Htoo Thit Printing Service

Htoo Thit Printing Service Printing
Copy
Scan
Vinyl
Design

23/09/2022

ဆေးခန်းစာအုပ်တွေလဲအမြန် ရပါမယ်

ကော်ကပ်စာအုပ် 30
23/09/2022

ကော်ကပ်စာအုပ် 30

စာအိတ်အလုံး 100 print ဖို့ ready
23/09/2022

စာအိတ်အလုံး 100 print ဖို့ ready

ပွင့်လင်းရာသီ ရောက်လာပီဆိုတော့ အလုပ်လေးတွေ ကောင်းလာကြပီ ယပ်တောင်တွေကို နေ့ချင်းပီး ဆောင်ရွက်ပေးနေပါတယ်ဆိုင်သမားများအတွက်...
23/09/2022

ပွင့်လင်းရာသီ ရောက်လာပီဆိုတော့ အလုပ်လေးတွေ ကောင်းလာ
ကြပီ ယပ်တောင်တွေကို နေ့ချင်းပီး ဆောင်ရွက်ပေးနေပါတယ်
ဆိုင်သမားများအတွက်လည်း အလှမပျက် ချွေးမထွက်ပဲ အားလုံးပီးစီးအောင်
လက်ကားစျေးဖငြ့်ဆောင်ရွက်ပေးနေပါပီ

17/09/2022

ခေတ်သစ် ချမ်းသာနည်း ….သို့မဟုတ်… Scalable Business
ယနေ့ခေတ် စီးပွားရေး လုပ်ငန်းရှင်များကြားမှာ ခေတ်စားလာတဲ့ စကားလုံး တစ်ခုကတော့ Scalable Business Model ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ Scale ဆိုတာကတော့ ဆပွား ကြီးထွား လာခြင်းလို့ အဓိပ္ဗာယ် ပြန် လို့ရပါလိမ့်မယ်။ ဆိုတော့ Scalable Business ဆိုတာကတော့ အလွယ် တကူ ဆပွား ကြီးထွား လာပြီး အမြတ် ငွေတွေ ဝင်စေမယ့် စီးပွားရေး ပုံစံ လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်တော့ ခေတ် သစ် ရဲ့အမြန်ဆုံး ချမ်းသာနည်း တစ်ခုလို့တောင် တင်စား လို့ ရနိုင်ပါတယ်။
ဒါ့အပြင် ယခု အခြေအနေလို မရေရာမှုတွေ စီးပွားရေး မတည်ငြိမ်မှုတွေ ကြားမှာ လုပ်ငန်းတွေအနေနဲ့ မိမိ စီးပွားရေး လည်ပတ်ပုံကို Scalable Business Style အဖြစ် ပြောင်းလဲ နိုင်ဖို့က အရေးတကြီးကို လိုအပ်လာပါတယ်။ ဒါမှ သာ မရေရာမှု တွေ ကြားမှာ လုပ်ငန်းကို ကုန်ကျစရိတ်အနည်း ဆုံးနဲ့ ပုံမှန် ဝင်ငွေတစ်ခုရနေအောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် Scalable Business ဆိုတာ ဘာလဲ.. ဘာကြောင့် အရေးကြီးလာတာလဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေမှာတုန်းက စီးပွားရေး တစ်ခုလုပ်မယ်ဆိုရင် ပုံမှန်သမာရိုး ကျ နည်းတွေ ဖြစ်တဲ့ ဆိုင်တစ်ဆိုင်ဖွင့်၊ Product or service တစ်ခုခုရောင်း၊ ဒီကနေ အောင်မြင် လာတဲ့အခါ ဆိုင်ခွဲတွေ အများအပြား ထပ်ဖွင့်၊ စတော့အိတ်စ်ချိန်းကို တင် ရှယ်ယာထုတ်ရောင်း စတဲ့ နည်းနဲ့ ဘီလျံနာများစွာ ပေါ်ထွန်း ခဲ့ပါတယ်။
ဒါပေမယ့် သမာရိုးကျ ဒီလိုနည်းဟာ အမြတ် ပိုရဖို့ အတွက် ဆိုရင် ထပ်မံ ရင်းနှီး ရတဲ့ စရိတ် က အချိုး ကျလိုက်ပါ များပြားလာလေ့ရှိပါတယ်။ ဥပမာ သင်က ကုန်စုံဆိုင်လေးတစ်ဆိုင်ရပ် ကွက် ထဲမှာ ဖွင့်မယ်ဆိုပါစို့။ ဒီလို တစ်ဆိုင်လုံး အပြည့် ကုန်မျိုးစုံကို တင်ရောင်းရင်း နဲ့ နောက်ဆုံး မှာ ဆိုင်မှာ တင်နိုင်တဲ့ အခြေအနေ ပစ္စည်း ထားနိုင်မှု limit ပြည့်သွားပါလိမ့်မယ်။ ဒါဆိုရင် အမြတ်ပိုရဖို့ အခြား ပစ္စည်းအမျိုးအစားတွေ ထပ်တင်ရောင်းနိုင်ဖို့ အတွက် မဖြစ်မနေ လုပ်ရမယ့် တစ်ခုတည်းသော နည်းလမ်းက ဆိုင်တစ်ဆိုင် ထပ် ငှားတာဖြစ်ဖြစ် ဝယ်တာဖြစ်ဖြစ် လုပ်ပြီး ဆောင်ရွက်မှသာ ရမှာဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တာနဲ့ ဝယ်ရ ငှားရ တဲ့စရိတ်ဟာ ပိုမိုကုန် ကျ လာပြီဖြစ်ပါတယ်။ နောက်ထပ်ဥပမာ အနေနဲ့ကတော့ သင်က စားသောက်ဆိုင်တစ်ဆိုင် ဖွင့်မယ်ဆို ပါတော့ သင့်ဆိုင်ကနေ တစ်လကို သိန်း ၅၀ လောက် အမြတ် ရနေ ပေမယ့် ဒီ ပမာဏ ဟာ ဆိုင် မှာ လူအပြည့် ဝိုင်းအပြည့်အခြေအနေ ဖြစ်နေမယ်ဆိုရင် အမြတ် သိန်း ၅၀ ထပ် ပိုမြတ်ဖို့ အတွက် နောက်ထပ် ဆိုင်တစ်နေရာစာ ထပ် မံ ရင်းနှီးမှသာ ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် Limit တွေ ရှိနေ တယ်လို့ ဆိုရခြင်းပါပဲ။
ဒါ့အပြင် ဒီလို လုပ်ငန်း ကိုနေရာ ၊ဝန်ထမ်း၊ ဆိုင်တွေ ထပ်ချဲ့လိုက်တာနဲ့ အခြားသော ကုန်ကျစရိတ်တွေ အမျိုးအစား တစ်ခုဖြစ်တဲ့ Overhead Cost တွေ ဟာ လည်း လုပ်ငန်းချဲ့လေလေ ပိုတိုးလာလေလေ ဖြစ်လာတာပါပဲ။ ဥပမာ အထက်ကလို ကုန်စုံဆိုင် တစ်ဆိုင် လောက်ပဲ ရှိနေချိန်မှာတော့ ကိုယ်တိုင် လုပ်နိုင်ပေမယ့် ဆိုင် ၅ ဆိုင်လောက်ဖြစ်လာပြီး ဝန်ထမ်း များလာတဲ့အခါမှာတော့ လူတွေကို စီမံအုပ်ချုပ်ဖို့ HR, Admin ဌာနတွေ၊ ငွေကြေး စီမံဖို့ Account, Cash, Finance ဌာနတွေ ၊ Stock တွေ စစ်ဖို့ Audit အဖွဲ့တွေပါ ထားလာ ရတော့မှာ ဖြစ် ပါတယ်။
Scalable Business ဆိုတာကတော့ အထက်ကလို Operation Expenses တွေ Overhead Cost တွေ ထပ်မတိုးပဲ နဲ့ အမြတ်ငွေကို ဆပွားဖြစ်အောင် လုပ်လို့ရတဲ့ စီးပွားရေးပုံစံ Business Model and frame work တွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။ ဒီလို Business Model တွေ ဟာ နည်းပညာ တိုးတက်မြင့်မားမှုနဲ့ အတူပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ဒီ အတွက် Scalable Business တွေဟာ နည်းပညာ အခြေပြု online လုပ်ငန်းတွေ အများစု ဖြစ်ကြပေမယ့် အချို့ကတော့ သမာရိုး ကျ ကနေမှ Scalable Business ပုံစံမျိုး လုပ်အောင်မြင်လာကြတာလဲ တွေ့ရပါတယ်။
ဒါဆိုရင် ဒီလို ဆပွားကြီးထွား မြတ်စွန်းနိုင်တဲ့ Scalable Business တွေက ဘာတွေဖြစ်မလဲ။
(၁) Software များ ဂိမ်းများ
ကျွန်တော်ကိုယ်တိုင် ပုံမှန်ကစားဖြစ်နေတဲ့ online game လေးတစ်ခုရှိပါတယ်။ ဒါကတော့ Archero ဆိုတဲ့ မြှားသမား ဂိမ်းလေးဖြစ်ပါတယ်။ ဒီ ဂိမ်းလေးဟာ ရိုးရိုးလေးနဲ့အောင်မြင်မှု အတော်ရခဲ့ပြီး ၂၀၁၉ မှာ Google paly store ရဲ့အကောင်းဆုံးဂိမ်းဆုကိုတောင် ရခဲ့တယ် ဆိုပါတယ်။ ဒီဂိမ်းလေးမှာ ကမ္ဘာတစ်ဝှမ်းက ပုံမှန်ကစားသူတွေ ရှိနေပြီး ကစားသူအသစ်များ လဲ ထပ်ထပ်တိုးနေပါတယ်။ အဓိက ဝင်ငွေလမ်းကတော့ ဒီ ဂိမ်း လေး ထဲက အချို ့Item တွေကို လိုချင်ရင် စက္ကန့်၃၀ စာ ကြော်ငြာလေးတွေ ကြည့်ရတာဖြစ်ပါတယ်။ ဒါအ့ပြင် ငွေသွင်းပြီး တော့လဲ Gem တွေဝယ်ကာ level တွေ မြင့်နိုင်ပါတယ်။ တစ်နည်းအားဖြင့်တော့ နေရာတွေ ဆိုင်တွေ ထပ်ချဲ့ စရာမလိုပဲ လူ ပေါင်းများစွာဆီက အမြတ်တွေကို ဆပွား ရယူနိုင်တဲ့ နည်းပါပဲ။
ဒီလိုပါပဲ။ Microsoft, Google Service တွေ အခြားသော Mobile App တွေ အပါအဝင် Facebook တောင်မှ ဒီလိုနည်းလမ်းမျိုးတွေ နဲ့ Operation and overhead cost တွေ တက်မလာပဲ အမြတ်ကို ဆပွား ဖြစ်လာအောင် ဆောင်ရွက်နေတာကို တွေ့ရပါလိမ့်မယ်။
(၂) online အခြေပြု အလုပ်တွေ
ဒါတွေကတော့ ယခု ကိုဗစ်ကာလမှာ အများအပြားလုပ်ဆောင်လာကြတဲ့ Online Shopping တွေ ၊ နောက်တစ်ခါ စာရေး တာကိုဝင်ရောက်ဖတ်ရှုသူ များလေ ဝင်ငွေရလေဖြစ်တဲ့ Instant Articles ရေးသူတွေ၊ Youtube မှာ Blog တစ်ခုထောင်ပြီးဖြစ်ဖြစ်. Facebook adbreak ဖြစ်ဖြစ်ကနေ ကြည့်ရှုသူ အရေအတွက်အပေါ်မူတည်ပြီး ကြော်ငြာ တွေကနေ ဝင်ငွေ ရတာမျိုးတွေ ဖြစ်ပါတယ်။
အချို့ ဆိုရင် လဲ ကိုယ်ဖန်တီးထားတဲ့ Design တွေ ဒါမှမဟုတ် ဓာတ်ပုံ တွေကို online ပေါ်မှာ watermark နဲ့တင်ထားပြီး အသုံးပြုချင်တဲ့သူတွေကိုမှ တစ်ပုံ ကိုသို့မဟုတ် design တစ်ခုကို ဘယ်လောက် ဆိုပြီး ပြန်လည်ရောင်းချတာမျိုးတွေ လဲပါဝင်ပါတယ်။
Online အခြေ ပြု လုပ်ငန်းတွေ အားလုံး ကတော့ အမြတ်ငွေတိုးဖို့အတွက် ဆိုင်တွေ ထပ်ချဲ့စရာ overhead cost တွေ အများအပြား ထပ်မသုံး စရာ မလိုပဲနဲ့ လုပ်ဆောင်နိုင်လေ့ရှိပါတယ်။
(၃) Subscription စနစ် လစဉ်ကြေးစနစ်
ဒါကလဲ လက်ရှိမှာ ခေတ်စားလာတဲ့ Scalable Business Model တစ်ခုဖြစ်ပါတယ်။ ဥပမာ ခြောက်လစာ တစ်နှစ်စာ ငွေကြိုသွင်း ထားစေပြီး သီချင်း၊ ဗီဒီယို၊ ပညာပေး၊စာအုပ် ၊ စီးပွားရေး အကြံပေးချက်. စတာတွေ ကို ပုံမှန် တင်ပေးတာမျိုး ၊ ဒါမှမဟုတ် ရုပ်ရှင်ကား ထောင်ပေါင်းများစွာကို တင်ပေးထားပြီး တစ်လ အတွင်းစိတ်ကြိုက်ကြည့် တစ်လ ကိုဘယ်လောက်ငွေသွင်းစေတာမျိုး တွေဖြစ်ပါတယ်။
ဒါတွေဟာ အရင် ကတော စာကြည့်တိုက်မှာ လစဉ်ကြေးပေးပြီး တစ်နေ့ ကို ဘယ်နှစ်အုပ် ငှား ဖတ်လို့ ရတယ်ဆိုတဲ့ Business Model မျိုးဖြစ်ပါတယ်။ Gym အားကစားရုံတွေ မှာလည်း ဒီလို လစဉ်ကြေး စနစ်နဲ့သွားလေ့ရှိကြပါတယ်။
လစဉ်ကြေး စနစ်နဲ့ သွားတာရဲ့အားသာချက်က မိမိ လုပ်ငန်း Limit ထက်ကိုကျော်လွန် ပြီး အမြတ်ငွေကို ရှာဖွေနိုင်တာဖြစ်ပါတယ်။ ဥပမာ Gym တစ်ခုမှာ လူ အပြည့် တစ်ခါထဲကစား ရင် ၃၀ ဦးလောက်သာ ဆန့်နိုင်ပေမယ့် လစဉ်ကြေးကို လူ ၂ဆ ၆၀ စာလောက် နဲ့ ရယူထားလို့ ရနိုင် ပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့စဉ် လာကစားနိုင်သူ က ရှားပါးသလို အားလပ်ချိန်တွေ လဲ မတူညီ လို့ပဲဖြစ်ပါတယ်။
လက်ရှိမှာလဲ လစဉ်ကြေး ရယူပြီး လူထောင်ပေါင်းများစွာ ကို Product or service မျိုးစုံ ပေးနေ တဲ့ facebook group, viber group စတဲ့ social media အသုံးပြု စီးပွားရေး များကို များစွာ တွေ့နေရပြီဖြစ်ပါတယ်။
(၄) Online Course
Online အသုံးပြုသူတွေ များပြားလာတာနဲ့အမျှ online ကနေ ဖျော်ဖြေရေးသာမကပဲ ပညာရေး ပိုင်းတွေ မှာပါ လူအများအပြားက ရင်းနှီးကျွမ်းဝင်လာကြပါတယ်။ မိမိတတ်ကျွမ်းတဲ့ ပညာရပ်တစ်ခုခုကို online course အနေနဲ့ပြုလုပ်ပြီး မျှဝေလာ ကြခြင်းဟာလဲ ယနေ့အများအပြား တွေ့လာရပြီဖြစ်ပါတယ်။ Online Course ပြုလုပ်ခြင်းရဲ့အားသာချက်ကတော့ တစ်ကြိမ် ထဲသာ ရိုက်ကူး ထားဖို့လို အပ်တာဖြစ်ပြီး သင်ကြားမှု Quality အနေနဲ့ တသမတ်ထဲ အတန်းတိုင်း ကို ရရှိစေပြန်ပါတယ်။
(၅) Digital Platform များ
ဒါကတော့ မိမိ ကနည်းပညာပိုင်း နားလည်ကျွမ်းကျင်ပြီး Online Platform တွေ Digital Platform တွေ ဖန်တီး ကာ ရောင်းချသူများနဲ့ဝယ်ယူလိုသူများ ကိုချိတ် ဆက်ပေးခြင်း ကနေကော်မရှင် ရယူ တဲ့ Business Model မျိုးဖြစ်ပါတယ်။ ဥပမာ Amazon online shopping platform ဆိုရင်း ရောင်းချသူများနဲ့ ဝယ်ယူသူများကို ချိတ်ဆက်ပေးပြီး Transaction တစ်ခု စီအတွက်အနည်းငယ် သော ပမာဏ လေးကိုသာ အခ အနေနဲ့ကောက်ခံတာဖြစ်ပါတယ်။ များပြားတဲ့ Transaction တွေ နေ့စဉ် ဖြစ်လာတဲ့အခါမှာ ဒီ Platform ကနေပဲ ဝင်ငွေများစွာ ကို အဆ ပေါင်းများစွာ ဖန်တီး နိုင်ပါတော့တယ်။
ယနေ့ခေတ်နယ်ပယ် အစုံမှာ ဒီလို Platform တွေကိုတွေ့နိုင်ပါတယ်။ ဥပမာ စားစရာ ဝယ်ယူ စားသုံးနိုင်ဖို့ Foodpanda, သွားလာရေးအတွက် Grab, ပညာရေး အတွက်. Online Learning Platform တွေ, အလုပ်အကိုင်ရှာဖွေနိုင်တဲ့ Job Platform တွေ, အိမ်ခြံမြေရောင်းဝယ် ရေး အတွက် I Myanmar House လို Platform တွေ၊ ရှိသမျှ အကုန်တင်ရောင်းလို့ ရတဲ့ one kyat, Zegobird လို platform တွေ မျိုးစုံကို မြန်မာပြည်မှာလဲတွေ့လာရပြီဖြစ်ပါတယ်။
(၆) Investment
ငွေကို ငွေနဲ့ရင်းပြီး ပြန်ရှာဖွေတာ၊ Asset ပိုင်ဆိုင်မှု တစ်ခုခု ဝယ်ယူပြီး ပြန်လည် အငှား ချ တာ စတာ တွေကိုလဲ Scalable Business တွေထဲကို ထည့်လို့ရနိုင်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ဥပမာ သိန်း ၂၀၀ တန် တိုက်ခန်းတစ်ခန်း ကိုဝယ်ပြီး ငှားစားရင် တစ်လ တစ်သိန်း နှစ်သောင်း ရ နိုင်ပြီး ၂ ခန်း ဝယ်ရင် ၂သိန်း၄သောင်း ငှားရမ်းခ အသားတင်ရနေနိုင်လို့ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ သူ့မှာက overhead cost တွေ operation expenses တွေ ထပ်တိုးတက်လာ စရာ မရှိ ပဲ initial investment သာ ထပ်တိုး ရလို့ဖြစ်ပါတယ်။ အခြားသော ရင်းနှီးမြုပ်နှံမှုတွေဟာလည်း ဒီလိုသဘောသဘာဝ ပဲဖြစ်ပါတယ်။
သမရိုးကျလုပ်ငန်းကနေ Scalable Business အဖြစ်သို့ ပြောင်းလဲခြင်း
လက်ရှိ လို နိုင်ငံရေး စီးပွားရေး မတည်ငြိမ်တဲ့အချိန်မှာ လုပ်ငန်း Growth ဖြစ်ဖို့အတွက် ခက်ခဲ တဲ့အပြင် ဆိုင်ခန်း တွေ ထပ်ချဲ့ ဖို့ ဆိုတာက လဲ အတော် စွန့်စားရမယ့် အနေအထားဖြစ်ပါတယ်။ ဒီအတွက် သမရိုးကျလုပ်ငန်းတွေ အနေနဲ့ မိမိလုပ်ငန်းကို Scalable Business Style ဖြစ်အောင် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ဆောင်လာရပါတယ်။
Process ကိုပြောင်းလဲခြင်း
အများဆုံး တွေ့ရတဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ Socail Media ဖြစ်တဲ့ Facebook ပေါ်မှာ စျေးရောင်းတာဖြစ်ပါတယ်။ ဒီအတွက် ဆိုင်ခန်းထပ်ငှား ဖို့လဲ မလိုသလိုကုန်ကျစရိတ် သက်သာ၊ ရောင်းအားလဲတိုးစေနိုင်ပါတယ်။
ဒီထက် ပိုပြီး အကုန်အကျခံနိုင်တဲ့ လုပ်ငန်းတွေကတော့ ကိုယ်ပိုင် IT Business Platform တစ်ခုကို ဖန်တီးတည်ဆောက်ကာ ရောင်းချ လာကြပါတယ်။ ဥပမာကိုယ်ပိုင် အရောင်း Website တစ်ခု စတင်တာ၊ လုပ်ငန်းအမည်နဲ့. Mobile Application တစ်ခု ဖန်တီးတာ စတာတွေဖြစ်ပါတယ်။ တကယ်လို့ ဒီလို ကိုယ်ပိုင်အနေနဲ့ မလုပ်ဆောင်နိုင်ရင်လဲ third party platform များနဲ့ အကျိုးတူပူးပေါင်းတာ မျိုး စတင်လို့ရပါတယ်။ ဥပမာ ကိုယ်က စားသောက်ဆိုင် ဖွင့် တယ်ဆိုရင် အစား အသောက်မှာယူ လို့ရတဲ့ Food panda, Grab တို့လို Platform တွေ နဲ့ ပူးပေါင်းတာမျိုးပါပဲ။
Product ကိုပြောင်းလဲခြင်း
ဒီလို လုပ်ငန်း Process တွေကို Scalable Business ဖြစ်အောင် ပြုပြင်သလိုပဲ ကိုယ့်ရဲ့ Product ကိုပြုပြင်ပြီး Scalable Business Style အဖြစ် လဲ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ မိမိ က နာမည်ကြီး ဟင်းလျာ သို့မဟုတ် ဒေသ အစားအစာ တစ်ခုခု ကိုရောင်းချနေတယ်ဆိုပါစို့။ ဥပမာ မုန့်ဟင်းခါး ဆိုပါတော့။ ဒါဆိုရင် ပုံမှန် မုန့်ဟင်းခါးဆိုင် ကြီးဖွင့်ပြီး ဆိုင်ထိုင်စားရောင်းနေ သလိုပဲ မုန့်ဟင်းခါးကို အသင့်စား အထုပ် တွေ ပုံံစံပြောင်းလဲ ထုတ်လုပ်ပြီး G&G လို လက်လီဆိုင် တိုင်းမှာ တင်ရောင်းချ ကာ လုပ်ငန်းကိုချဲ့ထွင်နိုင်ပါတယ်။ လက်ရှိမှာတော့ ပီဇာ ကိုတောင် အသင့်စား ပုံစံ နဲ့ ဖြန့်ချီနေတာမျိုး ရှိ နေပါပြီ။
ဥပမာ မြန်မာပြည်ရဲ့ သဘာဝ ဘီယာ ဖြစ်တဲ့ ထန်းရည်ဟာ ဆိုရင်လဲ ထန်းရည်ဆိုင်လေးတွေ သွားထိုင် သောက်မှ ရလေ့ရှိပါတယ်။ ထန်းရည်ကို ဘူး ထဲ ထည့် သယ်မယ်ဆိုရင်လဲ အချိန်နည်းနည်းကြာတာ ၊ နည်းနည်းသွားလိုက်တာနဲ့ Gas တွေ ထ လာပြီး အဖုံး ဖွင့်လိုက်တာနဲ့ ပေါက်ထွက်ကာ အရသာ လဲပျက် လေ့ရှိပါတယ်။ ဒါကို နည်းပညာ တစ်ခု ရအောင်ရှာဖွေကာ ပုလင်း သွပ် ပြီး နိုင်ငံ အနှံ ရောင်းချ နိုင် တာမျိုး ဆိုရင်. Product ကို ပြုပြင်ခြင်းပါပဲ။
အဓိက ရည်ရွယ်ချက်ကတော့ လုပ်ငန်း အတွက် Expenses တွေ ထပ်ပြီး မကုန်ပဲ Revenue ပိုတက်စေမယ့် နည်းလမ်းတွေကို နည်းပညာ အခြေပြုပြီး အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းဟာ ယနေ့ခေတ်အတွက် အရေးတကြီးလိုအပ်ချက်ဖြစ်လာတာကိုသိစေချင်တာပါပဲ။
အချုပ်အားဖြင့်ပြောရရင်တော့ လုပ်ငန်းကို ထပ်ချဲ့ တဲ့အခါ Opex and overhead cost တွေ ပို တက်မလာပဲ အမြတ် ပမာဏ သာ ဆပွားတက်လာနိုင်တဲ့ Business Model တွေကို Scalable Business များလို့သတ်မှတ်ကြပြီး ခေတ်သစ်ရဲ့ချမ်းသာနည်း တစ်ခုအနေနဲ့ သမိုင်းတွင်လာ ကြောင်း ကို မျှဝေလိုက်ရပါတယ်ဗျား။
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

သူများတွေ စားစရာတွေဝယ်စုနေတဲ့အချိန်မှာ ကိုယ်ဘာတွေစုနေမိprinter က ကိုယ့် Customer တွေprint များများထုတ်တဲ့သူတွေမစောင့်ရအေ...
08/09/2021

သူများတွေ စားစရာတွေဝယ်စုနေတဲ့အချိန်မှာ ကိုယ်ဘာတွေစုနေမိ
printer က ကိုယ့် Customer တွေ
print များများထုတ်တဲ့သူတွေမစောင့်ရအောင်
မီးဘယ်လောက်ပျက်ပျက် အားလုံးOK အောင် စီစဥ်ထားပါတယ်ရှင့်
ကိုယ့်ကျေးဇူးရှင်တွေအတွက်ကိုပဲ ပထမစဥ်းစား
ထားတာပါ

A3 Color Print အရွက် 300နီးပါးနဲ့A4 Color Print အရွက်200နီးပါးအားပေးသွားသော Customer များနှင့်လတိုင်း A4 Copy ကို သောင်း...
04/09/2021

A3 Color Print အရွက် 300နီးပါးနဲ့
A4 Color Print အရွက်200နီးပါး
အားပေးသွားသော Customer များနှင့်
လတိုင်း A4 Copy ကို သောင်းနဲ့ချီ အားပေးတဲ့
အမာခံ Customer များနဲ့ Smart Card နဲ့ အနီးစပ်ဆုံးတူအောင် စိတ်တိုင်းကျ လုပ်ပေးမှုကြောင့်
ID ကဒ်100နီးပါးအားပေးသွားကြသော
ISC Co.,Ltd
Asia Light Co.,Ltd
Myo Myanmar Co.,Ltd
Thin Oil Co.,Ltd
တို့အားကျေးဇူးအထူးတင်ရှိပါတယ်ရှင့်
လူကြီးမင်းတို့လုပ်ငန်းတွေလဲဒီထက်မက
ဆတပိုးအောင်မြင်ချမ်းသာပြီး
ကပ်ကြီးသုံးပါးမှလည်း ကင်းဝေးကြပါစေ
Customer တွေရဲ့ခွင့်ပြုချက်မရှိပဲ
လုက်ငန်းနဲ့ပတ်သက်တာတွေကို
Online ပေါ်သို့ တင်ပြီးကြော်ငြာခြင်းမျိုး
မည်သည့်အချိန်မှလုပ်မည်မဟုတ်ပါ

ဒီနေ့ဆိုင်လာတဲ့ Customer တစ်ယောက်က ဒီဆိုင်မှာလာလုပ်ရတာစိတ်ချမ်းသာတယ်တဲ့ Covid ကာလတုန်းက တခြားမှာသွားရိုက်တာစိတ်မရှည်ဘူးတ...
03/09/2021

ဒီနေ့ဆိုင်လာတဲ့ Customer
တစ်ယောက်က ဒီဆိုင်မှာလာလုပ်ရတာ
စိတ်ချမ်းသာတယ်တဲ့
Covid ကာလတုန်းက တခြားမှာသွားရိုက်တာ
စိတ်မရှည်ဘူးတဲ့ အဲဒါကြောင့်ရိုက်စရာတွေ
စုထားတာတဲ့
အဲလိုပြောတာနဲ့တင် စာရိုက်ခတွေတောင်
မတောင်းချင်တော့ဘူး
ဒါပေမယ့်ပေါ့လေ
အများကြီးလျော့ပေးလိုက်ပါတယ်
ကျေးဇူးလဲအထူးတင်ပါတယ်ရှင့်

Address

Shin Saw Pu Road
Yangon

Telephone

+959775366612

Website

Alerts

Be the first to know and let us send you an email when Htoo Thit Printing Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoo Thit Printing Service:

Share