BrandBaker Myanmar
BrandBaker Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BrandBaker Myanmar, Marketing Agency, 565 ThuMaNa Stree, Thinguntune, Yangon.
Shopping Centre တစ်ခုကို မန္တလေးမြို့ရဲ့ လည်ပတ်စရာနေရာတွေထဲက တခုဖြစ်အောင် ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်ခဲ့ကြလဲ။မြန်မာနို...
17/01/2021
Shopping Centre တစ်ခုကို မန္တလေးမြို့ရဲ့ လည်ပတ်စရာနေရာတွေထဲက တခုဖြစ်အောင် ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်ခဲ့ကြလဲ။
မြန်မာနိုင်ငံရဲ့ Smart City လို့ သတ်မှတ်ထားတဲ့ မန္တလေးမှာ လည်ပတ်စရာနေရာများစွာ ရှိပါတယ်။ ကမ္ဘာ့အမွေအနှစ်တွေ တန်ခိုးကြီးဘုရားတွေ အပါအဝင် လည်ပတ်စရာတွေနဲ့ ပြည့်နေတဲ့ မြို့ကြီးပါ။ မန္တလေးမြို့မှာတည်ဆောက်ခဲ့တဲ့ Shopping Centre တစ်ခု ကို ကျွန်တော်တို့ Digital Marketing ပိုင်းတာဝန်ယူချိန်ကစတင်ပြီး မန္တလေးမြို့သူမြို့သားတွေကော မြန်မာပြည် အနှံက ခရီးသွားဧည့်သည်တွေပါ အပန်းဖြေ အနားယူ လည်ပတ်စရာ တခု အနေဖြင့် သိရှိလာအောင် ကြိုးပန်း ဆောင်ရွက်ခဲ့ပါတယ်။
ကျွန်တော်တို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့လဲ ဆိုတာကို အနည်းငယ်ပြောပြချင်ပါတယ်။
ကျွန်တော်တို့ရဲ့ ဆန်းစစ်လေ့လာမှုများအရကိစ္စအများစုကို ဖြေရှင်းဖို့ အတွက် အရေးကြီးဆုံး က မေးခွန်းပါ။ ဟုတ်ပါတယ် အဖြေရှာဖို့အတွက် ဘာကြောင့်ဖြစ်တာလဲ ဆိုတာ သိရဖို့ လိုပါတယ်။
ကျွန်တော်တို့ ဝန်ဆောင်မှုပေးရမယ့်Shopping Centre အတွက်ဘယ်လို မေးခွန်းတွေရှာခဲ့လဲ။
(1) ဘယ်သူတွေ အများဆုံး လာမလဲ။ ဘာကြောင့် လာရမှာလဲ။ ဘယ်လိုလုပ်ရင် လာလည်ဖို့ စိတ်ဝင်စားမှာလဲ။
မန္တလေးလို လည်ပတ်စရာပေါများလှတဲ့နေရာမှာ မြို့ထဲနဲ့ အနည်းငယ်လှမ်းတဲ့ Shopping Cetre တခုကို လူစည်းကားအောင် လုပ်ဖို့ ကျွန်တော်တို့ အထက်ပါ မေးခွန်းတွေကို အရင်ထုတ်ခဲ့ရပါတယ်။
မေးခွန်းတွေရဲ့ အဖြေသိဖို့ အတွက် ကျွန်တော်တို့ အနေနဲ့ ပထမဆုံး လိုအပ်တဲ့အချက်အလက်များစွာကို နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေစုဆောင်းခဲ့ပါတယ်။ရရှိလာသော အချက်အလက်များကို လေ့လာဆန်းစစ်ပြီး ကိုက်ညီနိုင်မည်ဟု ယူဆသော မဟာဗျူဟာ(Strategy) တစ်ရပ်ကို ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။
ရရှိခဲ့သောအချက်အလက်များအရ လာရောက်နိုင်သူများမှာ မိသားစုများ နှင့် လူငယ်များ ဖြစ်တဲ့အတွက် သူတို့နှစ်သက်သဘောကျနိုင်သည့်
"မြန်မာနိုင်ငံရဲ့ ပထမဆုံး လမ်းလျှောက်စျေး"ဆိုသောအချက်ကို ဦးတည် ကြေညာ ခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ပထမဆုံး လမ်းလျှောက်စျေးဖြစ်တာကြောင့် ဓာတ်ပုံရိုက်ကူးရန် အကောင်းဆုံး ဖန်တီးထားခြင်း ၊ အားလပ်ရက်တိုင်း မိသားစုလိုက် ညစျေးတန်း လျှောက်နိုင်ခြင်း ၊ မည်သူမဆို စျေးဝယ်ရင်းအပန်းဖြေ အနားယူနိုင်ခြင်း ၊ လူငယ်များ နှစ်သက်သော ပွဲများ ကို အခမဲ့ လာရောက်ကြည့်ရှူနိုင်ခြင်း အစရှိတဲ့ အချက်အလက်များကိုဖန်တီးပြီး လူမှုကွန်ရက် (ဖေ့ဘုတ်) တွင်အဆက်မပြတ်ကြော်ငြာခဲ့တာကြောင့် လူအများရဲ့ စိတ်ဝင်စားကို ရယူနိုင်ခဲ့ပါတယ်။
(2) စိတ်ဝင်စားတဲ့ လူတွေကို အမြဲလာအောင် ဘာလုပ်ရမလဲ။ ဘယ်အချက်တွေက သူတို့ လာလည်ချင်စိတ် ဖြစ်ပေါ်စေလဲ။ သူတို့အပြင် အခြားလူတွေပါ လာရောက်လည်ပတ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။
အဓိက လာရောက်လည်ပတ်သော လူများမှာ လူငယ်များဖြစ်တဲ့အတွက် သူတို့နှစ်သက်သော ပြိုင်ပွဲအစီအစဉ်များကို လူမှုကွန်ရက်ပေါ် မှာပါ ပါဝင်နိုင်အောင် Online နှင့် Offline ချိတ်ဆက်ပြီး ပြုလုပ်ခဲ့ပါတယ်။ Shopping Centre မှာ လည်ပတ်ရင်း ရိုက်ကူးသွားသည့် ပုံများကို လာရောက်လည်ပတ်သူတို့ ကိုယ်တိုင်ပါဝင်နိုင်သော Offline Campaign ပြိုင်ပွဲလေးများ ဖန်တီးပြီး အခြားလူများပါ သိရှိလာအောင် လူမှုကွန်ရက်မှာ ပိုစ့်တင်စေခြင်းများ ကြိုးပန်းဆောင်ရွက်ခဲ့တဲ့အတွက် ပစ်မှတ်ထားသောလူငယ်များ ထပ်မံလည်ပတ်လာပြီး အခြားသော လူများဆီကပါ စိတ်ဝင်စား မှုရရှိခဲ့ပါတယ်။
ဒုတိယအများဆုံးလာရောက်သော သူများမှာ မိသားစု နှင့် အိမ်ရှင်မများဖြစ်တဲ့အတွက် အဆိုပါ Shopping Centre မှ ဆိုင်ခန်းများအကြောင်း နှင့် လက်လွှတ်မခံသင့်တဲ့အထူးအစီအစဉ်များအကြောင်း အိမ်ရှင်မများကို သီးသန့်ရွေးထုတ်ပြီး သက်ဆိုင်ရာ ကြော်ငြာများကို အကြိမ်ကြိမ်ပြသခြင်းဖြင့် ဆွဲဆောင်ခဲ့ပါတယ်။
ပိုမိုကျယ်ပြန့်စွာသိရှိပြီး စည်ကားလာအောင် အဆိုပါ Shopping Centre ရဲ့ နှစ်ပတ်လည်ပွဲအစီအစဉ်များနှင့် သင်္ကြန်ပွဲအစီအစဉ်များကို ပွဲမကျင်းပခင်အချိန်ကပင် တဆင့်ချင်းဆီအသေးစိတ် ထွင်ပြင်ရေးသားခဲ့သည့်အတွက် အထူးစည်ကားစွာဖြင့်ကျင်းပနိုင်ခဲ့ပါတယ်။
(3)စွဲနေတဲ့လူတွေကိုမြဲသွားအောင် ဘာလုပ်သင့်လဲ။ ပွဲတွေမကျင်းပနိုင် ဆိုင်တွေပိတ်နေတဲ့အချိန်မှာ ဘာတွေလုပ်သင့်လဲ။
Shopping Centre ဆိုတာ လည်ပတ်စရာနေရာ တခုဖြစ်တဲ့အတွက် ယခုလို အခြေအနေမှာ လာရောက်လည်ပတ်နေသူတွေနဲ့ ထိတွေ့ဖို့ ခက်ခဲပါတယ်။
ဒီအချိန်မှာ ကျွန်တော်တို့ ကြိုးစားဖန်တီးရမယ်လို့ ယူဆတာက စားသုံးသူနှင့်အမှတ်တံဆိပ်ကြားက "ချစ်ခင်မှု"ပါ။ ဒီအတွက် ကျွန်တော်တို့ Shopping Centre ဟာ မန္တလေးသူတယောက်ဖြစ်ရတာ ဂုဏ်ယူကြောင်းကို ပြသနိုင်ဖို့အတွက် မန္တလေးမြို့ရဲ့ ဂုဏ်ယူဖွယ်ရာ ပုဂ္ဂိုလ်များအကြောင်း ၊ စိတ်ဝင်စားဖွယ်ရာ နေရာများအကြောင်း နှင့် နာမည်ကျော်ကြားသောအစားအစာများအကြောင်းများကို သက်ဆိုင်ရာအစီအစဉ်များထွင်ပြင်ဖန်တီးရေးသားပြီး စားသုံးသူများကို အုပ်စုငယ်များ အလိုက်ခွဲခြားပစ်မှတ်ထားကာ ကြော်ငြာခဲ့သည့်အတွက် စိတ်ဝင်စားမှု အသီးအသီးရရှိခဲ့ပြီး လာရောက်လည်ပတ်ဖို့ စိတ်အားထက်သန်မှုကို ရရှိခဲ့သည့်အပြင် စားသုံးသူတွေရဲ့ နှစ်သက် သဘောကျမှုကို ရရှိခဲ့ပါတယ်ခင်ဗျာ..
ကျွန်တော်တို့ BrandBaker Myanmar Digital Marketing Agencyကို လုပ်ငန်းစတင်အပ်နှံချိန်မှ ယခုအချိန်အထိ ယုံကြည်စွာ လက်တွဲနေတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။
လူကြီးမင်းတို့ရဲ့ အမှတ်တံဆိပ်တွေကို စားသုံးသူနဲ့ အချိန်တိုအတွင်း ရင်းနှီးမှု ရရှိဖို့ အဖြေကိုသိလိုပါသလား။
ကျွန်တော်တို့ BrandBaker Myanmar Digital Marketing Agency မှာ ဝန်ဆောင်မှုများ စုံစမ်းနိုင်ပါပြီ။ ကျွန်တော်တို့မှာ အဖြေရရှိဖို့ မေးခွန်းတွေ ရှိပါတယ်။
ကျွန်တော်တို့ ဟာ လုပ်ငန်းတခုရဲ့ စျေးကွက်ရည်မှန်းချက်ကို ပြည့်မှီနိုင်ဖို့ ဆန်းသစ်ထီထွင်မှုနဲ့ ဖန်တီးနိုင်တယ်လို့ ယုံကြည်ပါတယ်။ဒီအတွက် မတူညီတဲ့ လုပ်ငန်းတွေအတွက် Digital Marketing ဝန်ဆောင်မှုတွေ ပေးခြင်းဖြင့် သက်သေပြနိုင်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါတယ်။
ကျွန်တော်တို့ ရဲ့ ကြိုးစားဆောင်ရွက်မှုဖြင့် လူကြီးမင်းတို့အတွက် စျေးကွက်ရည်မှန်းချက်များ ပြည့်မီအောင် ဝန်ဆောင်မှုပေးဖို့ အသင့်စောင့်ကြိုနေပါတယ်။
“ဝန်ဆောင်မှုရယူရန်” ပေစ့်ချက်ဘောက်မှတစ်ဆင့် စုံစမ်းနိုင်သလို
09 250 060 659 /09 976 931 393 /01 570 932 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်..
တကယ်ဝယ်သူ ဘယ်သူလဲ။ ကလေးကြိုက်တဲ့ မုန့်တွေကို အမေဝယ်အောင် ဘယ်လိုလုပ်မလဲ။စျေးကွက်ပြိုင်ဆိုင်မှုများတဲ့ ပစ္စည်း တစ်ခုကို ပိ...
10/01/2021
တကယ်ဝယ်သူ ဘယ်သူလဲ။
ကလေးကြိုက်တဲ့ မုန့်တွေကို အမေဝယ်အောင် ဘယ်လိုလုပ်မလဲ။
စျေးကွက်ပြိုင်ဆိုင်မှုများတဲ့ ပစ္စည်း တစ်ခုကို ပိုမို ကောင်းမွန်စွာ စျေးကွက်ထိုးဖောက်ဖို့ ဆိုရင် ဘာတွေသိဖို့လိုမလဲ။
ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ မုန့်လုပ်ငန်းလေး တစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက် ဆိုသလို ကျွန်တော် ဝန်ဆောင်မှုပေးရတဲ့ မုန့်လေးဟာ ကလေးကြိုက်မုန့်လေးတွေ ဖြစ်တဲ့အတွက် အသက်အရွယ်အရ ပစ်မှတ်ထားဖို့ အနည်းငယ် အခက်အခဲရှိခဲ့သလို နယ်ဘက်စျေးကွက်တွေကိုပါ ဖြန့်ချီတဲ့အတွက် ကြော်ငြာပြုလုပ်ရာမှာလည်း အခက်အခဲရှိခဲ့ပါတယ်။
၁။ကလေးကြိုက်မုန့်ဆိုတဲ့အတိုင်း အဆိုပါ အသက်အရွယ်က ဝယ်ချင်ပေမယ့် ဝယ်ယူနိုင်အားမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ အတွက် စိန်ခေါ်မှုဖြစ်တဲ့ ငယ်ရွယ်တဲ့အသက်အရွယ်သာမက လူကြီးတွေပါ ဝယ်နိုင်အောင် ဘာတွေလုပ်ဖို့ လိုခဲ့လဲ။
ဝယ်ယူနိုင်အား ရှိသော အိမ်ရှင်မများ သို့ချဥ်းကပ်ခြင်း
ငွေကိုင် သုံးစွဲနိုင်ဖို့ အခက်အခဲ ရှိတဲ့အပြင် ဆိုရှယ်မီဒီယာ သုံးစွဲဖို့ အခက်အခဲရှိတဲ့ ကလးများကို ပစ်မှတ် မထားတော့ပဲ ဝယ်ယူနိုင်စွမ်းရှိသော အိမ်ရှင်မများကို ပစ်မှတ် ထားလိုက်ပါတယ်။ မုန့်စားဆင်းချိန်ကလေးများအဆာပြေစားနိုင်ကြောင်း၊ ဘေးထွက်ဆိုးမရှိပဲ FDA အသိအမှတ်ပြုထားသည့်အတွက် ကျန်းမာရေးနှင့်ညီညွှတ်ကြောင်း၊ အရသာရှိသည့်အပြင်စျေးနှုန်းသင့်တော်ကြောင်း အစရှိသော Content များဖြင့် ဆွဲဆောင်ခဲ့သည့် အပြင် မိခင်နဲ့ ကလေး အတူတကွ ပူးပေါင်းဆောင်ရွက်ရတဲ့ ပြိုင်ပွဲလေးများ ပြုလုပ်ခဲ့ခြင်းဖြင့် ဝယ်ယူအားပေးသူနဲ့ အမှတ်တံဆိပ်ကြားမှာ နီးစပ်မှု ရရှိအောင် ဆောင်ရွက်ခဲ့ပါတယ်။
၂။ နယ်စျေးကွက် ကို ဘယ်လို ထိုးဖောက်ခဲ့လဲ။
ဆန်းစစ်လေ့လာခဲ့သော စျေးကွက်သုတေသနများ အရ နယ်ဘက်မှ လူများသည် မုန့်ကို ကိုယ်တိုင် သုံးစွဲသည့် အပြင် အလှူအတွက်လည်း ဝယ်ယူ သုံးစွဲလေ့ရှိ သလို အဆိုပါ ပစ်မှတ်ထားသော လူများသည် ဇာတ်တော်များ နှင့် ပုံပြင်များကို အထူး နှစ်သက်လေ့ရှိပါတယ်။
စျေးကွက်ဖြန့်ချီ ရမည့် မြို့များမှ အထင်ကရ နေရာများ၊ သမိုင်းကြောင်းများ နှင့် ပုံပြင်များကို ဗဟုသုတ (Knowledge Sharing Content)အနေဖြင့် Page မှ အပတ်စဉ်ဖော်ပြ‌ပေးနိုင်ခဲ့သည့်အတွက် စားသုံးသူများနှင့် ရင်းနှီးမှုကို အချိန်တိုအတွင်း ချိတ်ဆက်နိုင်ခဲ့အတွက် သက်ဆိုင်ရာမြို့များတွင် စျေးကွက် အလျင်အမြန် ရရှိခဲ့ပါတယ်။
ထိုသို့ စျေးကွက်များရှိပြီးနောက် မြို့ကြီးများတွင်ပါ ထိုးဖောက်နိုင်ဖို့ ထပ်မံ၍ စျေးကွက် ချဲ့ထွင်ရေး မဟာဗျူဟာ အတိုင်း ဆောင်ရွက်နိုင်ဖို့ အတွက် ယခုခေတ်မှာ အရမ်းအသုံးဝင်လာပြီဖြစ်တဲ့ Influencer Marketing နည်းလမ်းဖြင့် ပစ်မှတ်ထားသော လူများ နှစ်သက်သော Influencer များငှားရမ်းပြီး Tik Tok Campaign run ခဲ့ပါတယ်။ Facebook မှာ ကြော်ငြာ‌ပေးနိုင်ခဲ့သာမက လူသုံးများလာပြီဖြစ်တဲ့ Tik Tok မှာပါ Brand Awareness Campaign ပြုလုပ်ခဲ့တဲ့အတွက် အခုဆိုရင် ဒီမုန့်လေးကို ပစ်မှတ်ထားသော မြို့များမှ လူကြီး လူငယ် မရွေး သိရှိပြီး စျေးကွက်အနေအထား တခုကို ရရှအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ BrandBaker Myanmar Digital Marketing Agency ၏ ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာ အပ်နှံခဲ့သည့်အတွက် လေးစားရပါသော လူကြီးမင်းကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နှစ်သစ်မှာ ယခုထက်ပို ‌ရောင်းအားများတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ..
လူကြီးမင်းတို့၏ ထုတ်ကုန်ကိုရော စားသုံးသူများနှင့် အချိန်တိုအတွင်း ယုံကြည်ရင်းနှီးမှုရချင်ပါသလား..။
BrandBaker Myanmar Digital Marketing Agency မှ ဝန်ဆောင်မှုများ စုံစမ်းနိုင်ပါပြီ။
ကျွန်တော်တို့ ဟာ လုပ်ငန်းတခုရဲ့ စျေးကွက်ရည်မှန်းချက်ကို ပြည့်မှီနိုင်ဖို့ ဆန်းသစ်ထီထွင်မှုနဲ့ ဖန်တီးနိုင်တယ်လို့ ယုံကြည်ပါတယ်။ဒီအတွက် မတူညီတဲ့ လုပ်ငန်းတွေအတွက် Digital Marketing ဝန်ဆောင်မှုတွေ ပေးခြင်းဖြင့် သက်သေပြနိုင်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါတယ်။
ကျွန်တော်တို့ ရဲ့ ကြိုးစားဆောင်ရွက်မှုဖြင့် လူကြီးမင်းတို့အတွက် စျေးကွက်ရည်မှန်းများ ပြည့်မှီအောင် ဝန်ဆောင်မှုပေးဖို့ အသင့်စောင့်ကြိုနေပါတယ်။
“ဝန်ဆောင်မှုရယူရန်” ပေစ့်ချက်ဘောက်မှတစ်ဆင့် စုံစမ်းနိုင်သလို
09 250 060 659 /09 976 931 393 /01 570 932 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်..
04/12/2020
ကြော်ငြာစာသားရေးသားသူ (၁)ဦး အလိုရှိပါသည်။ လိုအပ်ချက်များ  - ဘွဲ့ရဖြစ်ရမည် (ဖြစ်လျှင် ပိုကောင်းပါတယ် လို့ ဆိုလိုတာပါ) -ကြ...
24/08/2020
ကြော်ငြာစာသားရေးသားသူ (၁)ဦး အလိုရှိပါသည်။
လိုအပ်ချက်များ
- ဘွဲ့ရဖြစ်ရမည် (ဖြစ်လျှင် ပိုကောင်းပါတယ် လို့ ဆိုလိုတာပါ)
-ကြော်ငြာစားသား ရေးသားသည့် အတွေ့အကြုံ ရှိရပါမည်။
- အလုပ် လျှောက်လွှာ နဲ့အတူ ရေးသားခဲ့ဖူးသော ကြော်ငြာစာသားများ ပေးပို့ပေးရပါမည်။
-စိတ်အားထက်သန်ပြီး အဖွဲ့အစည်းနဲ့ အတူပူပေါင်းဆောင်ရွက်လိုစိတ်ရှိရပါမည်။
-ဖိအားတွေအောက်မှာ လုပ်ကိုင်နိုင်ရပါမည်။
-ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အချိန်နဲ့ တပြေးညီ လုပ်ဆောင် နိုင်ရပါမည်။
ဦးစားပေးရွေးချယ်မည့်လိုအပ်ချက်များ
-ကြော်ငြာများကို ထွင်ပြင်ဆန်းသစ်စွာဖန်တီးနိုင်ပြီး စာသားများ ကျစ်လစ်သိပ်သည်းစွာ ရေးသားနိုင်ရပါမည်။
-ကြော်ငြာစာသား ရေးသားသည့် အတွေ့အကြုံ ၁နှစ် အထက်ရှိရပါမည်။
-အင်္ဂလိပ် လိုရေးသားနိုင်ရပါမည်။ (အချွန်အမွန် ရေးသားနိုင်စရာ မလိုအပ်ပါဘူး။ တော်အောင်လျော်အောင် ရေးသားနိုင်လျှင်ရပါပြီ)
-စျေးကွက်ချဲ့ထွင်ရေး သဘောတရားကို အတော်အသင့် နားလည်ပြီး ကြော်ငြာစာသားများကို လိုက်ဖက်သင့်လျော် အောင် ရေးသားနိုင်ရပါမည်။
လစာ - ညှိနှိုင်း
စီဗီပေးပို့ရန် - [email protected] CC [email protected] သို့ ၁.၉.၂၀၂၀ နောက်ဆုံးထားပြီး ပေးပို့ နိုင်ပါသည်။
အသေးစိတ် သိလိုပါက ဖုန်းနံပတ် - 01 570 932 / 09 676222215 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အလုပ်ချိန် - မနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ တနင်္လာနေ့ မှ သောကြာ အထိ စနေနေ့ (၉) – (၁၂) နာရီ အထိ
လက်ရှိအချိန်တွင် မနက် (၉း၀၀) နာရီ မှ ညနေ (၄း၀၀) နာရီ အထိပဲ တက်ရပါသည်။
Job Vacancy Announcement Senior Content Writer -1 PostBrandbaker Myanmar team နဲ့ တွဲဖက် အလုပ်လုပ်ဖို့ Senior Content Wr...
10/08/2020
Job Vacancy Announcement Senior Content Writer -1 Post
Brandbaker Myanmar team နဲ့ တွဲဖက် အလုပ်လုပ်ဖို့ Senior Content Writer များ လာရောက်လျောက်ထားပါ
လိုအပ်ချက်
- ဘွဲ့ရဖြစ်ရမည် (ဖြစ်ရင်ပိုကောင်းတယ်လို့ပြောတာပါ)
- Content Writing အတွေ့အကြုံ အနည်းဆုံး ၁နှစ် အထက် ရှိရမည်
- CV Form နဲ့အတူ Content Portfolio ကိုပူးတွဲ Mail ပို့ရမည်
- ကြော်ငြာစာသားကောင်းကောင်းရေးနိုင်ပြီး အရေးအသားပြေပြစ်ရမည်
- Passion ကောင်းဖို့ လိုအပ်ပြီး သက်ဆိုင်ရာ Project Team နဲ့ ‌ပူးပေါင်းလုပ်ဆောင်တက်ရမည်
- လက်တွေ့ကျပြီး ဆန်းသစ်တဲ့ အတွေးအခေါ်ရှိရမည်
- Pressure နဲ့အလုပ်ကို ကွဲကွဲပြားပြားလုပ်နိုင်ရမည်
- အချိန်နဲ့ တပြေးညီ လုပ်ဆောင်တက်ရန်လိုပြီး ပျော်ပျော်ရွှင်ရွှင်နေတက်သူဖြစ်ရမည်
အောက်ပါ အရည်အချင်းနဲ့ပြည့်စုံလျှင် ဦးစားပေးမည်
- အတွေ့အကြုံ ၁နှစ်အထက်ရှိသူ
- ကြော်ငြာစာသားကောင်းကောင်းရေးနိုင်သူ
- English စာ‌ရေးသားနိုင်သူ
- Digital Marketing နဲ့သက်ဆိုင်သော Certificate ရှိသူ
- Team တစ်ခုကို Leader ပီပီသသ ဦးဆောင်နိုင်သူ
Salary (Negotiate)
စီဗီပို့ရန် - [email protected]
CC [email protected]
အသေးစိတ် သိလိုပါက
ဖုန်းနံပတ် - 01 570 932 / 09 676222215 ကို ဆက်သွယ်နိုင်ပါတယ်။
CV ကို (၃၁.၈.၂၀၂၀) အထိ နောက်ဆုံးထား ပေးပို့ရန်
အလုပ်ချိန် ။ မနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ
တနင်္လာနေ့ မှ သောကြာ အထိ
စနေနေ့ (၉) – (၁၂) နာရီ အထိ
Digital Account Executive - 1 post (Male/Female)Salary : NegoThe main responsible of Digital Account Executives will be:...
16/07/2020
Digital Account Executive - 1 post (Male/Female)
Salary : Nego
The main responsible of Digital Account Executives will be:
� Coordinating, managing, brand strategy formulation and creative judgment.
� Gather customer's marketing requirements
� Coordinating with internal team (Strategic Planner, Digital Creative) to come out with the vital digital marketing plan or campaign which best matched with customers' marketing requirements.
� Negotiating with customers on business transaction, Following up and closing the deal with customers.
� Coordinating, managing the customer's projects to meet the deadline and solving problems if any.
Qualifications:
� Strategic mind, Vibrant, Self-motivated personality.
� Excellent time and people management.
� Good Interpersonal, Presentation, Negotiation skill.
� Able to work under pressure.
� Good number and analytic skill will be an advantage.
� Willing to learn more.
� Good in written English.
� Excellent in Social Media Advertising and Marketing knowlege
� Exceptional team player.
� High level of integrity with clients and partners
Requirement:
- A keen to interest to work in digital media.
- 1 year experience working in digital or a client facing role would be preferred but not essential.
- To be educated to degree level.
- Related online management experience, agency / media experience preferred
- Ability to effectively manage multiple projects, timelines and details
ဒါတွေ လုပ်နိုင်ရင်ဦးစားပေးမည်
- လိုအပ်ရင် ခရီးသွားနိုင်ရပါမယ်
- pressure ဒဏ် ခံနိုင်ရပါမယ်
- Client နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်နိုင်ရပါမယ်
- Team နဲ့အတူ ပူးပေါင်းပြီး အလုပ်လုပ်နိုင်ရပါမယ်
You can send your resume to [email protected]
Contact us :
01-570932
09-676222215
Job vacancy announcement – Graphic Designer (1) PostBrandBaker Digital Marketing Agency တွင် လုပ်ကိုင်ရန် Graphic Design...
01/07/2020
Job vacancy announcement – Graphic Designer (1) Post
BrandBaker Digital Marketing Agency တွင် လုပ်ကိုင်ရန် Graphic Designer တစ်ဦးအလိုရှိသည်..
Salary: ညှိနှိုင်း
- Photoshop, Illustrator, ကျွမ်းကျင်ရမည်
- Creative Thinking ကောင်းရမည်
- Team work နဲ့ အလုပ်လုပ်နိုင်ရမည်
- Deadline အမှီ အလုပ်လုပ်နိုင်ရမည်
အောက်ပါအရည်အချင်းများဖြင့်ပြည့်စုံလျှင်ဦးစားပေးမည်
Premiere Pro အနည်းငယ်အသုံးပြုတတ်သူ
Agency အတွေ့အကြုံရှိသူ
Portfolio ကို CV နှင့်အတူပေးပို့ရမည်
Email Address – [email protected]
Phone – 09676222215
အလုပ်ချိန် - Monday to Friday (9am to 5pm), (Saturday half)
အလုပ်တည်နေရာ - အမှတ် (၅၆၅) သုမနလမ်း၊ ၁၆/၄ ရပ်ကွက်,‎သင်္ဃန်းကျွန်းမြို့နယ်။ (သရက်တောမှတ်တိုင်၊ ဇဝနမှတ်တိုင်၊ ရတနာစျေးမှတ်တိုင် တို့နှင့်နီးပါတယ်)
*(10 ရက်နေ့နောက်ဆုံးပေးပို့ကြပါရန်)*
Job Vacancy Announcement 1 PostBrandbaker Myanmar team နဲ့ တွဲဖက် အလုပ်လုပ်ဖို့ Content Writer များ လာရောက်လျောက်ထားပါ (...
04/03/2020
Job Vacancy Announcement 1 Post
Brandbaker Myanmar team နဲ့ တွဲဖက် အလုပ်လုပ်ဖို့ Content Writer များ လာရောက်လျောက်ထားပါ (Junior Level ခေါ်ဆိုခြင်းဖြစ်ပါသည်)
လိုအပ်ချက်
- ဘွဲ့ရဖြစ်ရမည် (ဖြစ်ရင်ပိုကောင်းတယ်လို့ပြောတာပါ)
- Content Writing အတွေ့အကြုံ အနည်းဆုံး ၆လ မှ ၁နှစ် ရှိရမည်
- ရေးခဲ့ဖူးသော မတူညီသည့် Content ၂ပုဒ်ကို CV Form တွင် မဖြစ်မနေတင်ပေးရမည်
- စားလုံးပေါင်းသတ်ပုံမှန်မှန်ကန်ကန်ရေးနိုင်ပြီ အရေးအသားပြေပြစ်ရမည်
- Passion ကောင်းဖို့ လိုအပ်ပြီး သက်ဆိုင်ရာ Project Team နဲ့ ‌ပူးပေါင်းလုပ်ဆောင်တက်ရမည်
- လက်တွေ့ကျပြီး ဆန်းသစ်တဲ့ အတွေးအခေါ်ရှိရမည်
- Pressure နဲ့အလုပ်ကို ကွဲကွဲပြားပြားလုပ်နိုင်ရမည်
- အချိန်နဲ့ တပြေးညီ လုပ်ဆောင်တက်ရန်လိုပြီး ပျော်ပျော်ရွှင်ရွှင်နေတက်သူဖြစ်ရမည်
အောက်ပါ အရည်အချင်းနဲ့ပြည့်စုံလျှင် ဦးစားပေးမည်
- CV Form အပြင်အဆင်ကောင်းသူ
- English စာ‌ရေးသားနိုင်သူ
Salary (Negotiate)
စီဗီပို့ရန် - [email protected]
CC [email protected]
အသေးစိတ် သိလိုပါက
ဖုန်းနံပတ် - 01 570 932 / 09 676222215 ကို ဆက်သွယ်နိုင်ပါတယ်။
CV ကို (၄.၆.၂၀၂၀) အထိ နောက်ဆုံးထား ပေးပို့ရန်
အလုပ်ချိန် ။ မနက် (၉း၀၀) နာရီ မှ ညနေ (၅း၀၀) နာရီ
တနင်္လာနေ့ မှ သောကြာ အထိ
စနေနေ့ (၉) – (၁၂) နာရီ အထိ
ဖန်တီးဆန်းသစ်နိုင်စွမ်း( Creative) ကောင်းတယ်ဆိုတာကို ဘာကိုဆိုလိုတာဖြစ်နိုင်မလဲ။တယောက်နဲ့တစ်ယောက် တူညီမှာ မဟုတ်တာကြောင့်ဘ...
17/02/2020
ဖန်တီးဆန်းသစ်နိုင်စွမ်း( Creative) ကောင်းတယ်ဆိုတာကို ဘာကိုဆိုလိုတာဖြစ်နိုင်မလဲ။
တယောက်နဲ့တစ်ယောက် တူညီမှာ မဟုတ်တာကြောင့်ဘယ်လို ဖွင့်ဆိုရမလဲဆိုတာ နည်းနည်းတော့ ခက်ခဲမယ်ထင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ကြော်ငြာ ကိုယ်စားလှယ်လုပ်ငန်း (Advertising Agency) တွေ အတွက်တော့ အဖိုးတန်တဲ့ ငွေကြေး တစ်မျိုးပါပဲ။ Creative မရှိရင် ကြော်ငြာလုပ်ငန်းတွေ အတွက်လည်း ပြောရ ဆိုရ ခက်ပြီး ရေရှည်တောင် ရပ်တည်ဖို့ခက်လိမ့်မယ်ထင်တယ်။ ဘယ်နေရာ ကကြည့်ကြည့် တော်တော် အရေးပါတဲ့ ထဲမှာပါမယ်ထင်ပါတယ်။ တကယ့် အဓိပ္ပာယ်ကတော့ ဘာလဲဆိုတော့ ပြောရဖို့အနည်းငယ်ခက်ခဲနိုင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး Paul Arden (Creative Director of Saatchi & Saatchi Advertising Company )ပြောပြထား ဖန်တီးဆန်းသစ်နိုင်စွမ်း အကြောင်းလေးကို သဘောကျလို့ ပြန်လည် မျှဝေပါရစေ။
ဒီနေရာမှာ ဒီအကြောင်းကို သိထားပြီးရင်တော့ ကျော်လိုက်ပါတော့။ သိပြီးသားအကြောင်းတွေဖြစ်တော့ ဖတ်နေရင် အချိန်ကုန်မှာ အားနာလို့ပါ။
Creative ဆိုတဲ့ စကားလုံးဟာ အမျိုးမျိုးသော အလုပ်အပ်သူတွေရဲ့ ကွဲပြားခြားနားနေတဲ့ ဖွင့်ဆိုချက်တွေ လို့အဓိပ္ပာယ် ရပါတယ်တဲ့။
ဥပမာ - အချို့ စာတကြောင်း ပုံတစ်ခု ထဲ နဲ့ကြော်ငြာ ကို Creative ကောင်းတယ်လို့ယူဆကြတယ်။
အချို့ကတော့ ဇာတ်ကြောင်းတွေ ဖော်ပြပြီး ကိုယ့် ပစ္စည်းတွေ နဲ့ချိတ်ဆက်ထားတာ ကို Creative ကောင်းတယ်လို့ယူဆကြပြန်ကော။
အချို့ကတော့ Trending တွေ နဲ့ပတ်သက်ပြီးဖန်တီးတာကို Creative ကောင်းတယ်လို့ ထင်မြင်တဲ့လူတွေလည်းရှိမှာပါပဲ။
သိပ်ပြီး ထွေထွေပြားပြား မစဉ်းစားချင်တဲ့ လူတွေကတော့ ကျွန်တော့် ပြိုင်ဘက်တွေ လုပ်သလိုမျိုး လုပ်ပေးပါ ဒါပေမယ့် သူတို့နဲ့မတူစေနဲ့နော် ဆိုပြီး ပြောမှာပဲ။ :P
ခပ်ဆန်းဆန်းကြိုက်တဲ့ လူတွေကတော့ ဟိုး အရင်တုန်းက ကြော်ငြာပုံစံမျိုး လုပ်ပေး အခုခေတ် အငွေ့အသက်တွေပါ ပါစေ။
ဒီအချက်တွေ အရဆိုရင် ၉၉ % နှုန်းသော လူတွေကတော့ သူတို့တွေ့ကြုံဖူးတဲ့ အထဲက မှတ်မိသတိရတာကို လုပ်စေချင်တာပါတဲ့။
ဒီလို အနေအထားမှာ Creative ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပာယ် ကို တိတိကျကျ သိဖို့ဆိုရင် အလုပ်အပ်သူ ဘာကို ဆိုလိုမှန်း သိအောင်လုပ်ပါတဲ့။ ကျွန်တော်တို့ထင်တာနဲ့တခြားဆီ ဖြစ်မှာဆိုတာကတော့ သေချာသလောက်ပါပဲတဲ့။ :P
ကျွန်တော်တို့ကတော့ ဒီအမြင်ကိုသဘောကျပါတယ်။
ကျွန်တော် တို့ရဲ့အမြင်ကတော့ ကျွန်တော် တို့အလုပ်အပ်သူတွေ နဲ့သူတို့ပစ်မှတ်ထားတဲ့ လူတွေရဲ့ကြားမှာ ဘက်ညီတဲ့ နှစ်သက်မှု ရအောင် ညှိနှိုင်းပေးနိုင်ရင် အကောင်းဆုံး ဖြစ်မယ် လို့ယူဆပါတယ်။
ဒီကြားထဲမှာ နောက်ထပ်ဖြစ်ပွားနိုင်တဲ့ အခြင်းအရာတစ်ခုကို ကျွန်တော် ထပ်ပြီး ပြောပြချင်ပါတယ်။
ဒါကတော့ အလုပ်အပ်သူတွေနဲ့ ကြော်ငြာကိုယ်စားလှယ် လုပ်ငန်းတွေ ကြားမှာ ဖြစ်ပွားနိုင်တဲ့ အကြောင်းအရာ တစ်ခုပါ။
အလုပ်အပ်သူတွေက သူတို့ရဲ့ကုန်ပစ္စည်းတွေ နဲ့ဝန်ဆောင်မှု တွေ ကောင်းကြောင်းကို ကြော်ငြာချင်ပါတယ်။
ကြော်ငြာ ကိုယ်စားလှယ် လုပ်ငန်းတွေကတော့ ဒီ ကြော်ငြာမိုက်တယ် (ဟာ Idea ကောင်းတယ်ဗျာ) အကြောင်းကို လိုချင်တယ်။ (အားလုံးတော့ မဟုတ်ပေမယ့် အချို့ကို ဆိုလိုတာပါ)
ဒီကြားထဲမှာ မင်းသားမင်းသမီး (ကြော်ငြာဖန်တီးရှင်) တွေကတော့ သူတို့ချောကြောင်း လှကြောင်း ပြောတာကို မြင်ချင်မှာပါ။
ဘာမှမဟုတ်ပေမယ့် အဆုံးသတ်မှာ ခံရမှာက ကြော်ငြာ ကိုယ်စားလှယ်လုပ်ငန်းတွေပါ။
ကျွန်တော်တို့ရဲ့အမြင်ကတော့ ကြော်ငြာတစ်ခုရဲ့ သတ်မှတ်ထားတဲ့ရည်မှန်းချက် တစ်ခုခု (ဥပမာ - လုပ်ငန်းကို လူမျ ားမျ ားမှတ်မိဖို့ ဒါမှမဟုတ် ပစ္စည်းကို အဝယ်လိုက်ဖို့) ပြီးမြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်တယ်ဆိုရင် Creative ကောင်းပြီး အောင်မြင်တဲ့ Brand(အမှတ်တံဆိပ်) တခု ဖန်တီးနိုင်တယ်လို့ယူဆပါတယ်။
ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် Creative ဖြစ်တယ်ဆိုတာကို Client နဲ့ Agency ကြားမှာ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် တစ်ခုကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်တဲ့ အဓိက အချက်တစ်ခု တစ်ခုလို့ပဲ ဆိုရမှာပါ။
ဒီစာ ဘယ်လို မြင်ပါလဲ။ အမြင်လေးတွေ ပြောပြကြည့်ပါအုန်း။ ကျွန်တော်တို့ BrandBaker Myanmar Page လေး အနေနဲ့လည်း ဒီလိုဆွေးနွေးစရာ ကိစ္စလေးတွေကို မကြာခဏ ဖော်ပြပေးသွားနိုင်ဖို့ကြိုးစားသွားမှာပါ။
UnicodeJob Vacancy Announcement - at Fridendium (Myanmar Branch)အမိုက်စား Social App တစ်ခုဖြစ်တဲ့ Friendium (Myanmar Bra...
03/12/2019
Unicode
Job Vacancy Announcement - at Fridendium (Myanmar Branch)
အမိုက်စား Social App တစ်ခုဖြစ်တဲ့ Friendium (Myanmar Branch) တွင်
Position (1) - Digital Marketing Manager (1 Post)
Position (2) - Digital Marketing Staff (2 Post) အမြန်လိုအပ်နေပါတယ်
Job Descriptions
1. Online Application Group Activity များကိုနေ့စဉ်ကြည့်ရှုပြီး Team Manager ကို Report တင်ပြရပါမည်။
2. စိတ်ဝင်စားစရာကောင်းတဲ့ Online Event များကို ဖန်တီးနိုင်ရမည်။
3. ချမှတ်ထားသော အလုပ်တာဝန်များကို ထိရောက်စွာ လုပ်ကိုင်နိုင်ပြီး Daily Report, Weekly Reports, Monthly Report များတင်ပြရပါမည်။
4. User များ၏ အကြံပြုချက်များ၊ ဝေဖန်သုံးသပ်ချက်များကို စုဆောင်းပြီး ရရှိလာတဲ့ အချက်အလက်များကို User စိတ်ကြိုက်ဖြစ်အောင် Team နှင့်အတူ ဆွေးနွေးနိုင်ရမည်။
5. App အကြောင်းကို အသေးစိတ်လေ့လာပြီး သုံးစွဲသူ User များကို ရှင်းပြသင်ပေးခြင်း၊ မေးမြန်းချက်များကို ပြန်လည်ဖြေရှင်းနိုင်ရမည်။
Requirement
1. Digital Marketing Agency (သို့) Company တခုခုတွင် Digital Marketing အတွေ့အကြုံ (၂)နှစ်အထက်ရှိရမည်။
2. English (4) Skill ကောင်းမွန်ပြီးနိုင်ငံခြားသားများနှင့်ပူးတွဲလုပ်ကိုင်နိုင်ရမည်။(တရုတ်စကားပြောနိုင်လျှင် ဦးစားပေးမည်).
3. Office Software များကိုကျွမ်းကျင်စွာသုံးနိုင်ရမည်။
4. အချိန်မ‌ရွေး App ထဲတွင် ကြည့်ရှုပြီးသုံးစွဲသူများ၏မေးမြန်းချက်များကိုဖြေကြားနိုင်ရမည်။
5. SOCIAL APP များကိုအခြေခံသိရှိပြီး Internet Business Knowledge ရှိရမည်။
6. ကျွမ်းကျင်မှုပေါ်မူတည်ပြီးလစာညှိုနှိုင်းပေးမည်။
အလုပ်ချိန် ။ မနက် (၉းဝဝ) နာရီ မှ ညနေ (၅းဝဝ) နာရီ
တနင်္လာနေ့ မှ သောကြာ အထိ
စနေ (၉) – (၁၂) နာရီ အထိ
စီဗီပို့ရန် - [email protected]
သင်ဟာ ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ခွင်မှာ အရည်အချင်းပြည့်ဝစွာ အလုပ်လုပ်ကိုင်နိုင်တယ်ဆိုရင် Friendium Team နှင့်အတူပူးပေါင်းဖို့ အခုပဲဆက်သွယ်လိုက်ပါ..
အသေးစိတ် သိလိုပါက💁🏻‍♂️☎️☎️☎️
ဖုန်းနံပါတ် - 01 570 932 ကို ဆက်သွယ်နိုင်ပါတယ်။🤙🏻🤙🏻🤙
Zawgyi
Job Vacancy Announcement - at Fridendium (Myanmar Branch)
Job Descriptions
Requirement
စနေ (၉) – (၁၂) နာရီ အထိ
အသေးစိတ် သိလိုပါက💁🏻‍♂️☎️☎️☎️
"ပြောချင်လွန်းလို့ (Can’t Wait To Say) အွန်လိုင်း မီဒီယာနှင့် တွဲဖက်လုပ်ကိုင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိသည်"Video Jo...
19/10/2019
"ပြောချင်လွန်းလို့ (Can’t Wait To Say) အွန်လိုင်း မီဒီယာနှင့် တွဲဖက်လုပ်ကိုင်ရန် အောက်ပါ ဝန်ထမ်းများ အလိုရှိသည်"
Video Journalist - ၁ ဦး
Video Camera Man - ၁ ဦး
Video Editor - ၁ ဦး
>>> လိုအပ်ချက်များ
မြန်မာနိုင်ငံရှိ Social Media App တစ်ခုဖြစ်သော Friendium တွင် လုပ်ကိုင်ရန် အောက်ပါရာထူး (Positions) များလိုအပ်နေပါတယ်..📣...
26/09/2019
မြန်မာနိုင်ငံရှိ Social Media App တစ်ခုဖြစ်သော Friendium တွင် လုပ်ကိုင်ရန် အောက်ပါရာထူး (Positions) များလိုအပ်နေပါတယ်..📣📣📣
App Operator – (1) Post
App Activity Operator – (1) Post
Online Customer Service – (1) Post
Live Streaming Host Operator – (1) Post
သက်ဆိုင်ရာ Position အသီးသီးအတွက် လုပ်ငန်းတာဝန်များနှင့် လိုအပ်ချက်များကို အသေးစိတ်ဖတ်ရှုပေးဖို့ အကြံပြုပါရစေ.. 🤙🏻🤙🏻🤙🏻
ပျော်ရွှင်စွာကောင်းတဲ့ အလုပ်ခွင်မှာ တက်တက်ကြွကြွနှင့် အလုပ်လုပ်နိုင်သူတစ်ဦးဆိုရင် CV ကို အမြန်ဆုံးပို့လိုက်ပါနော်..☺️☺️☺️
[App Operator – (1) Post]
Job Description 💁🏻‍♂️💁🏻‍♂️💁🏻‍♂️
၁) Promotion Activities များနဲ့ပက်သက်ပြီး Plan ရေးဆွဲခြင်း စီမံခြင်းများပြုလုပ်ရမည်ဖြစ်သည်။ App နဲ့ပက်သက်ပြီး အသုံးပြုသူ (User) များ ပိုမိုများပြားလာအောင် ဈေးကွက်ထဲတွင် တွင်ကျယ်လာအောင်ပြုလုပ်ရမည်ဖြစ်သည်။
၂) Facebook နှင့် အခြား Social Media များပေါ်တွင် App နဲ့ပက်သက်ပြီး Promotion များ Plan များကို ပြုလုပ်နိုင်ရမည်။
၃) Promotion Content အတွက် လိုအပ်တဲ့ အချက်အလက်များကို စုဆောင်းပြင်ဆင်ပြီး Planning ပြုလုပ်နိုင်ရမည်။
၎) Promotion အတွက် Channel မျိုးစုံအကြောင်းကို နားလည်သိရှိထားရမည်
၅) Channel များက ရရှိလာတဲ့ ဒေတာများကိုပုံမှန် analysis ပြုလုပ်ပြီး ရရှိလာတဲ့ ‌ဒေတာများအပေါ်မူတည်ပြီး ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်နိုင်ခြင်း
၆) Product operation ပိုင်းနဲ့ပက်သက်ပြီး ပိုမိုတိုးတက်အောင် လုပ်ဆောင်ပြီး user များရဲ့ experience (UX) နဲ့ပက်သက်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်ရမည်
Requirements: 📝📝📝
၁) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ပြီး၊ Application Product များနှင့် ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံရှိပြီးသူဖြစ်ရမည်။
၂) IOS/ Android အကြောင်းသိနားလည်ပြီး/ ၎င်းတို့နဲ့ဆက်စပ်တဲ့ Online Marketing အကြောင်းကို ရင်းနှီးကျွမ်းကျင်မှုရှိရမည်။
3. Excellent promotion channel expansion ability and resource replacement ability, good at using free resources to obtain users;
၃) Promotion အကြောင်းများကို ကောင်းစွာနားလည်ပြီး သုံးစွဲသူများပိုမိုများပြားလာအောင် ပြုလုပ်ဆောင်ရွက်နိုင်ရမည်
၎) အသင်းအဖွဲ့နဲ့ တက်ကြွစွာလုပ်ကိုင်တတ်ရမည်ဖြစ်ပြီး၊ ဆက်ဆံရေးကောင်းမွန်ပြေပြစ်စွာ ပြောဆိုနိုင်ပြီး ညှိနှိုင်းဆောင်ရွက်နိုင်ရမည်။ Data များ analysis လုပ်နိုင်ပြီး အရေးအသားကောင်းမွန်ရမည်
၅) ရိုးသားကြိုးစားပြီး၊ လုပ်ငန်းသဘောကိုနားလည်ကာ ကျွမ်းကျင်တတ်မြောက်ရမည်ဖြစ်သည်။
၆) Mobile Internet လုပ်ငန်းနယ်ပယ်အကြောင်း သိနားလည်ပြီး App နဲ့ပက်သက်ပြီး အတွေ့အကြုံရှိသူဖြစ်ရမည်။
စနေ (၉) – (၁၂) နာရီ အထိ
အသေးစိတ် သိလိုပါက
ဖုန်းနံပတ် - 01 570 932 /09 976 931 393 ကို ဆက်သွယ်နိုင်ပါတယ်။
[APP Activity Operator] – 1 Post
Job Description💁🏻‍♂️💁🏻‍♂️💁🏻‍♂️
၁. Online App activities များနှင့်ပက်သက်ပြီး စီမံဆောင်ရွက်နိုင်ပြီး သတ်မှတ်ထားတဲ့ တာဝန်များကို သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည်
၂) User များရဲ့ အပြောင်းအလဲပေါ်မူတည်ပြီး App ရဲ့ လုပ်ဆောင်ချက်များကို စီစဉ်ဆောင်ရွက်ရမည်
3. Assess the effectiveness of the activity and write reports;
၃) ချမှတ်ထားတဲ့ အလုပ်တာဝန်များကို ထိရောက်စွာလုပ်ကိုင်နိုင်ပြီး တင်ပြနိုင်ရမည်
၎) ရရှိလာတဲ့ ဒေတာအချက်အလက်များအပေါ်မူတည်ပြီး သုံးစွဲသူများရဲ့ လိုအပ်ချက်များကို ရှာဖွေကာ ၎င်းတို့ရဲ့ လိုအပ်ချက်များကို လမ်းညွှန်းပြသပေးနိုင်ပြီး သုံးစွဲသူများရဲ့ အခက်အခဲ ပြဿနာများကို အကောင်းဆုံး ဖြစ်အောင် ထိရောက်တဲ့နည်းလမ်းများနဲ့ ဖြေရှင်းပေးနိုင်သူဖြစ်ရမည်
၅) သုံးစွဲသူများရဲ့ အကြံပြုချက်များ၊ ဝေဖန်ချက်များကို စုဆောင်းပြီး ရရှိလာတဲ့ အချက်အလက်များကို တင်ပြကာ အဆိုပြုနိုင်ရမည်
၆) ကုမ္ပဏီနဲ့ ချိတ်ဆက်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်း လုပ်ဆောင်ရမည်ဖြစ်သည်
Requirements:📝📝📝
၁) တက္ကသိုလ်ဘွဲ့လက်မှတ်ရရှိပြီးသူ (သို့) ဂျာနယ်လစ်၊ ကြော်ငြာ၊ မီဒီယာပိုင်းအထူးပြု လက်မှတ်ရရှိထားသူဖြစ်ရမည်။ Event Planing ပိုင်းတွင် အတွေ့အကြုံရှိပြီး မြန်မာ၊ အင်္ဂလိပ် ဘာသာစကားကို နားလည်ကျွမ်းကျင်သူဖြစ်ရမည်။ (တရုတ်ဘာသာစကား နားလည်လျှင်ဦးစားပေးမည်)
၂)အလုပ်သဘောကို ကောင်းစွာနားလည်ပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ ရှိရမည်။
၃)ဆက်ဆံရေး ကောင်းမွန်ပြေပြစ်ပြီး လူအများနဲ့ ထိတွေ့ပြောဆိုနိုင်သူဖြစ်ပြီး လက်တွေ့ကျကျ အကောင်းမြင်တတ်သူဖြစ်ရပါမည်။
၎) ကြုံတွေ့ရတဲ့ ပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်သူဖြစ်ပြီး၊ ကောင်းစွာစီမံခန့်ခွဲတတ်သူဖြစ်ရမည်။ မြန်မာ၊ အင်္ဂလိပ် ကောင်းမွန်စွာရေးတတ်ရမည်။ Event Planning ပိုင်းကို ဦးဆောင်လုပ်ကိုင်တတ်ရမည်။
၅) အဖွဲ့အစည်းများနှင့် တတ်ကြွစွာ ပူးပေါင်းလုပ်ကိုင်တတ်ပြီး၊ ပြဿနာများကို စူးစမ်းလေ့လာတတ်ပြီး ကောင်းစွာ ထိန်းချုပ်ဖြေရှင်းနိုင်သူဖြစ်ရမည်။
စနေ (၉) – (၁၂) နာရီ အထိ
အသေးစိတ် သိလိုပါက
ဖုန်းနံပတ် - 01 570 932 /09 976 931 393 ကို ဆက်သွယ်နိုင်ပါတယ်။
[Online Customer Service] – 1 Post
Job Description: 💁🏻‍♂️💁🏻‍♂️💁🏻‍♂️
၁။ Application online customer service အတွက်တာဝန်ယူပေးရမှာဖြစ်ပြီး၊ အဓိကတာဝန်ယူရမှာကတော့ User များရဲ့ မေးမြန်းစုံစမ်းချက်များနဲ့ ပြသာနာများ ဖြေရှင်းအကြံပေးရမည် ဖြစ်ပါသည်။
၂။ Product features အကြောင်းများကို သုံးစွဲသူများ နားလည်လွယ်အောင် မိတ်ဆက်ပေးခြင်းနှင့် Customer များရဲ့ မေးခွန်းများကိုဖြေကြားပေးရမည် ဖြစ်ပါသည်
၃။ နည်းပညာပိုင်းဆိုင်ရာ တိုင်ကြားချက်များ အချက်အလက်များကို စုစည်းပြီး သက်ဆိုင်ရာ အဖွဲ့ထံကို တင်ပြပေးရမည် ဖြစ်သည်။
၎။ Customer နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခြင်း၊ ပြီးပြည့်သော ဝန်ဆောင်မှုပေးဆောင်နိုင်ခြင်း၊ သုံးစွဲသူများ စိတ်ကျေနပ်စေနိုင်အောင် ဆောင်ရွက်နိုင်ခြင်း။
၅။ Supervisor မှ အခြားသောအလုပ်တာဝန်များကို စီမံပေးမည်ဖြစ်သည်။
Requirements:📝📝📝
၁။ တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူဖြစ်ပြီး သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံရှိလျှင်ပိုကောင်းသည်။
၂။ ကွန်ပြူတာ ကျွမ်းကျင်စွာအသုံးပြုနိုင်ရမည်
၃။ အလုပ်ကို ကြိုးကြိုးစားစားနှင့် အလေးအနက်ထားပြီး တာဝန်ကျေပွန်စွာလုပ်ဆောင်ရပါမည်။
၎။ ပြင်ပ ဆက်ဆံရေးကောင်းမွန်ပြီး၊ အဖွဲ့အစည်းနှင့်လုပ်ကိုင်နိုင်သော စွမ်းရည်၊ သင်ယူမှုအားကောင်းသော စွမ်းရည်ရှိရပါမည်။
၅။ E-Commerce, Marketing နှင့်ပတ်သတ်သော အတွေ့အကြုံရှိလျှင် ပိုကောင်းသည်။
စနေ (၉) – (၁၂) နာရီ အထိ
အသေးစိတ် သိလိုပါက
ဖုန်းနံပတ် - 01 570 932 /09 976 931 393 ကို ဆက်သွယ်နိုင်ပါတယ်။
[Live Streaming Host Operator] – 1 Post
Job Description:💁🏻‍♂️💁🏻‍♂️💁🏻‍♂️💁🏻‍♂️
၁) အွန်လိုင်းတိုက်ရိုက်အစီအစဉ်တင်ဆက်သူ (Live Streaming Host) များကို ရွေးချယ်ခန့်အပ်ခြင်း၊ စီမံခန့်ခွဲပေးခြင်းများ ပြုလုပ်ရမည်
၂) အွန်လိုင်းတိုက်ရိုက်အစီအစဉ်တင်ဆက်သူ (Live Streaming Host) များကို စီမံခန့်ခွဲပြီး၊ ကြုံတွေ့လာမည့် ပြဿနာများကို အချိန်တိုအတွင်း တင်ပြအကြံပြုနိုင်ရမည်
၃)လက်တလောဖြစ်ပျက်နေတဲ့ အကြောင်းအရာများ၊ Trend များအကြောင်းကို သိနားလည်ပြီး၊ အချက်အလက်များကိုရှာဖွေစုဆောင်းတတ်ရမည်
၎) အစီစဉ်တင်ဆက်သူများကို လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ပြီး KPI သတ်မှတ်ပေးနိုင်ပြီး စီမံခန့်ခွဲတတ်ရမည်
Requirements📝📝📝
လိုအပ်ချက်များ
၁) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်၊ အစီစဉ်တင်ဆက်ခြင်းနဲ့ ပက်သက်ပြီး အတွေ့အကြုံရှိရမည်
၂) ရုပ်သံလွှင့်နယ်ပယ်နဲ့ အစီစဉ်တင်ဆက်မှုနယ်ပယ်များမှာ လုံလောက်တဲ့ အတွေ့အကြုံရှိပြီးသူဖြစ်ရမည်
၃) ဝန်ထမ်းရှာဖွေစုဆောင်းခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်းနဲ့ စီမံဆောင်ရွက်ခြင်း စသည့်အတွေ့အကြုံရှိသူများကို ဦးစားပေးမည်ဖြစ်သည်
၎) အခွင့်အရေးကိုဖန်တီးတတ်ပြီး၊ ပူးပေါင်းလုပ်ဆောင်တတ်ရမည်။ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်ပြီး အဖွဲ့အစည်းများနဲ့ စည်းလုံးညီညွတ်စွာ လုပ်ကိုင်တတ်ရမည်။ အတွေ့အကြုံနဲ့ အသိပညာများကို မျှဝေပေးတတ်ရသူဖြစ်ရမည်
၅) လုပ်ငန်းတွင် အလုပ်ဖိအားကို ခံနိုင်ရည်ရှိသူဖြစ်ရပါမည်။
စနေ (၉) – (၁၂) နာရီ အထိ
အသေးစိတ် သိလိုပါက💁🏻‍♂️☎️☎️☎️
ဖုန်းနံပါတ် - 01 570 932 /09 976 931 393 ကို ဆက်သွယ်နိုင်ပါတယ်။🤙🏻🤙🏻🤙🏻
Address
Yangon
130201
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Telephone
01 570932
Website
Alerts
Be the first to know and let us send you an email when BrandBaker Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Share