ့ ဒီအချိန်ထိ "ရွှေတော်ဝင်မိသားစု" ရေရှည်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်🙏🙏🙏
ရွှေတော်ဝင်ဘုရားဖူးအဖွဲ့နှင့်ဘုရားဖူးလိုက်ပါခဲ့ကြသော၊ လိုက်ပါနေကြသော၊ လိုက်ပါကြမည့် ဆရာတော်ဘုရားများ၊ သီလရှင်ဆရာကြီးဆရာလေးများ၊ ဘုရားဖူးသူတော်စင် သူတော်ကောင်းအပေါင်းနှင့်တကွ ကမ္ဘာသူကမ္ဘာသားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ🙏🙏🙏
ကပ်ကြီးသုံးပါးမှကင်းဝေးကြပါစေ🙏🙏🙏
အလိုရှိအပ် တောင့်တအပ်သော ကောင်းသောလိုအင်ဆန္ဒများ ပြည့်စုံကြပါစေ🙏🙏🙏