25/03/2018
မူရင်းပို့စ် ပိုင်ရှင်အား အစဉ်လေးစားလျှက်
Toyota Hilux Vigo
🚘🚘🚘🚘🚘
👑 Toyota ရဲ့ Hilux series ကနေ အဆင့် မြင့်တင် လာတဲ့ Vigo မျိုးဆက်ဟာ
1998 မှာ စတင် အသက်ဝင်ခဲ့ပါတယ်။
မြန်မာပြည်မှာ ခေတ်အဆက်ဆက် လူကြိုက်များ ခဲ့တဲ့ Hilux ရဲ့ နောက်မော်ဒယ်ပါပဲ။
ဟိုင်းလတ် ဆိုရင် မြန်မာတွေ ကြိုက်ခဲ့တာ
၁၉၇၈ မော်ဒယ် မီးသီး အဝိုင်းနဲ့ လေးချိတ် / ငါးချိတ် ကနေ စတင်ခဲ့ကြပါတယ်။
☑ First Generation N10 (1968-1972)
➽ မြန်မာ့လက်စွဲ ဟီးနိုးရဲ့ Hamaru စက်ရုံမှာ စတင် တပ်ဆင် ထုတ်လုပ်တဲ့ ဒီမျိုးဆက်ဟာ ဂျပန်ရဲ့ ရောင်းတန်းဝင် လူကြိုက်များ pick up ကား ဖြစ်ခဲ့ ပါတယ်။
အရင် ဟီးနိုး ကထုတ်ပြီး ရောင်းချတဲ့ Stout အမျိုးအစား pick up ကားနေရာမှာ အစားထိုး ထုတ်ပေးတာ ဖြစ်ပါတယ်။
အင်ဂျင်အနေနဲ့
1.5L 2RI4 နဲ့
2.0L 18R I4 တို့ကို
4 speed manual ဂီယာနဲ့ တပ်ဆင် ထုတ်လုပ် ပါတယ်။
☑ Second Generation N20 (1972-1978)
➽ 3 speed auto transmission စတင်တပ်ဆင် ပေးခဲ့တဲ့ မော်ဒယ်ပါ။
RN20/25 ဆိုတဲ့ အမျိုးအစားတွေဟာ 1.6L 12R I4 အင်ဂျင်တပ်ဆင်ပြီး
RN22 မှာတော့ 2.0L 18R I4 အင်ဂျင် တပ်ဆင်ပေး ပါတယ်။ Manual gear မှာတော့ 4/5 speed ကြိုက်ရာ တပ်ဆင်လို့ ရပါတယ်။
☑ Third Generation N30/N40 (1978-1983)
➽ မြန်မာတွေ နှစ်သက်စွာ စီးနင်းအသုံးပြုခဲ့ဖူးတဲ့ လေးချိတ် / ငါးချိတ်ခေါ် ဟိုင်းလတ် ရှေ့မီး နှစ်လုံး အကြီးနဲ့ ရုပ်လေးတွေ ပေါ့။ အရင်မော်ဒယ်တွေ တုန်းက ရှေ့မီးဟာ ၄ လုံးပါပါတယ်။ 4WD စတင် ထုတ်ခဲ့တဲ့ မော်ဒယ်, crew cab ( double cab) စတင် ထုတ်ခဲ့တဲ့ မော်ဒယ်ပါ။
ထူးထူးခြားခြား 2.2L L စီးရီး ဒီဇယ် အင်ဂျင်နဲ့လည်း တပ်ဆင် ထုတ်လုပ်ပါ သေးတယ်။
Bucket seat, two speaker , chrome front and rear bumpers and tailgate ဒါတွေကတော့ တိုယိုတာက ထည့်ပေးထား ပါသေးတယ်။ Cruise Control, power steering and aircon တို့ကတော့ ထပ်ထည့်မယ် ဆို လည်း ဝယ်ထည့်ခွင့်ရှိပါတယ်။
☑ Fourth Generation N50/N60/N70 (1983-1988)
➽ ဒီမော်ဒယ်မှာတော့ ရှေ့ခန်းကို ၆ လက်မလောက် ရှည်ထုတ်ပြီး ပစ္စည်းထားဖို့ နေရာ ပိုလုပ်ပေးထား ပါတယ်။ ဒီဇယ်အင်ဂျင်တပ် ကား အများအပြား ရောင်းချခဲ့ပါတယ်။
ဓါတ်ဆီအင်ဂျင် အနေနဲ့ 1.6L 1Y, 2.0L 3Y, 2.4L 22R, 3.0L 3VZ V6 အပြင်
ဒီဇယ်အင်ဂျင်တပ် 2.4 L 2L , 2.4L 2L-T TURBO ဆိုပြီးလည်း ရောင်းချခဲ့ပါတယ်။
Regular, Xtracab and SR5 ဆိုပြီး ဘေယ်ဒီ အကျယ် ၃ မျိုးနဲ့ ထုတ်လုပ်ပါတယ်။
☑ Fifth Generation N80-N110 (1988-1998)
➽ ဒီ မျိုးဆက်မှာ ထူးခြား သွားတာက နောက်ခန်း ဟာ ဘီးနေရာစာ မယူတော့ပဲ အပေါ်ကို မြင့် လိုက်တဲ့အတွက် ပစ္စည်းတင်ရတာ ပိုပြီး သက်တောင့် သက်သာ ရှိသွားပါတယ်။ ကားရဲ့ ရှေ့ဘီးနဲ့ နောက်ဘီး အကွာအဝေးက အများကြီး ဆန့်ထုတ်လိုက်တဲ့ အတွက် မောင်းရတာ ပိုမို သက်တောင့်သက်သာ ရှိသွားပါတယ်။ ထူးထူးခြားခြား အနေနဲ့ကတော့ နာမည်ကြီး 3L diesel အင်ဂျင်ကို စတင်တပ်ဆင်ပေး ခဲ့တာပါ။
☑ Sixth Generation N140-N160 (1998-2005)
➽ ထိုင်း နိုင်ငံမှာ စတင်ထုတ်လုပ်တဲ့ Hilux အမျိုးအစား တစ်ခုပါ Tiger လို့လည်း ခေါ်ကြ ပါတယ်။ EFI စနစ်တပ် ကားတွေကို ထိုင်းနိုင်ငံမှာ ထုတ်လုပ်ပြီး အာရှနဲ့ဥရောပ ကို တင်ပို့ ရောင်းချ ခဲ့ပါတယ်။
ဓါတ်ဆီ အင်ဂျင်အနေနဲ့ 2.4L နဲ့ 3.4L V6 တို့ ရနိုင်ပြီး ဒီဇယ်အနေနဲ့ 2.8 L 3L, 3.0L 5L, 1KZ D-4D တို့နဲ့ တပ်ဆင် ထုတ်လုပ်ပါ သေးတယ်။
Hilux sport rider ဆိုတဲ့ SUV မျိုးကွဲ တစ်မျိုး ကိုလည်း စတင် ထုတ်လုပ်ပါတယ်။
☑ Seventh Generation AN10/AN20 (2005-2015)
➽ လက်ရှိ အချိန်မှာ ခေတ်အစားဆုံး နဲ့ လူကြိုက်များ ကြတဲ့ မော်ဒယ် Vigo လို့ခေါ်တဲ့ မော်ဒယ် ဖြစ်ပါ တယ်။ အဓိက အားဖြင့် ထိုင်း နဲ့ အင်ဒို မှာသာ တပ်ဆင် ထုတ်လုပ်ပြီး တစ်ကမ္ဘာလုံး တင်ပို့ ရောင်းချပါတယ်။
ဂျပန်နိုင်ငံမှာ ထုတ်လုပ်ခြင်း မရှိတော့တဲ့ အတွက် ဂျပန် ကားဟောင်း ဈေးကွက်မှာတော့ ဝယ်ယူလို့ မရနိုင်တဲ့ အမျိုးအစား ဖြစ်လို့ အိမ်နီးချင်း ထိုင်း နယ်စပ် ကုန်သွယ်စခန်း ကနေ တင်သွင်း ခွင့်ပြု ထားပါတယ်။ နှစ်ပေါင်းများစွာ အဆင့်မြှင့်လာခဲ့တဲ့ မျိုးဆက်တစ်ခုဟာ SUV နီးပါး အဆင့်မြင့်လာခဲ့ပါပြီ။
ဓါတ်ဆီ အင်ဂျင်အနေနဲ့
2.0L 1TR-FE I4,
2.7L 2TR-FE I4 နဲ့
4.0L 1GR-FE V6 တို့ နဲ့ ရနိုင်ပြီး ဒီဇယ်အင်ဂျင်အနေနဲ့ ကတော့
2.5L2KD-FTV,
3.0L 1KD-FTV နဲ့ တပ်ဆင်ထုတ်လုပ်ပါတယ်။
လက်ရှိ မြန်မာပြည် မှာတင်သွင်းခွင့် ရထားတဲ့ single cab နဲ့ Xtracab အကြောင်းလေး ပိုပြီး အသားပေး ပြောပါရစေ။
Vigo Single Cab
🚨🚨🚨
➽ Single cab မှာကတော့ အော်တိုဂီယာနဲ့ မထုတ်ပါဘူး , မန်နူရယ်ဂီယာ ၅ ချက် , နောက်ဆွဲ 4x2 , Chassis KUN16R-TRMDYT နဲ့ ထွက်ပါ တယ်။ 2.7 Engine တပ်တွေမှာတော့ TGN16R ထွက်မှာပါ။ အဓိက ကတော့ power steering ဖြစ် မဖြစ်ကို နောက်ဆုံး စာလုံး A or B နဲ့ ခွဲကြပါတယ်, B5 ဆိုရင် ပါဝါ စီယာရင်ပါ။
Vigo Extra smart cab
🚨🚨🚨
➽ သူကတော့ ရင်ခွဲအမျိုးအစား တံခါး လေးပေါက်နဲ့ နောက်မှာ လူထိုင်ဖို့ တစ်ခန်း အပိုပါလာပါတယ်။ နောက်ဆွဲ 4x2 , ရှေ့ဆွဲ 2x4 နဲ့ ဖိုးဝှီး 4x4 ဆိုပြီး ၃ မျိုး ခွဲထားပါသေးတယ်။
ဂရိတ်အနေနဲ့ J / E / G ဆိုပြီး ရှိပါတယ်။
အရောင် ၆ ရောင်ထိ ထုတ်ပေး ထားပြီး super white နဲ့ silver metallic တွေကတော့ လူကြိုက်များ တဲ့ အရောင်တွေပါ။
2008 မှာ ရုပ် အနည်းငယ်ပြောင်းပြီး 2011 မှာတော့ ထူးထူးခြားခြား ရုပ်ပြောင်းတဲ့ အမျိုးအစား ထွက်လာပါတယ်။
☑ J Grade
➽ ဒီဂရိတ်ကတော့ ရှားပါး စာရင်းဝင် ဂရိတ်လို့ ပြောရမလိုပါပဲ။ စတင်ထုတ်တဲ့ အချိန်ကနေ ပြီး အခုထိ အစီးရေ ၂ ထောင်ကျော်သာ ထုတ်လုပ်ရောင်းချထားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ 2.7 L အင်ဂျင်တပ် မှန်လက်လှည့်/ သံဂွေ ဘီးဖုံး နဲ့ radio FM စသဖြင့် ပါဝင်ပစ္စည်း အနည်းငယ်သာ ထည့်သွင်း ပေးထားပါတယ်။
☑ E Grade
➽ ဒီဂရိတ်မှာတော့ ထိုင်ခုံတွေက စပြီး ပြောင်းသွားပါပြီ။ Airbag တစ်လုံး ပါလာမယ်, power steering , CD player , ABS နဲ့ ၁၅ လက်မ အလွိုင်း ပါဝင်လာပါမယ်။
ဓါတ်ဆီ အင်ဂျင် တပ် E ဂရိတ် မှာ 2.5 L နဲ့သာ လာပါတယ်။
ဒီဇယ်အင်ဂျင်တပ် E grade မှာတော့ 2.5 နဲ့ အပြင် 3.0 ကို Non Intercooler type နဲ့ လည်း လာပါတယ်။
~ E ဂရိတ်မှာ မန်နူရယ်ဂီယာ ၅ ချက်နဲ့ 4x4 အတွက် part time 4WD ကတော့ optional ဖြစ်ပါတယ်။
☑ G Grade
➽ ဒီဂရိတ်ကတော့ လူကြိုက်အများဆုံး အရောင်းရဆုံး နဲ့ အစုံဆုံး ဂရိတ် ဖြစ်ပါတယ်။
Airbag နှစ်လုံး, ABS,
Spotlight, Remote key,
Alarm & immobilizer,
6 disc CD player, Nickle cover,
front bumper cover နဲ့
16 inch alloy စသဖြင့် စုံလှပါတယ်။
~ G ဂရိတ်မှာသာ အော်တိုဂီယာ နဲ့လည်း လာသလို မန်နူရယ် ၅ ချက် နဲ့လည်း လာပါတယ်။
ဓါတ်ဆီ အင်ဂျင်မှာတော့
3.0 L မှာသာ G ဂရိတ်နဲ့ ရနိုင်ပြီး
ဒီဇယ်မှာတော့ အမျိုးစုံ G ဂရိတ်ရှိပါတယ်။ အင်ဂျင်အနေနဲ့
2.5 L , 3.0L non Intercooler ,
3.0L Intercooler ,
3.0L Intercooler turbo အပြင်
VNT ( variable nozzle turbine) လို့ခေါ်တဲ့ turbo စနစ်မျိုးပါ တပ်ဆင်ရနိုင်ပါ သေးတယ်။
~ G grade မှာ TRD ဆိုတဲ့ ဂရိတ်ခွဲ ချယ်ဆီကွဲ တစ်ခုလည်း လာပါသေးတယ် (GGN25R) နဲ့ထွက်ပါတယ်။
• ဒီဂရိတ်ရဲ့ double cab version မှာတော့ CD player အစား DVD player , 7 inch touch screen TV and backcam တပ်ဆင်ပေးပါတယ်။
☑ Eighth Generation AN120/AN130
(2015-present)
👑 Thailand / Laos နိုင်ငံတို့မှာ ထုတ်လုပ် လျှက်ရှိတဲ့ နောက်ဆုံး မျိုးဆက် ဖြစ်ပါတယ်။ ဒီမော်ဒယ်မှာတော့ အင်ဂျင်ပါဝါ 4.0 L ထိ တိုးမြင့် ထုတ်လုပ်လျှက်ရှိပါတယ်။
👑 ဒီလောက်ဆိုရင်တော့ Toyota ရဲ့ သက်တမ်းရှည် Hilux မျိုးဆက် Vigo အကြောင်း အနည်းငယ် သိရှိပြီလို မှတ်ယူပါရစေ။
ဗဟုသုတတိုးစေဖို့ ရည်ရွယ်ပါတယ်
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》
ဝေယံ