Myanmar Smart Entrepreneur - MSE

Myanmar Smart Entrepreneur - MSE Learning to Start a Smart Business/ Smart Life

စာရင်းပေးသွင်းရန် 👇👇👇m.me/BurmaAds03ဝင်ရောက်လေ့လာရန် 👇👇👇https://www.facebook.com/BurmaAds02/
11/07/2021

စာရင်းပေးသွင်းရန် 👇👇👇
m.me/BurmaAds03
ဝင်ရောက်လေ့လာရန် 👇👇👇
https://www.facebook.com/BurmaAds02/

28/09/2020
26/09/2020
25/09/2020
01/09/2020
သင်ဝမ်းနည်း စိတ်အားငယ်နေတဲ့အခါ အိပ်ယာထဲမှာ အိပ်ပြစ်ပြီး ‌အချိန်ကုန်လိုက်တာက သင့်အတွက် တကယ်ထိရောက်တဲ့ နည်းလမ်း ဟုတ်ရဲ့လား...
26/08/2020

သင်ဝမ်းနည်း စိတ်အားငယ်နေတဲ့အခါ အိပ်ယာထဲမှာ အိပ်ပြစ်ပြီး ‌အချိန်ကုန်လိုက်တာက သင့်အတွက် တကယ်ထိရောက်တဲ့ နည်းလမ်း ဟုတ်ရဲ့လား

ခဏခဏ ဝမ်းနည်းတတ်တဲ့ မင်မင် ရှာဖွေတွေ့ရှိ အသုံးပြုတဲ့ နည်းလမ်းလေးကို မျှဝေပေးမှာဖြစ်လို့ ကြိုးစားကြည့်လိုက်ရအောင်နော်

၁။ အိပ်ယာစောစောထပါ
ဝမ်းနည်းနေလို့ အိပ်ယာထဲ အကြာကြီးအိပ်နေတာက စိတ်ကို ကုစားရာမရလို့ လန်းလန်းဆန်းဆန်းစတင်ရမယ့် သင်ရဲ့မနက်ဖြန်တွေ အတွက် စော‌စောထပြီး အားကစားလုပ်တာဖြစ်ဖြစ်၊ စားကောင်းတာလေးတွေ ထချက်ပြုတ်တာဖြစ်ဖြစ် စိတ်နှစ်ပြီး လုပ်ကြည့်ပါနော်

၂။ အိမ်သန့်ရှင်းရေးလုပ်ပါ
မရှင်းတာကြာတဲ့ စာအုပ်စင်ဖြစ်ဖြစ် မလျော်တာကြာတဲ့ အိပ်ယာခင်းတွေကို လျော်ဖြစ်တာဖြစ်ဖြစ် မြင်နေရတဲ့ ကိုယ့်မြင်ကွင်းလေး ရှင်းသွားအောင် စိတ်လည်း ကြည်သွားအောင် သန့်ရှင်းရေး လုပ်ကြမယ်နော်

၃။ လှအောင်နေပါ
ပုံမှန်အလှမပြင်ရင်တောင် ဒီလိုအချိန်လေးတော့ လှလှလေးပြင်ကြည့်ပါ အိမ်ထဲမှာပဲ နေမယ်ဆိုရင်တောင် မျက်နှာချီးချွတ် ပေါင်းတင်တာတို့ Skincare တာတို့ လုပ်ပါနော်

၄။ သီချင်းတွေ နားမထောင်ပါနဲ့
ဝမ်းနည်းနေတဲ့အချိန်မှာ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းတွေပဲ ရွေးနေတတ်လို့ သီချင်းနားထောင်တာတွေ မလုပ်ပါနဲ့ ( အိမ်သန့်ရှင်းရေးလုပ်ရင်း သီချင်းဖွင့်ကနေတာမျိုးဆိုရင်တော့ လည်း တစ်မျိုးပေါ့လေ)

၅။ တရားမနာပါနဲ့
ဝမ်းနည်းနေတဲ့အချိန် ဘာမှ နှလုံးမသွင်းနိုင်ပါဘူး တရားတွေနာမနေပါနဲ့ လူမှုရေးတရားဟောတတ်တဲ့ သူတွေကိုလည်း ဝေးဝေးရှောင်ပါလေ

၆။ ကိုယ့်ကိုချစ်တဲ့သူတွေကို အချိန်ပေးပါ
ဝမ်းနည်းတာတွေ ရင်ဖွင့်ငိုဖို့မဟုတ်ဘူးနော် Positive Thinking ရှိတဲ့ ကိုယ်ချစ်တဲ့သူ‌‌တွေနဲ့ ဆက်သွယ်စကားပြော ဝေးခေးဝါးလား လုပ်ဖို့ ပြောတာပါ

ဝမ်းနည်းတဲ့နေ့တွေကို အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေ

MSE

ဟစ်တလာဟာ ငယ်စဉ်က ဂျာမနီမြေပုံကိုကျောင်းရောက်တိုင်းကြည့်ပြီး မြေပုံကိုချဲ့ချင်ကြောင်း အိပ်မက်တစ်ခု ရှိခဲ့တယ်ဆရာနဲ့ သူငယ်ခ...
24/08/2020

ဟစ်တလာဟာ ငယ်စဉ်က ဂျာမနီမြေပုံကိုကျောင်းရောက်တိုင်းကြည့်ပြီး မြေပုံကိုချဲ့ချင်ကြောင်း အိပ်မက်တစ်ခု ရှိခဲ့တယ်

ဆရာနဲ့ သူငယ်ချင်းတွေ ဝိုင်းရယ်ခဲ့ကြတာတောင်မှ သူဟာ သူ့ရဲ့အိပ်မက်ကိုပဲ စူးစိုက်ပြီး တစ်နေ့ လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ ပန်းတိုင်ထားခဲ့တယ်

ဟစ်တလာ အသက် ၁၃နှစ်အရွယ်
ပဲရစ်ကို အလည်တုန်းက ဗေဒင်သွားမေးခဲ့တယ်

သူဟာ လက်ဝါးမှာ အောင်မြင်ရေးလမ်းကြောင်းမပါလို့ အကြီးအကျယ်အောင်မြင်မယ့်သူမဟုတ်ဘူးလို့ ဟောခဲ့တာ‌ကြောင့် ခဲတံချွန်ဓားနဲ့ ဗေဒင်ဆရာပြောတဲ့ အောင်မြင်ရေးလမ်းကြောင်းကို သွေးပန်းထွက်တဲ့အထိ ထင်းနေအောင် နက်နက်လေး ဆွဲခဲ့တယ်

ဗေဒင်ဆရာက ဟောတယ် ခဲ့တယ်
"မင်း အောင်မြင်မှာသေချာတယ် ကလေးတဲ့
မင်းလက်ဝါးပေါ်ကလမ်းကြောင်းကြောင့်
မဟုတ်ဘူး
မင်းရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကြောင့်ပါ"......တဲ့

အိပ်မက်မက်ပါ ပန်းတိုင်ထားပါ ပြင်းထန်တဲ့စိတ်နဲ့ကြိုးစားပါ

MSE

လူတွေ အမေးများတဲ့ မေးခွန်းလေးပေါ့ဝန်ထမ်းဘဝကို အဆုံးသတ်ချင်ပြီ ကိုယ်ပိုင်စီးပွားရေးလေး လုပ်ချင်ပါတယ် ဘာစီးပွားရေး လုပ်ရင်...
22/08/2020

လူတွေ အမေးများတဲ့ မေးခွန်းလေးပေါ့

ဝန်ထမ်းဘဝကို အဆုံးသတ်ချင်ပြီ ကိုယ်ပိုင်စီးပွားရေးလေး လုပ်ချင်ပါတယ် ဘာစီးပွားရေး လုပ်ရင်ကောင်းမလဲ?

အရင်းအနှီးလေးတော့ ဒီလောက်ရှိပါတယ် ဘာစီးပွားရေးလုပ်ငန်းလေးများ လုပ်ရမလဲ?

နေ့စဉ်ဝင်ငွေလေး ဘယ်လောက်လိုချင်ပါတယ် ဘာလုပ်ငန်းလေးများ လုပ်ရမလဲ?

အကြံဉာဏ်တောင်းတဲ့ မေးခွန်းလေးတွေ အမြဲလိုလို တွေ့နေရလို့ အကြံပေးလိုက်ပါတယ်နော်

ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်ဖို့ စဉ်းစားတဲ့ အခါ မှာ ကိုယ့်က အဲ့လုပ်ငန်းမှာ ဘယ်လောက်အထိကျွမ်းကျင်လဲ အကျွမ်းတစ်ဝင်ရှိလဲ ဒါမှမဟုတ် ကျွမ်းကျင်ဖို့ ဘယ်လောက်အထိ လေ့လာရအုန်းမလဲ အရင်ဦးဆုံးစဉ်းစားရပါမယ်

ဘယ်အရာမဆို ဘေးကကြည့်ရင် လွယ်သယောင်ထင်ရပေမယ့် တကယ်တမ်းကိုယ်တိုင် လုပ်ကြည့်တာအခါ မထင်ထားတဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေ ကြုံလာနိုင်လို့ ကျွမ်းကျင်တဲ့ ရင်နှီးကျွမ်းဝင်တဲ့ လုပ်ငန်းအမျိုးအစားကို ရွေးချယ်ပြုလုပ်သင့်ပါတယ်နော် မကျွမ်းကျင်သေးရင် ဝန်ထမ်းဘဝနဲ့ လုံလောက်အောင် ‌သင်ယူတာဖြစ်စေ ရင်နှီးကျွမ်းဝင်လာအောင် ကိုယ်တိုင်ဝင်လုပ်ကြည့်နိုင်တဲ့ အချိန်တစ်ခု ယူသင့်ပါတယ်

နံပါတ် ၂ အနေနဲ့က‌တော့ ကိုယ့်ဝင်မယ့် Field မှာ ကိုယ့်အနေနဲ့ Network ဘယ်လောက်အထိ ရှိနေပြီလဲ သုံးသပ်ရပါမယ်။

စီးပွားရေးလုပ်တဲ့အခါမှာ Service တွေ Product တွေက အရေးကြီးသလို Client ရှာဖွေဖို့အတွက်လည်း Social Network ကလည်း အရေးပါလှတာဖြစ်လို့ ကိုယ့်လုပ်မယ့်လုပ်ငန်းအတွက် အားသက်သ‌ရောအားပေးမယ့် သူငယ်ချင်း မိတ်ဆွေတွေ များများရှိဖို့ Network တစ်ခု တည်ဆောက်ထားပါ

နံပါတ် ၃ ကတော့ ငွေအရင်းအနှီးပါ ကိုယ့်ဆီမှာ လုပ်ငန်းအတွက် သီးသန့်ရင်းနှီးမြှုတ်နှံဖို့ သီးသန့်ငွေ ခွဲထားဖို့ လိုအပ်ပါတယ်

လုပ်ငန်းအတွက်ငွေက ကိုယ်ပိုင်ငွေနဲ့ ခွဲထားရမှာဖြစ်လို့ ကိုယ်စတင်မယ့်လုပ်ငန်းအတွက် ဘယ်လောက်ရင်းနှီးမြှုတ်နှံမလဲ သီးသန့်ခွဲထားဖို့ လိုအပ်ပါတယ်နော်

ဒီ ၃ ချက် အဆင်သင့်ဖြစ်ပြီဆိုရင်တော့ သင်ဟာ အောင်မြင်တဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုစတင်ဖို့ အနီးစပ်ဆုံးဖြစ်နေပြီဖြစ်လို့ ဘာစီးပွားရေးလုပ်မလဲ ရွေးချယ်လိုက်ကြရအောင်နော်

MSE

ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်ထောင်ဖို့ ဘယ်ကစရမှန်းမသိဖြစ်နေပြီလား?ကိုယ်ပိုင်စီးပွားရေးတစ်ခု အောင်မြင်ဖို့ ဘာတွေလိုအပ်နေတ...
17/08/2020

ကိုယ်ပိုင်စီးပွားရေးတစ်ခု တည်ထောင်ဖို့ ဘယ်ကစရမှန်းမသိဖြစ်နေပြီလား?

ကိုယ်ပိုင်စီးပွားရေးတစ်ခု အောင်မြင်ဖို့ ဘာတွေလိုအပ်နေတာလဲ?

စတင်လိုက်တဲ့ စီးပွားရေးတစ်ခု လူပင်ပန်းသလောက် အမြတ်မကျန် ဖြစ်နေလား?

ပြောင်းလဲတိုးတက်နေတဲ့ ပြိုင်ဘက်တွေကြားမှာ ဘယ်လိုထိုးဖောက်အောင်မြင်နိုင်မလဲ?

လုပ်ငန်းအတူတူလုပ်တဲ့ မိတ်ဆွေတွေကြား မျှတအောင် ဘာစည်းလေးတွေ ထားရမလဲ?

? ? ? ? ?

MSE မှာ သင်ယူပြီး ပြန်လည်သုံးချရင်း ကျော်ဖြတ်အောင်မြင်ဖို့အတွက် သင့်တို့ကို ဖိတ်ခေါ်လိုက်ပါတယ်နော်

MSE Program မှာ ဘာတွေ သင်ယူနိုင်မလဲ?

လုပ်ငန်းတစ်ခုတည်ထောင်ရာမှာ လေ့လာထားသင့်တဲ့
👉 Planning and Organizing Skills
👉 Sales and Marketing Skills
👉 Human Resource Management Skills
👉 Financial Management Skills
စတဲ့ စီမံခံ့ခွဲသူတို့ သိအပ်တဲ့ အတတ်ပညာများကို မြန်မာလို ရှင်းရှင်းလင်းလင်း သင်းကြားရမှာ ဖြစ်လို့ အင်္ဂလိပ်စာ အားနည်းတဲ့သူတွေတောင် နားလည်လွယ်လို့ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်

MSE Program မှာ ပါဝင်ပြီးရင် ဘာတွေ တိုးတက်လာမလဲ?

👍 စီးပွားရေးကို မဟာဗြူဟာကျကျ ပြုလုပ်တတ်လာမယ်
👍 ကိုယ်နဲ့ ဝါသနာတူ သူငယ်ချင်းတွေ စီးပွားရေးမိတ်ဖက်တွေ ရလာမယ်
👍 အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ရတဲ့ ကစားနည်းတွေ ပါဝင်လို့ အသင်းအဖွဲ့ စိတ်ဓာတ်တွေ ရလာမယ်
👍 ခေါင်းဆောင်မှုစွမ်းရည်တွေ မြင့်တက်လာမယ်
👍 ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ မိမိရဲ့ အားသာချက်တွေ တွေ့လာမယ်
👍 သင်တန်းပြီးသွားတာတောင် အမြဲအဆက်အသွယ်မပြတ်ရှိနေအောင် စီစဉ်ပေးထားလို့ စီးပွားရေးအခွင့်အလမ်းအတွက် အသုံးဝင်ပါတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Myanmar Smart Entrepreneur - MSE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share