08/09/2019
ချမ်းသာဖို့ အတွက် ပိုက်ဆံသုံးပါ
ချမ်းသာဖို့အတွက်ပိုက်ဆံသုံးပါ
နည်းနည်းထူးဆန်းသွားလား သူငယ်ချင်း?? ငါတို့က ချမ်းသာဖို့ ပိုက်ဆံစု ပါပဲ သိခဲ့တာလေ......
သူဌေးဆိုတဲ့ လူတန်းစားတွေကို ကြည့်လိုက်စမ်းပါ သူငယ်ချင်း......
သူတို့ဘဝတွေဟာ
ချမ်းသာပြီးရင်းချမ်းသာနေကြတယ်......
ငါတို့ သာမာန်အလုပ်သမားဘဝတွေကို ကြည့်လိုက်စမ်းပါသူငယ်ချင်း....
ငါတို့တွေဟာ ဆင်းရဲပြီးရင်းဆင်းရဲနေကြတယ်.....
ဘာဖြစ်လို့လဲ.......
ငါတို့လို သာမာန်အလုပ်သမားတွေရဲ့ ဝင်ငွေဟာ ငါတို့ရဲ့ အသုံးစရိတ်ဖြစ်သွားတယ်
ဒါပေမဲ့ သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့ရဲ့ ဝင်ငွေပြန်ဖြစ်သွားလို့ပဲ သူငယ်ချင်း....
Workers spend what they get, Rich men get what they spend... တဲ့
အလုပ်သမား= ဝင်ငွေ to အသုံးစရိတ်
သူဌေး = အသုံးစရိတ် to ဝင်ငွေ
ဒါဆို သူဌေးတွေ ဘယ်လို ဘယ်လို ပိုက်ဆံသုံးတာလဲ?
သူဌေးတွေဟာ investment spending လို့ခေါ်တဲ့ ရင်နှီးမြှုပ်နှံဖို့ အတွက် ပိုက်ဆံ သုံးကြတယ်.....
သူတို့ ရဲ့ ပိုက်ဆံတွေကို စီးပွားရေးတိုးတက်ဖို့ ...လုပ်ငန်းတွေချဲ့ထွင်ဖို့ ပညာသစ်တွေရဖို့ အတွက်သုံးကြတယ်.....
ဒီတော့ သူတို့သုံးသမျှက သူတို့အတွက် ဝင်ငွေပြန်ဖြစ်လာတယ်
များများသုံးလေ များများဝင်ငွေရလေပေါ့.....
ဒီလိုနဲ့ သူတို့ဟာ ချမ်းသာပြီးရင်းချမ်းသာတော့တာပဲ.....
သာမာန်အလုပ်သမားတွေ ဘယ်လို ပိုက်ဆံသုံးကြလဲ?
ရသမျှကို သုံးဖို့ပဲစဉ်းစားကြတယ်.....
လစာလေးရပြီဆိုပါစို့....အဝတ်အစားလေးပြေးဝယ်.... ဆိုင်ကောင်းလေးပြေးထိုင်
အရက်လေးသောက်.... ဖုန်းအသစ်လေးကိုင်.....
သာမာန်အလုပ်သမားတွေဟာ
ဝင်ငွေကို ဘယ်လိုသုံးမလဲပဲ စဉ်းစားတယ်
အသုံးစရိတ်ကနေ ဘယ်လိုဝင်ငွေ ရအောင်လုပ်မလဲ မစဉ်းစားကြဘူး.....
ဒီလိုနဲ့ ဆင်းရဲပြီးရင်းဆင်းရဲ လာတာပေါ့......
သူဌေးတွေဟာ ပိုက်ဆံရှာဖို့ သုံးတယ်
အလုပ်သမားတွေဟာ ပိုက်ဆံသုံးဖို့ရှာတယ်..
သူဌေးတွေရဲ့ အသုံးစရိတ်ဟာ သူတို့အတွက် ဝင်ငွေပြန်ဖြစ်တယ်..... (များများသုံး.. များများချမ်းသာ)
အလုပ်သမားတွေရဲ့ ဝင်ငွေဟာတော့ သူတို့အတွက် အသုံးစရိတ်ပဲဖြစ်သွားတယ်.... (များများသုံး .. များများဆင်းရဲ)
ဒီမှာ သူငယ်ချင်း....
မင်းရဲ ပိုက်ဆံကို ဆင်းရဲဖို့အတွက် သုံးမလား?
ချမ်းသာဖို့အတွက် သုံးမလား?
ဆင်းရဲဖို့သုံးမယ်ဆိုရင်တော့.... မင်းလိုချင်တာတွေလျှောက်ဝယ်ပေါ့.....
ချမ်းသာဖို့ သုံးမယ်ဆိုရင်တော့ ...
ရင်နှီးမြှုပ်နှံပေါ့ကွာ.......
Read-ချမ်းသာ ကြွယ်ဝနေသူတွေမှာ ဝင်ငွေရလမ်းကြောင်း ဘယ်နှစ်ခုရှိနေလဲ???
Credit to ; Nay Min Kha