Shwe Kyaw Nyar

Shwe Kyaw Nyar Everybody can study about the Real Estate fields and knowledge,price of the houses and land plot.

24/06/2017

ရွှေနံ့သာတန်ဖိုးနည်းအိမ်ရာမှ အိမ်ခန်းများ ရောင်းချမည့် ဈေးနှုန်း မသတ်မှတ်ရသေးဟုဆို
နေပြည်တော်ကောင်စီနယ်မြေ ရွှေနံ့သာရပ်ကွက်တွင် တည်ဆောက်ထား သည့် ရွှေနံ့သာတန်ဖိုးနည်းအိမ်ရာကို ပထမဆုံးရောင်းချမည့် အခန်းပေါင်း ၈ဝ ကို အကြမ်းဖျင်းအားဖြင့် ကျပ်သိန်း ၁ဝဝ သတ်မှတ်ထားပြီး ဇူလိုင်လအ တွင်း ရောင်းချမည်ဆိုသည့် သတင်းများထွက်ပေါ်လျက်ရှိသော်လည်း လက်ရှိ တွင် အဆိုပါတန်ဖိုးနည်း အိမ်ရာကို ရောင်းချရန် ဈေးနှုန်း မသတ်မှတ်ရေ သးကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ် မီမီတင် က ပြောကြားသည်။

''အခုမှ ဈေးနှုန်းကတင်ရဦးမှာ။ ဈေးနှုန်းတင်လို့ လူကြီးက မူဝါဒဖြတ်ပေးနိုင် ရင်တော့ ရောင်းနိုင်မှာပါ။ ဈေးနှုန်းတင်ဖို့တော့ အဆင်သင့်လုပ်ထားပြီးပြီ။ မူဝါဒဆိုတာကတော့ အခြေခံအဆောက်အအုံ ကုန်ကျစရိတ်ဆိုတာရှိတယ်။ အိမ်ရာအဆောက်အအုံဆို တာ ဆောက်ရုံနဲ့မပြီးဘူး။ လမ်း၊ ရေမြောင်း၊ လျှပ် စစ်မီး၊ ရေပိုက်လိုင်းတွေ သွယ်ရတယ်။ ချောင်းမကြီးဆည်ကနေ တစ်ဆင့် ပြီးတစ်ဆင့် လာတဲ့ရေတွေ ပို့တာတွေကလည်း သိန်းထောင်နဲ့ချီ ကုန်တယ်။ အဲဒီအခတွေ ပေါင်းလိုက်ရင် ဈေးနှုန်းက မူလကပြောထားတာထက် ပိုပြီးများ တယ်။

ဒါကြောင့်မို့ အခြေခံအဆောက်အအုံ ကုန်ကျစရိတ်တွေကို အမြဲတမ်းစိုက်ပြီး အစိုးရကပေးမယ်ဆိုတဲ့ မူဝါဒဆိုရင်တော့ အရင်က ပြောခဲ့တဲ့အတိုင်း သိန်း ၁ဝဝ ဝန်းကျင်နဲ့ ရောင်းနိုင် မှာပါ''ဟု ညွှန်ကြားရေးမှူး ဒေါ်မီမီတင်က ပြော သည်။
အိမ်ခန်းများ ရောင်းချရာတွင်လည်း ဝင်ငွေနည်းပြည်သူ များ၊ နိုင်ငံ့ဝန်ထမ်း များ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပင်စင်စားများအား ဦးစားပေးစနစ်ဖြင့် ရောင်းချ သွားမည်ဖြစ်ပြီး ပြည်သူများ အိမ်ရာ ပိုင်ဆိုင်နိုင်ရေးအတွက် ဆောက်လုပ်ေ ရးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်(CHD Bank)မှ အိမ်ရာ အပေါင်ချေးငွေ စနစ်ြ ဖင့် ရှစ်နှစ်မှ ၁ဝ နှစ်အထိ ဝယ်ယူနိုင်အောင် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

အိမ်ရာကဏ္ဍအနေဖြင့် ၂ဝ၁၆-၂ဝ၁၇ တစ်နှစ်တာကာလအတွင်း ရန်ကုန် မြို့တွင် တန်ဖိုးနည်း/ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ အိမ်ခန်း ၂၂ဝ၈ ခန်းနှင့် မန္တလေးမြို့တွင် မြရည်နန္ဒာ အိမ်ရာစီမံကိန်းမှ အိမ်ခန်း ၈ဝဝ စုစုပေါင်း ၃ဝဝ၈ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

24/06/2017

စွန့်လွှတ်မြေ ပြန်ပေးမှာမို့ မြေယာမဲ့များ လျှောက်ထားနိုင်
လေကြောင်းရန်တပ်က စွန့်လွှတ်မြေအဖြစ်ပြန်လည်သတ်မှတ်ခဲ့တဲ့ မြေဧက ၁၈၀ ကျော်မှာ မူလပိုင်ရှင်တွေကို ပေးပြီးကျန်တဲ့ မြေတွေကို စိုက်ပျိုးမြေ အဖြစ် အသုံးပြုနိုင်ဖို့မြေယာမဲ့တွေကို ပေးမယ်လို့ သိရပါတယ်။

ဥတ္တရသီရိခရိုင်အုပ်ချုပ်ရေးမှူးဦးအေးသောင်းက 'ပထမဦးစားပေးကတော့ မူလလုပ်ခဲ့တဲ့ တောင်သူကို ဦးစားပေးမှာဖြစ်ပါတယ်။ မူလလုပ်ခဲ့တဲ့တောင် သူကိုတော့ သူလုပ်ခဲ့တဲ့ ဧကအတိုင်းပြန်ပေးပြီးတော့ မြေမဲ့ ယာမဲ့တွေကေ လျှာက်ရတဲ့အခါမှာလဲ အဲဒီနားကရွာကပဲဖြစ်ရမယ်။ ဦးစားပေးကတော့ အဲဒီ ရွာပတ်ဝန်းကျင်က သူတွေကိုပဲ ဦးစားပေးမှာပါ' လို့ပြောပါတယ်။

နေပြည်တော်ဥတ္တရသီရိမြို့နယ်၊ တောင်ညိုအနီးနေပြည်တော်တည်ဆောက်စဉ်က တောရိုင်းမြေနဲ့ သစ်တောမြေများဖြစ်တဲ့ မြေဧက ၅၀၀ ကျော်ကို တပ် ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဆောက်အအုံဆောက်လုပ်ပြီး ကျန်ရှိတဲ့ မြေကွက်လပ်မြေဧက ၁၈၀ေ ကျာ်ကို ပြန်လည်စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ မြေမဲ့ယာမဲ့တွေက မြေကွက် ရ ရှိရေးအုပ်ချုပ်ရေးမှူးရုံးမှာလျှောက်လွှာနဲ့ စာရင်းပေးသွင်းရမှာပါ။အဲသည်စွန့်လွှတ်မြေ၀န်းကျင်မှာ နေထိုင်သူတွေကိုသာ ဦးစားပေးမှာပါ။ တစ် ဦးကို ဧကဘယ်လောက်ပေးမယ်ဆိုတာကတော့ စာရင်းလာရောက်တင် သူ အပေါ်မှာ မူတည်နေတယ်လို့သိရပါတယ်။

စွန့်လွှတ်မြေ ၁၈၆ ဧက ကိုတိုင်းပြီး ငုတ်တွေကို စိုက်ထူးပြီး ဖြစ်ပါတယ်။ မူလ ပိုင်ဆိုင်တဲ့တောင်သူတွေဟာ ပုံစံ(၁) နဲ့ ပြန်လည်လျှောက်ထားဖို့ စာရင်းေ ကာက်ခံနေတယ်လို့သိရပါတယ်။

'ကျွန်တော်တို့တွက်ကြည့်တာကတော့ မျက်မြင်အားဖြင့်၊ မူအားဖြင့်ဆိုရင်ရှိတဲ့ ၁၈၆ ဧကနဲ့လူလစိုက်ပျိုးခဲ့တဲ့ တောင်သူက အပြည့်တော့မရှိနိုင်ဘူး။ ပိုတဲ့ြေ မတွေကိုတော့မြေမဲ့၊ ယာမဲ့တွေကို ပေးရမှာဖြစ်ပါတယ်' လို့ဦးအေးသောင် ကပြောပါတယ်။

Credit: The Modern

24/06/2017

မှော်‌ဘီမြို့နယ်‌အတွင်း စက်‌မှုဇုန်‌ စီမံကိန်းတစ်‌ခု ဖော်ဆောင်နိုင်ရန် လေ့လာမှုများ ပြုလုပ်နေ
ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အတွင်းရှိ ညောင်နှစ်ပင်၌ စက်မှုဇုန်စီမံကိန်း တစ်ခုကို တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်း လုပ်ဆောင် မည်ဖြစ်ရာ ယခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

လက်ရှိတွင် အဆိုပါစီမံကိန်းအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့်အိုး အိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် တောင်ကိုရီးယား အစိုးရပိုင် LH (Korea Land and Hous-ing Corporation) တို့ သဘောတူလက်မှတ် ရေးထိုးထားပြီး အကြိုလေ့လာမှုများ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

''လက်ရှိမှာ သဘောတူလက်မှတ် ရေးထိုးထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။ အကြိုလေ့လာမှုတွေ ပြုလုပ်နေပြီး အသေးစိတ်အချက်အလက်တွေ ထွက်လာတော့မှ စီမံကိန်းစတင်မှာပါ။ အနည်းဆုံးခြောက်လလောက် ကြာဦးမှာဖြစ်တဲ့အတွက် ဒီနှစ်ကုန် လောက်မှ စနိုင်မှာပါ'' ဟု ၎င်းကပြော သည်
အဆိုပါစီမံကိန်းသည် ၂ဝ၁၃ ခုနှစ် မြန်မာ-တောင်ကိုရီးယား စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ကော်မတီ သဘောတူညီချက်၏ နောက်ဆက် တွဲဖြစ်ပြီး ယင်းစက်မှုဇုန်စီမံကိန်း ကို မြေဧက ၆ဝဝ ခန့်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Credict.....မြ၀တီ

12/06/2017

မြိတ်အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း၊ ကုန်းမြင့်သာ ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းမှ အိမ်ယာတိုက်ခန်းများ အရစ်ကျစနစ်ဖြင့် ရောင်းချ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဆောင်ရွက်လျှက်ရှိသည့် မြိတ်အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ ကုန်းမြင့်သာ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတို့တွင် ဆောက်လုပ်ပြီးစီးသည့် အရောင်းဆိုင်ခန်းများ၊ လူနေအိမ် တိုက်ခန်းများ အရောင်းဖွင့်လှစ် မိတ်ဆက်ခြင်းကို ဇွန်လ(၁၀)ရက်နေ့ နံနက်(၉)နာရီက မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး ပထမထပ်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ မန်းနေးဂျင်းဒါရိုက်တာနှင့် အဖွဲ့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ကာ တွဲဘက်မန်နေးဂျင်းဒါရိုက်တာ ဦးအောင်ချိန်က စီမံကိန်း အရောင်းခန်းမများနှင့် ပတ်သက်၍ လည်းကောင်း၊ ဧရာဝတီဘဏ်(မြိတ်ဘဏ်ခွဲ - ၁)မှ မန်နေဂျာက ဘဏ်နှင့်ချိတ်ဆက်၍ အရစ်ကျ စနစ်ဖြင့် ရောင်းချပေးမည့် အစီအစဉ်နှင့် အတိုးနှုန်းများကိုလည်းကောင်း ရှင်းလင်းသည်။
အရစ်ကျဝယ်ယူလိုသူတွေအနေဖြင့် မိမိဝယ်ယူမည့် တိုက်ခန်းတန်ဖိုး၏ (၃၀)ရာခိုင်နှုန်းကို ကနဦး ပေးသွင်းရမည် ဖြစ်ကြောင်း၊ အတိုးကို ဘဏ်စိုက်ငွေ(၇၀)ရာခိုင်နှုန်းထဲမှ တစ်နှစ်ကို (၁၃)ရာခိုင်နှုန်းကို ကောက်ယူပြီး ၀န်ဆောင်မှုအနေဖြင့် (၃)ရာခိုင်နှုန်း ယူမည်ဖြစ်ကြောင်း၊ သိန်း(၁၀၀)တန် တိုက်ခန်းဝယ်ယူသူ အနေဖြင့် ကနဦး(၃၀)ရာခိုင်နှုန်းသွင်းပြီး လစဉ် (၁၃၅၈၀၀)ကျပ်ကို (၃)နှစ်ပေးသွင်းရမည်ဖြစ်ကြောင်း မြိတ်ဧရာဝတီဘဏ်ခွဲ(၁)မှ တာဝန်ခံမန်နေဂျာက ပြောသည်။

မြိတ်လေယာဉ်ကွင်း လမ်းမကြီး အနီးရှိ မြိတ်အဝေးပြေးကားဝင်းနှင့် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းတွင် တိုက်ခန်းများမှာ ငွေကျပ်သိန်း(၆၀၀)မှ သိန်း(၈၀၀)အထိရှိပြီး၊ တစ်လငှားရမ်းခမှ ငွေကျပ်(၅)သိန်းမှ (၇)သိန်း အထိရှိကာ ရေပုန်းရပ်ကွက် ကုန်းမြင့်သာ ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းရှိ တိုက်ခန်းများမှာ မြေညီထပ်မှ စတုတ္ထထပ်အထိ ငွေကျပ်သိန်း(၁၀၀)မှ သိန်း(၄၃၀)အထိရှိကာ အရစ်ကျ ၀ယ်ယူလိုသူများ အနေဖြင့် ဧရာဝတီဘဏ်(မြိတ်ဘဏ်ခွဲ)ဖြင့် ချိတ်ဆက်ကာ ကနဦး (၃၀)ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကာ ကျန်ငွေများကို အရစ်ကျစနစ်ဖြင့် (၃)နှစ်အကျေ လစဉ်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

12/06/2017

ကျူးကျော်စာရင်း ပါသူများကို ကျူးကျော်အစစ်အမှန် ဟုတ်၊ မဟုတ် ပြန်လည်စိစစ်မည်ဟု ဝန်ကြီးချုပ်ဆို
ရန်ကုန်တိုင်းအတွင်း နေထိုင်လျက်ရှိသည့် ကျူးကျော်နေထိုင်သူစာရင်း ကောက်ယူရာတွင် မှန်းထားသည့် အရေအတွက်ထက် ကောက်ယူထားပြီး ဖြစ်သည့် စာရင်းမှာ ပိုမိုများပြားနေသဖြင့် အားလုံးကို ပြန်လည်စိစစ်မည် ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“မှန်းထားတဲ့ ကျူးကျော်စာရင်းက သုံးသိန်းကျော်လောက်ပဲ။ အခုစာရင်းကောက်ယူပြီးသားက လေးသိန်းကျော် ဖြစ်နေတယ်။ ဒါကို နိုင်ငံတကာ အဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး ကျူးကျော်အစစ်အမှန် ဟုတ်၊ မဟုတ် ပြန်စစ်မယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ဇွန်လ ၉ ရက်၊ တိုင်းအစိုးရရုံး၌ အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်မှု ရှင်းတမ်းပြုလုပ်သည့် စာနယ်ဇင်း တွေ့ဆုံပွဲတွင် တိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဝန်ကြီးချုပ်က ပြောကြားလိုက်သော်လည်း လက်ရှိ စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ ဆက်လက်ကောက်ခံနေဆဲဖြစ်ပြီး ကျူးကျော်စာရင်း ကောက်ခံရရှိထားမှု စာရင်းကို ပြန်လည်စိစစ်ရမည် ဆိုသည်ကို ထောက်ခံကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။

“အခုချိန်ထိလည်း ဆက်ကောက်နေတယ်။ ဝန်ကြီးချုပ် ပြောသွားတာက မြို့နယ်တိုင်းမှာလိုလို တကယ်ကို ကျူးအဖြစ် သတ်မှတ်တဲ့သူတွေ အများကြီး ရှိသလို တချို့မှာ ကျူးအဖြစ် သတ်မှတ်လို့ မရတာတွေကို စလစ်တွေ ပေးထားတာ တွေ့နေရတယ်။ ကျိန်းသေတာကတော့ ပြန်လည်စိစစ်ဖို့ မလွဲမသွေ လိုအပ်နေတယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

မကြာသေးခင်က စမတ်ကတ်များကို ဝယ်ယူခြင်း၊ ပေါင်နှံခြင်းများ ဆောင်ရွက်ရန် ကြံဆောင်မှု အခြေအနေ ရှိခဲ့ပြီး ၎င်းတို့ထံသို့လည်း ရောင်းချခြင်း ရှိ၊ မရှိ မေးမြန်းမှုများ ရှိခဲ့ကာ လက်ရှိတွင် အဆိုပါကိစ္စများ ရပ်တန့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ဖွံ့ဖြိုးရေး သုတေသန စီမံကိန်းအရ ကျူးကျော်နေထိုင်သူများ ဖြစ်ကြောင်း အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးရာတွင် အဖွဲ့ပေါင်း ရှစ်ဖွဲ့ဖြင့် ထုတ်ပေးနေခြင်း ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ယခုလက်ရှိတွင် ၁၃ မြို့နယ်မှ ကျူးကျော်နေထိုင်သူများကို စမတ်ကတ် ထုတ်ပေးပြီး ဆက်လက်၍ တောင်ဥက္ကလာပ၊ ကော့မှူး၊ ထန်းတပင်၊ တိုက်ကြီး၊ လှည်းကူး မြို့နယ်များ အပါအဝင် ၁၄ မြို့နယ်တို့တွင် စမတ်ကတ် ထပ်မံထုတ်ပေးသွားရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ကျူးကျော်စာရင်း ကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

ကျူးကျော်စာရင်း ကောက်ယူမှုကို ကနဦးစီမံချက် (Pilot Project) အရ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စတင်ကောက်ယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခုအတွင်း တရားမဝင် နေထိုင်သည့် ကျူးကျော်အိမ်ခြေ ၁၀၅၄၄၉၊ အိမ်ထောင်စု ၁၆၇၇၃၈ စုရှိကာ ကျူးကျော်နေထိုင်သူဦးရေ ၄၃၁၀၅၀ ခန့် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

Credit: The Voice

12/06/2017

တန်ဖိုးနည်းအိမ်ရာ ဝယ်ယူရန်၂၀ ရာခိုင်နှုန်းသာ ပေးသွင်းရတော့မည်
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် CHDB သို့ တန်ဖိုးနည်း
အိမ်ရာ ဝယ်ယူမည့်သူများ အနေနှင့် တိုက်ခန်းတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းသာ
စတင် ပေးသွင်းရတော့မည်ဖြစ်ကြောင်း အဆိုပါဘဏ်ထံမှ
သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ ဝယ်ယူသူများက
စတင် ပေးသွင်းရသည့် ပထမအရစ် ၃၀ ရာခိုင်နှုန်းအစား
၂၀ ရာခိုင်နှုန်းသာ ပေးသွင်းနိုင်ရန် စီစဉ်နေကြောင်း
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)
တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တန်ဖိုးနည်းအိမ်ရာအတွက် လက်ရှိ ပထမအရစ်က ၃၀ ရာခိုင်နှုန်း ပေးသွင်းရမယ်။ မိသားစုဝင်ငွေ သုံးသိန်း အထက်ရှိမှဖြစ်နိုင်မယ်။ လူတန်းစားမရွေး ဝယ်ယူနိုင်မယ့် တစ်လဝင်ငွေ ၂ သိန်း အောက် ရှိတဲ့မိသားစုတွေ အိမ်ပိုင်ဆိုင်နိုင်ဖို့အတွက် အခုလို လျှော့ချဖို့
စီစဉ်တာပါ”ဟု ၎င်းကဆိုသည်။

ယခုလက်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ချိတ်ဆက်ကာ ကျပ် သိန်း ၁၀ဝ တန် တိုက်ခန်း ဝယ်ယူမည်ဆိုပါက တိုက်ခန်း၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးချေပြီး ကျန်ငွေကို ၈ နှစ်မှ ၁၀ နှစ်အထိ အရစ်ကျ ငွေပေးချေစနစ်ဖြင့် ရောင်းချပေးလျက် ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)ထံမှ သိရသည်။တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းဝယ်ယူလိုသူများအတွက် စတင်ပေးသွင်းသည့် ရာခိုင်နှုန်းကို လျှော့ချမည့်အပြင် အရစ်ကျပေးချေမှု စနစ်တွင်လည်း နှစ် ၃၀ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်စေရန် စီစဉ်သွားမည်ဖြစ်ပြီး ယင်းတို့ကို ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရနှင့်အခြား ပြည်ပ အဖွဲ့အစည်းများထံမှ ချေးငွေရရှိရန် လိုအပ်ကြောင်း CHDB ဘဏ်ထံမှ သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်(CHDB) အနေနှင့် ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီးတွင် ဘဏ်ခွဲ လေးခု၊ မန္တလေးတိုင်း၊ နေပြည်တော်၊ မော်လမြိုင်နှင့် ပုသိမ်မြို့တွင် ဘဏ်ခွဲတစ်ခုစီ ဖွင့်လှစ်ထားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနှင့် မြန်မာတစ်နိုင်ငံလုံးတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်း စုစုပေါင်း ၁၀၂၁၂ ခန်းကို ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်ကာ ရောင်းချပေးသွားမည်ဖြစ်သည်။

Credit: The Voice

10/06/2017

မြို့သစ်ဧရိယာအတွင်း အရောင်း၊ အငှား ခေါ်ဈေး မြင့်မားနေ
အိမ်ခြံမြေဈေးကွက်တစ်ခုလုံးကို ခြုံငုံကြည့်ရင် လတ်တလောမှာ အရောင်းအဝယ်ဖြစ်တာ
နည်းပါးသေးတယ်လို့ဆိုနိုင်ပေမဲ့ မြို့သစ်ဧရိယာအတွင်းမှာတော့ အရောင်းအဝယ်ဈေးကွက်ရော၊ အငှားဈေးကွက်မှာပါ ခေါ်ဈေးတွေက မြင့်မားနေဆဲဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။

မန္တလေးမြို့အတွင်း ဧရိယာတချို့မှာအိမ်ခြံမြေဈေးနှုန်း ပြောင်းလဲကျဆင်းတာတွေရှိနေပေမဲ့
ဈေးကွက်တောင်းဆိုမှုကောင်းတဲ့ နေရာတွေကတော့ သိသာတဲ့အပြောင်းအလဲမျိုး မတွေ့ရ
သေးပါဘူး။ အထူးသဖြင့် မြို့သစ် (၁)၊ (၂)၊ (၃)၊ (၄) ရပ်ကွက်ကြီးတွေ၊ မြရည်နန္ဒာ၊ သင်ပန်းကုန်း၊ ထန်းကိုးပင်၊ မဟာမြိုင်စတဲ့ ရပ်ကွက်ကြီးတွေဟာဈေးကွက်မှာ စိတ်ဝင်စား
သူ များကြတာကြောင့် အရောင်းအဝယ်ဖြစ်စေ၊ အငှားဈေးနှုန်းဖြစ်စေ နှုန်းထားတွေကမြင့်နေပါတယ်။

ဒီဧရိယာတွေထဲမှာ အိမ်ခြံမြေဈေးနှုန်းတွေကို အစားစား တွေ့နိုင်တာကလည်းဈေးကွက်
အတွက် အထောက်အပံ့ကောင်း ဖြစ်နေပါတယ်။ မြို့သစ်ဧရိယာထဲမှာ ကျပ်သိန်းရာဂဏန်းသာနိုင်နင်းသူတွေလည်း စဉ်းစားနိုင်သလို အလယ်အလတ်တန်းဖြစ်တဲ့ ကျပ်သိန်း ၁,ဝဝဝ
ကနေ ကျပ်သိန်း ၃,၅ဝဝ၊ ဈေးအမြင့်တန်းဖြစ်တဲ့ ကျပ်သိန်း ၈,ဝဝဝ ပတ်ချာလည်အထိ စိတ်ဝင်စားသူတွေအတွက်လည်း မြို့သစ်ဧရိယာဟာ အဆင်ပြေမှု ရှိနေပါတယ်။

အဓိက အားသာချက်ကတော့ မြို့သစ်ဟာ ရွှေ့ပြောင်း အခြေချလိုသူတွေ ဦးစားပေးစဉ်းစားဖို့ကောင်းတဲ့ နယ်ပယ်သစ် ဖြစ်နေတာကြောင့်လို့ အကျိုးဆောင်အများစုက သုံးသပ်ကြပါတယ်။ မြို့တွင်းမှာအိမ်မြေရောင်းချလိုက်လို့ပဲဖြစ်ဖြစ်၊ လက်ထဲစုဆောင်းထား
တဲ့ငွေနဲ့ပဲဖြစ်ဖြစ် မြို့သစ်မှာအလားအလာကောင်းတဲ့ နေရာကို ပြန်ရှာဖွေဝယ်ယူထားမယ်
ဆိုရင် ကိုယ့်လက်ထဲမှာထားရင်ထားနိုင်သလို အကျိုးအမြတ်က သေချာမှု ရှိနေပါတယ်။
တတ်နိုင်တဲ့ ငွေပမာဏနဲ့ စဉ်းစားကြတာများတာကြောင့် အခုအခါမှာ မြေကွက်ပြည့်မတတ်နိုင်သူတွေဟာ ပေ ၄ဝ x ပေ ၆ဝကွက်ပြည့်အစား ပေ ၂ဝ x ပေ ၆ဝလိုမြေတစ်ခြမ်းမျိုးကို ဝယ်ယူကြတာတွေ ရှိတာကြောင့်
မြို့သစ်ထဲမှာ ဒီလိုမြေကွက်တစ်ခြမ်းမှာပဲ
အဆောက်အအုံ ကောင်းကောင်းဆောက်ပြီး နေထိုင်မှုတွေ များပြားလာတာကိုလည်း အခုနောက်ပိုင်းမှာ တွေ့လာရပါတယ်။ငွေကြေးအင်အားတောင့်တင်းသူ၊ ငွေပူမရှိသူတွေကတော့
နေရာကောင်းကို လက်လွှတ်ပြီးရင် ပြန်ရနိုင်ဖို့မလွယ်ဘူးဆိုတဲ့အတွေးမျိုးနဲ့
ပိုင်ဆိုင်မှုကို လက်ထဲဆုပ်ကိုင်ထားကြတာများတယ်လို့ အကျိုးဆောင်တချို့က ပြောပါတယ်။

နေရာအကွက်အကွင်းသိပ်မကောင်းတဲ့ကျပ်သိန်းရာဂဏန်းဈေးနှုန်းတန်းတွေက အပြောင်းအလဲ အနည်းငယ်ရှိတာကအပ ခေါ်ဈေးတွေမာနေဆဲဖြစ်တဲ့ မြို့သစ်ဧရိယာအိမ်မြေဈေးကွက်ဟာ အငှားဈေးနှုန်းတွေကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပါတယ်။

၆၂ လမ်းလို၊ မနော်ဟရီလမ်းလို နေရာကောင်းတွေမှာ နေရာအကျယ်အဝန်း၊ အဆောက်အအုံအနေအထားတွေအလိုက် တစ်လကိုအောက်ထစ် ကျပ် ၁ဝ သိန်းပတ်ချာလည်အထိ ဈေးနှုန်းတွေရှိနေပါတယ်။
ဒီအနေအထားတွေကြောင့် မြို့သစ်မှာနေထိုင်ဖို့၊ ဒါမှမဟုတ်
ရင်းနှီးမြှုပ်နှံဖို့ စိတ်ကူးထားတယ်ဆိုရင် စောစော အလုပ်လုပ်လေ၊ ကောင်းလေဖြစ်မယ်လို့ အကျိုးဆောင်တွေက သုံးသပ်ကြပါတယ်။

Credit: Myanmar Times

10/06/2017

တန်ဖိုးနည်းအိမ်ရာရောင်းချမှုများပေမဲ့ အငှားဈေးကွက်ကောင်းနေဆဲ
မြို့သစ်တွေမှာ တန်ဖိုးနည်းအိမ်ရာဖော်ထုတ်ရောင်းချမှုတွေ အစိုးရသစ် လက်ထက်မှာ ပိုမိုလုပ်ဆောင်နေပေမဲ့ အိမ်အငှားဈေးနှုန်းတွေကတော့ ယခု ချိန်အထိ ကျင်းခြင်းမရှိသေးလို့ သိရပါတယ်။

မြို့သစ်တွေနဲ့ ရန်ကုန်မြို့စွန်မြို့နယ်တွေမှာ အစိုးရက တန်ဖိုးနည်းအိမ်ရာေ သာင်းနဲ့ချီပြီး ရောင်းချခဲ့ပေမဲ့ မြို့တွင်းမြို့နယ်တွေက အိမ်အငှားဈေးကွက်တွေ အပေါ် အကျိုးသက်ရောက်မှု မရှိဘဲ အိမ်အငှားဈေးနှုန်းက အရင်ကထက်ေ ဈးတက်နေတာကိုတွေ့ရပါတ်ယ။

မြို့တွင်းဧရိယာတွေထက်မြို့တွင်းနဲ့နီးတဲ့မြို့နယ်တွေမှာ ရုံးခန်းအငှားဈေး ကွက် ပိုပြီးကောင်းနေတယ်လို့ သိရပါတယ်။ အငှားဈေးကွက်က ရုံးခန်းတွေ အဖွင့်များတဲ့ မြို့တွင်းခြောက်မြို့နယ်မှာပဲ ကောင်းမွန်တာ မဟုတ်ပါဘူး။ြေ မဈေးအရမ်းကြီးမြင့်ပြီး မြို့ထဲဧရိယာ တွေထက် မြို့တည်နှစ်ကြာနေပြီး စည် ကားနေတဲ့ ရန်ကင်းမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မရမ်း ကုန်းတို့လို မြို့နယ်တွေမှာလည်း အငှားဈေးကွက်ကောင်းမွန်နေပါတယ်။ ငှား တဲ့ သူတွေက များပြီး ငှားခတွေကလည်း အမြင့်ပိုင်းမှာရှိနေပါတယ်။ အသေးစားနဲ့ အလတ်စားစီးပွားရေးလုပ်ငန်းတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်လာစေ ဖို့နဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာစေဖို့ ဆောင်ရွက်လာတဲ့အတွက် ရန်ကင်း၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း စတဲ့မြို့နယ်တွေအပြင် ဒဂုံမြို့ နယ် တွေဖြစ်တဲ့ ဒဂုံလေးမြို့နယ်က အဓိကလမ်းမတန်းတွေရဲ့ အဆောက်အ အုံ ငှားရမ်းတဲ့ ဈေးကွက်လည်းကောင်းမွန်နေတယ်လို့ ရှိုင်းအိမ်ခြံမြေအ ကျိုးဆောင် ကိုအောင်သူရကပြောပါတယ်။

မြို့ထဲဧရိယာတွေသာမက တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနဲ့ သန်လျင်မြို့ နယ်တွေမှာ အိမ်အငှားဈေးကွက် ကောင်းမွန်နေဆဲပါပဲ။ မြို့သစ်တွေက အေ ကာင်အထည်ဖော်တာ အခုမှ အစပိုင်းလောက်ပဲရှိသေးပြီး အလုပ်အကိုင် အ ခွင့်အလမ်းကောင်းမွန်တဲ့မြို့နယ်တွေမှာပဲ နေထိုင်လိုကြတာကြောင့် အငှားေ ဈးကွက်ကောင်းမွန်နေတာဖြစ်ပါတယ်။

Credit: The Modern

08/06/2017

သန်လျင်၌ တန်ဖိုးနည်းအိမ်ရာ ၅၅ လုံးဆောက်လုပ်မည်
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနမှ သီလဝါ စက်မှုဇုန်အနီး သန်လျင်မြို့နယ် မြေတိုင်းရပ်ကွက် အမှတ် (၆) မြေကွက်အမှတ် (၃/က)တွင် တန်ဖိုး နည်းအိမ်ရာ ၅၅ လုံးအား မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် ကုမ္ပဏီ ၁၄ ခုတို့မှ ဆောက်လုပ် သွားမည်ြ ဖစ်ကြောင်း သိရသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တန်ဖိုးနည်းအိမ်ရာ လေးခန်းတွဲ ငါးထပ် ၁၂ လုံး၊ ရှစ်ခန်း တွဲ ငါးထပ် ၁၉ လုံး၊ ခြောက်ခန်းတွဲ ငါးထပ် ၂၄ လုံး၊ စုစုေ ပါင်း ၅၅ လုံးအား ဖေဖော်ဝါရီလမှ စတင်တည်ဆောက်လျက်ရှိပြီး ၂ဝ၁၈ ခုနှစ် နိုဝင်ဘာ လအတွင်း အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

08/06/2017

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာပြဿနာ ဖြေရှင်းနိုင်မှု အားနည်းနေ

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ထောင်ချီရှိနေသော်လည်း ဗဟိုအစိုးရအဆင့် ရောက်ရှိသည့်အမှုတွဲမှာ ၅၉ တွဲသာရှိပြီး၊ ပြီးပြတ်သည်အထိဖြေရှင်းနိုင်သည့် အမှုတွဲမရှိသေးကြောင်း
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီအတွင်းရေးမှူး ဦးသန်းမြင့်က ပြောသည်။

''ရန်ကုန်တိုင်းဒေသကြီးအတွင်းက လယ်ယာမြေပြဿနာတွေကို ကျွန်တော်တို့ ပြန်လည်စိစစ်ပြီး
နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ဗဟိုအစိုးရက ချမှတ်တာပါ။ အမှုပေါင်း ၅၉ မှုကို ပေးပို့ထားပါတယ်။ အဲဒီအမှုတွေထဲက ကျွန်တော်တို့ဆီပြန်ကျလာတဲ့ ပြီးပြတ်သွားတဲ့အမှုတော့ အခုထိ မရှိသေးပါဘူး''ဟု
၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းခံ လယ်ယာမြေပြဿနာများကို ဖြေရှင်းရန် တိုင်းဒေသကြီး
လယ်ယာမြေနှင့် အခြားမြေများ၊ သိမ်းဆည်းခံရမှုများပြန်လည်စိစစ်ရေးကော်မတီကို ၂ဝ၁၆ ခုနှစ်၊
သြဂုတ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ဇွန် ၁ ရက်က ပြုလုပ်ခဲ့သည့် အဆိုပါကော်မတီ၏
သတင်းစာရှင်းလင်းပွဲအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေယာအမှုတွဲပေါင်း ၁,၉ဝ၅ ခုရှိပြီး၊ တိုင်းအဆင့်တွင် အမှုတွဲပေါင်း ၃၃၇ ခုရှိသည်။

ရန်ကုန်မြို့တွင် သိမ်းဆည်းထားသည့် မြေများအနက် စည်ပင်သာယာရေးကော်မတီက သိမ်းဆည်း
ထားသည့်ပမာဏမှာ မြေဧက တစ်သိန်းကျော်ရှိသည်။ အမှုတွဲအားလုံး၏ မြေဧက စုစုပေါင်းကို
အတိအကျ မသိရှိရသော်လည်း တိုင်းဒေသကြီးအဆင့်ထိ အမှုတွဲ ၃၇၇ ခုအတွက်မြေဧကစုစုပေါင်း
၆,၅၉၄ ဧက ရှိသည်ဟုသာ အဆိုပါသတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူများက ပြောသည်။

မြေယာပြဿနာများကို ကော်မတီက ပြန်လည်ဖြေရှင်းရာတွင် မြေယာအစားထိုးပေးခြင်း၊ သို့မဟုတ်
လျော်ကြေးငွေပေးခြင်းဖြင့် ဖြေရှင်းသော်လည်း ပြန်လည်စိစစ်ရာတွင်မြေသိမ်းဥပဒေ၊ လုပ်ထုံး
လုပ်နည်းများဖြင့် သိမ်းခဲ့သည့်မြေများဖြစ်ပါက လျော်ကြေးငွေပေးရန် မလိုအပ်ကြောင်း သိရသည်။
''အမှုတွဲတွေကို ပြန်ရှင်းလင်းတဲ့အခါမှာ တင်ပြလာတဲ့အမှုတွဲက မြေသိမ်းဥပဒေနဲ့ ထိန်းသိမ်းခြင်း
ရှိ မရှိ၊ ရှိခဲ့တယ်ဆိုရင် လျော်ကြေးနဲ့ ပတ်သက်ပြီး မစဉ်းစားဘူး။ လုပ်ထုံးလုပ်နည်းနဲ့ သိမ်းထား
ခဲ့သလား၊ မသိမ်းထားခဲ့ဘူးလားဆိုတာ ပြန်စစ်ရတယ်''ဟု ဦးသန်းမြင့်က ပြောသည်။လုပ်ထုံးလုပ်နည်းဖြင့် မြေယာသိမ်းဆည်းခြင်းမဟုတ်သည့်အတွက် နစ်နာမှုရှိပါက ကာလတန်ဖိုး
စိစစ်ရေးအဖွဲ့က သိမ်းယူခံခဲ့ရသည့်နှစ်နှင့် လက်ရှိကာလပေါက်ဈေးကို ချိန်ညှိသတ်မှတ်ပေးသည့်
အတိုင်း လျော်ကြေးပေးလျော်သည်ဟု ၄င်းက ပြောသည်။

''အဲဒီတုန်းက လုပ်ထုံးလုပ်နည်းနဲ့ သိမ်းထားတာမဟုတ်ဘူးဆိုသာလျင် လယ်သမားနစ်နာခဲ့တယ်
ဆိုရင်သိမ်းခဲ့တဲ့နှစ်ကို ပြန်ကြည့်တယ်။ ဘယ်လောက်ပေါက်လဲချိန်ဆပြီး ကာလပေါက်ဈေးဆိုတဲ့
တန်ဖိုး စိစစ်သတ်မှတ်ရေးက သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရကို တင်ပြတယ်။မြေဝယ်တဲ့
တန်ဖိုးရဲ့ ၁၂ ဆပေးတာမျိုး၊ ဥပမာ လန၊ ၃၉ နဲ့သိမ်းပြီးသားတွေ နစ်နာကျေးပေးတာ၊ သာကေတ
ဘက်မှာ တစ်ဧကကို ၂၅ သိန်းနဲ့ ပေးတာမျိုးတွေရှိခဲ့ပါတယ်''ဟု ဦးသန်းမြင့်က ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် စည်ပင်သာယာရေးကော်မတီက သိမ်းဆည်းခဲ့သည့် မြေယာများအတွက်
မြေယာလျော်ကြေးငွေပေးရမည့် ပမာဏမှကျပ်သိန်းပေါင်း ၁,၄၈ဝ ကျော် ရှိခဲ့ပြီး၊ အခြားဌာနများ၏
သိမ်းဆည်း မြေယာလျော်ကြေးငွေ လျာထားချက်ကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

''စည်ပင်အနေနဲ့ဆို ပြီးခဲ့တဲ့ နှစ်က သရက်ပင်ကျောင်းမှာသိန်း ၁,ဝဝဝ နီးပါးကျော် လျော်ဖို့
ရှိခဲ့ပါတယ်။ဒဂုံမြောက်မှာ သိန်း ၄၈ဝ လောက် လျော်ဖို့ ရှိခဲ့တယ်။မြေယာ လျော်ကြေးပေးတဲ့အခါမှာ
သက်ဆိုင်ရာဌာနတွေရဲ့ ဘတ်ဂျက်ကနေ လျော်ရတာဖြစ်တဲ့အတွက်အစိုးရက အားလုံးလျော်ကြေး
ပေးရတဲ့ စုစုပေါင်းတော့ ကျွန်တော်တို့ဆီမှာ အချက်အလက် မရှိပါဘူး''ဟုရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှူး ဦးသန်းလွင်ဦးက
ပြောသည်။

Credit: Myanmar Times

08/06/2017

လူနေထိုင်ခွင့် ပါမစ် တစ်ပတ်ကို အလုံး ၇၀ ကျော်ချပေးနေ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက တစ်ပတ်ကို လူနေထိုင်ခွင့် ပါမစ် (BCC) အဆောက်အအုံပြီးစီးကြောင်း ထောက်ခံချက်တွေ တစ်ပတ်ကို အဆောက်အအုံ အလုံး ၇၀ ကျော်ခန့်ပါမစ်ချ ပေးနေတယ်လို့ ရန်ကုန်မြို့ေ တာ် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)
က သိရပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အေ ဆာက်အအုံ) တာဝန်ရှိသူတစ်ဦးက BCC (အဆောက်အအုံပြီးစီးကြောင်း လက်မှတ်) YESC က လျှပ်စစ်မီတာ တပ်ဆင်ပေးလို့ BCC လာလျှောက်ကြ တယ်၊ BCC ကျမှ မီတာတပ်ဆင်ခွင့်ရှိလို့ BCC တင်လာကြတာ အရင်ကဆို BCC မတင်ဘဲ အမြတ်ခွန်ရှောင်တာတို့၊ လူဝင်နေထိုင်တာတွေရှိတဲ့ အတွက် အခက်အခဲတွေရှိခဲ့တယ်လို့ ပြောပါတယ်။ပြီးခဲ့တဲ့ အစိုးရလက်ထက်က BCC (အဆောက်အအုံပြီးစီးကြောင်း လက်မှ တ်) လာရောက်လျှောက်ထားသူ တစ်ပတ်ကိုအလုံးရေ ၁၀ လုံးခန့်သာ လာေ ရာက်လျှောက်ထားပြီး သည်အစိုးရသစ်လက်ထက်မှာ BCC (အဆောက် အ အုံပြီးစီးကြောင်းလက်မှတ်) လာရောက် လျှောက်ထားသူမှာ နိုဝင်ဘာလမှ စတင်ကာ တစ်ပတ်ကို အလုံးရေ ၇၀ ကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည် ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က သိရပါ တယ်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ အဆောက်အအုံတွေကို ဆောက်လုပ်ပြီးစီးေ ကြာင်း သက်သေခံလက်မှတ် BCC လာရောက်လျှောက်ထားတဲ့ အဆောက် အအုံ ၇၀ဝ ကျော်ရှိတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊
အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရပါတယ်။

Credit: The Voice

Address

No(1) Pin Shwe Nyaung Street, Tamwe Township
Yangon

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Alerts

Be the first to know and let us send you an email when Shwe Kyaw Nyar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Kyaw Nyar:

Share