Digital Marketing service Myanmar By e-Road Plus Partners

Digital Marketing service Myanmar By e-Road Plus Partners In Myanmar, we do Digital Marketing service professionally by Myanmar expert who have Global experiences.

Also training provided for beginner and advanced level student who want to learn Digital Marketing and SEO course to be an expert
- 09448889496 In Myanmar, we do SEO & Digital Marketing service professionally by Myanmar Digital Marketer experts who have Global experiences. Digital Marketing services such as:
1.Facebook Marketing and other social Media Marketing.
2.Advertising on Google (ad wor

ds, Youtube advertising) and SEO
3.Email Marketing and content marketing
4. Mobile advertising
Also training provided for beginners and advanced level students who want to learn Digital Marketing and SEO course to be an expert
- 09448889496

လုပ်ငန်း Logo ဆွဲသည်။ဖေ့ဘုတ် ပို့စ် ကြော်ငြာစာ ရေးပေးပါတယ်။Product Review ရေးပေးပါတယ်။ဆောင်ပါးရှည်၊ Article ရေး ပေးပါတယ်...
28/01/2026

လုပ်ငန်း Logo ဆွဲသည်။
ဖေ့ဘုတ် ပို့စ် ကြော်ငြာစာ ရေးပေးပါတယ်။
Product Review ရေးပေးပါတယ်။
ဆောင်ပါးရှည်၊ Article ရေး ပေးပါတယ်။
စတဲ့ ဝန်ဆောင်မှု များ ရှိပါတယ်။

01/09/2023

Value အမျိုးအစားများအကြောင်း

20/08/2023

Value based Marketing

ဈေးရောင်းနေပေမဲ့ ဝယ်သူ ဘယ်နှစ်မျိုးရှိလဲဆိုတာ သိပြီးပြီးလားဝယ်သူတွေ ကိုယ်ဆီက ဘာလို့ မဝယ်တာလဲဆိုတာကိုရော သိထားပြီးပြီးလား...
19/08/2023

ဈေးရောင်းနေပေမဲ့ ဝယ်သူ ဘယ်နှစ်မျိုးရှိလဲဆိုတာ သိပြီးပြီးလား
ဝယ်သူတွေ ကိုယ်ဆီက ဘာလို့ မဝယ်တာလဲဆိုတာကိုရော သိထားပြီးပြီးလား
ဘယ်လိုအချက် တွေက ဝယ်သူ ကိုယ်ဆီက နေ ဝယ်အောင် လုပ်ပေးနေတာပါလဲ..
ဒီစာအုပ်လေးကတော့
Sale ကိုလေ့လာလိုတဲ့သူတွေ၊ စိတ်ဝင်စားတဲ့သူတွေ၊ ဈေးရောင်းတဲ့ သူတွေအတွက်ပါ။ Sale Pro အဖြစ် အရောင်းကျွမ်းကျင်လိုသူတွေလည်း ဖတ်လို့ရပါတယ်။
Sale အရောင်းက လွယ်ပေမဲ့ ထင်သလို မလွယ်ပြန်ဘူး။
ဒီတော့ Sale ကျွမ်းကျင်အောင် နည်းတွေ၊ စည်းမျှဉ်းတွေ၊
လိုက်နာစရာတွေ၊ Customer အမျိုးအစားတွေ အကြောင်းအားလုံးဖော်ပြထားလို့ ကောင်းကောင်းလေ့လာပြီး အသုံးချနိုင်မှာ ဖြစ်ပါတယ်။
ဖတ်ရှုရင် ရရှိမှာတွေကတော့ Sale အမျိုးမျိုးအကြောင်း၊ ရောင်းထွက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေ သိသွားမယ်။ အရင်ကထက် ပိုရောင်းတတ်လာပြီး အမြတ်အစွန်းတွေ ရှာတတ်လာမယ်။ ဖောက်သည်တွေနဲ့ ဘယ်လို ဆက်ဆံရမလဲဆိုတာသိလာပြီး အလုပ်မှာတောင် ပျော်သွားဦးမယ်။ မဝယ်ယူတဲ့ ဖောက်သည် ဈေးဝယ်သူတွေကို ဘယ်လို ဝယ်ယူလာအောင် လုပ်ရမလဲဆိုတာတွေ သိသွားပြီး အရောင်းကို မြင့်တင်နိုင်မယ်။ Sale Objection ဆိုတဲ့အကြောင်းတွေ၊ အဲဒါကို ဘယ်လို ကျော်လွှားမလဲ စတဲ့ Sale နဲ့ ဆိုင်တာတွေ အားလုံးသိပြီး လိုက်နာကျင့်သုံးခြင်းကနေ Pro sale သမားတွေ ဖြစ်လာနိုင်မယ်။
အကျိုးတွေ အများကြီးရှိတယ်နော။ အရင် ဝယ်ဖူးတဲ့သူတွေကတော့ သိပြီးသားပါ။ စာထဲမှာ Value တွေအများကြီးထည့်ပေးထားတယ်ဆိုတာကို။ လက်တွေ့လည်း အသုံးချနိုင်လို့ အားပေးမှု တွေ အစဉ်ရရှိထားပါတယ်။

Sale တက်စေမဲ့ - အရောင်းကျွမ်းကျင်ဆိုင်ရာ စာအုပ်လေးဖြစ်ပါတယ်။
မိမိဝန်ထမ်း၊ တွေ အရောင်းပိုင်း သိပ်မကျွမ်းကျင်လို့ အရောင်းပိုင်းကို
ပိုသိစေချင်တယ်။ ဈေးဝယ်သူတွေကို ဘယ်လို ဆက်ဆံရမလဲ၊
စတဲ့အချက်တွေကို သိပြီး အရောင်းကျွမ်းကျင်လာစေချင်တယ်ဆိုရင်တော့
ဒီစာအုပ်လေးကို ပေးဖတ်လို့ရပါတယ်။

ကိုယ်တိုင်လည်း ကိုယ်လုပ်ငန်းအတွက် ဈေးဝယ်သူတွေကို ဘယ်လိုကောင်းကောင်း ဆက်ဆံပြီး
လုပ်ငန်း ဖွံဖြိုးစေဖို့ ဘာတွေ ဘယ်လို လုပ်ရမလဲဆိုတာကို ပိုသိရှိလာစေမဲ့ စာအုပ်လေးဖြစ်ပါတယ်။
ဒီဂျစ်တယ်ပေါ်က ဈေးရောင်းတယ် အရောင်းပို့စ်တွေချည်းပဲ ထိုးရောင်းနေလို့ မရတော့တဲ့ ခေတ်ဖြစ်ပါတယ်နော။ ဒီအတွက် ကိုယ်ရဲ့ Customer ကို ဘယ်လိုရှာမလဲ၊ သူတို့ကို ကိုယ်ရဲ့ ဈေးဝယ်သူဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ၊ ဘယ်လို ဆက်ဆံရမလဲ စတဲ့ အကြောင်းအရာတွေ အများကြီးပါဝင်ဖတ်ရှုရမှာ ဖြစ်ပါတယ်။

ဒီဂျစ်တယ်ပေါ်က နေ အလွယ်တကူဝယ်ယူပြီး ဖတ်ရှုနိုင်ပါတယ်။စိတ်ဝင်စားရင်
မတ်ဆေ့ဘောက်စ်ကနေ မေးမြန်းဝယ်ယူနိုင်ပါတယ်နော

အွန်လိုင်းမှာ စာရေးမယ်။ page အတွက် Content တွေ ရေးဖို့ လိုနေသူ တွေအတွက် Content Writing စာအုပ်လေးတွေကို ညွှန်းပေးပါမယ်။-...
16/08/2023

အွန်လိုင်းမှာ စာရေးမယ်။
page အတွက် Content တွေ ရေးဖို့ လိုနေသူ တွေအတွက်
Content Writing စာအုပ်လေးတွေကို ညွှန်းပေးပါမယ်။
--
Page တွေ အနေနဲ့ အွန်လိုင်းမှာ ဆိုရင် Content က မရှိမဖြစ် လိုအပ်ပါတယ်။ ဒါဆို ဘယ်လိုရေးမလဲ။ ဘာတွေ ရေးရမလဲ။ Content ရေးနည်းမျိုးစုံကိုလေ့လာလိုသူများအတွက်

ဒီ (၃) အုပ်ကို ဖတ်ပြီး Content များကောင်းမွန်စွာ ဖန်တီး နိုင်ပါတယ်။

-

စိတ်ဝင်စားရင် မတ်ဆေ့ဘောက်စ်ကနေ မေးမြန်းစုံးစမ်းနိုင်ပါတယ်။

Content ပို့စ်တွေ ရေးဖို့ ကျွန်တော်တို့ Eroad Plus ရှိပါတယ်။.. ရောင်းအားကောင်းစေမဲ့ ပစ္စည်း ရောင်းတဲ့ပို့စ် တွေ ရေးချင်န...
15/08/2023

Content ပို့စ်တွေ ရေးဖို့ ကျွန်တော်တို့ Eroad Plus ရှိပါတယ်။..
ရောင်းအားကောင်းစေမဲ့ ပစ္စည်း ရောင်းတဲ့ပို့စ် တွေ ရေးချင်နေလား။
ဝယ်သူတွေ နားလည်အောင် ပို့စ်တွေ ရေးဖို့ လိုနေလား
ပေ့ချ်မှာ ဖော်ပြချင်တဲ့ အကြောင်းအရာတွေ ကို Pro ကျကျ ရေးဖို့လိုအပ်နေလား။

Content ပဲရေးချင်ရေးချင်၊ ကြော်ငြာစာ ရေးချင်ရေးချင် ရေးဖို့ဝန်ဆောင်မှု အပ်နိုင်ပါတယ်။ဘယ်လို အကြောင်းအရာပဲ ရေးချင် ရေးချင် ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါတယ်။
* Content ရေးပြီး လူကြည့်နှုန်းများ အောင် ကြော်ငြာပေးပါတယ်။ *

Content ရေးခြင်း၊ Storytelling, Copywriting ရေးခြင်းနဲ့ ကြေည်ငြာ လုပ်ခြင်း Media buying တွင် အတွေ့အကြုံ ၈နှစ်နဲ့ အထက် ရှိတဲ့ စီနီယာ Content Marketer များမှ Content စာရေးခြင်း ဝန်ဆောင်မှု ပေးနေပါပြီ။
- ရရှိနိုင်တဲ့ ဝန်ဆောင်မှု များ
- Content Writing
- page Management for business
- Boosting ( Advertising on Facebook )
- Creative Storytelling
- Sale copy writing
- Translating ( English from Myanmar, Myanmar to English )
- Logo Design service
- Post Design service
အထက်ပါ ဝန်ဆောင်မှု များနဲ့ပတ်သတ်ပြီး
Page inbox or ဖုန်း - 09427444393 မှတဆင့် ဆက်သွယ်နိုင်ပါတယ်။

လူကြီးမင်းတို့ရဲ့ ထုတ်ကုန်ကို လူသိများ၊ ပြီး ပေါက်ဖို့ ကျွန်တော်တို့မှ တာဝန်ယူပါရစေ

အပိုင်း(၂)စာရေးခြင်းဆိုတာ အလေ့အကျင့် တစ်ခုပါ။..အွန်လိုင်း မှာ ကြော်ငြာ ရေးဖို့ ( Content Marketing ) လိုတယ်ဆိုရော ဗြုန်း...
06/05/2023

အပိုင်း(၂)
စာရေးခြင်းဆိုတာ အလေ့အကျင့် တစ်ခုပါ။..
အွန်လိုင်း မှာ ကြော်ငြာ ရေးဖို့ ( Content Marketing ) လိုတယ်ဆိုရော ဗြုန်း ကနဲ့ဆို စာရေးရတာ ဝါသနာမပါတဲ့ Content ရေးသူတွေ ပေါ် လာကြ တော့တယ်။ လူတစ်ယောက်က နေ့စဉ်စာရေးနေတယ်။ စာဖတ်နေတယ်ဆိုရင် စာရေး ကျွမ်းကျင်တဲ့လူတစ်ယောက် ဖြစ်ဖို့က ဒီလောက် မခဲယဉ်တော့ဘူး။ ကိုယ်ဖြစ်ချင်တာတွေ ကို ဖြစ်ဖို့အတွက် ထိုက်လျောက်တဲ့ အလေ့အကျင့်တွေ ရှိဖို့ လိုပါတယ်။

စာရေးတဲ့ အလေ့အကျင့်ကို တည်ဆောက်ရာမှာ လိုအပ်တဲ့ အချက် (၃) ချက်ကို ဖော်ပြလိုက်ပါတယ်။
၁။ ကိုယ်ခံစားရတာတွေကို ရေးပါ။
၂။ မကြာခဏ စာရေးတဲ့အလေ့အကျင့်လုပ်ပါ။
၃။ နေ့စဉ် စာရေးပါ။

ခံစားရတာတွေ ရေးပါဆိုတာ အခြားတော့မဟုတ်ဘူး။
နေ့စဉ် ကိုယ်ကြုံနေရတာတွေကို ကိုယ်ခံစားချက် အတိုင်းချ ရေးလို့ရပါတယ်။
ဝမ်းနည်းတာရှိမယ်။ ပျော်ရွှင်တာ ရှိမယ်။ စိတ်ညစ်စရာတွေ ရှိမယ်။ အိမ်မှာ ကြုံနေရတာတွေ ရှိမယ်။ အသည်းကွဲတာတွေ ရှိမယ်။ စသဖြင့်ပေါ့။ ဒီလို အကြောင်းအရာတွေထဲက ကိုယ် အရေးချင်ဆုံးအကြောင်းကို ရေးလို့ရပါတယ်။ ကိုယ် အဖီး အဖြစ်ဆုံးကို ရေးပါပေါ့။
စာရေးသူ ဆယ်ကျော်သက် တုန်းကဆို ကဗျာတွေ ရေးရတာ ဝါသနာ သိပ်ပါတယ်။
အချစ်အ ကြောင်းတွေ၊ သဘာဝပတ်ဝန်းကျင်အ ကြောင်း၊ ရာသီဥတု အကြောင်းတွေ ကို အကြောင်းအရာချ ရေးပြီး ကဗျာ စပ်တယ်။
မှတ်စု စာအုပ်လေးထဲ တစ်နေ့ တစ်ပုဒ် နီးပါး ရေးဖြစ်တယ်။ အားလပ်တိုင်း ရေးဖြစ်တယ်။ စာလည်း ဖတ်တယ်။ ကိုယ်စိတ်ဝင်စားတဲ့ ဇာတ်လမ်းတွေ၊အကြောင်းအရာတွေ ဖတ်ဖြစ်တယ်။ စာဖတ်တာကလည်း စာရေးတဲ့ သူတစ်ယောက်အတွက် အရေးကြီးတယ် ဘာလို့ဆိုရင် ဖတ်တော့ သိတယ်။ အကြောင်းအရာတွေ စုမိတယ်။ ပိုသိတယ်။ ဒီတော့ စာရေးရာမှာ အထောက်အကူ အရမ်းပြုတယ်။ ဒါကြောင့် စာရေး မဲ့သူတစ်ယောက်က စာဖတ်တာက ပျင်းလို့မရဘူး။ စာရေးချင်ရင် စာလည်း ဖတ်ရမှာ ဖြစ်တယ်။

ဆက်လက်ဖော်ပြပါမယ်။
Pls Follow to page & Like this post :)






အရည် အ သွေးကောင်းတဲ့ content ဖန်တီးဖို့ အချက် (၃)ချက်..အရည် အ သွေးကောင်းတဲ့ Content ဆိုတာ ဘာကို ပြောတာပါလဲအွန်လိုင်းပေါ်...
03/05/2023

အရည် အ သွေးကောင်းတဲ့ content ဖန်တီးဖို့ အချက် (၃)ချက်..
အရည် အ သွေးကောင်းတဲ့ Content ဆိုတာ ဘာကို ပြောတာပါလဲ
အွန်လိုင်းပေါ်မှာ စာတော့ ရေးနေတယ်။ ကိုယ်ရေးတဲ့ စာရဲ့
ဦးတည်ရာ ရည်ရွယ်ချက်ကို မကြာခဏ ပျောက်ကြတယ်။
ဒီလိုဖြစ်ရင် စာက ရေးတော့ ရေးလိုက်တယ်။ဒါပေမဲ့ အရည် သွေးကောင်းတဲ့စာမျိုး မထွက်လာတော့ဘူး။ တနည်းပြောရရင် အရည် အ သွေးရှိတဲ့စာဆိုတာ
Target ကိုထိတဲ့စာ၊ စာဖတ်သူရဲ့ရင်ထဲကို ရောက်တဲ့စာပေါ့။ နည်းပညာအရ ပြောရရင် Engage ဖြစ်စေတဲ့စာ၊ Viewers, Visitors ရ စေ တဲ့ စာပေါ့။

ဒါဆို ဒီလို အရည်အ သွေးရှိတဲ့စာကို ဖန်တီးဖို့ အတွက် အချက် (၃) ချက်ထဲသာလိုအပ်ပါတယ်။
ဒီအချက်တွေ ကတော့
၁။ ကိုယ်ရေးတဲ့စာသည် စာဖတ်သူ ပရိတ်သတ်အတွက် အ ရေးကြီး တဲ့ အရာ တစ်ခုခု ကို လုပ်ဆောင်ရာမှာ အကူအညီ ဖြစ်ပါစေ။
၂။ စာရေးရာမှာ အချက်အလက် တကျနဲ့ Creative ဖြစ်ပါစေ။
၃။ စာရေးရာမှာ စာဖတ်သူနဲ့ ဈေးဝယ်သူတွေရဲ့ အမြင်ဖက် က နေ ရေးပါ။ သူတို့ဖက်ကနေ ကိုယ်ချင်းစာစိတ်နဲ့ ရေးပါ။




.
ဆက်လက်ဖော်ပြပါမည်။
Pls follow to page & like to this post :)

ဈေးမ ရောင်းဘဲ ဈေးဘယ်လို ရောင်းမလဲ....................................................ထူးဆန်းတဲ့ ခေါင်းစဉ်လို ထင်ကောင်းထင...
01/05/2023

ဈေးမ ရောင်းဘဲ ဈေးဘယ်လို ရောင်းမလဲ....................................................
ထူးဆန်းတဲ့ ခေါင်းစဉ်လို ထင်ကောင်းထင်နိုင်ပါတယ်။
တကယ်တော့ ဒီလိုပါ။
လူတော်တော်များများက အ ရောင်း ပို့စ် တွေချည်း တင်၊ ဈေးချည်းပဲ ရောင်းတဲ့အခါ ဈေးဝယ်သူတွေ စိတ်ရှုပ်ပြီး စိတ်ငြီးငြူး ကုန်ကြတယ်ပေါ့ဗျ။.
ဒီတော့ ဈေးမ ရောင်းဘဲ ဈေးဘယ်လို ရောင်းကြမလဲ ဆိုတဲ့ စကားလုံးလေး ဖြစ်ပေါ်လာရတာပေါ့။

ဈေးမ ရောင်းဘဲ ဈေးဘယ်လို ရောင်းကြမလဲဆိုတာနဲ့ပတ်သက်ပြီး အသုံးဝင်နည်းအချို့ ကို ဖော်ပြ ပေးလိုက်ပါတယ်။ အဆင်ပြေကြပါစေ ခင်ဗျာ။ ..

၁။ နှလုံးသားထည့်ပါ။
ကိုယ်ရောင်းတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုကို မိမိက ယုံကြည်ဖို့လိုပါတယ်။
ကိုယ်ရောင်းတဲ့ ပစ္စည်းကိုတောင် ကိုယ်က မယုံမှ တော့ ဈေးဝယ်သူအ နေနဲ့ယုံကြည်ဖို့ ခက်ပါလိမ့်မယ်။ ဘာလို့ဆို ဈေးဝယ်သူတွေဆိုတာ သူတို့ ကောင်းတယ် ထင်တယ်ပစ္စည်းကို ပဲ ဝယ်ယူတတ်ကြတာမျိုး မဟုတ်လား။
၂။ မိမိကိုယ်ကို အရင်ရောင်းပါ
ကိုယ်ရဲ့ ဈေးဝယ်သူတွေဆိုတာ ကိုယ်ကို ယုံကြည်ဖို့လိုပါတယ်။ တကယ်လို့ သူတို့က မယုံတော့ဘူးဆိုရင် ပစ္စည်းကိုလည်းဝယ်မှာ မဟုတ်တော့ပါဘူး။
၃။ နားထောင်ပါ။
ကိုယ်ရဲ့. ဈေးဝယ်သူ ဘာတွေ ပြောနေလဲဆိုတာကို အာရုံစိုက်ပါ။ သူတို့ လိုအပ်တာမျိုးကို ရှာဖွေ ကြည့်ပါ။ သူတို့ လိုအပ်တာကို ကိုယ်က ပေးနိုင်အောင် ကြိုးစားကြည့်ပါ.
၄။ ကိုယ်က အရည်အ သွေးရှိတာတွေကို ရောင်းနေတယ်ဆိုတာ သူတို့သိပါစေ။
ကိုယ်ရဲ့ လုပ်ငန်းပြိုင်တွေက ကိုယ်ထက် ဈေးသက်သက်သာသာနဲ့ ရောင်းနေတာဆိုရင် ကိုယ်ရဲ့ ထုတ်ကုန်က သူတို့ထက် အရည်အ သွေးကောင်းတွေ ရှိတယ်ဆိုတာကို သင်ရဲ့ ဈေးဝယ်သူတွေ သိပါစေ။

၅။ ဈေးဝယ်သူ လိုအပ်တာကိုသာ ရောင်းပါ။
ဈေးဝယ်သူတွေကို သူတို့မလိုတာမျိုးကို ရောင်းဖို့ မကြိုးစားပါနဲ့။ ဒါက သူတို့ကို စိတ်သာ ဆိုးစေ ပါလိမ့်မယ်။
ဆက်လက်ဖော်ပြပါဦးမည်။
Pls (Y) Like & share this post
:)

မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူများ.........................................................၂၀၂၂ ခုနှစ်ကထိ မြန်မာနိ...
29/04/2023

မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူများ.........................................................
၂၀၂၂ ခုနှစ်ကထိ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုသူပေါင်း ၂၅ သန်းကျော်ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုမှုဟာ ရာခိုင်နှုန်း (၅၀) ထိ ထိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အင်တာနက် အသုံးပြုသူတွေဟာ ဘယ်လို ဆိုှရှယ်မီဒီယာကို အများဆုံး အသုံးပြုနေကြတာပါလဲ။ ??
ကျွန်တော်တို့ သိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ နေ့စဉ် ဆိုရှယ်မီဒီယာ အသုံးပြုမှုဟာ ဖေ့ဘုတ်ပေါ်မှာ အများဆုံး ရှိပါတယ်။ ဖေ့ဘုတ်၊ အင်စတာဂရမ်၊ လင့်အင် တို့ဟာ အသုံးပြုသူတွေကြားမှာ ရေပန်းစားပါတယ်။ နိုင်ငံလူဦးရေးရဲ့တဝက်လောက်က ဆိုရှယ်မီဒီယာ၊နဲ့အင်တာနက် အသုံးပြုသူတွေ ဖြစ်ကြပါတယ်။

အတိအကျဆိုရမယ်ဆိုရင် ဖေ့ဘုတ် အသုံးပြုသူဟာ ၁၉ သန်းထက် မနည်းရှိနေပါတယ်။
ထပ်မံပြီး အတိအကျဆိုရ သော်။ မြန်မာနိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုသူအ ရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
Facebook. 19 781 100.
Instagram. 1 736 600.
Messenger. 18 248 800.
Linkedin. 718 000.
မတ်ဆေ့ဂျာဟာ မြန်မာမှာ နေတဲ့သူတော်တော်များများ အသုံးပြုကြတဲ့ ပလတ်ဖောင်းတစ်ခု ဖြစ်ပါတယ်။ အနည်းဆုံး တစ်လကို တစ်ခါ တစ်ရက်ကို တစ်ခါ တော့ အသုံးပြုကြပါတယ်။ အခြား အသုံးပြုကြတဲ့ပလတ်ဖောင်းများကတော့ Youtube, Viber နဲ့ Instagram တို့ ဖြစ်ကြပါတယ်။
စကားမစပ်၊ မြန်မာနိုင်ငံရဲ့ အ ချောဆုံး girl အဖြစ် world ရဲ့ သတ်မှတ်ခံထားရသူက တော့
ခင်ဝင့်ဝါဖြစ်ပါတယ်။ Ideal Beauty ရဲ့ အ ချောဆုံး တော့ပ် မှာ ပါပါတယ်။ ;)


Please share and (Y) Like to this post
:)

Admin_P

ဆိုရှယ်မီဒီယာ မားကတ်တင်းဖေ့ဘုတ် ပို့စ် တစ်လ ၅၀ % OFF လျော့ဈေး............................................လူစိတ်ဝင်စားမှု...
02/02/2023

ဆိုရှယ်မီဒီယာ မားကတ်တင်း
ဖေ့ဘုတ် ပို့စ် တစ်လ ၅၀ % OFF လျော့ဈေး............................................

လူစိတ်ဝင်စားမှုမရှိတဲ့ ပို့စ်တွေက မိမိလုပ်ငန်းရဲ့ အရောင်း ကို သိသိသာသာလျော့ကျ စေပါတယ်။

ဈေးနှုန်းသက်သာပြီး ထိရောက်တဲ့ ပို့စ်တွေ၊ ဒီဇိုင်းနဲ့ ကာဗာဖိုတိုတွေ ဖန်တီးဖို့
Content + Design
နှစ်ခုပေါင်း တစ်လစာ.
၅၀% လျော့ဈေး
နဲ့ အပ်နိုင်ပါပြီ။..
For more info : Cb or 09427444393

4 Ps of Marketing..လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက  မားကတ်တင်း ဖြစ်တာ ကျွန်တော် တို့ အားလုံးသိပြီးသား...
31/01/2023

4 Ps of Marketing..
လုပ်ငန်းတိုင်းအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုက မားကတ်တင်း ဖြစ်တာ ကျွန်တော် တို့ အားလုံးသိပြီးသားပဲ ဖြစ်ပါတယ်။ ဒီထဲက မားကတ်တင်းရဲ့ 4 P ကို
ပြန် Remind ဖြစ်စေဖို့ ဖော်ပြ ပေးလိုက်ပါတယ်

4ps ဆိုတာ အကြမ်းအားဖြင့် အောက်ပါ အတိုင်း ခွဲခြားနိုင်ပါတယ်။
Product
Price
Place
Promotion ..

Product ထဲမှာဆိုရင် အောက်ပါ အချက် တွေ ပါဝင်ပါတယ်။
- Variety
- Quality
- Design
- Features
- Packaging
- Sizes
- Brand name ..

Price ထဲမှာဆိုရင် အောက်ပါ အချက်တွေပါဝင်ပါတယ်။
- List price
- Discounts
- Allowances
- Payment Periods
- Credit Items ..

Place ထဲမှာဆိုရင် အောက်ပါ အချက်တွေပါဝင်ပါတယ်။
- Channels
- Coverage
- Locations
- Transport
- Inventory ..

Promotion ထဲမှာဆိုရင် အောက်ပါ အချက်တွေပါဝင်ပါတယ်။
- Advertising
- Sales Promotion
- Public relations
- Direct Marketing
Plus


Address

U Chit Maung Road
Yangon
11201

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Telephone

+959448889496

Alerts

Be the first to know and let us send you an email when Digital Marketing service Myanmar By e-Road Plus Partners posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digital Marketing service Myanmar By e-Road Plus Partners:

Share