Junior Linn Online Multimedia Group

Junior Linn Online Multimedia Group Future Technology it

မဂၤလာပါ...
ကျွန်တော်များ JL Online Multimedia Group မှ လူကြီးမင်းတို့ လုပ်ငန်းများအတွက် လိုအပ်နေသော Business Advertising Services များကို အမြန်ဆုံးနှင့် အကောင်းဆုံး စေတနာထား၍ ၀န်ဆောင်မှုပေးပါသည်။

ဆက်သွယ်ရန် -
09 789 299 485, 09 264 692 276

အမှတ်.၅၊ ၃လွှာ၊ မဟာဘောဂလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

01/03/2021
How to draw Business Plan 💡2021 Business plan 📝 Business plan ဆွဲတိုင်း မပါမဖြစ်အချက် 4ချက်  1.  RESEARCH - Consumer တွေ...
04/12/2020

How to draw Business Plan
💡2021 Business plan 📝

Business plan ဆွဲတိုင်း မပါမဖြစ်အချက် 4ချက်

1. RESEARCH - Consumer တွေရဲ့ needs & want ကို survey လုပ်ရပါမယ်။
2. SKILL - ကိုယ်လုပ်ကိုင်မယ့် Industry တစ်ခုလုံး ကျွမ်းကျင်မှုရှိရမယ်။
3. PESTLE Analysis - Environment analysis လို့ခေါ်တဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး နည်းပညာ စတဲ့ အပြောင်းအလဲတွေပေါ်မူတည်ပြီး တည်ဆောက်ရပါမယ်။

4. Problem Solving - အရေးအကြီးဆုံးနောက်တစ်ချက်က လုပ်ငန်းတစ်ခုပဲစ အရောင်းအဝယ်စီးပွားရေးပဲလုပ် လုပ် Consumer တွေရဲ့ တကယ်လိုအပ်‌နေတဲ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ လုပ်ငန်းဖြစ်ရပါမယ်။

01/09/2020
10/07/2020
30/06/2020
28/06/2020

COVID 19 ကာလအတွင်း Brand တွေအနေနဲ့
တုန့်ပြန်ဆောင်ရွက်သွားသင့်တဲ့ အချက် ၆ ချက်
-----------------------------------
Covid 19 ဟာ ကာလတိုတစ်ခုအတွင်းမှာပဲ လူတွေရဲ့နေမှုပုံစံကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ တစ်ဦးနှင့်တစ်ဦးနီးကပ်ဆက်စပ်စွာရှိနေရာက ဝေးကွာစေခဲ့တယ်။ တစ်ဦးနှင့်တစ်ဦးမယုံသင်္ကာစိတ်နှင့် မလုံခြုံမှုကိုခံစားရစေတယ်။ အနာဂတ်ဟာ ရေရာသေချာမှုမရှိပဲ ေေ၀ဝါးထွေပြားနေစေခဲ့တယ်။ ဘရင်းတစ်ချို့ကို မမျော်လင့်တဲ့ အောင်မြင်မှုတွေပေးစွမ်းခဲ့ပြီး တစ်ချို့ဘရင်းတွေကိုတော့ မျော်လင့်မထားတဲ့အတိုင်းအတာအထိ ဆုံးရှုံးသွားစေခဲ့ပါတယ်။

အထူးသဖြင့်လေကြောင်းလိုင်းတွေရဲ့ အဆုံးအရှုံးဟာ ကြီးမားလွန်းတယ်။ Virgin Austalia လေကြောင်းလိုင်းအပါအဝင် အခြားလေကြောင်းလိုင်းတစ်ချို့ကို ဒေဝါလီခံသွားစေတယ်။ လေကြောင်းလိုင်းသမိုင်းရဲ့ နှစ်ပေါင်း ၁၀၀ သက်တမ်းအတွင်း Covid ရဲ့ ရိုက်ချက်ဟာအပြင်းဆုံးလို့ ဆိုကြပါတယ်။ တစ်ပြိုင်တည်းမှာဘဲ တစ်ချို့ဘရင်းတွေကိုတော့ အပေါ်ကိုတွန်းတင်ပေးခဲ့ပြန်တယ်။ Zoom လို ရုပ်သံဆွေးနွေးမှု App ၊ Netflix လို အင်တာနယ်ရုပ်သံဖျော်ဖြေရေးအစီအစဉ်နဲ့ Amazon လို အိမ်တိုင်ယာရောက်ပို့ဆောင်ရောင်းဝယ်ရေးဘရင်းတွေ ကတော့ မျက်နှာသာရခဲ့ပါတယ်။

ဒီလိုအခြေအနေအချိန်အခါမျိုးမှာ ဘရင်းတွေအနေနဲ့ လိုက်လျောညီထွေဘယ်လိုတုံ့ပြန်ကြမလဲဆိုတာ စဉ်းစားကြရပါတယ်။ စားသုံးသူတွေရဲ့ ပြောင်းလဲသွားတဲ့ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေပေါ်မူတည်လို့ ချိန်ညှိဆောင်ရွက်သွားရပါလိမ့်မယ်။
ဒီအခက်အခဲကာလမှာ ဘရင်းတစ်ခုအနေနဲ့ ဘယ်လိုတုံ့ပြန်ဆောင်ရွက်သွားသင့်သလဲဆိုတာကို အောက်ပါအတိုင်း ဝေမျှပေးလိုပါတယ်။

၁။ ဘရင်းကပေးသော သတင်းစကား (Brand Message)ကိုသတိပြုပါ။

ခုအချိန်ဟာ စားသုံးသူတွေအနေနဲ့ အကဲဆတ်တဲ့ကာလဖြစ်ပါတယ်။ ဝန်ဆောင်မှု၊ ဒါမှမဟုတ် ကုန်ပစ္စည်းဘာကိုပဲရောင်းရောင်းစားသုံးသူကိုပေးမဲ့ သတင်းစကား (Brand Message) ကို ပြန်လည်ညှိရမဲ့အချိန်အခါပါ။ ကြော်ငြာတွေမှာပဲဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာက ဆက်သွယ်မှုတွေမှာပဲဖြစ်ဖြစ် အတင်းတွန်းထိုးရောင်း Hard Sale ခြင်းကို လျော့ချပြီး ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ လိုက်ဖက်ညီအောင်ဆွဲဆောင်ရောင်းချ (Soft Sale) တဲ့ သတင်းစကားတွေကို ပိုပေးရမယ့်အချိန်ပါ။

၂။ စားသုံးသူနှင့် အပြန်အလှန်ဆက်သွယ်ခွင့်ကို အပြည့်အဝရယူပါ။

စားသုံးသူတွေအနေဲ့ ဆိုရှယ်မီဒီယာကို ယခင်ကထက်ပိုမို အသုံးပြုလာကြတဲ့ကာလဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာရဲ့ အားသာချက်ဟာ တစ်လမ်းသွားဆက်သွယ်မှုမဟုတ်ပဲ အပြန်အလှန်ဆက်သွယ်လို့ရခြင်း ဖြစ်ပါတယ်။ ဒီအခွင့်အရေးကို အပြည့်အဝရယူသင့်ပါတယ်။ မိမိလုပ်ငန်းဘယ်လို လည်ပတ်နေတယ်။ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဘယ်လိုအလေးထားပြင်ဆင်ထားတယ်။ စားသုံးသူတွေအတွက် ဘယ်လိုအကောင်းဆုံး ဝန်ဆောင်မှုတွေ ပြင်ဆင် ထားတယ်ဆိုတာ အသိပေးလို့ရပါတယ်။ တစ်ပြိုင်နက်ထဲမှာ သူတို့ရဲ့ခံစားမှု သဘောထားတုံ့ပြန်မှုတွေကို သေချာနားထောင်ပါ။ ပြန်လည်ဖြေကြားအသိပေးပါ။ ဒီလိုအခွင့်အရေးကို အရယူဖို့ Online မှာ အမြဲရှိနေပါ။

၃။ ဗီဒီယိုကို အားပြုပါ။

စားသုံးသူအများစုဟာ အိမ်မှာနေရင်း အချိန်ကုန်ဆုံးကြရပါတယ်။ ယခင်ကလို အိမ်ပြင်ကို ထွက်ချင်တိုင်းထွက်ဖို့ အခွင့်မသာသေးတဲ့အချိန်ပါ။ ဒီအချိန်မျိုးမှာ ဗီဒီယိုနဲ့ကြော်ငြာသတင်းပေးတာ ပိုပြီးထိရောက်ပါတယ်။ သတင်းနဲ့မီဒီယာပိုစ့်တွေမှာ ဗီဒီယို PreRoll ဒါမှမဟုတ် Insert ထဲ့တာ၊ မိမိရဲ့ ကိုယ်ပိုင်ဆိုရှယ်မီဒီယာမှာ ကိုယ့်ရဲ့ထုတ်ကုန်နဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး တင်ပြတာ၊ အချိန်အခါလိုက်လျောညီအောင် ဘယ်လိုအသုံးချလို့ရတယ်ဆိုတာ ဗီဒီယိုနဲ့ ပညာပေးသတင်းပေးတာတွေ လုပ်သင့်ပါတယ်။

၄။ မိမိရဲ့ဒီဂျစ်တယ်ဗျူဟာကို ပြန်လည်လည်ဆန်းစစ် ပြင်ဆင်ပါ။

ဒီလိုအချိန်မျိုးမှာ အရောင်းကျမှာသေချာပါတယ်။ အရောင်းကျတာကြောင့် ကြော်ငြာစားရိတ်တွေလျော့ချဖို့ စဉ်းစားမယ်ဆိုရင်တော့ 'နိုး' လို့ ပြောရပါလိမ့်မယ်။ ဒီအချိန်မှာ ကြော်ငြာလက်ခံတဲ့ မီဒီယာတွေအနေနဲ့လည်း အခက်အခဲကာလမို့ သက်သာတဲ့ဈေးနှုန်းကိုညှိယူဖို့ လွယ်ကူပါတယ်။ လူအများဟာ Online မှာ ရှိနေကြမှာမို့ ကိုယ့်ဘရင်းကိုလဲ Online မှာ ရှိနေဖို့ လိုပါတယ်။

တစ်ချိန်တည်းမှာပဲ မိမိရဲ့SEO (Search Engine Optimization) တိုးတက်နေအောင် မိမိရဲ့ Websites ပိုမိုလွယ်ကူမြန်ဆန်ပြီး အမှား (Error) ကင်းရှင်းအောင်၊ ဆိုရှယ်မီဒီယာမှာ မိမိရဲ့တုံ့ပြန်မှုတွေ ထိရောက်မြန်ဆန်အောင်၊ Analytics တွေလို သေချာလေ့လာပြီး ပိုမိုကောင်း မွန်အောင်ပြင်ဆင်ထားသင့်ပါတယ်။ ဒါမှပုံမှန်အခြေအနေ ရောက်တဲ့အခါ မိမိရဲ့ဒစ်ဂျစ်တယ်ဗျူဟာနဲ့ တုန့်ပြန်မှုတွေဟာ အများထက်တစ်ပန်းသာနေမှာဖြစ်ပါတယ်။

၅။ ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲမှု (Digital transformation) ကို ခေါ်ဆောင်ပါ။

ဒီကပ်ကာလဟာ စီးပွားရေးလုပ်ငန်းတွေကို ဒစ်ဂျစ်တယ်ဖက်ကို ပိုမိုတွန်းပို့လိုက်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်က လူတွေဟာ အိမ်ထဲမှာ အလုပ်လုပ်တာထက်ရုံးမှာ မျက်နှာချင်းဆိုင်အလုပ်လုပ်ရတာကို ပိုပြီးနှစ်သက်ကြတယ်။ အလုပ်လဲတွင်ပါတယ်။
ဒီလုပ်နည်းလုပ်ဟန်ဟာ အခုတော့ ပြောင်းလဲသွားပါပြီ။ အိမ်မှာနေရင်းနဲ့ အလုပ်ကို တွင်ကျယ်အောင် လုပ်လို့ရတယ်ဆိုတာသိရှိသွားကြပါပြီ။

Cloud မှာ အချက်အလက်တွေ သိုလှောင်မယ့် Data Management အတွက်နဲ့ ရုံးကိုသွားနေစရာမလိုတော့ဘူး။ AI, Machine Learning ကို အသုံးပြုပြီး တုံ့ပြန်ဆက်သွယ်မယ်။ Online ကနေပြီး စားသုံးသူတွေရဲ့ သဘော ထားကို ရယူမယ်။ ငွေပေးငွေယူလုပ်မယ်။ လစာပေးမယ်။ အားလုံးဟာ ဒစ်ဂျစ်တယ်နဲ့ ဆက်စပ်ပတ်သက်နေပါ တယ်။
ဒါကြောင့် မိမိလုပ်ငန်းနဲ့ ဆက်စပ်ပတ်သက်သမျ ဒစ်ဂျစ်တယ်နဲ့လွယ်ကူလုပ်ကိုင်နိုင်အောင် ပြုပြင်ပြောင်းလဲရပါတော့မယ်။ Digital Transformation လုပ်ထားမှသာ အနာဂတ်နဲ့အံဝင်ခွင်ကျဖြစ်ပါလိမ့်မယ်။

၆။ ဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာ ဦးဆောင်အားပေး လမ်းညွှန်ပါ။

စားသုံးသူများ (External Customer) များကို အလေးထား သလို (Internal Customer) များဖြစ်တဲ့ ဝန်ထမ်းများကို အားပေးထောက်ကူမှုပေးရမယ့် အချိန်ဖြစ်ပါတယ်။ ဘရင်းတစ်ခုရဲ့ အောင်မြင်မှုဟာဝန်ထမ်းတစ်ဦးချင်းစီရဲ့ ခံယူမှုနဲ့အားထုတ်မှုပေါ်မှာ မူတည်နေတာကြောင်ပါ။ သူတို့ကိုယ်တိုင် မလုံခြုံမသေချာမှုခံစားနေရချိန်မှာ လုပ်ငန်းရှင်ခေါင်းဆောင်ရဲ့ အားပေးထောက်ကူမှုကအရေးကြီးပါတယ်။ ဒီအခြေအနေကို ဘယ်လိုတုံ့ပြန်မယ်။ ဘယ်လိုစီစဉ်ထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းချပြပြီး ဦးဆောင်လမ်းညွှန်မှုပေးရမယ့်အချိန်ဖြစ်ပါတယ်။

------------------------------------------------------------------------

CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်းသည် လစဉ် ၁ လလျှင် ၁ အုပ်ထွက်ရှိပါသည်။
မှာယူလိုသည့် "လ" မှ စ၍ စတင်မှာယူနိုင်ပြီး မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို စာအုပ်ပို့ခမယူပဲအိမ်အရောက်ပို့ဆောင်ပေးပါသည်။

Phone - 01 507385, 01 507391, 01 507393
Email - [email protected]
Web - www.ceo-myanmar.com



15/06/2020

အမျိုးခွဲလုပ်ငန်းများ ချဲ့ထွင်လုပ်ခြင်း(Diversification)
--------------------------------------
လုပ်ငန်းတစ်ခုကို ကြီးထွားရန် အသုံးပြုနိုင်သည့်နည်းဗျူဟာတို့တွင် လုပ်ငန်းချဲ့ရန်နှင့် နောက်ထပ်လုပ်ငန်း အမျိုးအစားတိုးချဲ့ရန် သို့တည်းမဟုတ် လုပ်ငန်းထပ်မံတိုးချဲ့ဝယ်ယူရန်တို့ကို စဥ်းစားနိုင်သည်။

Diversification ခေါ် အမျိုးခွဲလုပ်ငန်းများ ချဲ့ထွင်လုပ်ခြင်းမှာ အတော်များများလုပ်လာကြပြီဖြစ်သော်လည်း အန္တရာယ်ကင်းသည့်နည်းလမ်းဟု မဆိုနိုင်ပါ။ အချို့ကုမ္ပဏီပိုင်ရှင်များ၊ CEO များသည် မိမိစိတ်ရှိသလို အင်ပါယာကြီးများအဖြစ် ဆက်စပ်မှုမရှိသောအလုပ်များ လုပ်ကိုင်ကြသည်။ လုပ်ငန်းစုံပါဝင်သော အဖွဲ့အစည်းကို Conglomerates ဟု သုံးနှုန်းခေါ်ဆိုကြသည်။ မြန်မာတွင် ABC Group of Companies ဟု ခေါ်တွင်ကြသော ကုမ္ပဏီများနှင့်တူကောင်းတူနိုင်သည်။ ဖြစ်ပေါ်ရသည့်အကြောင်းရင်းများမှာ ကွဲပြားနိုင်သည်။

၁၉၈ဝ ပြည့်နှစ်ပိုင်းတွင် Conglomerates များ ပြိုကွဲပျက်စီးပြီး မလိုသောလုပ်ငန်းများကိုဖြုတ်၍ မူလပုံကို ပြန်သွားကြသည်ကို တွေ့ရသည်။ Conglomerates များ ခေတ်မှေးမှိန်သွားရခြင်းမှာ ကုမ္ပဏီရှယ်ယာပိုင်ရှင်များဘက်မှ ထောက်ခံမှုမရ၍ ဖြစ်သည်။ အမှန်တွင်မူ Conglomerates များမှာ အကျိုးအမြတ် ပိုမိုရရှိလာရန်အတွက် မဟုတ်ဘဲ မန်နေဂျာများ၏ကိုယ်ရေးအတ္တ လိုလားခြင်းကြောင့် ဖြစ်သည်။ နောက်ပိုင်းတွင် ပြိုကျပျက်စီးသွားသော Conglomerates များ၏ သာဓကကြောင့် ရှယ်ယာရှင်များအလိုကျ အဓိကကျသော လုပ်ငန်းကိုသာ လုပ်ကိုင်ကြသည်။

အန္တရာယ်နည်းသော Diversification

Conglomerates များအဖြစ် တိုးချဲ့လုပ်ကိုင်ခြင်းများ လျော့ကျသွားပြီးနောက် Diversification ကို ပိုမိုထိန်း၍ လုပ်ကိုင်လာကြသည်။ ပုံစံမှာ မိမိ၏စျေးကွက်ထဲသို့ ကုန်ပစ္စည်းသစ်များ ထုတ်ရောင်းခြင်းဖြစ်သည်။ ဤသို့ တိုးချဲ့ခြင်းသည် လက်ရှိစွမ်းအားများဖြစ်သော အရောင်းလုပ်ငန်း၊ ဖြန့်ဖြူးရေး၊ သုတေသနလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပေါင်းတည်း လုပ်နိုင်သည်။ အဆင်ပြေလျင် အမှတ်တံဆိပ် တစ်မျိုးတည်းကို သုံးနိုင်သည်။

နောက်တစ်နည်းအနေဖြင့် ဒေသအသစ်စျေးကွက်များတွင် ထုတ်လုပ်ဖြန့်ချိနိုင်သည်။ ထုတ်လုပ်မှု ပမာဏတိုး၍ ထုတ်လုပ်ခြင်းကြောင့် ထုတ်လုပ်ကုန်ကျစရိတ်များ ကျဆင်းနိုင်သည်။ နိုင်ငံအများတွင် ထုတ်လုပ်ရောင်းချကြသည့် Multinationals လုပ်ငန်းများမှာ ပိုမိုလွယ်ကူ စရိတ်စကလျော့မည့် အရှေ့အပြောင်းသင့်သလို လုပ်နိုင်သည်။ အခွန်ကိစ္စ၊ ဝင်ငွေအမြတ်ကိစ္စတို့ကို အကျိုးအရှိဆုံးပြောင်းရှေ့မှုများ လုပ်နိုင်သည်။ ယှဥ်ပြိုင်ခြင်းအခွင့်သာမှုကို စဥ်းစား၍ နေရာရွေးနိုင်သည်။ (ဥပမာ – ကုန်ပစ္စည်းတစ်မျိုးကို ရန်ကုန်မှာထုတ်သလို မန္တလေးမှာလည်း ထုတ်လုပ်ရောင်းချခြင်းမျိုးဖြစ်သည်။ ကုန်ပစ္စည်းတင်ပို့သည့် နေရာများကို ရွေးချယ်ရာတွင်လည်း ပိုမိုရောင်းရနိုင်ခြေရှိပြီး အမြတ်အစွန်းဝင်ငွေ ပိုမိုရရှိနိုင်ခြေရှိသည့် မြို့များ၊ ဒေသများသို့သာ တင်ပို့ရောင်းချခြင်းမျိုးဖြစ်သည်။

Diversification ၊ Conglomerate ၊ Multinational အဖြစ်လှုပ်ရှားရန် စဥ်းစားရမည့်အချက်များကို အချိန်အခါ အခြေအနေတို့ကို လေ့လာ၍ ဆုံးဖြတ်ရမည်သာ ဖြစ်သည်။

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)

CEO စီးပွားရေးနှင့်စီမံခန့်ခွဲမမှုမဂ္ဂဇင်းဟာ ၁ လကို ၁ အုပ်ထွက်ရှိပါတယ်။ မှာယူလိုသည့် "လ" မှ စ၍ စတင်မှာယူနိုင်ပြီး မြန်မာနိုင်ငံအတွင်း မည့်သည့်နေရာမဆို စာအုပ်ပို့ခမယူပဲအိမ်အရောက်ပို့ဆောင်ပေးပါသည်။

Address - No(H), Hlaing Myint Mo Housing, Hlaing Township, Yangon

Phone - 01 507385, 01 507391, 01 507393

Email - [email protected]

Web - www.ceo-myanmar.com



18/05/2020

Now! You CHANGE Yourself.
မင်းပတ်ဝန်းကျင်ကို ပြောင်းလဲချင်တာလား
မင်း ဘဝကို ပြောင်းလဲပစ်ချင်တာလား
ဘာအကြောင်း ကြောင့်ပဲဖြစ်ဖြစ် ဘယ်အရာပဲဖြစ်ဖြစ် တကယ်ပြောင်းလဲချင်တာဆိုရင်တော့

မင်းကိုယ်တိုင်ပဲ စ ‌ပြောင်း‌လိုက်ပါ။

မင်းကိုယ်တိုင်က အရေးကြီးဆုံးပါ။

အပတ်စဉ် တနင်္လာနေ့တိုင်း LIN IMAGE Digital Marketing Agency မှ အောင်မြင်သူတို့၏ အဆိုအမိန့်များနှင့် Quotes များကို
မိတ်ဆွေများစိတ်ကြိုက်ရွေးချယ်ပြီး ပုံမှန် တင်ပေးးလိုက်ပါတယ်နော်။
သူငယ်ချင်းတို့ ကြိုက်နှစ်သက်သော Quotes များကို အပတ်စဉ်ဖော်ပြပေးသွားပါမည်။

သူငယ်ချင်းအမြဲလေ့ကျင့်နေတဲ့ အတွေးအခေါ် လေးတွေ မန့်မှာရေးကြည့်မယ်နော်...








Address

Yangon
11111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959764214608

Website

Alerts

Be the first to know and let us send you an email when Junior Linn Online Multimedia Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Junior Linn Online Multimedia Group:

Share