Lucky Lady

Lucky Lady Beauty

🤒 ရာသီတုပ်ကွေး 😷ယခုကာလဟာ ရာသီအကူးအပြောင်းကာလဖြစ်ပြီး မိုးတွေလည်းနေ့တိုင်းလိုလိုရွာနေတာကြောင့် တုပ်ကွေးအန္တရာယ်ကိုလည်း မမ...
26/06/2023

🤒 ရာသီတုပ်ကွေး 😷

ယခုကာလဟာ ရာသီအကူးအပြောင်းကာလဖြစ်ပြီး မိုးတွေလည်းနေ့တိုင်းလိုလိုရွာနေတာကြောင့် တုပ်ကွေးအန္တရာယ်ကိုလည်း မမေ့ဖို့တိုက်တွန်းပါရစေ။

Seasonal Flu (ရာသီတုပ်ကွေး) ဟာလည်းဖြစ်ပြီဆိုလျှင် ၄၊၅ရက်လောက်တုပ်ကွေးကွေးပြီး လက္ခဏာတွေကို တော်တော်ခံစားရတာပါ။

အထူးသဖြင့် ကိုယ်ခံအားမကောင်းတဲ့သူတွေ၊ ရောဂါအခံရှိတဲ့သူတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ခဏခဏဖျားနာတတ်တဲ့သူတွေနဲ့ နုနယ်တဲ့ကလေးတွေဟာ ပိုပြီးတုပ်ကွေးရောဂါဖြစ်နိုင်တာကြောင့် တုပ်ကွေးရောဂါကို သေချာဂရုပြုသင့်ပါတယ်။

တုပ်ကွေးကွေးပြီဆိုလျှင်
• တကိုယ်လုံးကိုက်ခဲနာကျင်ခြင်း
• မအီမသာဖြစ်ခြင်း
• ကိုယ်ပူချိန်တက်၍ဖျားခြင်း
• လည်ချောင်းနာခြင်း
• နှာရည်ယို၊နှာပိတ်ခြင်း
• အသက်ရှူမဝခြင်း
• ချောင်းဆိုးချွဲကြပ်ခြင်း
• ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း
စတာတွေကို ခံစားရတာများပါတယ်။

လုပ်ငန်းခွင်မှာလည်း တုပ်ကွေးဖြစ်ပြီးဆိုလျှင် အသက်ရှူလမ်းကြောင်းကနေတဆင့် ကူးစက်တာဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်ကူးစက်နိုင်မှုကလည်း ပိုမိုလွယ်ကူပြီး ဖျားနာလို့အလုပ်မလုပ်နိုင်တာကြောင့် အတော့်ကို စိတ်ပျက်အလုပ်ပျက်ရပါတယ်။ ကျောင်းပြန်တက်ရတဲ့ ကလေးတွေမှာလည်း တုပ်ကွေးရောဂါပိုပြီးကူးစက်လွယ်တာမို့လို့ တုပ်ကွေးကွေးပြီဆိုလျှင် ဖျားနာလို့ စာမကျက်နိုင်၊ကျောင်းပျက်ရတာတွေကလည်း မိဘတွေအနေနဲ့ အတော်ခေါင်းကိုက်ရပါတယ်။

ဒါကြောင့်တုပ်ကွေးဖြစ်မှကုတာထက် တုပ်ကွေးမဖြစ်အောင် ကြိုတင်ကာကွယ်ကြရအောင်…
၁။ ကိုယ်ခံအားကောင်းလျှင် တုပ်ကွေးဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေနည်းတာမို့လို့ ကိုယ်ခံအားကောင်းအောင် ဗီတာမင်ဓာတ်ကြွယ်ဝသောအစားအသောက်မှန်မှန်စားပြီး အိပ်ရေးဝဝအိပ်ပါ။
၂။ အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်တာများတာမို့လို့ လူကြားထဲသွားလျှင်Mask တပ်ပါ။
၃။ နှာစေးချောင်းဆိုးပါက လက်ကိုင်ပုဝါသုံးပါ။
၄။ ဖျားနာနေသူတို့နဲ့ အကာအကွယ်မပါပဲ အနီးကပ်ဆက်ဆံခြင်းမှရှောင်ကြည်ပါ။
၅။ လက်ကိုခဏခဏဆေးပါ။

နောက်ဆုံးတစ်ခုကတော့ တုပ်ကွေးရောဂါကာကွယ်ဆေးကိုတစ်နှစ်တစ်ခါထိုးပါ။ ဒါဟာ တုပ်ကွေးမဖြစ်အောင်ကြိုတင်ကာကွယ်တဲ့နေရာမှာ အရေးပါဆုံးဖြစ်တာမို့လို့ တိုက်တွန်းပေးပါရစေ။ ကာကွယ်ဆေးဆိုတာကလည်း ချက်ချင်းထိုး ချက်ချင်းကာကွယ်ပေးနိုင်တာမဟုတ်လို့ ဖြစ်နိုင်ပါက စောနိုင်သလောက်စောထိုးသင့်ပါတယ်။

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုပြီး အရာရောက်တာမို့လို့ မဖြစ်ခင်ကြိုတင်ကာကွယ်ပါ။

Crd
#ရာသီတုပ်ကွေး

🌸 အမျိုးသမီးတွေမှာ ဆီးသွားတဲ့အခါ နာကျင်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ် 🌷 အဖြစ်များသော အကြောင်းရင်းများ🌸 မိန်းမက...
25/06/2023

🌸 အမျိုးသမီးတွေမှာ ဆီးသွားတဲ့အခါ နာကျင်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်

🌷 အဖြစ်များသော အကြောင်းရင်းများ

🌸 မိန်းမကိုယ်ရောင်ရမ်းခြင်း

ရောဂါပိုးဝင်ခြင်းကြောင့် မိန်းမကိုယ် သို့မဟုတ် အင်္ဂါစပ်တွင် ရောင်ရမ်းနာကျင်ခြင်း၊ ယားယံခြင်းတွေဖြစ်စေတယ်

🌸 ဆီးလမ်းကြောင်းပိုးဝင်ခြင်း

လိင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါပိုးအချို့ကြောင့်လည်းဖြစ်တယ်

ဆပ်ပြာများ၊ ရေမွှေးများနှင့် အခြားတစ်ကိုယ်ရေ စောင့်ရှောက်မှု ထုတ်ကုန်များအပေါ် ခန္ဓာကိုယ်က တုံ့ပြန်မှု ဖြစ်ခြင်းဖြစ်တယ်

🌸 ကြိုတင်ကာကွယ်ခြင်း

👉 ဆီးလမ်းကြောင်းမှ အဆိပ်အတောက် သို့မဟုတ် ဘက်တီးရီးယားများကို ဖယ်ရှားရန် သင့်ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးပါ။ အရည်များများသောက်ပါ။

👉 လိင်အင်္ဂါအတွင်း ဝင်ရောက်လာနိုင်သည့် ဘက်တီးရီးယားများကို ဖယ်ရှားရန်အတွက် လိင်ဆက်ဆံပြီး နောက် ဆီးသွားပါ။

👉 လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါများကိုကာကွယ်ရန် ကွန်ဒုံးကိုအသုံးပြုပါ။

👉 လိင်အင်္ဂါကို အမြဲသန့်ရှင်းအောင်ထားပါ။ ပိုးမွှားတွေ မကူးစက်အောင် Sanitary Pad (လစဉ်သုံး ဂွမ်းထုပ်) ကို ၄ နာရီခြားတိုင်း အသစ်လဲပါ။

👉 လိင်အင်္ဂါကို သန့်စင်ရန် အမွှေးနံ့ပြင်းသောဆပ်ပြာများနှင့် ဆေးကြောခြင်းကို ရှောင်ကြဉ်ပါ။

🌸 ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ

👉 ဆီးသွားစဉ် နာကျင်မှုသည် ဆက်တိုက် သို့မဟုတ် ကြာရှည်နေခြင်း
👉 ဆီးသွားစဉ်နာကျင်ခြင်းအပြင် အဖျားပါ ရှိနေခြင်း
လိင်အင်္ဂါမှ အရည်ဆင်းခြင်း၊
👉 ဆီးတွင် အနံ့တစ်မျိုးမျိုးရှိခြင်း (သို့) ဆီးထဲသွေးပါခြင်း (သို့) ဆီးနောက်ခြင်း
👉 ဆီးထဲတွင် ကျောက် ပါလာခြင်း စတာတွေပါခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ပြပြီး ကုသမှု ခံယူဖို့လိုအပ်နေပါပြီ

Crd
#မိန်းမကိုယ်ကျန်းမာရေး

🌷 အမျိုးသမီး တို့ အသက်အရွယ်အလိုက် သိထားရမယ့် မိန်းမကိုယ် ကျန်းမာရေး 🌷မိန်းမကိုယ်လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါ (Va**na...
24/06/2023

🌷 အမျိုးသမီး တို့ အသက်အရွယ်အလိုက် သိထားရမယ့် မိန်းမကိုယ် ကျန်းမာရေး 🌷

မိန်းမကိုယ်လို့ခေါ်တဲ့ အမျိုးသမီးလိင်အင်္ဂါ (Va**na) ဟာ အသက်အရွယ်နဲ့အမျှ ဟော်မုန်းပြောင်းလဲမှုပေါ် မူတည်ပြီး ချို့ယွင်းလာတတ်ပါတယ်။ မိန်းကလေးတွေဟာ ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးတွေ မကြာခဏခံစားရနိုင်သလို ရာသီလာစဉ်၊ သွေးမဆုံးခင်နဲ့ သွေးဆုံးပြီးနောက်ပိုင်းမှာလည်း သတိထားရမယ့် ကျန်းမာရေးပြဿနာတွေ ရှိတာကြောင် မပေါ့ဆသင့်ပါဘူး။

အပျိုဖော်ဝင်ပြီး အသက် ၂၀ အရွယ်မှစတင်ပြီး သွေးဆုံးပြီးနောက်ပိုင်း အသက် ၅၀ အရွယ်ထိ မိန်းမကိုယ်ကျန်းမာရေး ပြောင်းလဲလာတတ်ပုံနဲ့ ဂရုပြုဖို့လိုအပ်မယ့်အချက်လေးတွေကို ဒီဆောင်းပါးမှာ ဝေမျှပေးချင်ပါတယ်။

- အသက် ၂၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး

အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာလန်းဆန်းမှု၊ ငယ်ရွယ်နုပျိုမှုတွေ အရှိဆုံးကာလဖြစ်ပြီး မဟော်မုန်းထုတ်လုပ်မှု များခြင်းကြောင့် မိန်းမကိုယ်သည် စိုလက်ကာ ရောဂါဘယ ဖြစ်နိုင်ခြေနည်းပါတယ်။ အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ကျန်းမာရေးကို ထောက်ပံ့ပေးရုံသာမက လိင်စိတ်ဆန္ဒကိုပါ ဖြစ်ပေါ်စေလို့ ကာမစိတ်အထက်သန်ဆုံး ကာလလို့လည်း ဆိုနိုင်ပါတယ်။

ရာသီစက်ဝန်းဟာ ပုံမှန်အတိုင်း ဖြစ်ပေါ်တတ်သလို ဟော်မုန်းအပြောင်းအလဲကြောင့် ရက်စောခြင်း၊ ရက်နောက်ကျခြင်းမျိုး တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်အနံ့ဆိုး ကင်းစင်စေဖို့၊ မှိုရောဂါ မစွဲကပ်စေဖို့ ဒီအသက်အရွယ်မှ စတင်ပြီး မိန်းမကိုယ်ကျန်းမာရေးနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုမိုဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။

- အသက် ၃၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး

မိန်းမကိုယ် အတွင်းသားနှုတ်ခမ်းနံရံဟာ အရောင်မည်းညစ်လာတတ်တယ်။ တားဆေးအသောက်များတဲ့ အမျိုးသမီးတွေမှာ မိန်းမကိုယ်ခြောက်သွေ့ခြင်း ပြဿနာတွေ၊ ပုံမှန်ထက် အရည်ယိုစိမ့်မှုများလာခြင်း၊ ရာသီမမှန်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ မိန်းမကိုယ်မှ အရည်စိမ့်ထွက်နှုန်း ပိုများလာသလို အရောင်အားဖြင့် နို့နှစ်ရောင်ဘက်ကို သမ်းလာပါတယ်။ မဟော်မုန်းများ အနည်းငယ် ကျဆင်းလာပြီး လိင်ဆက်ဆံတဲ့ အကြိမ်ရေ များလာတာ၊ ကလေးမွေးတာတွေကြောင့် မိန်းမကိုယ်ဟာ ပိုပြီးခြောက်သွေ့လာတတ်သလို အနည်းငယ် ကျယ်လာနိုင်ပါတယ်။ ဒီပြဿနာအတွက် မိန်းမကိုယ်ပြန်ကျဉ်းစေတဲ့ Kegel လေ့ကျင့်ခန်းမျိုး လုပ်ပေးလို့ရပါတယ်။

- အသက် ၄၀ အရွယ် မိန်းမကိုယ်ကျန်းမာရေး

ဒီအရွယ်မှာ စောစီးစွာ သွေးဆုံးသွားတတ်တာမျိုး ရှိနိုင်သလို သွေးမဆုံးခင်စပ်ကြားကာလ ဖြစ်လို့ မဟော်မုန်းထုတ်လုပ်မှုကတော့ ငယ်ရွယ်စဉ်ကနဲ့ ယှဉ်လိုက်ရင် တော်တော်လေး နည်းနေပါပြီ။ မဟော်မုန်းနည်းလာတာနဲ့အမျှ မိန်းမကိုယ်ခြောက်သွေ့ပြီး ကျဉ်းမြောင်းလာသလို မှိုပိုးစွဲကပ်ဖို့ အလားအလာပိုများတဲ့အတွက် ဆီးလမ်းကြောင်းပိုးဝင်တာ၊ လိင်ဆက်ဆံစဉ် သွေးထွက်ပြီး အလွန်အမင်းနာကျင်တာ၊ လိင်မှုကိစ္စအပေါ် စိတ်ပါဝင်စားမှု နည်းလာနိုင်ပါတယ်။

- အသက် ၅၀ နောက်ပိုင်း မိန်းမကိုယ်ကျန်းမာရေး

သွေးဆုံးပြီးနှောင်းပိုင်းကာလ အမျိုးသမီးများအတွက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဝေဒနာများစွာ ခံစားရနိုင်တဲ့ အချိန်ကာလဖြစ်ပါတယ်။ မဟော်မုန်းတွေ မရှိသလောက် နည်းသွားတတ်သလို လုံးဝကုန်ခမ်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်။

လိင်ဆက်ဆံဖို့လည်း စိတ်မပါတော့သလို အရေပြားမှိုစွဲခြင်း ပြဿနာများ၊ မိန်းမကိုယ်လမ်းကြောင်းဆိုင်ရာ ပြဿနာများ၊ နာကျင်ကိုက်ခဲမှု ဝေဒနာများ၊ စိတ်ဓာတ်ကျခြင်း၊ လန်းဆန်းတက်ကြွမှု မရှိတော့ခြင်း စတဲ့ ပြဿနာတွေလည်း ကြုံလာရနိုင်ပါတယ်။ တချို့ အမျိုးသမီးတွေအနေနဲ့ ဒီအရွယ်မှာ စတင်ပြီး ဆီးမထိန်းနိုင်တော့တာ၊ ဆီးသွားပြီးရင်လည်း ဆီးကျန်နေသလို၊ ဆီးသွားချင်နေသေးတဲ့ ခံစားမှုမျိုး ရနိုင်ပါတယ်။

အမျိုးသမီးများအနေနဲ့ ငယ်ရွယ်စဉ်ကတည်းက ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ မိန်းမကိုယ်ကျန်းမာရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို သေချာဂရုစိုက်ဖို့ လိုသလို သွေးမဆုံးခင်စပ်ကြားကာလမှာလည်း ကြိုတင်၍ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကုသမှုတွေကို လုပ်ထားနိုင်ရင် ပိုကောင်းပါတယ်။

အစာအာဟာရကို စုံလင်စွာ စားသုံးဖို့၊ အိပ်ချိန်မှန်စေဖို့၊ ရေများများ သောက်ဖို့ကိုတော့ အမြဲသတိထားပေးပါ။ မိန်းမကိုယ်ဟာ မသန့်ရှင်းရင်လည်း မကောင်းသလို သန့်ရှင်းလွန်းပြန်ရင်လည်း ကျန်းမာရေးပြဿနာဖြစ်နိုင်တဲ့အပြင် အသက်အရွယ်အလိုက် ကျန်းမာရေးပြဿနာတွေ ကြုံရနိုင်တာကြောင့် ဆရာဝန်နဲ့ ပုံမှန်ပြသပေးပြီး တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်တာတော့ အကောင်းဆုံးပါပဲ။

Crd
#မိန်းမကိုယ်ကျန်းမာရေး

အဖြူဆင်းခြင်းအကြောင်း သိကောင်းစရာများအဖြူတွေ အများကြီး ဆင်းလာတာ ကင်ဆာရောဂါဖြစ်တာလား ဆရာ? ကျွန်တော့်ဆေးခန်းကို လာတဲ့ အမျိ...
24/06/2023

အဖြူဆင်းခြင်းအကြောင်း သိကောင်းစရာများ

အဖြူတွေ အများကြီး ဆင်းလာတာ ကင်ဆာရောဂါဖြစ်တာလား ဆရာ?

ကျွန်တော့်ဆေးခန်းကို လာတဲ့ အမျိုးသမီးအများစုနဲ့ Facebookက အမျိုးသမီးတချို့ မေးလေ့ရှိတဲ့ မေးခွန်းပါ။ သူတို့မေးတဲ့ မေးခွန်းကို မဖြေသေးခင် အဖြူဆင်းခြင်းအကြောင်း ရှင်းပြချင်ပါတယ်။

အမျိုးသမီးမှန်ရင် အဖြူ ဆင်းကို ဆင်းရပါမယ်။ အဖြူဆင်းတယ်ဆိုရာမှာ

(၁)မူမှန်အဖြူဆင်းခြင်း(ဇီ၀ကမ္မပြောင်းလဲမှုကြောင့် အဖြူဆင်းခြင်း)

(၂)မူမမှန်တဲ့ အဖြူဆင်းခြင်း(ရောဂါတစ်မျိုးမျိုးကြောင့် အဖြူဆင်းခြင်း) ဆိုပြီး နှစ်မျိုး ခွဲခြားနိုင်ပါတယ်။

အမျိုးသမီးတွေက မမျိုးပွားအင်္ဂါအဖွဲ့အစည်း(မိန်းမကိုယ်အပြင်ကစပြီး၊ သားမွေးလမ်းကြောင်း၊သားအိမ်ခေါင်း၊သားအိမ်၊သားဥပြွန်ထိ)ကို ပိုင်ဆိုင်ကြပါတယ်။ လူ့ခန္ဓာကိုယ်နေရာအနှံ့အပြားမှာ ရှိတဲ့ ဆဲလ်အများစုက အချိန်တိုင်း အချိန်တိုင်း သေကြေပျက်စီးပြီး ကွာကျလိုက်။သေသွားတဲ့ဆဲလ်နေရာမှာ အစားထိုးဖို့ အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။

အဲ့ဒီလိုပဲ မမျိုးပွားအင်္ဂါအဖွဲ့အစည်းမှာ ရှိတဲ့ ဆဲလ်တွေကလည်း သေကြေပျက်စီးလိုက် အသစ်ဖြစ်ပေါ်လိုက် ဖြစ်နေပါတယ်။ အဲ့ဒီဆဲလ်အသေတွေကို ရှင်းလင်းဖို့ မွေးလမ်းကြောင်းနဲ့ သားအိမ်ခေါင်းမှာ ရှိတဲ့အကြိတ်ငယ်လေးတွေကအရည်ကြည်တွေ ထုတ်ပေးပါတယ်။ ဒီဖြစ်စဉ်ကိုပဲ အဖြူဆင်းတယ်လို့ခေါ်ပါတယ်။ အဖြူဆင်းခြင်းကို မမျိုးပွားအင်္ဂါအဖွဲ့အစည်း ရဲ့ Housekeeper (သန့်ရှင်းရေးသမား)လို့တောင် တင်စားကြပါတယ်။ မူမှန် အဖြူဆင်းခြင်းဟာ ဇီ၀ကမ္မပြောင်းလဲမှုကြောင့် ဖြစ်ပြီး ဆဲလ်အသေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှား ပေးတဲ့အပြင် မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်းမှ ကာကွယ်တာဆီးပေးပါတယ်။

အပျိုဖော်၀င်ပြီးသား အမျိုးသမီးတိုင်းဟာ ရာသီခွင်စက်၀န်းရဲ့ ထက်၀က်ခန့်( ဓမ္မတာသွေး တစ်လနဲ့ တစ်လကြား)မှာ ပုံမှန်အဖြူဆင်းတတ်ပါတယ်။ အဲ့ဒီအချိန်က မမျိုးဥ ကြွေချိန်ဖြစ်လို့ ခန္ဓာကိုယ် ဇီ၀ကမ္မပြောင်းလဲပြီး အဖြူဆင်းရခြင်းဖြစ်ပါတယ်။ရာသီလာခံနီး တစ်ရက်၊နှစ်ရက် အလိုမှာလည်း အဖြူဆင်းတတ်ပါတယ်။မူမှန်အဖြူဆင်းခြင်းမှာ လက္ခဏာ လေးချက်ရှိပါတယ်။

(၁) အဖြူရောင်အရည်ကြည်ဖြစ်ခြင်း
(၂)ပမာဏ မများခြင်း
(၃)အနံ့အသက် ကင်းခြင်း
(၄)ယားယံမှု မရှိခြင်း

မူမှန်အဖြူဆင်းခြင်းကို တခြားအခြေအနေတွေဖြစ်တဲ့ ကိုယ်၀န်ဆောင်ချိန်၊ပဋိသန္ဓေတားဆေးနဲ့ ပိုးသတ်ဆေးတွေ အချိန်အကြာကြီး စွဲသောက်နေရသူတွေ၊IUCDလို့ခေါ်တဲ့ သန္ဓေတားပစ္စည်း သားအိမ်ထဲ ထည့်ထားရသူတွေ၊ရာသီဆုံးခံနီးသူတွေ၊ရာသီဥတု ပူပြင်းချိန်၊စိတ်ပင်ပန်းသောကရောက်နေချိန်၊ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရသူတွေ(တစ်နေကုန်အထိုင်များခြင်း၊တစ်နေကုန်မတ်တပ်ရပ်နေရခြင်း)၊အိပ်ရေးပျက်ခြင်း၊နောက် Dettol,Aseptol,Spirt စတဲ့ ဓာတုဗေဒ ပစ္စည်းတွေ၊ဆေးရွက်ကြီးစိမ်ရေတွေနဲ့ မိန်းမကိုယ်အတွင်းပိုင်းထိ ဆေးကြောခြင်းပြုလုပ်သူတွေမှာ တွေ့ရတတ်ပါတယ်။ မူမှန်အဖြူဆင်းခြင်းကြောင့် အောက်ခံအ၀တ်မှာ ဝါညိုရောင် စွန်းထင်း တတ်ပါတယ်။

ရောဂါပိုးမွှားကြောင့်ဖြစ်တာ မဟုတ်လို့ ဆေးထိုး၊ဆေးသောက် လုပ်စရာမလိုပါဘူး။တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက် ရပါမယ်။အောက်ခံဘောင်းဘီ ကို ဝါးလုံးပေါ်လှန်းခြင်း၊ မလျှော်ဖွတ်ပဲ ထပ်ခါထပ်ခါ ၀တ်ခြင်း၊မသန့်ရှင်းသော ရေဖြင့်ဆေးကြောခြင်း တွေကို
ရှောင်ကျဉ်ရပါမယ်။ မိန်းမကိုယ် သန့်ရှင်းအတွက် Lactacid Feminine Hygiene,PH Care lotionတို့လို ဆေးရည်တွေသာ အသုံးပြုသင့်ပါတယ်။ သန့်ရှင်းရေးလုပ်ရာမှာလည်း မိန်းမကိုယ်မှ စအိုဘက်သို့ဦးတည်ပြီးပဲ လုပ်သင့်ပါတယ်။ စအိုကနေ မိန်မကိုယ်ဘက်ဦးတည်ပြီး သန့်ရှင်းရေးလုပ်ရင် မစင်တွေ မိန်းမကိုယ်ထဲ၀င်ပြီး ရောဂါရနိုင်ပါတယ်။

မူမမှန်အဖြူဆင်းခြင်း(ရောဂါတစ်မျိုးမျိုးကြောင့် အဖြူဆင်းခြင်း)မှာ အဖြူရည်တွေဟာ

(၁)ပမာဏ များလာမယ်။နေ့စဉ်ရက်ဆက်ဆင်းလာမယ်။အရည်ပျစ်လာမယ်
(၂)အဖြူရောင်ကနေ အရောင်ပြောင်းလာမယ်(နို့နှစ်ရောင်၊ဝါညစ်ညစ်၊ညိုပုပ်ပုပ်၊သွေးရောင်)
(၃)ယားယံလာမယ်၊အနီကွက်နှင့်အနာတွေ ပေါ်လာတတ်တယ်
(၄)ဆိုးရွားစွာ အနံ့အသက်တို့ ထွက်ပေါ်လာပါတယ်။

မူမမှန်အဖြူဆင်းခြင်းကို ဖြစ်စေတဲ့ ရောဂါပိုးများစွာ ရှိပေမယ့် ဆေးခန်းမှာ အတွေ့ရအများဆုံးကတော့ Trichomonas Vaginitis(မိန်းမကိုယ်ယားယံပြီး ရောင်ရမ်းခြင်း)နဲ့ Cadidiasis(မှိုပိုးစွဲ)ရောဂါတိ့ုပဲဖြစ်ပါတယ်။ယေဘုယျအားဖြင့် အဖြူဆင်းတဲ့ ပမာဏ ကများလာမယ်၊ယားယံလာတယ်ဆိုရင် Trichomonas Vaginitisပါပဲ။ အဖြူရည်တွေဟာ နို့ဖတ်လို ပျစ်ပျစ်ကြီးဖြစ်လာမယ်။နို့မလိုင်လို အဖြူဖတ်တွေ ယောနိနံရံမှာ ကပ်နေမယ်။ ယားယံလာတယ်ဆို Candidiasisပါပဲ။ နားလည်တတ်ကျွမ်းတဲ့ ဆရာ၀န်နဲ့ ပြသပြီး ဆေးကုသမှုခံယူရပါမယ်။ ဆေးကို အချိန်မှန်သောက်ရင် ရက်ပိုင်းအတွင်း ပျောက်သွားပါတယ်။ အဲ့ဒီရောဂါတွေက လိင်ဆက်ဆံခြင်းကနေ အဓိက ကူးတာဖြစ်တဲ့အတွက်ဆေးကုသတဲ့အခါမှာ မိမိရဲ့လိင်ဆက်ဆံဘက်ကိုပါ တပြိုင်နက်တည်း ကုသရမှာပါ။ တချို့ဆီးချိုရောဂါသည်တွေမှာ ဆီးချိုကြောင့် ပိုး၀င်ပြီး အဖြူဆင်းတတ်ပါတယ်။ လိင်ဆက်ဆံဖက်များတဲ့ အမျိုးသမီးတွေ၊သွေးဆုံးပြီးအမျိုးသမီးတွေ ဟာ အနီရောင်၊ညိုပုပ်ပုပ်ရောင် အနံ့အသက်ဆိုးရွားတဲ့ အရည်တွေ ဆင်းလာရင် ကင်ဆာရောဂါတွေ(သားအိမ်ခေါင်းကင်ဆာ၊မိန်းမကိုယ်ကင်ဆာ)နဲ့ ဆက်စပ်မှုရှိနိုင်ပါတယ်။ နီးစပ်ရာ သားဖွားမီးယပ်အထူးကုနဲ့ ပြသပြီး စောစီးစွာ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့် မူမှန်အဖြူဆင်းခြင်းဟာ ကင်ဆာရောဂါ လက္ခဏာ မဟုတ်ပါဘူး။ မူမမှန်အဖြူဆင်းခြင်းအများစုဟာလည်း
ရောဂါပိုးကြောင့်ဖြစ်ပေမယ့် "အနာသိ၊ဆေးရှိပြီး" ကုသလို့ပျောက်ပါတယ်။ အနီရောင်၊ညိုပုပ်ပုပ်ရောင် အနံ့အသက်ဆိုးရွားတဲ့ အရည်တွေ ဆင်းလာရင်တော့ ကင်ဆာရောဂါ နဲ့ ဆက်စပ်မှုရှိနိုင်တာကြောင့် ပေါ့ဆမနေဘဲ စောစီးစွာ ကုသမှုခံယူရမည်ဖြစ်ကြောင်း အကြံပေးတင်ပြအပ်ပါတယ်။

ဟမ်စိုင်း (ဆေး/မန်း)
Youth Magazine
credit - အမျိုးသမီးနှင့်ကျန်းမာရေး

၁ ဗူးလောက် သုံးကြည့်ရုံနဲ့ အသားရည် ဖြူဝင်းလာတာ စိုပြေလာတာ သိသာလို့ Lotion တောင် လိမ်းဖို့မေ့နေတာမျိုး ✨✨
25/09/2022

၁ ဗူးလောက် သုံးကြည့်ရုံနဲ့ အသားရည် ဖြူဝင်းလာတာ စိုပြေလာတာ သိသာလို့ Lotion တောင် လိမ်းဖို့မေ့နေတာမျိုး ✨✨

17/09/2022

Page Messanger က စာပြန်မရဖြစ်နေ Order မှာထားတဲ့ Customers တွေကို ဘယ်လိုလုပ်ရပါ့ 😪

ကိုယ်တိုင်သုံးဖို့ လူစုပြီးပဲဝယ်ကြမလား ✨ပြန်ရောင်းဖို့ပဲ ဝယ်မလား ✨Buy 10 Get 1 မို့ ရှယ်တန်ပါပဲနော် ✨
13/09/2022

ကိုယ်တိုင်သုံးဖို့ လူစုပြီးပဲဝယ်ကြမလား ✨
ပြန်ရောင်းဖို့ပဲ ဝယ်မလား ✨
Buy 10 Get 1 မို့ ရှယ်တန်ပါပဲနော် ✨

ရေချိုး ဆပ်ပြာ ဖြစ်ရင် ပြီးရော ဆိုပြီး သုံးနေကြတုန်းပဲလား ကိုယ့်ချစ်တွေ 😉ရေချိုးရင်း တနေ့တခြား အသားရည် ကြည်လင်လာ စိုပြေလ...
07/09/2022

ရေချိုး ဆပ်ပြာ ဖြစ်ရင် ပြီးရော ဆိုပြီး သုံးနေကြတုန်းပဲလား ကိုယ့်ချစ်တွေ 😉
ရေချိုးရင်း တနေ့တခြား အသားရည် ကြည်လင်လာ စိုပြေလာ ဖြူဝင်းလာစေတာလေးဆို ပိုမကောင်းဘူးလားနော် 😍

✨ ပြန်ရောင်းဖို့ပဲ ဖြစ်ဖြစ် 💦✨ သူငယ်ချင်း တွေ စုပေါင်းပြီး ဝယ်ချင်လို့ပဲ ဖြစ်ဖြစ် 💦✨ လက်ကားစျေး အပြင် Buy 10 + Get 1 နော...
04/09/2022

✨ ပြန်ရောင်းဖို့ပဲ ဖြစ်ဖြစ် 💦
✨ သူငယ်ချင်း တွေ စုပေါင်းပြီး ဝယ်ချင်လို့ပဲ ဖြစ်ဖြစ် 💦
✨ လက်ကားစျေး အပြင် Buy 10 + Get 1 နော် 🤩💦

01/09/2022

မင်မင် တို့ဆီ ခုည မီးပျက်လိုက် လာလိုက် ဖြစ်နေလို့ လက်လီ လက်ကား Customers များအတွက် မဲဖောက် Live လေး ကို နက်ဖြန် နေ့လည် လောက် ဖောက်ပေးပါမယ်နော် 😘

Address

Garunar Road
Yangon
11431

Telephone

+9595068409

Website

Alerts

Be the first to know and let us send you an email when Lucky Lady posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share