10/03/2019
ကားဟောင်းလား ကားသစ်လား လေဒီကြိုက်တာပြော 🚘🚖🚙
ကားသစ် ကားဟောင်း တိုက်ပွဲဖြစ်နေလို့ ကိုယ့်အမြင်လေး နည်းနည်းပွားမယ်
တစ်ချိန်မှာ ကားသစ်ဆီကို သွားရမယ်ဆိုတာ လက်ခံပါတယ်။
ဒါပေမယ့် ကိုယ့်ပြည်သူအခြေအနေက အ၀တ်အစားတောင် လေဘေးဝတ်နေရသေးတဲ့ အခြေအနေပါ။ တိုင်းပြည် အခြေအနေကို နားလည်ဖို့လိုပါတယ်။
ဒီလိုအချိန်မှာ Brand New ချက်ချင်းပြောင်းဖို့ စောနေသေးတယ်လို့မြင်ပါတယ်။
နောက် Public Transpotation ဆိုတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေအောင် အစိုးရက ဘာမှလုပ်မပေးနိုင်သေးဘူး ရထားတောင်ခုထိဘာမှမပြောင်းလဲ
ဒါကြောင့် ပြည်သူတွေအဆင်ပြေရေး ကားဟောင်း မော်ဒယ်မြင့်တွေ ပေးသွင့်းသင့်ပါသေးတယ် ၂၀၁၄ နောက်ပိုင်းလောက်ပေါ့
ဘယ်ကိုင်းပဲသွင်းရမယ်လို့ ပြောင်းတာဟာ ဂျပန် used ကားတွေဝင်မလာအောင် skd brand new သမားလက်တဆုပ်စာအတွက် သက်သက်လုပ်ပေးလိုက်တာလို့ မြင်ပါတယ်။
အဲ့အတွက် တိုင်းပြည်အတွက် အခွန်တွေနစ်နာသွားသလို ကားဈေးကွက်ပျက်ပြီး ဒီအပေါ်မှီခိုနေရတဲ့ ပြည်သူတွေ ဒုက္ခရောက်သွားတာကလွဲလို ဘာမှအကျိုးသိပ်မရှိဘူးလို့မြင်တယ်။
Skd brand new တွေကို တဖက်သက် အခွင့်အရေးပေးထားတာတောင် လက်ရှိအခြေအနေမှာ ကားဟောင်းတွေက တပမ်းသာနေသေးတယ်လို့မြင်တယ်။
တန်းတူ အခွင့်အရေးပေးလိုက်ရင်တော့ လက်ရှိအခြေအနေမှာ ဂျပန် used ကားကိုပဲ စီးကြအုံးမှာပဲ
ဘာလို့လဲဆိုတော့ လက်ရှိအချိန်မှာ ဂျပန် used ကားရဲ့ ဈေးနှုန်းရော အရည်အသွေးပါ skd brand new ကားတွေ မယှဉ်နိုင်သေးပါဘူး
ဥပမာ လက်ရှိအခြေအနေမှာ Suzuki brand new ကား သိန်း ၂၇၀ လောက်ပေးစီးမလား
ဂျပန် used ကား GK3 2014 စီးမလား
Nissan ကား ၂၀၁၉ မော်ဒယ် သိန်း ၃၂၀ လောက်ပေးစီးမလား
Crown 2004 / Wish 2010 စီးမလား
ဒါတောင် ညာမောင်းတွေ ပိတ်လိုက်လို့ ဂျပန် Used ကားတွေ ဈေး၂ ဆလောက် တက်သွားလို့နော်။ အရင်ဈေးအတိုင်းဆို ပီးပီ
ပြန်သာဖွင့်ပေးကြည့်လိုက်ပါလား . .
ပုံထဲက Crown 2013 ရန်ကုန်အရောက်မှ သိန်း၂၅၀ မကျတဲ့ကားကို ကျုပ်တို့ပြည်သူတွေက သိန်း ၁၃၀၀ ကျော်ပေးစီးနေရတယ် ဘယ်လောက်ရက်စက်လိုက်သလဲ
ဖြစ်သင့်သလား
Brand news ကားက တစ်လစီးပြီးပြန်ရောင်း သေချာပေါက် သိန်း ၅၀ လောက်တော့ရှုံးမယ်။ ကားဟောင်းက အ၀ယ်ကောင်းရင် မြတ်နိုင်သေးတယ်။
Brand new ကားစီးရင် ရှုံးမယ်ဆိုတာ ထုံးစံပါပဲ။ ပါကင်ဖွင့်ခကတော့ ရှုံးမှာပေါ့။ နောက်တစ်ချိန်လည်း အဲ့လိုဖြစ်မှာပါပဲ။
အဓိက က ကိုယ်ကခဏစီး ပြန်ရောင်း အရှုံးခံနိုင်တဲ့ အခြေအနေလားတွက်ပါ။
ကိုယ့်အခြေအနေနဲ့တွက်စီးပါ
အဟောင်းဈေးကွက်ကလည်း သူ့ဟာနဲ့သူရှိနေအုံးမှာပါပဲ။
ဒါက လက်ရှိတိုင်းပြည်အခြေအနေ ပြည်သူတွေအခြေအနေပေါ်မူတည်ပြီး ကျနော်ရဲ့ အမြင်ကိုပြောတာပါ။
တစ်ချိန်မှာတော့ Brand new ဆီကိုသွားရမှာပါပဲ။ အဲ့တစ်ချိန်ဆိုတာကတော့ ဘယ်အချိန်လဲတော့ မသိသေးပါဘူး။
ကဲ ခင်ဗျားသာဆို လက်ရှိအခြေအနေမှာ ဘာကားစီးမလဲ . . . ဘာကြောင့်လဲ
ကားအဟောင်းရော အသစ်ရော လုပ်နေသူအများစုကျော်ကြီး မိတ်ဆွေ ညီအစ်ကိုတွေချည်းပါပဲ
ပြည်သူ့မျက်နှာပဲကြည့် ကိုယ့်အမြင်ကိုယ်ရေးတာပါ
အသစ်လည်းမလုပ် အဟောင်းလည်းမလုပ်တဲ့ . ..
- ကျော်ကြီး(MDY)
ကိုကျော်နိုင်ဝင်း ထံမှ ဓာတ်ပုံနှင့်စာများ ကူးယူဖော်ပြသည် ❤️