03/04/2026
တစ်ယောက်ချင်း နဲ့ အဖွဲ့လိုက် တိုးတက်မှုအတွက် အမြဲစီစဉ်ပေးနေတဲ့ Mandalay Communications Group က ဒီတခါမှာတော့ အရောင်းမြှင့်တင်ရေးမှာ ပါဝင်အားဖြည့်ပေးနေတဲ့ ညီငယ် ညီမငယ် (PG/ PB) တွေအတွက် “Personal Grooming & Motivation Training” ကို လူတွေ့အပြင် တခြားမြို့တွေကသူတွေပါ Online ကနေ လေ့လာနိုင်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်…✨
ပထမဆုံး မိတ်ဆက်ပြောဆိုရတဲ့ အချိန်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ customer တွေနဲ့ ထိတွေ့ပြောဆိုချိန်မှာပဲဖြစ်ဖြစ် PG / PB တွေအတွက် အရေးကြီးတဲ့ Hygiene 🧼, Beauty Knowledge 💄, Motivation 💡 နဲ့ Positive Mindset 🌟 တွေကို မြန်မာနိုင်ငံရဲ့ မော်ဒယ်လောက မိခင်ကြီး Mrs. Thandar Hlaing နဲ့ International Trainer & Beauty Educator Ms. Khine Cindy Soe တို့က လက်တွေ့အသုံးချနိုင်အောင် မျှဝေသင်ကြားပေးခဲ့ပါတယ်…🎤
ဒီ Training က Professional Image 👩💼 တိုးတက်စေပြီး Self-Confidence 💪 မြှင့်တင်နိုင်ဖို့ များစွာအထောက်အကူပြုခဲ့ပါတယ်…
ခုလိုမျှဝေပေးတဲ့ Ma Thandar Hlaing နဲ့ Ma Khine Cindy Soe တို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်…✨