D MHar Digital Marketing

D MHar Digital Marketing Temporarily Closed !

"A Heartfelt Farewell For Now"- D MHar Digital Marketing -လေးစားရပါသော Customer များခင်ဗျား...(၂) နှစ်တာကာလလောက် ရပ်တည်ခ...
02/04/2025

"A Heartfelt Farewell For Now"

- D MHar Digital Marketing -

လေးစားရပါသော Customer များခင်ဗျား...

(၂) နှစ်တာကာလလောက် ရပ်တည်ခဲ့တဲ့
ကျွန်တော်တို့ရဲ့ D MHar page လေးကို
ယုံကြည်စွာ အားပေးခဲ့ကြတဲ့ customer
အားလုံးကို အထူးပင်ကျေးဇူးတင်ပါတယ်။

စတင်ခဲ့တဲ့အချိန်က တက်တက်ကြွကြွရှိခဲ့ပြီး
Facebook ad service တွေအပါအဝင်
Digital Marketing ဝန်ဆောင်မှုများကို
ဖိဖိစီးစီး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့၊
Mayday post လေးတင်ပြီးနောက်ပိုင်းမှာတော့
Page က active မဖြစ်တော့ပေမယ့်
ပုံမှန်လာနေကျ customer တွေအတွက်
order တွေကိုတော့ ဆက်လက်လက်ခံပြီး
ဝန်ဆောင်မှုပေးနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် ဒေါ်လာဈေးဘယ်လောက်တက်တက်
Boost ပေးပါဆိုတဲ့ Loyal customer များကြောင့်
ဒီ page လေးကို ခုထိ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။
ဒီအတွက်လည်း ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ
ကျေးဇူးတင်ရှိပါတယ်... 🙏

ဒါပေမဲ့လည်း... လက်ရှိ နိုင်ငံရေး၊
စီးပွားရေး အခက်အခဲတွေ၊
ကုန်စျေးနှုန်းမြင့်တက်မှုတွေ၊
ဒေါ်လာဈေးတွေ မတည်ငြိမ်မှု၊
ပြည်တွင်းစစ်နဲ့ မကြာသေးခင်က
ငလျင်ဘေးအန္တရာယ်ကြောင့်
နိုင်ငံတစ်ဝှမ်း လူတွေ ခံစားနေရတဲ့
ဒုက္ခတွေကြားမှာ ကျွန်တော်တို့အနေနဲ့
ဒီ page လေးကို ဆက်လက်လုပ်ကိုင်နိုင်တဲ့
အခြေအနေမရှိတော့ပါဘူး။ 😔

ဒါကြောင့် April, 2025 မှစ၍
D MHar Digital Marketing ကို
အချိန်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းလိုက်ရပါပြီ။

သို့ပေမဲ့ page ကို အပြီးဖျက်လိုက်တာမဟုတ်ဘဲ
နောက်နောင် အခြေအနေတွေ ကောင်းလာတဲ့အခါ
အကောင်းဆုံးအနေအထားနဲ့ ပြန်လာခဲ့ပါမယ်။

အားလုံးပဲ ဘေးရန်ကင်းကြပါစေ။ ❤️

Until next time, Your Digital Partner
D MHar Digital Marketing

P.S: (၁) ရက်နေ့မှာ ကြေညာချင်သော်လည်း
April's fool လို့ထင်မှာစိုးသောကြောင့်
(၂) ရက်နေ့ကို ပြောင်းလဲလိုက်ရပါတယ်ခင်ဗျာ...

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 📣(၂၀၂၄) ခုနှစ်၊ မေလ (၁) ရက်နေ့သည် "အလုပ်သမားနေ့" ရုံးပိတ်ရက်ဖြစ်ပါသောကြောင့် Boosting Serv...
01/05/2024

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ 📣

(၂၀၂၄) ခုနှစ်၊ မေလ (၁) ရက်နေ့သည် "အလုပ်သမားနေ့" ရုံးပိတ်ရက်ဖြစ်ပါသောကြောင့် Boosting Service မှလွဲ၍ တခြားသော ဝန်ဆောင်မှုများကို ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်ခင်ဗျာ...




ဟိုတလောက Fb server downသွားတာကို Ph restartတွေချ fbကို ဖျက်ပြီး ပြန်သွင်းနဲ့ အလုပ်တွေရှုပ်သွားတဲ့လူတွေ ရှိကြသေးလားဗျ🤭Onl...
11/03/2024

ဟိုတလောက Fb server downသွားတာကို Ph restartတွေချ fbကို ဖျက်ပြီး ပြန်သွင်းနဲ့ အလုပ်တွေရှုပ်သွားတဲ့လူတွေ ရှိကြသေးလားဗျ🤭

Online shoppingသမား အများစုက Fbကိုပဲ(အဓိက)မှီခိုနေရတာမို့ Fbလေး တစ်နာရီလောက်သုံးလို့မရတာကလည်း ဒုက္ခအတော်များစေပါတယ် Fb server downတာကတော့ အကုန်လုံးဆီမှာ ဖြစ်တာမို့ ကျွန်တော်တို့လည်း ဘာမှလုပ်ပေးလို့ မရပေမယ့် ကိုယ့်တစ်ယောက်တည်းဆီမှာ Page ကျသွားတာအထိဖြစ်နိုင်တဲ့ Fbရဲ့ Policyအကြောင်းကို ကြိုသတိထားလို့ရအောင် ကျွန်​​တော်တို့က ဒီနေ့ပြောပြပေးပါမယ်...

ဒီရက်ပိုင်းမှာ Facebook က Policy တွေ
အရမ်းတင်းကြပ်နေပါတယ်‼️
တချို့ဆို Admin​ Account တွေမှာ Warning​ ပေးခံရသလို၊ Page Quality တွေလည်း အဝါဖြစ်ကုန်ပါတယ်ခင်ဗျ 🟡

Quality ဝါသွားရင် ပြန်စိမ်းဖို့က မလွယ််ပါဘူး 😢

ဒါ့ကြောင့် မိမိရဲ့ Page မဝါစေဖို့အတွက် ရှောင်ရှားရမဲ့ Policy​ အချို့ကို မျှဝေပေးချင်ပါတယ်🤗

ဒီရက်ပိုင်းအတင်းကြပ်ဆုံး Policy တွေကတော့
- Fraud And Deception
- Trademark and Counterfeit
- Spam ဆိုတဲ့ Policy တွေပါ

"Fraud and Deception" ဆိုတာ မြန်မာလို လိမ်လည်လှည့်ဖြားခြင်းလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်

ဘယ်အချိန်တွေမှာ ငြိတတ်လဲဆိုရင်
ကိုယ်တင်လိုက်တဲ့ Post မှာ
- Customer ရဲ့ Personal Infoတွေပါသွားတာ
- ငွေလွှဲ Ss တွေ မဝါးပဲ ထည့်လိုက်မိတာ
- Serial Number တွေ ပုံထဲပါသွားတာ
- လိပ်စာ၊ ဖုန်းနံပါတ်တွေ ပါသွားတာဆိုရင် ငြိလေ့ရှိပါတယ်..

Facebook​ က Personal Information တွေ ပေါက်ကြားခဲ့ဖူးတာနဲ့ပတ်သက်ပြီး နာမည်ဆိုးရှိတာမလို့

Review Post တင်ချင်တယ်ဆိုရင်လည်း Customer ရဲ့​အချက်အလက်​တွေကို တတ်နိုင်သလောက် ဖယ်ပြီး၊ မမြင်ရအောင်လုပ်ပြီးမှတင်ပါခင်ဗျ✨🤗

"Trademark and Counterfeit" ကတော့
လွယ်လွယ်ပြောရရင် Copyright​ Policy ပါပဲ..

ဘယ်အချိန်မှာ ငြိတတ်လဲဆိုရင်
- Brand Logo တွေတင်မိတဲ့အခါ
- နာမည်ကြီး Model ပုံတွေတင်မိတဲ့အခါ
- ပစ္စည်းအတုတွေ၊ ​Brand​ အတု တွေ ရောင်းမိတဲ့အခါမှာဆို ငြိလေ့ရှိပါတယ်

Copyright Policy ကတော့ Facebook​ရဲ့ Policy တွေထဲမှာ ကြောက်စရာအကောင်းဆုံး Policy ဖြစ်ပါတယ်😬

တခါ​ငြိသွားရင် Page ပျက်ရုံတင်မက၊ Admin​ Account တွေပါ တခါတည်းပျက်တတ်ပါတယ်..

ဒါ့ကြောင့် Copyright နဲ့ပတ်သက်တာတွေကို ​တတ်နိုင်သလောက် ဝေးဝေးရှောင်တာအကောင်းဆုံးပါ😤

"Spam" Policy ကတော့​ Group တွေထဲ Share ပြီး စျေးရောင်းတဲ့ Admin တွေ ခဏခဏငြိလေ့ရှိပါတယ်

ဘယ်အချိန်တွေမှာငြိလဲဆိုရင်
- Group တွေထဲ ထပ်ခါထပ်ခါ Share တာ
- တူညီတဲ့ ပုံ(သို့)​စာ တွေသုံးပြီး Post တင်တာ
- တူညီတဲ့ Comment တွေ ခဏခဏ မန့်တာဆိုရင် ငြိတတ်ပါတယ်...

Policy မငြိဖို့ဆိုရင်
- ထပ်ခါထပ်ခါ မ Share ပဲ တနေ့ 3ခါပဲ Share ပါ
- Share တိုင်း Caption​မတူအောင်ရေးပါ
- အရောင်းပိုစ့်တွေမှာ ပုံတွေ၊ စာတွေ ပြန်မကူးပါနဲ့
- Comment​တွေကိုလည်း မတူအောင်မန့်ပါ
- အရေးကြီးဆုံးကတော့ page adminကိုင်ထားတဲ့ account တွေကနေ groupတွေထဲ shareတာမျိုးကိုရှောင်ပါ

Policy ငြိပြီးလို့ Page ဝါသွားပြီဆိုရင်တော့ ပြန်စိမ်းဖို့ တော်တော်ကြာတာမလို့ အန္တရာယ်​မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာတော့အကောင်းဆုံးပါ✨

Facebook​ ကို ဇူဇူကလွဲပြီး ဘယ်သူမှမပိုင်တာကြောင့် သူတို့တွေသတ်မှတ်ပေးထားတဲ့ စည်းမျဥ်းတွေထဲကပဲ သုံးတာ​ပို​စိတ်ချရပါ​လိမ့်မယ် 😤

Page Admin တွေ၊ Facebook​ နဲ့အလုပ်လုပ်ရသူတွေအဖို့
မချစ်သော်လည်း အောင့်ကာနမ်းရတာကတော့
ဇူကာဘတ်​ပဲ​ဖြစ်ပါတယ်ခင်ဗျာ😜

ကျွန်တော်တို့ D MHar မှာ လတ်တလော လက်မခံသော လုပ်ငန်းအမျိုးအစားများကိုလည်း အောက်ကပုံထဲမှာ ဖော်ပြပေးထားပါတယ်ခင်ဗျာ✨

အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါသည် Policy ငြိခြင်းဒဏ်မှကင်းဝေးကြပါစေ 💖



🌾🍚တောင်သူလယ်သမားနေ့🌾🍚2.3.2024 တွင်ကျရောက်သော (၆၂)ကြိမ်မြောက် "တောင်သူလယ်သမားနေ့"ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်ကျေးဇူးရှင် ...
02/03/2024

🌾🍚တောင်သူလယ်သမားနေ့🌾🍚

2.3.2024 တွင်ကျရောက်သော (၆၂)ကြိမ်မြောက် "တောင်သူလယ်သမားနေ့"ကို ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်

ကျေးဇူးရှင် တောင်သူလယ်သမားများနှင့်တောင်သူဦးကြီးများ ကျန်းမာချမ်းသာပြီး သီးနှံအထွက်နှုန်းတိုးလို့ အစစအရာရာ အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🙏

#တောင်သူလယ်သမားနေ့
'Day

"Trendjacking" ဆိုတာ ဘာလဲ???နားလည်လွယ်အောင် အလွယ်ရှင်းပြ ရရင်တော့ "Trendjacking" ဆိုတာ "Trendနောက် လိုက်တာ"ကိုခေါ်တာပါTr...
18/02/2024

"Trendjacking" ဆိုတာ ဘာလဲ???

နားလည်လွယ်အောင် အလွယ်ရှင်းပြ ရရင်တော့ "Trendjacking" ဆိုတာ "Trendနောက် လိုက်တာ"ကိုခေါ်တာပါ
Trendနောက် လိုက်တယ်ဆိုတာ အခုခေတ်စားနေတဲ့အရာတွေပေါ်မူတည်ပြီး postတွေမှာ ထည့်သုံးလိုက်တာမျိုးပေါ့နော်

ဥပမာအနေနဲ့ဆိုရင် ဟိုတလောက မရွေးမုန့်ပုံ profileတွေ ချိန်းကြတာမှတ်မိကြဦးမယ်ထင်တယ်ဗျ

မရွေးခံရတဲ့လူတွေဆိုပြီး လူငယ်တော်တော်များများ စနောက်ပြီး profileတွေ လိုက်ချိန်းကြတယ် အဲ့တုန်းက မူကထဆိုင်တစ်ဆိုင်က ဆိုင်ရှေ့မှာ "မရွေးချယ်ခံရသူများ မရွေးအခမဲ့ သုံးဆောင်နိုင်ပါသည်" ဆိုပြီး ရေးထားတာကို fbမှာ တင်လိုက်ရောဗျာ ကျွန်တော်အဲ့pageကို likeမလုပ်ထားတဲ့အပြင် အဲ့page ရှိမှန်းတောင် ကျွန်တော်သိတာမဟုတ်ဘူး

အဲ့postက Likeတွေ commentတွေအများကြီးရပြီး engagementကောင်းတော့ ကျွန်တော့်newfeedမှာ suggested for uနဲ့ လာပေါ်တာပဲ Boostတောင် လုပ်စရာမလိုဘဲ လူများများမြင်သွားတာပေါ့

Trendနောက် လိုက်တိုင်းလည်း ကောင်းတာတော့မဟုတ်ဘူးဗျ ကောင်းကျိုးရှိသလို အသုံးမတော်ရင် ဆိုးကျိုးလည်းရှိတယ် ကိုယ့်ရဲ့ Target Audience နဲ့မအပ်စပ်တဲ့ Trend တွေဆို ဝင်မပါတာအကောင်းဆုံးပါ

ဥပမာဆိုရင် ဟိုတစ်လောကခေတ်စားသွားတဲ့ မူစကူဒူးဆိုတဲ့ စကားလုံးဆိုရင် pageတိုင်း သုံးလို့မရဘူးဗျ Condom page တွေ Bar & Restaurantတွေကတော့ သူတို့ Audience​ တွေဟာ လူငယ်တွေ၊ ပျော်ပါးတတ်တဲ့သူတွေမလို့ ဒါမျိုးတင်တာဘာမှမဖြစ်ပါဘူး...

ဒါပေမယ့် လူကြီးသူမတွေကို targetထားရတဲ့ pageတွေ၊စိုက်ပျိုးရေးလုပ်ငန်းသုံး pageတွေ၊ရွှေဆိုင်တွေဆိုရင်တော့ ဒါမျိုး trendဟာ target audienceနဲ့ မအပ်စပ်ဘူးလို့ ဆိုနိုင်ပါတယ် ဒါမျိုးကိုသွားသုံးလိုက်ရင် ကိုယ့်pageက positive impression မရတဲ့အပြင် ဝိုင်းပြောခံရလွန်းလို့ rebrandingတောင် ပြန်လုပ်ရနိုင်ပါတယ်

Trendနောက် လိုက်တာဟာ သုံးတတ်ရင်အကျိုးကျေးဇူးများစွာရှိပြီး
တချက်ခြေချော်သွားရင် ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်

အရှိန်မရသေးတဲ့ Start Up လုပ်ငန်းတွေကို အရှိန်လေးတခု မြန်မြန်ရလာအောင် ဆွဲတင်ပေးနိုင်တယ်

အရှိန်ရပြီးသား လုပ်ငန်းကိုလဲ
အချိန်တိုအတွင်းပျက်စီးသွားအောင်ဆွဲချပစ်နိုင်တာကြောင့် Trend တိုင်းကိုတော့ လိုက်မလုပ်ဖို့ အကြံပေးပါရစေခင်ဗျာ

ကိုယ့်ရဲ့ Page မှာလိုအပ်နေတာတွေကို ကျွန်တော်တို့နဲ့ လာဆွေးနွေးလို့ရသလို Boostingနှင့်ပတ်သက်လာရင် ကျွန်တော်တို့ဆီမှာ $2မှ စတင်လက်ခံပြီး serviceပေးပါတယ်ခင်ဗျာ



အားလုံးသိကြတဲ့အတိုင်းပဲ ဒီနေ့လေးကတော့ Valentine's Dayလေးပဲ ဖြစ်ပါတယ်ခင်ဗျာ တစ်နည်းအားဖြင့် မင်မင်တို့နဲ့မဆိုင်တဲ့နေ့လေးပ...
14/02/2024

အားလုံးသိကြတဲ့အတိုင်းပဲ ဒီနေ့လေးကတော့ Valentine's Dayလေးပဲ ဖြစ်ပါတယ်ခင်ဗျာ တစ်နည်းအားဖြင့် မင်မင်တို့နဲ့မဆိုင်တဲ့နေ့လေးပေါ့နော်😢

မင်မင်တို့လိုပဲ အပူမရှာဘဲ စီးပွား​ရေး ကြီးပွားရေးနဲ့ပဲ နပန်းလုံးနေတဲ့ customerလေးတွေရော ရှိလားနော်😛

စတာပါ မင်မင်တို့ရဲ့customerတွေ Valentine's dayလေးမှာ ချစ်ရသူတွေနဲ့ပျော်ရွှင်ဖွယ်အခိုက်အတန့်လေးတွေပိုင်ဆိုင်ရပါစေ ပြီးပြည့်စုံတဲ့တစ်ရက်တာဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်
ရည်းစားမရှိတဲ့ customerတွေလည်း ရည်းစားအမြန်ရကြပါစေနော်😛


(12.02.2023)တွင် ကျရောက်သော ပြည်ထောင်စုနေ့အား လှိုက်လှဲစွာဖြင့် ကြိုဆိုပါသည်ခင်ဗျာ🇲🇲
12/02/2024

(12.02.2023)တွင် ကျရောက်သော ပြည်ထောင်စုနေ့အား လှိုက်လှဲစွာဖြင့် ကြိုဆိုပါသည်ခင်ဗျာ🇲🇲



🎉Gong Xi Fa Cai🎉🧧Happy Chinese New Year 2024🧧အားသစ်လောင်းမယ့် နဂါးနှစ်မှာ စီးပွါးလာဘ်လာဘတွေ ပေါကြွယ်ဝပြီး စိတ်ချမ်းသာကို...
09/02/2024

🎉Gong Xi Fa Cai🎉

🧧Happy Chinese New Year 2024🧧

အားသစ်လောင်းမယ့် နဂါးနှစ်မှာ စီးပွါးလာဘ်လာဘတွေ ပေါကြွယ်ဝပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ🙏


ငွေဘယ်လိုလွှဲရမလဲ? ကြိုလွှဲရတာလား?🤔ဟုတ်ကဲ့ ကျွန်တော်တို့ဆီမှာ Kpay/Wavepay/CBpay စတဲ့ online paymentတွေနဲ့ ငွေလက်ခံပါတယ်...
07/02/2024

ငွေဘယ်လိုလွှဲရမလဲ? ကြိုလွှဲရတာလား?🤔

ဟုတ်ကဲ့ ကျွန်တော်တို့ဆီမှာ Kpay/Wavepay/CBpay စတဲ့ online paymentတွေနဲ့ ငွေလက်ခံပါတယ်ခင်ဗျာ🤗

ငွေကိုကြိုလွှဲစရာမလိုဘဲ Boostထားတဲ့ postလေး activeဖြစ်မှသာ လွှဲပေးရတာမို့ customerတွေအတွက်လည်း အဆင်ပြေတာပေါ့ဗျာ🤗

Customerဟောင်းတွေကတော့ သိပြီးသားဖြစ်ပေမယ့် မသိသေးတဲ့ customerသစ်လေးတွေအတွက် မင်မင်တို့ဆီမှာ $2ကနေ စပြီး Boostလုပ်လို့ ရပါတယ်ခင်ဗျာ🙆‍♂️

မသိတာနားမလည်တာဆိုလည်း မင်မင်တို့ကအသေးစိတ်ကိုနားလည်တဲ့အထိရှင်းပြပေးမှာမို့ Boostingနှင့်ပတ်သတ်ရင် ကျွန်တော်တို့ဆီသာ အပြေးသာလာခဲ့လိုက်တော့နော်😇



Valentine's day မှာ မိန်းကလေးတိုင်း ပန်းစည်းလိုချင်တယ် 🤗ဟုတ်ပါတယ် Valentine's day မှာ ကိုယ့်ချစ်သူဆီက ပန်းစည်းနှင့်ချောက...
30/01/2024

Valentine's day မှာ မိန်းကလေးတိုင်း ပန်းစည်းလိုချင်တယ် 🤗

ဟုတ်ပါတယ် Valentine's day မှာ ကိုယ့်ချစ်သူဆီက ပန်းစည်းနှင့်ချောကလက် လက်ဆောင်မလိုချင်တဲ့ မိန်းကလေးဆိုတာ ခပ်ရှားရှားပါ၊ ထုတ်သာမပြောကြပေမယ့် မိန်းကလေးတော်တော်များများကတော့ ခုလိုအသိအမှတ်ပြုပေးတာကိုသဘောကျကြပါတယ်၊ ဒါကိုလည်း ယောက်ျားလေးတိုင်း သိပါတယ် ... ခက်တာက ယောက်ျားလေးတွေရဲ့ ထုံးစံအတိုင်း သတိမေ့တတ်တာပါပဲ😶
ကျွန်တော်ကိုယ်တိုင်လည်း သတိမေ့နေခဲ့တယ် လက်ဆောင်ပေးဖို့ ပန်းဆိုင်ကိုဖုန်းဆက်မယ် ဆက်မယ် လုပ်ထားရင်းနဲ့ကို အလုပ်ရှုပ်နေတာနဲ့ပဲ ပြန်မေ့သွားခဲ့တယ် အဲ့လိုမေ့နေတုန်းမှာပဲ ကျွန်တော်မနှစ်က ဝယ်ခဲ့ဖူးတဲ့ပန်းဆိုင်ဆီက ဖုန်းဝင်လာတယ် "မင်္ဂလာမနက်ခင်းပါအကိုရေ (...)ပန်းဆိုင်က ဆက်တာပါရှင့်၊ မနှစ်က ညီမတို့ဆီက ပန်းစည်း မှာဖူးတာလေး သတိရလို့ ဆက်လိုက်တာပါ ဒီနှစ်ရော Valentine's day အတွက် ပန်းစည်း မှာဦးမလားရှင့်"
ဘယ်လောက်ဥာဏ်ကောင်းလိုက်သလဲ သေချာစဥ်းစားကြည့်ရင် ရှင်းရှင်းလေး...နှစ်စဥ် နှစ်တိုင်း ဖေဖော်ဝါရီ (၁၄) ရက်နေ့ဆိုတာ Valentine's day ပဲ မပြောင်းလဲဘူး
နှစ်စဥ် နှစ်တိုင်း ဖေဖော်ဝါရီ (၁၄) ရက်နေ့ရောက်တိုင်း သန်းပေါင်းများစွာသော ယောက်ျားတွေက တို့ရဲ့ချစ်သူ၊ ဇနီးမယားကို ပန်းစည်းပို့ကြတယ်
ယောက်ျားလေးတော်တော်များများမှာ တူညီတဲ့အချက်တစ်ချက်ရှိတယ်၊ အဲ့ဒါကဘာလဲဆိုတော့ ပန်းစည်းပို့ချင်လို့ပို့တာထက် မဖြစ်မနေမို့လို့ ပို့ရတာပိုများတယ်😛
လူကြီးမင်းတို့က ပန်းဆိုင်တစ်ဆိုင်ပိုင်တယ်ဆိုပါစို့ ဒီနှစ်တော့ ပန်းစည်းမှာမယ့်လူဘယ်နှယောက်များ ဖုန်းဆက်မလဲမသိဘူးဆိုပြီး ထိုင်စောင့်နေတာထက် ကိုယ့်ဘက်က တိုက်စစ်ဆင်ရင် ပိုမကောင်းဘူးလား မနှစ်က ကိုယ့်ဆီက ပန်းစည်းမှာဖူးတဲ့လူတွေဆီ ကိုယ့်ဘက်ကနေစပြီး ဖုန်းဆက်လိုက် တခြားပန်းဆိုင်တွေကမဆက်ခင် ကိုယ့်ဘက်ကကြိုပြီး လက်ဦးမှုယူထားလိုက်၊ မမှာဘူးဆိုလည်း ကိုယ့်ဘက်က ph bill ဖိုးလေးပဲကုန်မယ် မှာတဲ့အခါကျ ပန်းဘယ်နှပွင့်သုံးပေးရမလဲ အတိအကျသိရပြီ လိုတဲ့ပန်းအရေအတွက်ကို ပန်းသည်တွေဆီက ကြိုမှာထားလို့ရပြီ အများကြီးမှာပြီး ရောင်းမကုန်မှာ စိတ်ပူစရာမလိုတော့ဘူး နည်းနည်းလေးပဲမှာထားမိလို့ ကိုယ့်ဆီမှာပန်းမရှိတော့လို့ သူများဆီရောက်သွားတာမျိုးလည်း မဖြစ်တော့ဘူး "သားရဲ စိတ်ဓာတ်" ဆိုတာ ဒါမျိုးကိုပြောတာ သားကောင်အဖြစ်နဲ့ထိုင်စောင့်နေမယ့်အစား ကိုယ့်ဘက်က တိုက်စစ်ကို စတတ်ဖို့လိုတယ်
စားသုံးသူတွေ ပိုအဆင်ပြေအောင် ကိုယ့်ဘက်က အမြန်ဆုံးကူညီပေးခြင်းဟာ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ အကောင်းဆုံးနည်းလမ်းပါပဲ
သားရဲစိတ်ဓာတ်မျိုးများများမွေးပြီး ကိုယ့်စီးပွားရေးအတွက် တိုက်စစ်ဆင်ကြပါခင်ဗျာ...



မင်္ဂလာပါခင်ဗျာ 🙏မနက်ဖြန် (28 JAN 2024)မှာ ကျွန်တော်တို့ D MHar Teamအနေဖြင့် လူမှုရေးကိစ္စလေးသွားစရာရှိပါသဖြင့် service ...
27/01/2024

မင်္ဂလာပါခင်ဗျာ 🙏
မနက်ဖြန် (28 JAN 2024)မှာ
ကျွန်တော်တို့ D MHar Teamအနေဖြင့် လူမှုရေးကိစ္စလေးသွားစရာရှိပါသဖြင့် service တစ်ရက်နားကြောင်း
အသိပေးပါရစေခင်ဗျာ 🙏

(29 JAN 2024)မှာတော့
ပုံမှန်အတိုင်း ပြန်လည် service ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ🤗

ကောင်းမွန်သာယာသောနေ့ရက်များအား ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ🙏

ကရင်သက္ကရာဇ် (၂၃၆၃) နှစ်(၃၂)ကြိမ်မြောက်ကရင်နှစ်သစ်ကူးနေ့အား D MHar Team မှ လှိုက်လှဲစွာဖြင့်ကြိုဆိုပါသည်ခင်ဗျာ...တိုင်းရ...
11/01/2024

ကရင်သက္ကရာဇ် (၂၃၆၃) နှစ်
(၃၂)ကြိမ်မြောက်
ကရင်နှစ်သစ်ကူးနေ့အား
D MHar Team မှ လှိုက်လှဲစွာဖြင့်
ကြိုဆိုပါသည်ခင်ဗျာ...
တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစေဖို့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။




#2024

Address

Yangon

Telephone

+959267113165

Website

Alerts

Be the first to know and let us send you an email when D MHar Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to D MHar Digital Marketing:

Share