WiFi စက် ရောင်းဝယ်ရေး

WiFi စက် ရောင်းဝယ်ရေး WiFi စက် ရောင်း

" အခုလို Dataတွေ စျေးအရမ်းကြီးတဲ့အချိန်မှာ Mini-Wifi စက်လေးတွေကိုသုံးပြီး သင့်ရဲ့ အင်တာနက်အသုံးစရိတ်ကို လျှော့ချလိုက်ပါ"...
14/09/2023

" အခုလို Dataတွေ စျေးအရမ်းကြီးတဲ့အချိန်မှာ
Mini-Wifi စက်လေးတွေကိုသုံးပြီး သင့်ရဲ့ အင်တာနက်
အသုံးစရိတ်ကို လျှော့ချလိုက်ပါ"

🟩စျေးနှုန်းလေးတွေအနည်းငယ် ေပြာင်းသွားပါတယ်
စက်သီးသန့်စျေးနှုန်းများ ___

(1)✅️ USB Stick Wifi - 33000 Ks [All Sim]

(2)✅️ Pocket Wifi (Black) - 58500 Ks [All Sim]

(3)✅️ Pocket Wifi (White) - 91500 Ks [All Sim]

⬛️ Telenor ️Wifi Data Sim Card - 16000 Ks [30Gb]

⬛️ Battery အပို (Black) 2100Mah - 13500 Ks

⬛️Battery အပို (Red ) 3000Mah - 18500 Ks

👉👉Telenor Wifi Sim ၁လစာ Data(30Gb) ပါ
တစ်ကတ်ကို ၁၆၀၀၀ ကျပ်နဲ့ ရောင်းပေးပါတယ်။
လစဉ်ကြေး တစ်လ ၁၅၀၀၀ နဲ့ သက်တမ်းတိုးသွား
လို့ရပါတယ်။

🟩ဘာလို့ Wifi စက်နဲ့ Wifi Data Sim Cardကို သုံးသင့်တာလဲ...???
👉👉အဓိကအချက် (၂)ချက်ရှိပါတယ်။

- (၁) အင်တာနက်အသုံးပြုခြင်း ကုန်ကျစရိတ်ကို
လျှော့ချနိုင်ပါတယ်။ ရိုးရိုးဆင်းကတ်ကို ဖုန်းဘေလ်ဖြည့်ပြီး
အင်တာနက် Data ဝယ်သုံးပါက 1Gb ကို ၂၀၀၀ ကျပ်
ဝန်းကျင်ကျပါတယ်။ 30Gb ကို ၆၀၀၀၀ ကျပ်ဝန်းကျင်
ကျမှာဖြစ်ပါတယ်။ Wifi Data Sim Cardကို ဘေလ်ဆောင်
ပြီးသုံးပါက 30Gb ကို ၁၅၀၀၀ ကျပ်ပဲကျသင့်မှာ
ဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကို ၄၅၀၀၀ လောက်
လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

- (၂) Wifi Data Sim Card ကိုပဲ ဖုန်းထဲထည့်သုံးလို့
မရဘူးလားလို့မေးစရာ ရှိပါတယ်။ ဖုန်းထဲထည့်သုံးတဲ့
အခါ ဖုန်းကနေ hotspot လွှင့်ပြီး သုံးလို့ရပေမယ့်
ရေရှည်မှာ ဖုန်းပူတာ၊ဖုန်းရဲ့စက်ပိုင်းဆိုင်ရာ ထိခိုက်
ပျက်စီးတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့်မို့ Wifi စက်နဲ့ Wifi Data Sim Cardလေး
တွေကို အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးအများကြီး
ရရှိနိုင်ပါတယ်။

🟩ဘယ်သူတွေအသုံးပြုသင့်လဲ❓

❇️ Fiber wifi စက်တွေတပ်ဆင်ဖို့ fiber ကြိုးတွေ
မရောက်တဲ့(အထူးသဖြင့် နယ်ဘက်တွေ)ဒေသတွေမှာ
အင်တာနက်အသုံးပြုချင်တဲ့ customer များ.....

❇️ခရီးသွားရင်းဖြစ်စေ၊ ကားစီးရင်းဖြစ်စေ အင်တာနက်
အသုံးစရိတ်ကို လျှော့ချလိုတဲ့ customer များ

❇️ Wifi မရှိတဲ့နေရာမှာ CCTV တပ်ဆင်ထားပြီး
အဝေးကနေ လှမ်းကြည့်ချင်တဲ့ customer များ ....
အသုံးပြုသင့်ပါသည်။

🟩၃မျိုးထဲက ဘယ်လိုရွေးချယ်ရမလဲ ❓

(1) USB Wifi Stick လေးကတော့ Battery မပါဝင်ပါဘူး။
သူ့ကို အသုံးပြုမယ်ဆိုရင် လျှပ်စစ်မီး (သို့မဟုတ်)
Powerbank ကဲ့သို့သော အားပေးနိုင်တဲ့ ပစ္စည်းတစ်ခုခုလို
ပါတယ်။ Device ၇ခု ၈ခုလောက်ထိ ချိတ်ဆက်အသုံးပြုနိုင်
ပါတယ်။ လူနည်းနည်းပဲသုံးမယ်၊ စျေးအများကြီးလဲ မသုံး
ချင်တဲ့ သူတွေအတွက် သင့်တော်ပါတယ်။
MPT ၊ Telenor ၊ Ooredoo ၊ Mytel ကြိုက်နှစ်သက်ရာ
ဆင်းကတ်ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

(2) Mini-Wifi စက် အမဲလေးကတော့ 2100 Mah Battery
ပါဝင်ပါတယ်။အားအပြည့်သွင်းထားရင် StandBy
ထားမယ်ဆိုနာရီ (၅၀)လောက် ထားလို့ရပြီး ဆက်တိုက်
အသုံးပြုမယ်ဆို ၅/၆နာရီလောက်ထိ အသုံးခံပါတယ်။ Device ၁၀ ခု ၁၅ခုလောက်ထိ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။
MPT ၊ Telenor ၊ Ooredoo ၊ Mytel ကြိုက်နှစ်သက်ရာ
ဆင်းကတ်ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

(3) Mini-Wifi စက် အဖြူလေးကလည်း 3000Mah
Battery ပါဝင်ပါတယ်။ အားအပြည့်သွင်းထားရင်
StandBy ထားမယ်ဆိုနာရီ (၆၀)လောက် ထားလို့ရပြီး
ဆက်တိုက်အသုံးပြုမယ်ဆို ၁၀/၁၂နာရီလောက်ထိ
အသုံးခံပါတယ်။5G Wifiအမျိုးအစားဖြစ်လို့ လိုင်းဆွဲအား
အထူးကောင်းမွန်ပြီး Device ၁၀ခု၊ အခု၂၀လောက်ထိ
ချိတ်ဆက်အသုံးပြု နိုင်ပါတယ်။
MPT ၊ Telenor ၊Ooredoo ၊ Mytelကြိုက်နှစ်သက်ရာ
ဆင်းကတ်ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

🟩 ဘယ်လိုအသုံးပြုရတာလဲ❓

❇️ စက်လေးထဲကိုsim card လေးထည့်ပြီး ပါဝါဖွင့်လိုက်
ရုံပါဘဲ....

ရိုးရိုးsim card ထည့်သုံးသင့်လား❓ wifi sim card
ထည့်သုံးသင့်လား❓

❇️ ရိုးရိုး operator sim card လေးတွေထည့်သုံးမယ်ဆို
ရင်သုံးရင်သုံးသလောက်ကုန်မှာပါ...

❇️ Wifi sim card ဆိုတာတစ်လတစ်ခါလစဉ်ကြေးသွင်း
ရတဲ့cardလေးတွေမို့ ရိုးရိုးsim card တွေထပ်စာရင်ပိုပြီး
တော့သက်သာပါတယ်....

Wifi sim card ကိုဖုန်းထဲထည့်သုံးတာနဲ့စက်ထဲထည့်သုံး
တာကဘာကွာလို့လဲ❓

❇️ ဖုန်းထဲကို wifi sim card ထည့်သုံးမယ်ဆိုရင်တစ်ခြား
ဖုန်းတွေကို hotspotလွင့်ပြီးတော့သုံးလို့ရပေမဲ့ သုံးတာများ
ရင်လိုင်းကျတတ်ပြီး hotspotလွင့်တဲ့ဖုန်းကိုအပူချိန်တက်
စေတာကြောင့်ဖုန်းကိုပါထိခိုက်နိုင်ပါတယ်....

❇️ စက်ထဲထည့်သုံးမယ်ဆိုရင်တော့စက်လေးကsim card
မှာပါတဲ့ data ကို wifi သဘောမျိုးနဲ့လူဦးရေများများသုံး
လို့ရအောင်ပြန်လွင့်ပေးတာဖြစ်တဲ့အတွက်ကြောင့်လိုင်းလည်း
ကျတာတွေလည်းမဖြစ်တတ်ပါဘူး....

🟩 Setup & Manage လုပ်ရတာရောလွယ်ရဲ့လား❓

❇️ Computer နဲ့ Web Interface ကိုအသုံးပြုနိုင်ပါတယ်။
Specification နဲ့ features တွေကတော့....

✅ 2.4GHz(single band)ဖြစ်ပြီးတော့ 150Mbps ထိ
signal Rate ရပါတယ်။
✅ Download speedကတော့ 150Mbpsထိဆိုတော့.....
Game ပဲဆော့မလား ၊ Zoom Class ပဲ Joinမလား၊
Facebook , YouTube ပဲကြည့်မလား လိုင်းလုံးဝ
မထစ်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

------------------------------------------------

🎁🎁မှာယူလိုပါက ......
(၁)နာမည်
(၂)အိမ်လိပ်စာအတိအကျ
(၃)ဖုန်းနံပါတ်တို့ကို Cbသို့ပေးပို့မှာယူနိုင်ပါတယ်။

🏠🏠ဆိုင်လိပ်စာ။ ။
SMART WORLD Gadgets And Electronics
အမှတ်(၅၆၉/B)၊ ကမ္ဘာအေးဘုရားလမ်း ၊
[ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်၊ Areca Hotel အနီး]
မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ။
[အနီးဆုံးမှတ်တိုင် - ကမ္ဘာအေးဘုရားမှတ်တိုင်]

#ဝိုင်ဖိုင် mini wifi



Address

Yangon

Website

Alerts

Be the first to know and let us send you an email when WiFi စက် ရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share