အပ်မှ ဒုံးပျံထိ ပျော်သလိုရောင်းမရ်

  • Home
  • Myanmar
  • Yangon
  • အပ်မှ ဒုံးပျံထိ ပျော်သလိုရောင်းမရ်

အပ်မှ ဒုံးပျံထိ ပျော်သလိုရောင်းမရ် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အပ်မှ ဒုံးပျံထိ ပျော်သလိုရောင်းမရ်, Advertising/Marketing, Yangon.

25/10/2021

Toyota alphard grade ခွဲနည်း💥

TOYOTA ရဲ့ MPV အမျိုးအစားမှာ အရောင်ရဆုံး
ဘုရင်ဆြာတဆူး ဖြစ်တဲ့ Alphard ကို NAME PLATE လေးကြည့်ရုံနဲ့ ကားရဲ့ GRADE သိရမဲ့အပြင် 2W လား ? 4W လား ? 7 ယောက်စီးလား ? 8 ယောက်စီးလား ? စတာတွေကို သိနိုင်မယ်ဗျ 😱

ဦးစွာကြိုပြီး တောင်ပန်းပါရဇီ .. POST တင်ရခြင်းရဲ့ ရည်ရွယ်ချက်က အငြင်းပွားအချင်းများစေရန် မရည်ရွယ်ပါ ရောင်းမှား ဝယ်မှား မဖြစ်ကြစေဖို့ အတွက်သာရည်ရွယ်ပါတယ်ဗျ ..

ဘာလို့ NAME PLATE က MODEL CODE နဲ့ခွဲနည်းသင်ပေးရလဲဆိုရင် ALPHARD စီးနေတဲ့လူတွေကို မေးကြည့်ပါ အကို့ကားက ဘာ GRADE လဲလို ??
တချို့က မသိပါဘူး တချို့ကလဲ သိကြလိမ့်မယ် သိလို့ GRADE ပြောလာတဲ့ လူကို ထပ်မေးကြည့် ဘာလို့အဲ့ GRADE လို့ပြောနိုင်တာလဲ ??? ဘာကိုကြည့်ပြီးပြောတာလဲ ???
တော်တော်များများက ပြောကြလိမ့်မယ် ဝယ်တုန်းက ဝယ်ပေးတဲ့လူကပြောတာ / ရောင်းတဲ့လူကပြောတာ ကားထဲမှာ ဟိုဟာပါလို့ ဒီဟာပါလို့ ... စသည်ဖြင့်ပေါ့ .... !!

အဲ့လိုမရဘူးဗျ မိမိရဲ့ချွေးနည်းစာနဲ့ဝယ်တာ မိမိကိုယ်တိုင်ဘာဆွာသိဖို့လို့တယ် ဝယ်ပြီးစီးနေတုန်းတော့ အကြောင်းမဟုတ်ဘူး အကြောင်း တစုံတရာနဲ့ ပြန်ရောင်းတော့ GRADE က နိမ့်နေတယ် မှားနေတယ် အတွင်းခန်းချိန်းထားတာကြီး ဟိုနားက ဟိုလိုဖြစ်နေတယ် ဒီနားကဒီလိုဖြစ်နေတယ် ... စသည်ဖြင့် မကြားဖူးတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် ကြားရလိမ့်မယ် 😓 ပစ်ချက်တွေထောက်ပြပြီး စျေးနင်းကြတယ် .. ကြားထဲက ဘာမှ မသိနားမလည်ပဲဝယ်စီးကြတဲ့ ကားပိုင်ရှင်တွေပဲ နစ်နာတယ် .... 😓

အဲ့GRADE တွေထဲမှာ အဆိုးဆုံးက MZ နဲ့ MZG ပဲ .. !!
ဟိုဟာပါတယ် ဒီဟာပါတယ် .. အာ့ကြောင့် ဒီကားက MZG ဖြစ်တယ် .. အဲ့လိုပြောလို့မရဘူးဗျ .. ကား1 စီးရဲ့ GRADE ကို သူ့ရဲ့ NAME PLATE မှာ ပါတဲ့ MODEL CODE နဲ့ပဲ ခွဲလို့ ရမယ်ဗျ ကားထုတ်တဲ့ COMPANY ကိုယ်တိုင်က အဲ့လိုပဲ ခွဲခြားသတ်မှတ်ထားတယ်ဗျ ... TOYOTA ကို ချစ်တဲ့အချက်တွေထဲမှာအာ့တွေပါတယ် အသေးစိတ်က အစ လုံးဝကိုပြီးပြည့်စုံအောင် ဖန်တီးထားတယ်...

MZ ရဲ့ ပါဝင်ပစ္စည်းတွေက MZG ထက်ပိုစုံနေပါဇီ ... NAME PLATE က MODEL CODE မှာ MZG ရဲ့ MODEL CODE ဖြစ်မှသာ MZG ဖြစ်တယ်ဗျ အဲ့ ဟိုဟာပါတယ် ဒီဟာပါတယ်ဆွာ မီယံမာပြည်ကြီးမှာ အတွင်းခန်း 1 စီးလုံး ခွာချိန်းမှ သိန်း 20 လောက်ပေးရတာပါ MZG GRADE ဖြစ်သွားရင် သိန်း 20 မက ကွာပါတယ် ... အဲ့လောက်ဆို ဆြာတို့သဘောပေါက်ကြပါ ဆက်ပြောရင် မကောင်းတော့ဘူး .. လိုရင်းဆက်မယ် ... 😂

အကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်

2002 - 2008 1st GEN
2008 - 2015 2 nd GEN
2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်စျေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ် ...2002 ကနေ 2005 ထိကို ပုံထဲမှာတွေ့ရသလို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးနဲ့ပေါ့ 2005 ကနေ 2007 . 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်ကို ရောက်သွားပါတယ် ... 😉

အခုက လူစီးများတဲ့ 1st GEN ရဲ့ 2002 ကနေ 2005 ထိကို တင်ပေးလိုက်ပါတယ် 😉

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပေါ့

G နဲ့ V က 1st GEN မှာပဲလာတယ်ဗျ 2 nd GEN မှာ G နဲ့ V မရှိတော့ဘူး 😉

ကဲဟုတ်ပြီး ဘာကွာလဲ G နဲ့ V ...???

ဘာမှ မကွာဘူးဗျ အရောင်းကိုယ်စာလှယ် ကွဲတဲ့ အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ ရှေ့ရှဲလ် ပဲကွာတယ်ဗျ အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို စျေးလဲမကွာဘူးဗျ { OPA .. ကတော့ ရှဲလ် ကို V ကြိုက်တယ် ပိုခန့်သလိုပဲ }

ကဲ G နဲ့ V ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာတယ်ဗျ အာ့က ချက်စီမှာကြည့်လိုက်ရုံပါပဲ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်စျေးလဲ ကြီးပါတယ် မီယံမာပြည်ကြီးကိုရောက်တော့ ပြောင်းပြန်ဖြစ်သွားလေရော 😂

အင်ဂျင် 2.4 မှာဆိုရင်

ANH 10 ဆို 2W
ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ ဆိုရင်

MNH 10 ဆို 2W
MNH 15 ဆို 4W

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0
2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်ဗျ အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလိမ့်မယ်ဗျ 2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရတာပါပဲ ဒါကတော့ ဖြည့်စွက်အကြံပြုတာပါ ဆြာတို့ကြိုက်သာဝယ်ကြပါ 😉

ကဲဆက်ပြီး GRADEတွေ { GRADE တွေက အများကြီးပါဗျ စျေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်တာပါ ဒါလေးပဲ ရှိတာမဟုတ်ပါဘူး အများကြီးရှိပါသေးတယ်ဗျ 😉 }

2.4 မှာ AS / AX / AX L EDITION

GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်
3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ် 😉

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK { 2W } 7ယောက်စီး
ANH 15W-PFPSK { 4W } 7 ယောက်စီး
ANH 10W-PRPSK { 2W } 8 ယောက်စီး
ANH 15W-PRPSK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE ပါတာလဲလာတယ် မပါတာလဲလာတယ် ပါခဲ့ရင်လဲ တဖက်ပဲပါတယ် လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK { 2W } 7 ယောက်စီး
ANH 15W-PFPGK { 4W } 7 ယောက်စီး
ANH 10W-PRPGK { 2W } 8 ယောက်စီး
ANH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L { 2W } 7 ယောက်စီး
ANH 15W-PFPGK-L { 4W } 7 ယောက်စီး
ANH 10W-PRPGK-X { 2W } 8 ယောက်စီး
ANH 15W-PRPGK-X { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM .
တချို့က SUNROOF MOONROOF ပါ .

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK { 2W } 7 ယောက်စီး
MNH 15W-PFASK { 4W } 7 ယောက်စီး
MNH 10W-PRASK { 2W } 8 ယောက်စီး
MNH 15W-PRASK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး . လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK { 2W } 7 ယောက်စီး
MNH 15W-PFPGK { 4W } 7 ယောက်စီး
MNH 10W-PRPGK { 2W } 8 ယောက်စီး
MNH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .တချို့တလေမှာ ရှေ့ CAM ပါ

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L { 2W }7ယောက်စီး
MNH 15W-PFAGK-L { 4W }7 ယောက်စီး
MNH 10W-PRAGK-X { 2W } 8ယောက်စီး
MNH 15W-PRAGK-X { 4W } 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် တချို့က 2 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM . တချို့က SUNROOF MOONROOF ပါ .

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK { 2W } 7 ယောက်စီး
MNH 15W-PFPQK { 4W } 7 ယောက်စီး
MNH 10W-PRPQK { 2W } 8 ယောက်စီး
MNH 15W-PRPQK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာလာသလို့ 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာတယ် နောက်ဖုံလဲ SLIDE ပါတက်တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ . SUNROOF / MOONROOF ပါတာများတယ် . ရှေ့ TV ခါး TV . ရှေ့ CAM နောက် CAM . တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်တောင်ပါသေးတယ် . ထိုင်ခုံလယ်သာစိနဲ့ . HEATER တောင်ပါသေးတယ် မလာဘူးမပြောနဲ့ လက်တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ 😃

အမြင့်ဆုံးကတော့ MZ G EDITION 😍

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်လောက်ပဲ ပစ္စည်းတွေ စုံနေပါစေ အဲ့MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ 😉

ALPHARD G မှာ

MNH 10-PFKAQ-G { 2W }
MNH 15-PFKAQ-G { 4W }

ALPHARD V မှာဆိုရင်

MNH 10-PFKAQ-R { 2W }
MNH 15-PFKAQ-R { 4W }

အပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFKAQ ပဲ ရှိမှာပါ 8 ယောက်စီး PRKAQ ဆိုပြီး မလာတော့ပါဘူး 😂

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာပဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 2 ချပ်လဲ နောက်ဖုံလဲ SLIDE တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါတယ် . SUNROOF / MOONROOF . ရှေ့ TV ခါး TV . ရှေ့ CAM 3D နောက် CAM . CRUSE CONTROL ရယ် RADER ရှဲလ်. ထိုင်ခုံလယ်သာစိနဲ့ . HEATER ... စသည်ဖြင့် ပါတာရွှတ်ရတာတောင်မောတယ် ... ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်တွေ မပါတာလဲ ရှိတယ်ဗျ အဓီကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ 😉

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB { 07S }
ATH 10W-PRXGB { 08S }

ကဲဆြာတို့ ဘာဂျင်းမှ ကြောက်စရာမလိုတော့ဘူး 😉 NAME PLATE က MODEL CODE ကြည့်ပြီး ဂျင်းလား မဂျင်းလား ကွကိုယ်ဆုံးဖြတ်နိုင်ပြီး .. 😁

ချွင်းချက်အနေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါတယ် ယေဘုယ အားဖြင့်တော့
ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်လေးပဲ ပိုပါလာတက်ပါတယ်

စေတနာအရင်းခံနဲ့ မအားတဲ့ကြားက
တက်နိုင်သလောက်လေး အချိန်ပေးပြီးရေးပေးတာပါဗျ လိုတာလေးတွေ အမှားလေးတွေရှိရင်လဲ ဖြည့်ဖတ်ပေးကြပါ ဆြာတို့ အဆင်ပြေစေရန်အတွက်သာ ရည်ရွယ်ခဲ့တာပါဗျ .. 😃

အောက်မှာ NAME PLATEတွေ ရဲ့ ပုံလေးတွေပါတွဲတင်ပြီး လက်တွေ့ခွဲပြထားပါတယ် ကြည့်ကြည့်ပါဆြာတို့ 😍



ကြိုက်နှစ်သက်ရင်shareလေးလုပ်ဖို့မမေ့နဲ့နော်💯

WISH ကို NAME PLATE ကြည့်ပြီး GRADE ခွဲနည််း💯ပြီးတော့ GRADE ကွာရင် စျေးကကွာတဲ့အတွက် အပြင်ပန်းပုံတုပြီး ဖြတ်ညှပ်ဆက်လုပ်ထာ...
25/10/2021

WISH ကို NAME PLATE ကြည့်ပြီး GRADE ခွဲနည််း💯

ပြီးတော့ GRADE ကွာရင် စျေးကကွာတဲ့အတွက်
အပြင်ပန်းပုံတုပြီး ဖြတ်ညှပ်ဆက်လုပ်ထားတာတွေ မဝယ်မိစေဖိုအတွက်လဲ ရည်ရွယ်ပါတယ်ဗျ။

အပြင်ပုံပန်းပုံတွေကို ဘယ်လိုပဲ တုပထားပါစေ
NAME PLATE မှာရေးထားတဲ့ GRADE က အမှန်ပဲဗျ TOYOTA ကို ကြိုက်ရတဲ့ အချက်တွေထဲမှာ အာ့လဲ
ပါတယ် NAME PLATE လေးမြင်ရရုံနဲ့
ကားရဲ့ GRADE ကို ခွဲလို့ရတယ်။

မြန်မာပြည်ရဲ့ ကားလောက ရှုပ်တယ် မရှုပ်တယ်ဆွာ ဆြာတို့ကိုယ်တိုင်အသိပါ JAPAN က ကားထုပ်တဲ့
လူတွေလာရင်တောင် ရူးခါပြီး ပြန်ပြေးရမဲ့လောကပါဗျ။

2007 အထိ က စျေးကွက်ထဲမှာ အများဆုံးမလို့ 2007 အထိပဲ ခွဲနည်းတင်ပေးလိုက်တယ်ဗျ 2008 နဲ့
အထက်က စျေးကွက်ထဲမှာ နည်းသေးတယ်ဗျ နောက်ပိုင်း အချိန်ရရင် ထပ်တင်ပေးအုံးမယ်ဗျ 2008 အထက်ကို

NAME PLATE ပုံလေးတွေပါတွဲ တင်ပေးထားပါ
တယ်ဆြာတို့ လက်တွေ့ခွဲကြည့်ကြပါ။

HPXGH ဆိုရင် G GRADE

HWXQH ဆိုရင် Z GRADE

XPPNK ဆိုရင် X GRADE

XPPNK - A ဆိုရင် X NEO { X LIMITED OR X NEO }

XPPNK - S ဆိုရင် XS GRADE { 2006 အထက်ဆို XS မထုတ်တော့ပဲAEROSPORT ပြောင်းထုတ်တာပါ 2005 လမြင့်တချို့ မှာလဲတွေ့ရတက်တယ် }

X LIMITED နဲ့ X NEO က XPPNK - A ဆိုပြီးတူနေတယ် ဘယ်လိုခွဲမလဲ ?

MODEL မှာ ကြည့်လိုက်ပါ DBA နဲ့စရင် X LIMITED CBA နဲ့ စရင် X NEO ပြီးတော့ X LIMITED က AUTO / MANURAL DUAL MODE ပါပါတယ် X NEO က AUTO တမျိုးထဲပါပဲ

AEROSPORT မှာလဲ AUTO / MANUAL 2မျိုးရပါတယ်

X LIMITED ဆို

DBA - ZNE 10 G

X NEO ဆို

CBA - ZNE 10 G

1800 CC မှာ CHASSIE NO ကို ကြည့်ပြီး 2 W / 4 W ခွဲမယ်ဆိုရင်

ZNE10 ဆို (2WD) ပါ ZNE14 ဆို (4WD) ပါ

2000 CC မှာ ဆိုရင် CHASSIE NO က G GRADE ဆိုရင် ANE 10 နဲ့စပါတယ် Z GRADE ဆိုရင် ANE 11 နဲ့စပါတယ်

CHASSIC NO နဲ့ ကားရဲ့ MODEL ကို စစ်တဲ့ SITES တွေ အများကြီးထဲက ကျွန်တော်ကတော့ အဲ့ 2 ခုကိုကြိုက်ပါတယ် စစ်ရတာလွယ်ကူသလို မိမိစစ်လိုက်တဲ့ ကားနဲ့ပါတ်သက်တဲ့ INFO ကို တော်တော်လေးးပြည့်ပြည့်စုံစုံ ဖော်ပြတယ်ဗျ

SITE 1

https://www.japan-partner.com/check-manufacture-year.php

SITE 2

http://www.toyodiy.com/parts/q?vin

COLOUR CODE မှန်မမှန် စစ်ချင်ရင် အဲ့ SITE လေးမှာ ကြည့်လို့ရပါတယ်

http://members.iinet.com.au/~stepho/colour.htm

သိသလောက် တတ်သလောက်လေ မျှဝေပေးတာပါဗျ လိုတာရှိရင်လဲ ဖြည့်ဖတ်ကြပါ မှားတာရှိရင်လဲ ခွှင့်လွှတ်ကြပါဗျ

ကြိုက်နှစ်သက်ရင် like&shareလေး
လုပ်ပေးပါအုန်းခင်ဗျ🙏

These are colours that I have found in various Toyota reference books and brochures. They are not complete. They are not accurate enough for colour matching real paint. Within each group, lower numbers are for older colours. Higher numbers (or letters) are for newer colours. Please email me if you h...

25/10/2021

KLUGER Grade အခွဲတွေအကြောင်းပါ။

Toyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး 2007 ခုနှစ်မှာ သူ့ရဲ့ မျိုးဆက်ဟာ ပျောက်ကွယ်သွားပြီး Toyota Highlander ဆိုတဲ့ နာမည်နဲ့ ခွဲထွက်သွားခဲ့ပါတယ်။ ဒါကြောင့် Kluger ဆိုတဲ့ ကားဆိုတာနဲ့ ပြောစရာက သူ့မှာ ပထမ မျိုးဆက် တစ်ဆက်တည်းနဲ့ သာလာပါတယ်။

Toyota Kluger ကို Company နှစ်ခုကနေ ခွဲထုတ်ပေးထားပါတယ်။ ဘာတွေလဲ ဆိုရင် Toyota Vista ကထုတ်လုပ်ပေးတဲ့ကား ဆိုရင် Kluger V နဲ့ လာပြီး Toyota Corolla က ထုတ်ပေးထားတာ ဆိုရင် Kluger L ဆိုပြီးတော့ပေါ့။

ဒါတွေက တော့ ယခုစာဖတ်နေတဲ့ လူကြီးမင်းတို့ သိလဲ သိ နိုင်သလို မသိတဲ့လူတွေလဲ ရှိမှာပါ။ ဒါကြောင့် အများသူဌာ သိရအောင် အကျယ်တ၀င့် ပြန်ပြောပေးတာပါ။ ဟဲဟဲ။ :D
ဒီ့အပြင် Toyota Kluger ကို ဓာတ်ဆီကော ဘက်ထရီ နှစ်မျိုးသုံး HYBRID ကားတွေကိုလည်းထုတ်လုပ်ပေး ထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သိပ်မတွေ့ရပါဘူး။

HYBRID တွေကို အများဆုံးတွေ့ရတာကတော့ 2002 Model နဲ့ 2003 (Late) တွေမှာ 2400 CC နဲ့သာ အများဆုံးတွေ့ရတတ်ပါတယ်။

အကြမ်းဖျင်း
💞💞💞💞

အခုဒီ ပထမမျိုးဆက် 2000 Model ကနေ 2007 ထိကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ များများစားစား မရှိခဲ့ပါဘူး။ 2004 ခုနှစ်မှာ V6 Engine ကို 3.0L (220 hp) မှ 3.3L (225 hp) ထိ အဆင့်မြှင့်ပေးခဲ့ပြီး ၄ချက်ထိုး အော်တို ဂီယာမှ ၅ချက်ထိုး အော်တို ဂီယာသို့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် အလွိုင်းဘီး ပုံစံ နဲ့ ခုံ သုံးတန်း တွေဖြစ်လာပါတယ်။ 2006 Model မှာတော့ Sport Type ပုံစံတွေ စထုတ်ခဲ့ပြီး ကားအတွင်းပိုင်းကော အပြင်ပိုင်း ပါ ပုံစံ ဒီဇိုင်းတွေ အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရမှာပါ။

Grade အမျိုးမျိုး နှင့် အင်ဂျင်ပါဝါ
💞💞💞💞💞💞💞💞💞💞💞

ဒီ Toyota Kluger မှာ Grade တွေဆိုလို့ များများစားစား မရှိပါဘူး။ Grade တွေကတော့ Basegrade, S Package, S Limited, G Package, S X Package နဲ့ S G Package တို့ပဲ ဖြစ်ပါတယ်။

အင်ဂျင်ပါဝါတွေ အနေနဲ့ကတော့ 2400 CC နဲ့ လဲလာသလို 3000 CC နဲ့လဲ လာပါတယ်ခင်ဗျ။ အင်ဂျင်ပါဝါ နှစ်မျိုးလုံးအတွက် 2WD လဲရှိသလို 4WD လဲရှိနေပါတယ်။ အောက်မှာတော့ သူတို့လေးတွေရဲ့ Chassis နံပါတ်လေးနဲ့ တကွ ဖော်ပြပေးပါမယ်။

Grade အားလုံးအတွက် Engine Power 2400 CC နှင့် 2WD ကိုတော့ Chassis အနေနဲ့ ACU20 နဲ့လာပြီး 4WD ကိုတော့ ACU25 နဲ့ လာပါတယ်။

Engine Power 3000 CC နှင့် 2WD ကိုတော့ MCU20 နဲ့လာပြီး 4WD ကိုတော့ MCU25 ဆိုပြီးဖြစ်ပါမယ်။
Grade တိုင်းရဲ့ အပြင်ပိုင်းအနေနဲ့ ရုပ်မပြောင်းမချင်း ထူးခြားမှု သိပ်မရှိကြပါဘူး။

ဒါပေမဲ့ ရုပ်ပြောင်းဖြစ်သွားတဲ့ 2003 (Late) Model ကျရင်တော့ အရင် က ရှေ့Shell (Grill) မှာ ဒေါင်လိုက်ပုံစံကနေ 2003 (Late) Model ကျတော့ အလျားလိုက်ဖြစ်သွားပါမယ်။

Shell (Grill) ပြောင်းလဲသွားတဲ့ အတွက် ဘန်ဘာမီးခွက်တွေ နှင့်အတူ၊ ရှေ့မီးခွက် နဲ့ နောက်မီးခွက်တွေပါ ဒီဇိုင်းလေး အနည်းငယ် ဆန်းသစ်သွားပါမယ်။ အောက်မှာတော့ Grade တစ်ခုချင်းစီရဲ့ အတွင်းပိုင်း ပြောင်းလဲမှုလေးတွေ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

Toyota Kluger ထဲမှာ အနိမ့်ဆုံး Grade တစ်ခုဖြစ်တဲ့ Basegrade ဟာ ထွေထွေထူးထူး ဘာမှ မရှိတဲ့အတွက် မရှင်းတော့ပဲ။ အောက်က Grade တွေ စရှင်းပေးလိုက်ပါတယ်။

S Package
❤️❤️❤️❤️

S Package ကတော့ အတွင်းခန်းမဲမယ်။ အတွင်းခန်းမဲတဲ့အတွက် ကျွန်းဖောက်ကလဲ ကျွန်းမဲ ဖြစ်ပါမယ်။ မှန်ငါးချပ်မဲသွားပါမယ်။ Gear အနေနဲ့ကတော့ Auto ကော Manual ပါမောင်းနှင်နိုင်မှာဖြစ်ပါတယ်။

Manual မောင်းနှင်ဖို့ အတွက်ကတော့ Steering မှာ Down and Up Button လေးတွေ ထည့်သွင်းပေးထားပါတယ်။ Original TV ကတော့ အပေါ်ဘက်မှာလာတတ်ကြပါတယ်။

Original TV နဲ့ Back Camera တွေဆိုရင်တော့ ကျွန်တော်တို့ Back Gear ထိုးတဲ့ အချိန်ကြရင် TV Screen မှာ Black and White နဲ့ ပြပါတယ်။

အပြင်ပိုင်း ကတော့ Skirt ပတ်လည်ပါတာလဲ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။ Roll Bar တွေ၊ Spoiler တွေပါလာပါမယ်။ 2003(Late) ရုပ်ပြောင်းမှာလဲ ဒီလိုပါပဲ။

ရုပ်ပြောင်းမှာ ထူးခြားချက်ကတော့ ထိုင်ခုံ ၃တန်း ၇ ယောက်စီးလာတာလဲရှိသလို မလာတာလဲရှိတတ်ပါတယ်။ ကျန်တာအားလုံးကတော့ ရုပ်ဟောင်းနဲ့ တူတူပါပဲ။

S Limited
❤️❤️❤️❤️

S Limited မှာ ထပ်တိုး ထူးခြားချက်တွေကတော့ ထိုင်ခုံရှမွိုင်း ပြောင်းသွားမှာဖြစ်ပြီး Side Cover တွေလည်း ပြောင်း သွား ပါမယ်၊ အပြင်းပိုင်းမှာတော့အလွိုင်း Design က S package တူ ပီး Crome alloy ဖြစ်သွားမှာဖြစ်ပါတယ်။

2003 (Late) Model တွေမှာ တော့ Roll Bar တွေ မပါ၀င်တော့ပါဘူး။ ဒီမှာ ထူးခြားတာတစ်ခုက Back Gear ထိုးရင် Camera ကColor ဖြစ်လာပြီး Steering လှည့်တဲ့ ဘက်ကို Position ပြလာပါပြီ။

G Package
❤️❤️❤️❤️

G Package ရဲ့ အတွင်းပိုင်း အပြင်အဆင်ကတော့ မှန်အဖြူမဟုတ်ပေမဲ့ ကာလာလေး အနည်းငယ်ပါလာတယ်ဗျ။

အတွင်းခန်း အဝါရောင်နဲ့လာပါတယ်။ အတွင်းခန်းဝါသွားတဲ့ အတွက် ကျွန်းဖောက်လေးတွေက လဲ ကျွန်းဝါ ဖြစ်သွားပါတယ်။ ရှေ့ခန်း တံခါး လက်ကိုင်ဘေးမှာ ကော်ဖီတင်/ အအေးဘူး တင်တဲ့ ခွက်ကလေး ပါ၀င်လာပါမယ်။

Side Cover တွေကတော့ ထိုင်ခုံသား လို ရှမွိုင်းသားနဲ့လာပါတယ်။ Gear အနေနဲ့ကတော့ Auto Gear ပဲဖြစ်ပါတယ်။ 3.0L အများစုမှာတော့ Cruise Control ပါ ပါလာပါတယ်။ အလွိုင်းလဲ မတူတော့ပဲ တမူဆန်းပြားသွားပါတယ်။

S X Package
❤️❤️❤️❤️❤️

ရုပ်ပြောင်းတွေမှာ ခုံသုံးတန်း ၇ ယောက်စီးတွေ လာတယ်လို့ တချို့တွေကပြောကြပါတယ်။ ဒါပေမဲ့ ဒီ S X Package မှာတော့ ၇ယောက်စီး (ခုံ သုံးတန်း) နဲ့ မလာတော့ပါဘူး။ ခုံနှစ်တန်း လူ ၅ ယောက်စီးသာထုတ်ထားပါတယ်။ အတွင်းခန်းကတော့ ရုပ်ပြောင်းမှာ အနိမ့်ဆုံး Grade ဆိုတော့ မှန်ဖြူ ဖြစ်ပြီး အတွင်းခန်းကိုတော့ အမဲရောင်နဲ့ လာပါတယ်။

S G Package
❤️❤️❤️❤️❤️

S G Package ဆိုတာကတော့ ရုပ်ဟောင်းမှာ မလာပါဘူး။ ရုပ်ပြောင်း 2003 (Late) Model မှာပဲ စတင်လာတာပါ။ အပြင်ပိုင်း ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း ပြောင်းလဲသွားပါပြီ။

အတွင်းခန်းအနေနဲ့ကတော့ ခဲရောင်လိုပုံစံ ဖြစ်ပြီး ကျွန်းဖောက်တွေကတော့ အမဲရောင်ပုံစံနဲ့လာပါတယ်။ ခုံသုံးတန်း လူ ၇ ယောက်စီးဖြစ်သွားပါမယ်။

ဒီမှာတော့ Original TV နဲ့ Back Camera တွေမှာ Back Gear ထိုးရင် Black and White မဟုတ်တော့ပါဘူး Color ပါ ပါ၀င်လာပါပြီး Steering Position ပြလာပါပြီ။

Sunroof တွေကပါတာလဲ ရှိသလို မပါတာလဲရှိတတ်ပါတယ်။ ဒါကြောင့် ပုံသေမှတ်လို့မရပါဘူး။ Driver ထိုင်ခုံမှာ Motor ပါ၀င်လာပြီဖြစ်ပါတယ်။

Gear ကတော့ Auto Gear ပဲဖြစ်ပါတယ်။ အပြင်းပိုင်းမှာတော့ Roll Bar နဲ့ Skirt ပတ်လည်မပါ၀င်တော့ဘဲ Spoiler ကတော့ပါဝင်ပါတယ်။ ဒီ S G package မှာတော့manual gear ပြောင်းလို့တော့ မရတော့ဘူးခင်ဗျ၊ Steering မှာလဲ Down and Up Button ခလုတ်တွေမပါလာတော့ပါဘူး။

CRD:original uploader
အားလုံးကိုကျေးဇူးတင်ပါတယ်

23/07/2020

အမျိုးသားစွမ်းဆောင်ရည်တိုးဖို့ လုပ်ဆောင်ရမယ့် အချက်(၈)ချက်

လိင်မှုကိစ္စမှာ စွမ်းစွမ်းတမံ ထမ်းဆောင်နိုင်ဖို့ဆိုတာ အမျိုးသားတိုင်းရဲ့ ဆန္ဒပါပဲ။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို သာယာမှုအပြည့်အဝပေးလိုတာ ဖြစ်စေ၊ စိတ်သွားတိုင်း ကိုယ်မပါဖြစ်နေတဲ့ အမျိုးသားတွေမှာ ဒီလို ကာမခွန်အား မြှင့်တင်ပေးနိုင်မယ့် နည်းလမ်းတွေကို အမြဲရှာဖွေလေ့ရှိကြပါတယ်။

လိင်ကိစ္စမှာ သာယာမှုအပြည့်အ၀ ရဖို့ဆိုတာလည်း ကိုယ့်ရဲ့ ညီငယ် ဖွားဖက်တော်က အပြည့်အ၀ လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေမှ အဆင်ပြေမှာပေါ့။ ဖွားဖက်တော် အားအင်ပြည့်ဝနေဖို့အတွက် နှလုံးအားကောင်းဖို့ လိုသလို သွေးလည်ပတ်မှု အားကောင်းဖို့လည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖွားဖက်တော် ထောင်မတ်နိုင်ဖို့ဆိုတာ လိင်အင်္ဂါအတွင်း သွေးကြောထဲ သွေးကောင်းစွာ စီးဆင်းနိုင်မှ ဖြစ်မှာကိုး။

အမျိုးသားတွေဆိုတာလည်း အလုပ်က စိတ်ဖိစီးမှုတွေ၊ ဆေးလိပ်၊ အရက်သောက်တာ၊ စားသောက်နေထိုင်မှုပုံစံ မမှန်တာ၊ အိပ်ချိန်မပြည့်၀တာ၊ အ၀လွန်တာ၊ ကျန်းမာရေးအခြေအနေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် လိင်စိတ်ဆန္ဒ တဖြည်းဖြည်း နည်းပါးလာပြီး စိတ်သွားတိုင်း ကိုယ်မပါတဲ့ အခြေအနေမျိုးတွေ ကြုံလာရတာပေါ့။

စျေးကွက်ထဲမှာ အလွယ်တကူ ၀ယျလို့ ရတဲ့ ကြာဆေးတွေဟာလည်း တစ်ခဏတာ ဖြေရှင်းဖို့အတွက်သာ အဆင်ပြေပြီး ရေရှည် ကျန်းမာရေးအတွက်ရော လိင်မှုဘ၀မှာပါ အကျိုးကျေးဇူးတွေ သိပ်မရှိပါဘူး။ ဒီလို ဖြတ်လမ်းနည်းတွေအစား ကိုယ့်ရဲ့ ညီတော်မောင်ကို သဘာ၀အတိုင်း သန်စွမ်းစေဖို့ ကြိုးစားတာက အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးမှာတော့ ကိုယ့်လူတို့ စိတ်သွားတိုင်း ကိုယ်ပါပြီး ကာမခွန်အားတိုးစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။😜

၁။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

လိင်မှုကိစ္စမှာ စိတ်သွားတိုင်း ကိုယ်ပါဖို့ နှလုံးအားကောင်းဖို့ အရေးကြီးတယ်ဆိုတာ မေ့ထားလို့ မဖြစ်ဘူးနော်။ လေ့ကျင့်ခန်း ပုံမှန်လုပ်တဲ့အခါ နှလုံးခုန်နှုန်း မြန်စေတယ်။ နှလုံးကောင်းတော့ သက်လုံကောင်းပြီး အမောပိုခံနိုင်တယ်။ လိင်စိတ်ဆန္ဒကို တိုးလာစေပြီး ကိုယ်ခန္ဓာတွင်း သွေးလည်ပတ်မှုကောင်းစေလို့ ဖွားဖက်တော်ကိုလည်း လိုအပ်ချိန်တိုင်း အဆင်သင့်ဖြစ်နေအောင် ကူညီပေးနိုင်တာပေါ့။ ဒါကြောင့် အမျိုးသားတိုင်း တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ခန့် ချွေးများများ ထွက်စေမယ့် အားကစား၊ လေ့ကျင့်ခန်းမျိုး ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။

၂။ နေ့စဉ် အစာအာဟာရကို ဂရုစိုက်စားသုံးပေးပါ။

တချို့သော အစားအစာတွေမှာ ကိုယ်ခန္ဓာအတွက် အကျိုးဖြစ်စေတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် လိင်အင်္ဂါအတွင်း သွေးစီးဆင်းမှုကောင်းစေတဲ့ အာဟာရဓာတ်တွေလည်း အများအပြား ပါ၀င်ပါတယ်။ သွေးလည်ပတ်မှုစနစ်ကို ကောင်းမွန်စေတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငှက်ပျောသီး၊ ငရုတ်သီး၊ ငရုတ်ပွ၊ အိုမီဂါ-၃ အဆီဓာတ်ကြွယ်၀တဲ့ ဆောလ်မွန်ငါး၊ တူနာငါး၊ ထောပတ်သီး၊ သံလွင်ဆီ၊ အာရုံကြောစနစ်ကောင်းစေဖို့ ကူညီပေးတဲ့ ဗီတာမင် ဘီ-၀မျး ပါ၀င်တဲ့ ၀ကျသား၊ ပဲကို များများစားပေးသင့်ပါတယ်။ ကြက်ဥမှာလည်း လိင်စိတ်ဆန္ဒကို ဖြစ်စေတဲ့ ဗီတာမင် ဘီအပြင် လိင်မှုကိစ္စကို အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို လျှော့ချပေးနိုင်တာကြောင့် များများ စားပေးရပါမယ်။

၃။ စိတ်ဖိစီးမှုကို လျှော့ချပါ။

စိတ်ဖိစီးမှုရဲ့ အရိပ်က ကိုယ့်ရဲ့ ကျန်းမာရေးကိုသာမက လိင်စိတ်ဆန္ဒကိုပါ သွားပြီး လွှမ်းမိုးနေပါတယ်။ ကိုယ့်ရဲ့ စိတ်ထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ ရှိနေရင် လိင်မှုကိစ္စမှာလည်း အပြည့်အ၀ သာယာတဲ့ ခံစားချက်မျိုး ရစေမှာ မဟုတ်သလို ဒီစိတ်ကြောင့်ပဲ ကိုယ့်ရဲ့ ဖွားဖက်တော် ထောင်မတ်အားကို သွားပြီး ဒုက္ခပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ စိတ်ဖိစီးမှုအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ ရှိတယ်ဆိုရင် လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ တရားထိုင်ပြီးဖြစ်စေ အမြန်ဆုံး လျှော့ချဖို့ ကြိုးစားရပါမယ်။

၄။ လိင်မှုကိစ္စကို အဟန့်အတားဖြစ်စေတဲ့ အကျင့်ဆိုးတွေကို ဖျောက်ပစ်ပါ။

ဆေးလိပ်သောက်တာ၊ အရက်သောက်တာဟာ ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများစွာ ဖြစ်စေနိုင်သလို ကိုယ့်ရဲ့ လိင်စွမ်းဆောင်ရည်ကိုပါ ထိခိုက်စေတဲ့ အဓိကတရားခံတွေပါပဲ။ ဆေးလိပ်နဲ့ အရက်ထဲမှာ သွေးကြောကျဉ်းစေတဲ့ ဓာတ်ပစ္စည်းတွေ အများအပြား ပါ၀င်နေပါတယ်။ ကိုယ်က သာယာပျော်ရွှင်တဲ့ လိင်မှုဘ၀ကို ပိုင်ဆိုင်လိုတယ်ဆိုရင်တော့ ဒီမကောင်းတဲ့ အကျင့်ဆိုးလေးတွေကို စောစော ဖျောက်ဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ။

၅။ နေရောင်ခြည်နဲ့ ထိတွေ့ပါ။

အိမ်ထဲမှာ နေတာကြာလာရင် လူကထိုင်းမှိုင်းပြီး တက်ကြွလန်းဆန်းနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် အိမ်ထဲမှာ အောင်းနေမယ့်အစား အပြင်ထွက်ပြီး နေရောင်ခြည်နဲ့ ထိတွေ့ရင်း လေကောင်းလေသန့်လေး ရှူရှိုက်ကြည့်ပါ။ နေရောင်ခြည်မှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင် ဒီ ဓာတ်တွေ ပါ၀င်တဲ့အပြင် လိင်စိတ်ဆန္ဒကို အဟန့်အတားဖြစ်စေတဲ့ မယ်လတိုနင်ဟော်မုန်းတွေကို တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် မနက်ခင်း စောစော လမ်းလျှောက်တာ၊ ပြေးတာမျိုး ပုံမှန်လုပ်ပေးနိုင်ရင် ကိုယ့်ရဲ့ ကာမခွန်အားဟာလည်း ပုံမှန်အတိုင်း တက်ကြွလာမှာပါ။

၆။ တစ်ကိုယ်ရေ အာသာဖြေပါ။

လိင်မှုကိစ္စ ဆောင်ရွက်တဲ့အခါ ဆန္ဒပြီးမြောက်မှု မြန်တယ်ဆိုရင် ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်အတွက်လည်း ကာမသုခကို အပြည့်အ၀ ပေးစွမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ သုက်လွှတ်မြန်တဲ့ ပြဿနာတွေရှိရင် လိင်မဆက်ဆံခင် ၂နာရီလောက် ကြိုတင်ပြီး တစ်ကိုယ်ရေ အာသာဖြေထားတာ အကောင်းဆုံးပါပဲ။ အာသာဖြေရာမှာလည်း ချက်ချင်း ဆန္ဒပြီးမြောက်တာမျိုး မလုပ်ဘဲ အချိန်ဆွဲပြီး ဖြည်းဖြည်းချင်း လုပ်ပေးရင်း သုက်လွှတ်မမြန်စေဖို့ လေ့ကျင့်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

၇။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကိုလည်း အမြဲအာရုံစိုက်ပါ။

လိင်မှုကိစ္စဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်ဆောင်ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်က ဆန္ဒပြီးမြောက်ပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်မှာ စိတ်တိုင်းမကျမှုတွေ၊ ဆန္ဒမပြီးမြောက်သွားတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက်လုံး သာယာမှု အပြည့်အ၀ ရစေနိုင်ဖို့ ဘယ်လိုအနေအထားနဲ့ ဆက်ဆံရတာ သဘောကျလဲ၊ ဘယ်လို ပုံစံမျိုးက သူ့အတွက် သက်တောင့်သက်သာ ဖြစ်စေလဲဆိုတာ ကြိုတင်မေးမြန်းပြီး ညှိနှိုင်းမှု ယူထားတာ အကောင်းဆုံးပါပဲ။

၈။ ကိုယ့်မှာ ပြဿနာရှိတာဆိုရင် အမြန်ဆုံးဖြေရှင်းပါ။

ပြဿနာဆိုတာကတော့ အမျိုးသားအများစု ၀နျခံရမှာ ကြောက်တဲ့ ဖွားဖက်တော် ကောင်းစွာ မထောင်မတ်နိုင်တာ၊ ပျော့ကျသွားတဲ့ ကိစ္စပါပဲ။ ဒါဟာ အမျိုးသားတွေအတွက်တော့ ရှက်စရာကောင်းနိုင်ပေမဲ့ တစ်ပွဲတိုး ကြာဆေးတွေ သောက်လိုက်တာဟာ ပြဿနာကို နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းတာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်မှာ ဖွားဖက်တော် မသန်စွမ်းတဲ့ ပြဿနာရှိရင် နားလည်တတ်ကျွမ်းတဲ့ ဆရာ၀န်နဲ့ တိုင်ပင်ပြီး စောစီးစွာ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။😜

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

23/07/2020

အမျိုးသားတစ်ယောက် သုက်ပိုးပြည့်ဝနေဖို့ ဘယ်လောက်ကြာလဲ

အမျိုးသားတစ်ယောက်ရဲ့ ဝှေးစေ့ကနေ နေ့စဉ် သုက်ပိုးတွေကို ထုတ်လုပ်ပေးပါတယ်။ သုက်ပိုးတွေဟာ ကျန်းမာပြီး လျင်မြန်စွာသွားလာနိုင်မှ ကိုယ်ဝန်ရနိုင်ခြေနဲ့ မွေးလာတဲ့ ကလေးက ကျန်းမာဖွံ့ဖြိုးမှာပါ။ ဒီအတွက် အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်တွေဟာ ကျန်းမာတဲ့ သုက်ပိုးတွေနဲ့ ပြည့်နေဖို့ အရေးကြီးပါတယ်။

သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် (Spermatogenesis)

သုက်ရည်အတွင်းမှာ သုက်ပိုးကောင်တွေ ပြည့်သွားပြီး မျိုးပွားဖို့အတွက် အဆင်သင့်ဖြစ်နေတဲ့ အခြေအနေဖြစ်ပါတယ်။ နေ့စဉ် သုက်ပိုးတွေ ထုတ်လုပ်ပေးပြီး လုံးဝပြည့်သွားဖို့ ၆၄ ရက်ထိ ကြာနိုင်ပါတယ်။ ဒီလို သုက်ပိုးတွေ ပြည့်ဝနေတဲ့အခါ ထိုးသွင်းဆက်ဆံမှုအပြီး မိန်းမကိုယ်ကနေ မျိုးဥအတွင်းသို့ လျင်မြန်စွာ သွားလာနိုင်ပြီး မျိုးအောင်နိုင်ခြေ မြင့်မားစေပါတယ်။

ကိုယ်ခန္ဓာက နေ့စဉ် သုက်ပိုးအကောင်ရေ ဘယ်လောက်ထုတ်ပေးနိုင်လဲ။

တစ်စက္ကန့်မှာ သုက်ပိုးအကောင်ရေ ၁၅၀၀ ခန့် ထုတ်ပြီး တစ်နေ့မှာ အကောင် သန်းပေါင်းများစွာ ဝှေးစေ့ကနေ ထုတ်လွှတ်ပေးနိုင်ပါတယ်။ သုက်ပိုးကောင်ရေ ပြည့်ဝခြင်း ဖြစ်စဉ် ၆၄ရက်မြောက်ကို ရောက်တဲ့အခါ ဝှေးစေ့အတွင်းမှာ သုက်ပိုးကောင်ရေ သန်းပေါင်း ၈၀၀၀ ခန့် ရှိနေပါပြီ။ တစ်ကိုယ်ရေ အာသာဖြေတာဖြစ်စေ၊ ထိုးသွင်းဆက်ဆံအပြီးမှာ သုက်ပိုးကောင်ရေ သန်း ၂၀ မှ ၃၀၀ အထိ ထုတ်လွှတ်လိုက်ပါတယ်။ ဒီအတွက် ကိုယ်ခန္ဓာတွင်း အားအင်ပြည့်ဝနေစေဖို့နဲ့ ကျန်းမာပြီး မျိုးအောင်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနိုင်ဖို့ သုက်ပိုးတွေ ပြည့်ဝနေဖို့ အရေးကြီးပါတယ်။

သုက်ပိုးထုတ်လုပ်ခြင်း အဆင့် ၃ ဆင့်

၁။ သုက်ပိုးမှ မျိုးရိုးဗီဇတွေကို သယ်ယူပေးနိုင်တဲ့ Haploid Spermatids ကို ခွဲထုတ်ပေးခြင်း

၂။ ဝှေးစေ့အတွင်းမှာ သုက်ပိုးတွေကို သိုလှောင်ထားပြီး၊ မျိုးအောင်စွမ်းနဲ့ သုက်ပိုးတွေကို ရင့်ကျက်လာစေဖို့ ကူညီပေးခြင်း ရင့်ကျက်သွားတဲ့ သုက်ပိုးတွေဟာ မျိုးရိုးဗီဇတွေကို သယ်ယူပေးနိုင်ခြင်းနဲ့ ကိုယ်ဝန်ရဖို့ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

၃။ ရင့်ကျက်သွားတဲ့ သုက်ပိုးတွေကို သုက်ပို့ပြွန်ထဲမှာ သိုလှောင်ထားပြီး ကောင်းစွာရွေ့လျားနိုင်ဖို့ ထောက်ပံ့ပေးခြင်း ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။

သုက်ပို့ပြွန်အတွင်းမှာ ကျန်းမာပြီး ရွေ့လျားနိုင်စွမ်းကောင်းတဲ့ သုက်ပိုးတွေဟာ အမြဲစုနေတဲ့အတွက် သုက်မလွှတ်တာ အချိန်ကြာတာနဲ့အမျှ မျိုးအောင်နိုင်စွမ်း ပိုပြီးမြင့်တက်လာနိုင်ပါတယ်။ ကိုယ်ဝန်ယူဖို့အတွက် ပြင်ဆင်နေတဲ့ အိမ်ထောင်တွေဆိုရင် လိင်မှုဆက်ဆံအပြီး ရက်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးမှ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားသင့်ပါတယ်။

မကြာခဏ သုက်လွှတ်တဲ့အခါ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံအပြီး သုက်ကောင်ရည်ထွက်နှုန်းဟာ သိသိသာသာ ကျသွားပါတယ်။ ကိုယ်ခန္ဓာက သုက်ပိုးကောင်ရည်ကို လျင်မြန်စွာ ထုတ်လွှတ်ပေးနိုင်ပေမဲ့ မျိုးအောင်နိုင်စွမ်းနဲ့ ကိုယ်ဝန်ရနိုင်ခြေ ပိုပြီးမြင့်တက်စေလိုတယ်ဆိုရင်တော့ ရက်အနည်းငယ် စောင့်ဆိုင်းပြီး လိင်ဆက်ဆံခြင်း၊ တစ်ကိုယ်ရေ အာသာဖြေခြင်း အစရှိတဲ့ သုက်ထွက်စေမယ့် အပြုအမူတွေကို ရှောင်ကြဉ်သင့်ပါတယ်။

သုက်ပိုးတွေ ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံကတော့

၁။ နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

၂။ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ အပြုအမူတွေကို ရှောင်ပါ။

၃။ နေ့စဉ်အစာအာဟာရမှာ ဗီတာမင် စီ နဲ့ ဗီတာမင် ဒီ ကို မဖြစ်မနေ ပါဝင်အောင်စားပေးပါ။

၄။ ဆေးလိပ်ဖြတ်ပါ။

၅။ အရက်ကို နည်းနိုင်သမျှနည်းအောင် လျှော့သောက်ပါ။

၆။ ချောင်ချိတဲ့ အဝတ်အစားနဲ့ အတွင်းခံဘောင်းဘီကို ဝတ်ဆင်ပါ။

၇။ စက်ဘီးကို အချိန်အကြာကြီးစီးခြင်း၊ မကြာခဏ ရေပူစိမ်တဲ့အခါမှာ သုက်ပိုးတွေဟာ သေသွားနိုင်တဲ့အတွက် တတ်နိုင်သလောက် လျှော့ပေးပါ။

ကိုယ်ဝန်ရနိုင်ခြေကို မြင့်တက်စေဖို့အတွက်

၁။ တစ်ပတ်လျှင် ၂ကြိမ်မှ ၃ကြိမ် လိင်ဆက်ဆံပေးပါ။

၂။ လိင်ဆက်ဆံအပြီး ကြားထဲမှာ ၂ရက် ၃ရက်ခန့် စောင့်ပြီး သုက်ပိုးတွေကို အားပြန်မွေးပါ။

၃။ ဆီအခြေပြု ချောဆီတွေကို တတ်နိုင်သလောက် ရှောင်ပါ။

၄။ ကိုယ့်ရဲ့ သုက်ပိုးကျန်းမာရေးကို ဆရာဝန်ထံမှာ ပုံမှန် စစ်ဆေးလေ့လာမှု ပြုလုပ်ပေးပါ။

အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် ကိုယ်ခန္ဓာဟာ သုက်ပိုးတွေကို နေ့စဉ်ထုတ်လုပ်ပေးပြီး ကျန်းမာတဲ့ သုက်ပိုးတွေဖြစ်စေဖို့ ၆၄ ရက်ထိ ကြာမြင့်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ နေ့စဉ် နေထိုင်စားသောက်ပုံတွေ၊ သုက်လွှတ်တဲ့အကြိမ်ရေဟာလည်း မျိုးအောင်နိုင်စွမ်းအပေါ် အများကြီး သက်ရောက်မှုရှိစေပါတယ်။ ဒါကြောင့် ကျန်းမာစေဖို့နဲ့ သာယာလှပတဲ့ မိသားစုဘဝလေး ဖန်တီးနိုင်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးဖို့၊ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို အဓိကစားပေးဖို့နဲ့ ကိုယ်ချစ်ရတဲ့သူနဲ့ မှန်မှန်လေး လိင်ဆက်ဆံပေးဖို့ အရေးကြီးပါတယ်။😁😁

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Golden banana ကုမ္ပဏီမှ -ပင်လယ်အုန်း လက်လီလက်ကားမြန်မာပြည်အနှံ့ဝန်ဆောင်မှု့............ /Halal အစစ်အမှန်ဖြစ်ကြောင်းအာမခံ...
28/06/2020

Golden banana ကုမ္ပဏီမှ -
ပင်လယ်အုန်း လက်လီလက်ကား
မြန်မာပြည်အနှံ့ဝန်ဆောင်မှု့............ /
Halal အစစ်အမှန်ဖြစ်ကြောင်းအာမခံသည်။
ဆက်သွယ်ရန် 📱09972106848

28/05/2020

🌹ရှာရှာဖွေဖွေ သင်မသိသေးတဲ့အရာတွေ🌹
(ရှယ်ပြီးသိမ်းထား။ တစ်နေ့ အသုံးလိုပါလိမ့်မယ်။)

🎈မီးကင်ကြည့်မှ မြင်ရသော လျှို့ဝှက်စာ

🎯ကြက်သွန်နီနှင့် ဆပ်ပြာကိုဆတူရော၍ ထောင်းပြီး ရေအနည်းငယ်ဖြင့်ဖျော်ပါ။ အရည်ကြည်ကို စုတ်တံဖြင့်တို့ပြီး စက္ကူပေါ်တွင်စာရေးပါ ။ ခြောက်သွားပါက မီးကင်ပြီးမှ ပြန်ကြည့်နိုင်မည်ဖြစ်သည်။

🎈ဖိုက်ဘာပစ္စည်းများ အရောင်တင်နည်း

🎯သွားတိုက်ဆေးနှင့် အုန်းဆီ ဆတူရော၍ ဂွမ်းဖြင့်ပွတ်တိုက်ပေးပါ။

🎈ဟင်းအိုး ဆားငံသွားလျှင်

🎯နီရဲနေသော မီးခဲကို ငံနေသော ဟင်းအိုးထဲတွင် ၂မိနစ်ခန့် ထည့်ထားပြီး ပြန်ဆယ်လိုက်ပါ။

🎈ဘုရားပန်းများ တာရှည်ခံအောင်ထားနည်း

🎯ပန်းအိုးထဲသို့ ဘာမီတွန်(သို့) သကြား(သို့) ကန့်မှုန့်အနည်းငယ်(သို့) အကြွေစေ့-ကြေး ထည့်ပေးပါ။

🎈ဘောလ်ပင် မှင်မလိုက်လျှင်

🎯အရက်ပျံပုလင်းထဲသို့ ဘောလ်ပင်ကို ၃မိနစ်ခန့် စိမ်ထားလိုက်ပါ။

🎈ဖန်ခွက်အတွင်း ရေနွေးပူထည့်သော် မကွဲစေရန်

🎯ဇွန်းတစ်ချောင်းအား ဖန်ခွက်ထဲသို့ အရင်ထည့်ထားပြီးမှ ရေနွေးကို ဖြည်းညှင်းစွာ လောင်းထည့်ပါ။

🎈ရေခဲတုံး တာရှည်ခံအောင်ထားနည်း

🎯သီတင်းစာ စက္ကူ (သို့) တစ်ရှူးစက္ကူ ဖြင့် ရေခဲတုံးကို လုံခြုံစွာပတ်ထားပါ။

🎈ဆံပင်များ မကျွတ်စေရန်

🎯ကန့် (သို့)လက်ချားကို ရေနွေးပူပူတွင် ဖျော်၍ အေးသွားမှ ဆံပင်ကို လိမ်းပေးပါ။
သံပုရာသီးအစေ့ကို ပျားရည်ဖြင့် သွေး၍ ဆံပင်ကို လိမ်းပေးပါ။

🎈ဖန်ထည်ပစ္စည်းများ အရောင်တင်နည်း

🎯ဆားရေ ပူပူဖြင့်ပြုတ်၍ ဆေးပေးပါ။

🎈ငွေထည်ပစ္စည်းများ အရောင်တင်နည်း

🎯အာလူးပြုတ်ရည်တွင် စိမ်၍ပွတ်တိုက်ပေးပါ။

🎈ရွှေထည်များ အရောင်တင်ရန်

🎯ဇဝက်သာ တစ်ဇွန်းကို ရေအေးဖြင့်ရော၍ ရွှေထည်များကို ပွတ်တိုက်ပေးပါ။

🎈မှန်များ ကြည်လင်ပြီး ဝင်းပလာအောင် အရောင်တင်နည်း

🎯အဝတ်သန့်သန့်ကို အရက်ပျံဆွတ်၍ (သို့) သီတင်းစာစက္ကူကို ရေဆွတ်၍ မှန်ကို ပွတ်တိုက်ပေးပါ။

🎈အဝတ်အထည်များ ပိုမိုဖြူစင်တောက်သွား စေရန်

🎯သံပုရာရည် ၄/၅ စက်ခန့်ထည့်ပြုတ်ပြီးမှ လျှော်ပါ။

🎈သံပုရာသီး အရည်ပိုထွက်စေရန်

🎯မီးနွေးနွေးဖြင့်ကင်ပြီး / မာသောအပြား တစ်ခုခုဖြင့် အနည်းငယ်ဖိ လှိမ့်ပြီးမှ အရည်ညှစ်ပါ။

🎈နှင်းခူ အစို/အခြောက် ပျောက်လိုသော်

🎯ဆေးရွက်ကြီးကို ပြာချ၍ ရေနံဂျီးဖြင့် လိမ်းပေးပါ။

🎈သန်းများ သေစေသောနည်း

🎯ရှာလကာရည်(1/2)အောင်စ နှင့် နနွင်း(1/4)အောင်စ ရော၍ ဆံပင်ကို နာရီဝက်ခန့် သုတ်လိမ်း ပေးပါ။

🎈ခြေဖနောင့်ကွဲသော် ပျောက်စေသောနည်း

🎯ဆန်ဆေးရေဖြင့် ၁၅မိနစ်ခန့် ညအိပ်ရာဝင်တိုင်း စိမ်၍ ဆေးပေးပါ။

🎈အဝတ်များ ဖားဥစွဲသော် ပျောက်စေရန်

🎯ဖားဥစွဲသော အဝတ်ပေါ်တွင် ပိတ်စအဖြူတင်၍ ရေဖြန်းပြီး မီးပူဖြင့် ဖိတိုက်ပေးပါ။

🎈ရှောက်သီးများ တာရှည်ခံအောင်ထားနည်း

🎯ရှောက်သီးများကို ထင်းရှူးသေတ္တာထဲ ထည့်ပြီး လွှစာဖုံး၍ထားပါ။

🎈ကြွက်များ မလာစေရန်

🎯ရှိန်းခိုကို အရည်ဖျော်၍ ပတ်ဖြန်းပေးပါ။

🎈ပုရွက်ဆိတ်များ မလာစေရန်

🎯သခွားသီးအခွံများ ချထားလိုက်ပါ။

🎈ပိုးဟပ်များ မလာစေရန်

🎯လေးညှင်းပွင့်ကိုထောင်း၍ ဖြူးပေးထားပါ။

🎈မြွေများ မလာစေရန်

🎯ဆေးဒါန်းအား ရေဖျော်၍ ပတ်ဖြန်းပေးပါ။

🎈ကြက်သားအရိုးပျောက်ချက်နည်း

🎯ထန်းရည်တစ်ပုလင်းကို ၃ရက်ခန့် နေပူလှန်းပြီး အဝတ်ပါးပါးဖြင့်စစ်၍ ကြက်သားကိုနယ်ပီး ချက်ပါ။

🎈ငါးသလောက် အမြန်နူးစေသောနည်း

🎯ကြွေဇွန်း / ကြွေပုဂံကွဲထည့်၍ ချက်ပေးပါ။

🎈ထမင်းအိုး တူးသွားလျှင် အနံပျောက်စေရန်

🎯တူးနေသောထမင်းအိုးထဲသို့ ငရုပ်သီး အတောင့်၂၀ခန့် ထိုးစိုက်ပြီး နာရီဝက်ခန့် အဖုံး ဖုံးထားပါ။

🎈မျက်နှာ အဆီမပြန်လိုပါက

🎯မျက်နှာသစ်လျှင် ရှောက်ရည်အနည်းငယ်ခန့် ထည့်ပြီးသစ်ပါ။

🎈ကြိမ်ကုလားထိုင်မှ ကြိမ်များလျှော့နေသော်

🎯ရေနွေးပူပူထဲသို့ ဆိုဒါမှုန့်ရော၍ ကြိမ်များကို ပတ်ဖြန်းပြီး နေပူလှန်းထားပါ။

🎈ကွမ်းတံတွေးစွန်းပေလျှင် ပျောက်စေရန်

🎯စွန်းပေနေသော နေရာသို့ ခရမ်းချဉ်သီးဖြင့် ပွတ်တိုက်ပေးပါ။

🎈ညှောင့် / ဆူးစူးလျှင်

🎯ပုလင်းထဲ ရေနွေးပူထည့်၍ ဆူးစူးသော နေရာကို ပုလင်းဝဖြင့်တေ့ပြီး ဖိထားပါ။

🎈ကြွက်နို့ ပျောက်စေသောနည်း

🎯ကြွက်နို့အား နူးစေရန် ရေစိမ်ထားပြီး ကြောင်နှုတ်ခမ်းမွှေးဖြင့် ထိုးစိုက်ထားပါ။
ဂျင်းကိုလှီးဖြတ်ပြီး ထုံးအနည်းငယ် သုတ်ပြီး ကြွက်နို့ကို ၁နာရီတစ်ကြိမ်ခန့် ပွတ်ပေးပါ။

🎈ဝက်ခြံပျောက်စေသောနည်း

🎯ကြက်ဟင်းခါးသီးအစေ့ / သနပ်ခါးကို ဆားဖြင့်ရော၍ သွေးလိမ်းပါ။

🎈နွားနို့ မချဉ်အောင်ထားနည်း

🎯ငရုပ်သီးစိမ်း ၁၀တောင့်ခန့်ကို အညှာဖြုတ်၍ထည့်ပေးထားပါ။

🎈မျက်နှာပေါင်းတင်နည်း

🎯ကြက်ဥအကာရည်ကို ဂျုံမှုန့်ဖြင့်ရောဖျော်ပြီး မျက်နှာပေါ်ကို နာရီဝက်ခန့် သုတ်လိမ်းထားပါ ပြီးလျှင် အဝတ်သန့်သန့်ကို ရေနွေးစွတ်ပြီး ပွတ်တိုက်ပေးပါ။

🎈အပူလောင်သော်

🎯၁။ သွားတိုက်ဆေး နိုင်နိုင်လိမ်းပေးပါ။
🎯၂။ ကွမ်းရွက်ကို သကြားဖြင့်ရောထောင်းပြီး ဒါဏ်ရာပေါ်သို့ အုံပေးထားပါ။

👉ရှယ်ပြီး သိမ်းထားပါ👈
👉လိုချင်လျှင် ရှာရလွယ်ပါမည်👈

Credit # # #

Address

Yangon

Telephone

+9595072600

Website

Alerts

Be the first to know and let us send you an email when အပ်မှ ဒုံးပျံထိ ပျော်သလိုရောင်းမရ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share