09/01/2024
Graphic Designer (ဂရပ်ဖစ်ဒီဇိုင်နာ)
ဆိုတာဘာလဲ ???
Social Media၊ ကြော်ငြာ၊ မဂ္ဂဇင်းနဲ့ Billboard တွေမှာသုံးဖို့အတွက် ဓါတ်ပုံတွေ စာတွေကို ဒီဇိုင်းဖော်ပြီးပြုလုပ်ပေးရတဲ့သူပါ
အဓိကတော့ Visual Concept တွေကိုဖန်တီးပေးရတာပါ
Graphic Design တစ်ခုကို ကွန်ပျူတာနဲ့ဖြစ်စေ၊ Tablet တစ်ခုနဲ့ဖြစ်စေ၊ ဘယ် Medium ၊ ဘယ် Material နဲ့ဖြစ်ဖြစ်ဖန်တီးလို့ရပါတယ်
Graphic Designer တယောက်ဟာ ပန်းချီအခြေခံ၊ ဒီဇိုင်းပညာ၊ Color Theory၊ Composition စတာတွေကိုသိဖို့ နားလည်ထားဖို့လိုအပ်ပါတယ်
Commercial Design တွေကိုဆွဲမယ်ဆိုရင်တော့ Business နဲ့ပက်သက်တဲ့ Idea တွေ Marketing နဲ့ပက်သက်တဲ့ Idea တွေကိုလဲသိဖို့လိုအပ်ပါတယ်
Creation (ဖန်တီးနိုင်မှု) ဆိုတာကတော့သင်လို့မရပါဘူး
လေ့ကျင့်ယူရတာပါ
Creation ကောင်းရင်ကောင်းသလို Design တစ်ခုဟာဆွဲဆောင်မှုရှိပြီး စိတ်ဝင်စားစရာကောင်းနေမှာပါ
အခုခေတ်မှာတော့ Commercial Design နဲ့ Social Media အတွက် Design ဆွဲတဲ့သူတွေကတော့ Design နဲ့ပက်သက်တဲ့ Knowledge တွေ Tools တွေသိရမယ့်အပြင် Business Knowledge နဲ့ Marketing Knowledge တွေပါသိမှရမှာပါ
Creation (ဖန်တီးနိုင်မှု) ကောင်းရင်ကောင်းသလောက် Graphic Design တွေဟာ စိတ်ဝင်စားစရာကောင်းနေမှာဖြစ်ပါတယ်
Graphic Designer နဲ့ပက်သက်ပြီး ကျွန်တော်သိသလောက်မျှဝေတာပါ
Zwe Htet
(B.A Painting)
(Diploma In Computer Arts)
Graphic Designer
Audio Engineer