26/03/2019
Content Writer ဆိုတာ Implementation ပိုင်းလုပ်ရတဲ့သူပါ။
အဖွဲ့အစည်း ဒါမှမဟုတ် Client ရဲ့ လိုအပ်ချက်တွေကို စာရေးပြီးတော့ဖြစ်စေ၊ video content လေးတွေ လုပ်ပြီးတော့ဖြစ်စေ၊ info-graphic တို့၊ GIF တို့လုပ်ပြီးတော့ဖြစ်စေ ဖြည့်ဆည်းပေးရတာပါ။ အေဂျင်စီတွေက content writer တွေကတော့ Account Manager၊ Executive နဲ့ ပေါင်းပြီးတော့ Editorial Calendar၊ Content Calendar ကို ဆွဲပေးရတတ်ပါတယ်။ တချို့စီးပွားရေးလုပ်ငန်း အသေးစားလေးတွေမှာ in-house ခေါ်ထားတဲ့ content writer တွေကတော့ Content Calendar ကို ကိုယ့်ဖာသာကိုယ် ဆွဲရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် Content Calendar ရှိထားခြင်းက အဖွဲ့အစည်းရဲ့ Marketing Objectives တွေနဲ့ ကိုက်ညီအောင် implementation ပိုင်းတာဝန်ယူရတဲ့ Content Writer တိုင်းအတွက် အရေးကြီးတာ အမှန်ပါပဲ။ ဒါကြောင့် Content Writer တွေအတွက် Content Calendar ဆွဲတော့မယ်ဆိုရင် ဘာတွေလိုလဲ ဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။
၁။ Target audience
Content Calendar ဆွဲတော့မယ်ဆိုရင် အရေးအကြီးဆုံးက ကိုယ့်ရဲ့ target audience ပါ။ ဘာပဲပြောပြော သူတို့အတွက် ရည်စူးပြီး ကိုယ်က content တွေကို ဖန်တီးပေးရတာပါ။ သူတို့ရဲ့လိုအပ်ချက်တွေနဲ့ ကိုယ့်ကုန်ပစ္စည်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ နေရာတွေကို အရင်ဆုံးရှာဖွေပါ။
၂။ လေ့လာစစ်တမ်းကောက်ပါ
ဈေးကွက်အနေအထားကိုလည်း စစ်တမ်းကောက်ရပါတယ်။ sales team တို့၊ marketing team တို့နဲ့ တိုင်ပင်ပြီးတော့ အချက်အလက်တွေကို ရယူနိုင်ပါတယ်။ အဓိကကတော့ သူတို့ရဲ့စကားသံတွေကို နားထောင်ပြီးတော့ သူတို့ရဲ့ပြဿနာတွေကို နားလည်ဖို့၊ ဘယ်လိုအကြောင်းအရာမျိုးက သူတို့ရဲ့ပြဿနာတွေကို ပြေလည်စေနိုင်မလဲ၊ သူတို့ရဲ့ ခံစားချက်တွေကို ပဲ့တင်ထပ်စေနိုင်လဲ ဆိုတာကို စစ်တမ်းထုတ်ရမှာပါ။ ဒါတွေက Content Calendar ဆွဲတဲ့အခါမှာ အသုံးဝင်လာပါလိမ့်မယ်။
၃။ Buyer Personas ကို လေ့လာပါ
ဝယ်သူတွေရဲ့ စိတ်နေစိတ်ထားကို သိထားခြင်းက Content Planning မှာ အဓိကကျတဲ့နေရာက ပါဝင်ပါတယ်။ သူတို့တွေ ဘာလိုချင်လဲဆိုတာ သိထားမယ်ဆိုရင် ကိုယ်ရေးတဲ့ content တိုင်းကလည်း ဒါတွေနဲ့ ကိုက်ညီမှုရှိနေပါလိမ့်မယ်။ တစ်နည်းအားဖြင့် ကိုယ့် content ကိုဖတ်ပြီး ဝယ်သူက buying decision ကို ချနိုင်မယ်ဆိုရင် အဖွဲ့အစည်းအတွက် အကျိုးအမြတ်ရတာပါပဲ။
၎။ တခြားလူတွေ ဘာတွေဆွေးနွေးနေလဲ လေ့လာပါ
နယ်ပယ်တိုင်းမှာ သက်ဆိုင်ရာ Thought Leader တွေဆိုတာ ရှိပါတယ်။ နောက်တစ်ခုက ကိုယ် target ထားတဲ့ audience က အွန်လိုင်းပေါ်မှာ အစုအဖွဲ့နဲ့ နေတတ်ပါတယ်။ Facebook ပေါ်မှာဆို Facebook Group လေးတွေနဲ့ နေတတ်ကြပါတယ်။ သူတို့တွေ ဘယ်လိုအကြောင်းအရာမျိုးတွေ ဆွေးနွေးနေလဲဆိုတာကို လေ့လာခြင်းက Content Planning လုပ်ရာမှာ အသုံးဝင်မှာပါ။
၅။ Keywords တွေ၊ Algorithms တွေကို လေ့လာပါ
ကိုယ် content ဖန်တီးပေးရတော့မယ့် နယ်ပယ်နဲ့သက်ဆိုင်တဲ့ keywords တွေ ကို သိထားရမှာက Content Writer တစ်ယောက်ရဲ့တာဝန်ပါ။ ဒါ့အပြင် ကိုယ်နဲ့သက်ဆိုင်တဲ့ နယ်ပယ်ထဲမှာ ဘယ်လို စကားလုံးအသစ်တွေ၊ keyword အသစ်တွေ ရှိနေလဲဆိုတာကိုလည်း tracking လုပ်နေဖို့လိုပါတယ်။ ဒါတွေက Social Media Presence အတွက်ကော၊ SEO အတွက်ပါ အရေးပါပါတယ်။
Native Content ဆိုတာဘာလဲ
၆။ ရှိနေပြီးသား resource တွေကို ပြန်စစ်ပါ
တစ်ခါတလေကျရင် Content Calendar ဆွဲရတာက သိပ်ခက်ခဲသလို၊ အကြောင်းအရာတွေ ထပ်နေသလို ခံစားရတတ်ပါတယ်။ အဲဒီအချိန်ကျရင် ကိုယ့်မှာရှိနေပြီးသား resource တွေကို ပြန်စစ်ကြည့်သင့်ပါတယ်။ ဥပမာ marketing team မှာ customer တွေနဲ့ ပတ်သက်တဲ့ story တွေအများကြီးရှိပါတယ်။ ဒါတွေကို collect လုပ်ပြီး content အဖြစ် ပုံစံပြောင်းလို့ရပါတယ်။ နောက်ပြီးတော့ ပြဿနာတစ်ခုတည်းကိုပဲ ချဉ်းကပ်နည်းပေါင်းစုံနဲ့ ဖြေရှင်းသလိုမျိုးပဲ content ပုံစံမျိုးစုံနဲ့ ဖော်ပြလို့ရပါတယ်။
၇။ Buyer’s journey ကို ထပ်ဟပ်မှုရှိပါစေ
Marketing မှာ အဆင့် (၃) ဆင့်ရှိတဲ့ Buyer’s Journey ဆိုတာ ရှိပါတယ်။ ပထမအဆင့် awareness stage မှာ buyer တွေက သူတို့မှာရှိနေတဲ့ အခက်အခဲတွေမှာ သိမြင်လာမယ်။ ဒုတိယအဆင့် Consideration stage မှာ buyer တွေက သူတို့ရဲ့အခက်အခဲတွေကို ပြေလည်စေမယ့် ဖြေရှင်းနည်းတွေကို စဉ်းစားရှာဖွေမယ်။ တတိယအဆင့် decision stage မှာ သူတို့ကို ဖြေရှင်းနည်းပေးနိုင်တဲ့ ထုတ်ကုန်ပစ္စည်းကို ရွေးချယ်ဝယ်ယူမယ်။ ကိုယ်ရေးတဲ့ content တွေက မိမိရဲ့ target audience ရဲ့ buyer’s journey နဲ့ ကိုက်ညီမှုရှိဖို့ လိုအပ်ပါတယ်။
၈။ Consistent ဖြစ်ပါစေ
Content Calendar ဆွဲရခြင်းရဲ့ ရည်ရွယ်ချက်ထဲမှာကိုက Consistent ဖြစ်စေဖို့ဆိုတာက အဓိကအချက်အဖြစ် ပါဝင်နေပါတယ်။ တစ်ပတ်မှာ Content (၃) ခုတင်မလား။ နေ့တိုင်းတင်မလား။ ဘယ်လို rhythm မျိုးကိုပဲရွေးရွေး consistent ဖြစ်နေဖို့က အရေးကြီးပါတယ်။ ဒါက အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုတော့ တူညီမှာမဟုတ်ပါဘူး။ တစ်ပတ် ဘယ်နှပို့စ်တင်မလဲဆိုတဲ့ ဆုံးဖြတ်ချက်က Content Calendar format ချရာမှာ အခြေခံအကျဆုံးဖြစ်လို့ အထက်လူကြီး ဒါမှမဟုတ် Client နဲ့ မစခင် ကြိုတင်တိုင်ပင်ထားဖို့ လိုပါတယ်။
၉။ Content Calendar စဆွဲပါ
Content Calendar ဆွဲဖို့ ဘာတွေလိုလဲသိပြီဆိုတော့ လက်တွေ့အကောင်အထည်ဖော်ဖို့ပဲ ကျန်ပါတော့တယ်။ Brand နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ Customer story တွေ၊ How to တွေ၊ Entertain ဖြစ်စေမယ့် Branding content လေးတွေ စသဖြင့် စသဖြင့် Content Calendar ထဲမှာ ထည့်ပေးပါ။ ဘာအကြောင်းအရာပဲထည့်ထည့် Buyer’s journey နဲ့ ထင်ဟပ်မှုရှိစေဖို့ကိုတော့ မမေ့ပါနဲ့။
၁၀။ လိုက်လျောညီထွေရှိပါစေ
Content Calendar ဆွဲရတဲ့ ရည်ရွယ်ချက်က Content တွေကို စနစ်တကျရှိစေဖို့ ပြုလုပ်ထားတာပါ။ ဒါကိုပဲ တရားသေမှတ်ပြီး အပြောင်းအလဲမလုပ်ရဘူးလို့ မဆိုလိုပါဘူး။ တစ်ခါတလေမှာ ဈေးကွက်ထဲမှာ၊ လူမှုကွန်ယက်တွေပေါ်မှာ Trending ဖြစ်နေတဲ့ အကြောင်းအရာတွေ၊ စကားလုံးတွေပေါ်လာခဲ့ရင် မိမိရဲ့ Brand Image နဲ့ ကိုက်ညီမှုရှိမယ်ဆိုရင် hot ဖြစ်နေတုံးမှာ Content ဖန်တီးခြင်းက မမှားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ မိမိရဲ့ Content Calendar ကို အပြောင်းအလဲလုပ်ဖို့လိုရင် လိုက်လျောညီထွေဖြစ်စွာနဲ့ ပြောင်းလဲပေးနိုင်ရပါမယ်။
Source; Leo the storyteller
Myanmar Advertising Directory