Miss Grand Myanmar Fan

Miss Grand Myanmar Fan Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Miss Grand Myanmar Fan, Advertising/Marketing, yangon, Yangon.

သားသားချစ်တဲ့ အားလုံးခင်ညာ🤍🖤
14/07/2025

သားသားချစ်တဲ့ အားလုံးခင်ညာ🤍🖤

10/12/2024

ရှယ်ဖြုတ်ပြီ

ဘဝမှာ သီးသန့်ထားရတဲ့သူဆိုတာ ရှိတယ်နောက်ကျောမှာ ရဲရဲထားလို့ရတယ်သူ့ရှေ့မှာ စကားမှားလို့ရတယ်သူ့ရှေ့မှာ ကာရိုက်တာ အမျိုးမျို...
28/11/2024

ဘဝမှာ သီးသန့်ထားရတဲ့သူဆိုတာ ရှိတယ်

နောက်ကျောမှာ ရဲရဲထားလို့ရတယ်
သူ့ရှေ့မှာ စကားမှားလို့ရတယ်
သူ့ရှေ့မှာ ကာရိုက်တာ အမျိုးမျိုးပြောင်းလို့ရတယ်

ကိုယ့်ကို ဘာတံဆိပ်မှ မခတ်နှိပ်ပဲ
ကိုယ်ဆိုတဲ့ အရာလေးတစ်ခုကိုပဲ ချစ်နေပေးတဲ့လူပေါ့။

မင်းဆိုးလို့ရတယ်
မင်းကောင်းလို့ရတယ်
မင်းဟာ မင်းမဟုတ်တဲ့ပုံစံနဲ့နေလို့ရတယ်

အောင်မြင်သူတစ်ယောက်လို မင်းမာန်ဝင့်နေလည်းရတယ်
ကျရှုံးသူတစ်ယောက်လို မင်းငိုကျွေးနေလည်းရတယ်
ကလေးတစ်ယောက်လို ပျော်ရွှင်နေလည်းရတယ်
လူကြီးတစ်ယောက်လို တွေဝေနေလည်းရတယ်

လူတစ်ယောက်တည်းကိုပဲ သီးသန့်ခေါ်ဆိုလိုတဲ့ စကားလုံးတွေဆိုတာရှိတာ

သူဟာ မင်းကိုချစ်တဲ့သူပေါ့

မင်းလက်ကိုအမြဲတွဲထားပြီး
မင်းကြိုက်တဲ့အရာတွေကို လိုက်ခံစားပေးသူပေါ့။

မင်းခြေဖဝါးလေးတွေ အေးတတ်တဲ့အကြောင်း အမြဲတမ်းသိတဲ့သူပေါ့
မင်းတကယ်ပျော်နေသလား
မင်းတကယ်မပျော်ဘူးလား သိတဲ့သူပေါ့။

မင်းလိမ်လို့မရမယ့် ကမ္ဘာပေါ်က တစ်ဦးတည်းသောသူပေါ့

မင်းကိုယ်တိုင်မသိတဲ့ မင်းစရိုက်တွေကို အလွတ်ရနေတဲ့သူတစ်ယောက်ပေါ့။

မင်းဟာ အတော်ဆုံးပါလို့အမြဲပြောနေတတ်ပြီး
ဘာဖြစ်လဲ လူပဲမှားတတ်တာပဲလို့ အားပေးတတ်တဲ့သူ
မင်းပျော်ရင် သူပျော်ပြီး
မင်းငိုရင် လိုက်ငိုပေးတတ်တဲ့သူပေါ့

တိုတောင်းလှတဲ့ သက်တမ်းလေးတစ်ခုမှာ
ချစ်ရသူဆိုတာ နတ်ဆိုးအလစ်မှာ နမ်းလိုက်ရမယ့် ပန်းကလေးတစ်ပွင့်ပါပဲ
အများကြီးသိပ်မတွေးပါနဲ့။


အတူတူ ရုန်းကန်နိုင်တဲ့ မိန်းကလေးမျိုးက ရှားတယ် ရုန်းကန်ချင်တဲ့ စိတ်ရှိတဲ့ ယောင်္ကျားမျိုးလည်း ရှားတယ် အကယ်၍ နှစ်ယောက်စလု...
28/11/2024

အတူတူ ရုန်းကန်နိုင်တဲ့
မိန်းကလေးမျိုးက ရှားတယ်
ရုန်းကန်ချင်တဲ့ စိတ်ရှိတဲ့
ယောင်္ကျားမျိုးလည်း ရှားတယ်
အကယ်၍ နှစ်ယောက်စလုံးက
သတ္တိရှိရှိရုန်းကန်လိုက်တဲ့အခါ
မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေ
ရှားသွားပြန်တယ်...

" အရင်တုန်းကဆိုရင်ကွာ.....ငါက ငါ့အမျိုးသားနဲ့ပြသနာတစ်ခုခုဖြစ်တိုင်းပေါက်ကွဲတယ်...ပြောတယ်ဆိုတယ်..ငိုရင်ငိုတယ်..မငိုလည်းမျ...
28/11/2024

" အရင်တုန်းကဆိုရင်ကွာ.....ငါက ငါ့အမျိုးသားနဲ့ပြသနာ
တစ်ခုခုဖြစ်တိုင်းပေါက်ကွဲတယ်...ပြောတယ်ဆိုတယ်..
ငိုရင်ငိုတယ်..မငိုလည်းမျက်ရည်ကျတယ်
တစ်ညလုံးအိပ်မရဘဲ ဒါကြီးကိုပဲထပ်တလဲလဲတွေးပြီး ခံစားတယ်.....
တစ်ခါတစ်လေဆို ဖုန်းတွေစက်ပိတ် ....အကုန်ဘလော့ပစ်တယ်ကွာ....
ဒါပေမယ့်....ဘယ်အချိန်ကစလဲတော့မသိဘူး....
အဲလိုတွေမဖြစ်တော့ဘူး.....ပြသနာတက်ပေမယ့်လည်း....
စိတ်တိုင်းမကျ....စိတ်အလိုမကျပေမယ့်လည်း.....
ငါဒေါသထွက်နေတာကို သူသိနေရက်နဲ့ ဒီအကြောင်းကို
မဖြေရှင်းပေးပေမယ့်လည်း.....အရင်လို တစ်အားကြီးပူလောင်ပြီး
မခံစားရတော့ဘူး ....အေးဆေးပဲ....
အဲဒါ....ငါ ရင့်ကျက်လာလို့လားဟင်...."

" ဟုတ်တယ်..ရင့်ကျက်လာလို့ ...."

" အင်း....ဒါဆို...ရှေ့ဆက်ပြီးတော့လည်း
ဒီထက့်ပိုရင့်ကျက်သွားဦးမှာလား...."

" ဟုတ်တယ်....ပိုရင့်ကျက်သွားလိမ့်ဦးမယ်.....
နားမထောင်ပေးမှန်းသိတဲ့စကားလုံးတွေကို ဘယ်တော့မှ
ထပ်ပြောတော့မှာ မဟုတ်ဘူး.....
မဖြေရှင်းပေးမယ့်ပြသနာတွေအတွက်လည်း
အကူအညီတောင်းတော့မှာမဟုတ်ဘူး....
စိတ်အလိုမကျရတာအတွက်လည်း
တောင်းဆိုတော့မှာမဟုတ်ဘူး.....
သူ့ လစ်လျူရှုမှုတွေကိုလည်း
သိပ်ခံစားတော့မှာမဟုတ်ဘူး.....
သူ့အတွက်ရယ်လို့ဆိုပြီး မျက်ရည်တောင်မကျလောက်တော့ဘူးကွာ..."

" ပြီးရင်ကော...."

" ခံစားချက်တွေကိုလည်း မျှဝေ မခံစားချင်တော့ဘူး....
ခေါင်းရှုပ်ရမယ့်အပိုကိစ္စတွေမှာလည်း ၀ငျမပါခငြျတော့ဘူး....
နင်လုပ်တဲ့အတိုင်း ငါလုပ်နိုင်တယ်.....
နင်ရွှေ့တဲ့အကွက်အတိုင်း ငါရွှေ့နိုင်တယ်....
နင်နေနိုင်သလို ငါနေနိုင်တယ်ပေါ့...."

" အင်း.....နောက်ထပ်ကော...."

" အဲဒီအဆင့်တွေအကုန်ရောက်ပြီသွားရင်လား......
ကွန်ဂရက်ကျူလေးရှင်းပေါ့ သူငယ်ချင်းရယ်....
သူနဲ့ဝေးဖို့ နင် ပြင်ဆင်နေခဲ့တာ အဆင်သင့်ဖြစ်ပြီ...
ဆိုတဲ့ အချိန်ပဲပေါ့.....
အရာရာနီးပါးကို တစ်ယောက်တည်းရင်ဆိုင်....
တစ်ယောက်တည်းဖြေရှင်းပြီး
တစ်ယောက်တည်းရပ်တည်နိုင်သွားတဲ့မိန်းမလောက်
ကြောက်စရာကောင်းတာဘာရှိဦးမှာတဲ့လဲ....."

#ညတာရာလင်း

လူတွေက သူတို့ချစ်တဲ့သူကို ဘယ်တော့မှ မစွန့်ပစ်ဘူးသူတို့အသုံးချခဲ့တဲ့သူကိုသာ အသုံးမလိုရင် စွန့်ပစ်ခဲ့တာဘဝမှာ နောက်ထပ်မဖောက...
28/11/2024

လူတွေက သူတို့ချစ်တဲ့သူကို
ဘယ်တော့မှ မစွန့်ပစ်ဘူး
သူတို့အသုံးချခဲ့တဲ့သူကိုသာ
အသုံးမလိုရင် စွန့်ပစ်ခဲ့တာ
ဘဝမှာ နောက်ထပ်
မဖောက်ပြန်တဲ့သူဆိုတာမရှိဘူး
ခဏခဏ ဖောက်ပြန်တဲ့သူနဲ့
လုံးဝမဖောက်ပြန်တဲ့သူပဲရှိတယ်

လူ့သဘာဝက ဆန့်ကျင်ဖက်လိင်နဲ့ ပရောပရီလုပ်တတ်ကြတယ်။၊၊ဒါပေမဲ့ ထိမ်းမြားယူဖို့ကျအကျင့်စာရိတ္တကောင်းသူကို ရွေးခြယ်ကြတယ်။စမတ်ကျ...
27/11/2024

လူ့သဘာဝက
ဆန့်ကျင်ဖက်လိင်နဲ့ ပရောပရီလုပ်တတ်ကြတယ်။၊၊
ဒါပေမဲ့ ထိမ်းမြားယူဖို့ကျ
အကျင့်စာရိတ္တကောင်းသူကို ရွေးခြယ်ကြတယ်။

စမတ်ကျတဲ့မိန်းမက ဆင်းရဲနွမ်းပါးတဲ့ယောက်ျားကို
သန်းကြွယ်သဌေးဖြစ်အောင် ထိန်းကြောင်းနိုင်တယ်။

ဦးနှောက်မဲ့တဲ့အချောအလှကတော့
သန်းကြွယ်သဌေးကို သူတောင်းစားအသွင်
ပြောင်းလိုက်နိုင်တယ်။

မိန်းမတယောက်ဟာ
ရှေ့ရေးစီမံကိန်းအသေအချာချထားတဲ့ယောက်ျားမျိုး
ရဖို့အရေးကြီးတယ်။

ဖေါက်ပြန်ခြင်း ဆိုတာ မှောက်မှားတာ မဟုတ်ဘူး၊
ရွေးခြယ်မှုတခုပါ။

လူကောင်းတယောက် ပိုင်ဆိုင်ပြီးရင်
လူတော်တယောက် ထပ်မရှာပါနဲ့။


ကိုယ်နဲ့ အတူတူ တိုးတက်ဖို့ စိတ်အားထက်သန်တဲ့ သူနဲ့ လက်တွဲသင့်တယ် Relationship တစ်ခုကို ဖန်တီးသင့်တယ် အချိန်ပြည့် ချစ်ကြော...
26/11/2024

ကိုယ်နဲ့ အတူတူ တိုးတက်ဖို့
စိတ်အားထက်သန်တဲ့ သူနဲ့ လက်တွဲသင့်တယ်
Relationship တစ်ခုကို ဖန်တီးသင့်တယ်

အချိန်ပြည့် ချစ်ကြောင်းတွေပြော နေတဲ့သူမဟုတ်ဘူး
အရပ်ရှည်တဲ့ သူမဟုတ်ဘူး အရမ်းချောတဲ့သူ မဟုတ်ဘူး
ဒါက အတိုင်းတာ တစ်ခုအထိတော့ ကြည်နူးစရာပါဘဲ

အချိန်အတိုင်းတာ တစ်ခုရောက်ရင်
ဘဝ တစ်ခုကိုအတူ တည်ထောင်လိုက်တဲ့ အချိန်ကြရင်
အချစ်တစ်ခုတည်းနဲ့ မပြည့်စုံနိုင်တော့မယ့် အရာတွေ ဖြစ်လာတော့မယ် -

ဒါတွေသာ လိုအပ်တာထက်ပိုများလာရင် အချစ်က
Auto ခုန်ထွက်သွားမှာဘဲ
အတူ ရုန်းကန်ရမှာ ကြောက်တဲ့သူဆို ပိုဆိုးတယ်

လူတစ်ယောက်ကို ချစ်တဲ့အခါ အကောင်းဆုံးတွေကို အတူပျော်နိုင်ပြီး အဆိုးဆုံးတွေကို ရင်ဆိုင်ပေးနိုင်ရမယ်
ကိုယ့်ဘဝထဲ လူတစ်ယောက်ကို ခေါ်ထားနိုင်တဲ့ အရည်ချင်းမျိုး ရှိနေမှ ရမယ်

လူတွေက စက်ရုပ်မဟုတ်ဘူး
မပြည့်စုံတာတွေ ရှိမယ် အားနည်းချက်တွေရှိမယ်
ငါတို့တွေဟာ ချောချင်မှချောမယ် မလှပတဲ့ အရေပြားတွေ ရှိရင်ရှိမယ် အသားညိုရင်ညိုမယ်
အရပ်နိမ့်ရင်နိမ့်မယ် ပညာတွေ ဆုံးခန်းမတိုင်တာမျိုးရှိမယ် ချို့ယွင်းခဲ့တဲ့ အတိတ်တွေ ရှိမယ် ၊ မိသားစု အသိုင်းဝိုင်းမကောင်းတာတွေ ရှိမယ်

ဒါတွေကို အားနည်းချက်လို မမြင်ဘဲ နားလည်ပေးနိုင်ပြီး ကိုယ့်ကို တိုးတက်ဖို့ အမြဲ motivate ပေးနိုင်မဲ့ သူမျိုး
အချစ်မှာ တိုးတက်ပြောင်းလဲ စေနိုင်တဲ့ သတ္တိတွေ
အပြည့်ရှိတယ် -

ကိုယ့်ကို တိုးတက်ဖို့ ပါရမီ ဖြည့်ပေးနိုင်သူ ဖြစ်ရမယ်

တစ်ကယ်ချစ်ရင် သူနဲ့ နီးစပ်ဖို့ အမြဲ ကြိုးစားရမယ် -
တစ်ချို့တွေက ချစ်တာတစ်ခုဘဲ ပြောတတ်တယ်
နီးစပ်ဖို့ ဘယ်တုန်းကမှ မကြိုးစားကြဘူး
ဒါကြောင့် ဝေးကြရတာ ဘာဆန်းလို့လဲ

လူဆိုတာ တိုးတက်အောင်မြင်ချင်တဲ့ သူတွေချည်းဘဲ
ကိုယ်တိုင် ကြိုးစားသူနဲ့
ဖြတ်လမ်းလိုက်တဲ့သူ ဒီနှစ်ခုဘဲ ကွာတာ

ဘယ်အရာမဆို ကိုယ်တိုင် ဖန်တီးကြိုးစားယူရတယ်
ready made ကို ကြိုက်ရင် ready made နဲ့တန်တဲ့
အရည်သွေးဘဲ ရမယ်

အချစ်ကို ရွေးတဲ့အခါ ရေရှည်ခိုင်မြဲဖို့ ဆိုရင်
ကိုယ်နဲ့အတူတူ တိုးတက်ဖို့
စိတ်အားထက်သန်တဲ့ သူကိုဘဲ ရွေးချယ်သင့်တယ်

နှစ်ပေါင်းများစွာ လက်တွဲပြီး အရမ်းချစ်ကြတဲ့ အိမ်ထောင်ရှင်စုံတွဲတွေကို တွေ့ရင် သူတို့ အရမ်းကံကောင်းကြတယ်လို့ ထင်ကောင်းထင်...
26/11/2024

နှစ်ပေါင်းများစွာ လက်တွဲပြီး အရမ်းချစ်ကြတဲ့ အိမ်ထောင်ရှင်စုံတွဲတွေကို တွေ့ရင် သူတို့ အရမ်းကံကောင်းကြတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့အိမ်ထောင်ရေးမှာ အပေးအယူတွေ အများကြီးလုပ်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အမှားတွေကို လျစ်လျူရှုခဲ့ကြတာပါ။
တစ်ယောက်နဲ့တစ်ယောက် အမှားများစွာကို ခွင့်လွှတ်ခဲ့ကြပြီး ထောင်ပေါင်းများစွာသော ပြဿနာတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ နှစ်တွေကြာအောင် သင်ယူခဲ့ကြတယ်။
အချစ်ရေးမှာ ကံတရားဆိုတာ ဘယ်တုန်းကမှ မရှိပါဘူး။ အပြန်အလှန် ညှိနှိုင်းမှူ့၊ အပေးအယူ မျှတမှူ့၊ ဂရုစိုက်မှူ့၊ လေးစားမှူ့၊ ကရုဏာ၊ မေတ္တာနှင့် စိတ်ရှည်မှူ့တို့ပဲ ဖြစ်ပါတယ်။


လက်တလောmoodကတော့ ဘာဖြစ်ချင်လဲမေးရင်ဖြူဖြူထွေးလို အလှုရေစက်လက်နဲ့မကွာလှူတန်းချင်တယ်
26/11/2024

လက်တလောmoodကတော့ ဘာဖြစ်ချင်လဲမေးရင်
ဖြူဖြူထွေးလို အလှုရေစက်လက်နဲ့မကွာလှူတန်းချင်တယ်

ကိုယ်တွေသာ အိုစာသွားတယ် အွန်စောတို့က ဘယ်တော့မှအိုမလာဘူး
26/11/2024

ကိုယ်တွေသာ အိုစာသွားတယ်
အွန်စောတို့က ဘယ်တော့မှအိုမလာဘူး

ဒီပုံလေးမြင်တော့ ငယ်ငယ်က ကို့ရွာမှာ ရုပ်ရှင်ပြတဲ့ရုံက တစ်ရုံပဲရှိတယ် တစ်ယောက်ကို၅၀နှုန်းနဲ့ ကြည့်ခဲ့ရတဲ့အချိန်တွေ သတိရမိ...
26/11/2024

ဒီပုံလေးမြင်တော့
ငယ်ငယ်က ကို့ရွာမှာ
ရုပ်ရှင်ပြတဲ့ရုံက တစ်ရုံပဲရှိတယ်
တစ်ယောက်ကို၅၀နှုန်းနဲ့
ကြည့်ခဲ့ရတဲ့အချိန်တွေ
သတိရမိတယ်

#ငယ်ဘဝအမှတ်တရ

Address

Yangon
Yangon

Telephone

09771166562

Website

Alerts

Be the first to know and let us send you an email when Miss Grand Myanmar Fan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share