Mega 39 Development Co., Ltd

Mega 39 Development Co., Ltd Media and Advertising
Event Management
Printing Service (Paper, Sticker & Vinyl)
Label Sticker
Merchandising Service
OOH
Bus Ad', Taxi Ad'

ဝါဆိုလပြည့်နေ့🌕🌕ဝါဆိုလပြည့် ဓမ္မစကြာနေ့  အခါသမယတွင် တရားဘာဝနာပွားများရင် ကုသိုလ်ယူနိုင်ကြပါစေ 🙏ကပ်ရောဂါဘေးများမှကင်းဝေးခ...
01/08/2023

ဝါဆိုလပြည့်နေ့🌕

🌕ဝါဆိုလပြည့် ဓမ္မစကြာနေ့ အခါသမယတွင် တရားဘာဝနာပွားများရင် ကုသိုလ်ယူနိုင်ကြပါစေ
🙏ကပ်ရောဂါဘေးများမှကင်းဝေးခြင်း
🙏ကိုယ်စိတ်နှစ်ဖြာချမ်းမြေ့ခြင်းများဖြင့် ပြည့်စုံချမ်းသာကြပါစေကြောင်း

🤩Mega Thirty Nine Development Co., Ltd. မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစင်္ကြာအခါတော်နေ့




(၇၆) နှစ်မြောက် အာဇာနည်နေ့၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိ...
19/07/2023

(၇၆) နှစ်မြောက် အာဇာနည်နေ့
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန်အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို #အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိပါသည်။
#အာဇာနည်နေ့တို့မမေ့
အာဇာနည် ခေါင်းဆောင်ကြီးများ​၏ အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများကိုလည်း ပြန်လည်မှတ်တမ်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်။


#အာဇာနည်နေ့



🙏🙏🙏ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်း 🙏🙏🙏               ----------------------------ဖွား ၊ ပွင့် ၊ ဟော ၊ စံ ၊ဗျာဒိတ်ခံ ကဆုန်လပ...
03/05/2023

🙏🙏🙏ကဆုန်လပြည့်ဗုဒ္ဓနေ့ အကြောင်း 🙏🙏🙏
----------------------------

ဖွား ၊ ပွင့် ၊ ဟော ၊ စံ ၊
ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

( ၁ ) ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေကမ္ဘာတစ်သိန်း
အစ ကဆုန်လပြည့်နေ့။

(၂ ) ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် ( ၆၈ )ခု၊ ကဆုန်
လပြည့် (သောကြာနေ့)။ ( ဘီစီ ၆၂၃ )

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် ( ၁၀၃ )ခု၊ ကဆုန်
လပြည့် (ဗုဒ္ဓဟူးနေ့)။ ( ဘီစီ ၅၈၈ )

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် ( ၁၄၈ )ခု၊ ကဆုန်
လပြည့် ( အင်္ဂါနေ့ )။ ( ဘီစီ ၅၄၃ )

--------------------------------------------------

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင် တို့၏
နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ

( ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း )
ဆိုသည်နှင့်အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုင်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်ပြည့်စုံသောကြောင့်၊ ဤ ကဆုန်လ​​ပြည့်နေ့ကို ကဆုန်လ​ပြည့် ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော
နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကို
ရေစင်သွန်းလောင်းလေ့ရှိကြပါသည်။

ဗောဓိပင်သည် သဗ္ဗညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော်
၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြား
သော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။

ဤကဲ့သို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေစင်သွန်းလောင်းခြင်းအစဉ်လာကို
ခေတ် အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော်များအနက်၊
ကဆုန်လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

အသနဗောဓိယမထေရ်၏ အလောင်းသည်
တိဿဘုရားရှင်၏ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊စကြာမင်းဖြစ်
ရခြင်း၊အပါယ်ဘေးမှ လွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

ဂန္ဓောဒကတိ ဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်သွန်းလောင်းသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်းစသောအကျိုးများကို ခံစားရပါသည်။

အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွားဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓ
အဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်
အထူးကို ဆည်းပူးလေ့ရှိကြပါသည်။

ကျောင်းကန် ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာ
အမှုများကို ပြုလုပ်၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ကိုအမှတ်တရဆင်နွှဲကြပါသည်။
🙏🙏🙏🙏🙏
Credit



#ကဆုန်လပြည့်နေ့

🔧⚙️ "𝐌𝐚𝐲 𝐃𝐚𝐲 " 🔧⚙️၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်၊ တနင်္လာနေ့တွင် ကျရောက်သောအပြည်ပြည်ဆိုင်ရာကမ္ဘာ့ အလုပ်သမားများနေ့ကို လှိုက်လှဲ...
01/05/2023

🔧⚙️ "𝐌𝐚𝐲 𝐃𝐚𝐲 " 🔧⚙️

၂၀၂၃ ခုနှစ်၊ မေလ (၁)ရက်၊ တနင်္လာနေ့တွင် ကျရောက်သော

အပြည်ပြည်ဆိုင်ရာကမ္ဘာ့ အလုပ်သမားများနေ့ကို

လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုပါသည်။



#အလုပ်သမားနေ့

🙏🙏🙏 နှစ်သစ်ဆုတောင်း 🙏🙏🙏* နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်* ထွန်းတောက်မင်္ဂလာရှိပါစေ* နှစ်သစ်မင်္ဂလာ ဒီချိန်ခါ* စိတ်မှာည...
16/04/2023

🙏🙏🙏 နှစ်သစ်ဆုတောင်း 🙏🙏🙏

* နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက်

* ထွန်းတောက်မင်္ဂလာရှိပါစေ

* နှစ်သစ်မင်္ဂလာ ဒီချိန်ခါ

* စိတ်မှာညစ်မဲ ကင်းပါစေ

* နှစ်သစ်မင်္ဂလာ များသတ္တာ

* ချမ်းသာကိုယ်စိတ် မြဲပါစေ

* တစ်နှစ်ပတ်လုံး စိတ်ဖြူဖုံး

* ရွှင်ပြုံးကြည်သာ ရှိပါစေ

* ကုသိုလ်ကျန်းမာ ပညာစီးပွား

* ဒီရေလား တိုးပွားကြပါစေ။

#ချမ်းမြေ့ဆရာတော်

#နှစ်သစ်ကူးလေးမှာကမ္ဘာသူကမ္ဘာသား အားလုံးကျန်းမားချမ်းသာပြီး လုပ်ငန်းကိစ္စအဝဝအားလုံးအဆင်ပြေကြပါစေ။


💦💦💦မြန်မာ့နှစ်သစ်ကူး အခါသမယမှာ နှစ်ကူးအတာရေနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း Mega Thirty Nine Developm...
10/04/2023

💦💦💦မြန်မာ့နှစ်သစ်ကူး အခါသမယမှာ နှစ်ကူးအတာရေနှင့်အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း Mega Thirty Nine Development Co.,Ltd မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။💦💦💦



🌾🌾👩‍🌾တောင်သူလယ်သမားနေ့🌾🌾👩‍🌾မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့အား Mega Thirty Nine မိသားစုမှကြိုဆိုဂုဏ်ပြုလိုက...
02/03/2023

🌾🌾👩‍🌾တောင်သူလယ်သမားနေ့🌾🌾👩‍🌾

မတ်လ(၂)ရက်နေ့တွင်ကျရောက်သော တောင်သူလယ်သမားနေ့အား Mega Thirty Nine မိသားစုမှကြိုဆိုဂုဏ်ပြုလိုက်ပါတယ်👏👏👏

✨တောင်သူဦးကြီးများစိုက်ပျိုးတိုင်းအောင်မြင်အထွက်တိုးပြီး ကြီးပွား ချမ်းသာ ကျန်းမာကြပါစေ✨


"(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့"🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲⏩ ၂၀၂၃ခုနှစ်  ဖေဖေါ်ဝါရီလ(၁၂)ရက် (တနင်္ဂနွေနေ့) တွင် ကျရောက်သည့် (၇၆)ကြိမ်...
11/02/2023

"(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့"

🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

⏩ ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက် (တနင်္ဂနွေနေ့) တွင် ကျရောက်သည့် (၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။

#ပြည်ထောင်စုနေ့

🐰Gong Xi Fa Cai🐰🐇Happy Chinese New Year 2023 🐇"ပျော်ရွှင်ကြည်နူးစရာ တရုတ်နှစ်သစ်ကူးမင်္ဂလာ”လေး ဖြစ်ပါစေ။
21/01/2023

🐰Gong Xi Fa Cai🐰
🐇Happy Chinese New Year 2023 🐇

"ပျော်ရွှင်ကြည်နူးစရာ တရုတ်နှစ်သစ်ကူးမင်္ဂလာ”
လေး ဖြစ်ပါစေ။



21/01/2023

🐰🎊🎊🎊Gong Xi Fa Cai 🎊🎊🎊🐰

🐇Happy Chinese New Year 2023 🐇

"ပျော်ရွှင်ကြည်နူးစရာ တရုတ်နှစ်သစ်ကူးမင်္ဂလာ”

မင်္ဂလာရှိတဲ့ နှစ်သစ်ကူးအချိန်အခါလေးမှာ မိတ်ဟောင်းမိတ်သစ်များအားလုံး
ကံကောင်းခြင်း၊ပျော်ရွှင်ခြင်းများ ကိုယ်စီလွှမ်းခြုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်။🙏🥰

ယနေ့ရောက်ရှိတဲ့ Chinese New Yearမှစပြီး
တစ်နှစ်ပတ်လုံး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး များ တိုးတက်အောင်မြင်ကောင်းမွန်ကြပြီး ချမ်းသာကြွယ်ဝခြင်းများ ပြည့်စုံကုံလုံတိုးပွါးကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း တောင်းအပ်ပါ
တယ်။🙏🙇‍♀️🥰



လျှောက်ထားလိုပါက --အမှတ် ၃၊ဖောင်တော်ဦးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် သို့ လူကိုယ်တိုင်လာရောက်လျှောက်ထားပါသည်။ mega39h...
13/01/2023

လျှောက်ထားလိုပါက --
အမှတ် ၃၊ဖောင်တော်ဦးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန် သို့ လူကိုယ်တိုင်လာရောက်လျှောက်ထားပါသည်။
[email protected]
သို့ CV Form များပေးပို့လျှောက်ထားနိုင်ပါသည်
အသေးစိတ်အားဆက်သွယ်မေးမြန်းလိုပါက
HR-09 777002094
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

💞💞🎉🎊MD မွေးနေ့မှာ ပျော်ပျော်ပါးပါး hot pot စား အမှတ်တရပုံရိပ်များ 🎊🎉💞💞🥘🍜🍢🍤🦑🦐စီးပွားလာဘ်လာဘတွေ တိုးတက်မြင့်မားလာပါစေ။အေးခ...
06/01/2023

💞💞🎉🎊MD မွေးနေ့မှာ ပျော်ပျော်ပါးပါး hot pot စား အမှတ်တရပုံရိပ်များ 🎊🎉💞💞🥘🍜🍢🍤🦑🦐

စီးပွားလာဘ်လာဘတွေ တိုးတက်မြင့်မားလာပါစေ။
အေးချမ်းသာယာပျော်ရွှင်တဲ့ မိသားစုလေးကိုလည်းပိုင်ဆိုင်ရပါစေ လို့ဆုမွန်ကောင်းတောင်းအပ်ပါသည်။
နောက်နှစ်တွေမှာလဲ ဒီ့ထက်မက ကျွေးနိုင်ပါစေ ။




Address

No (3) , Phaung Taw Oo Pagoda Street, Middle Shwe Gone Taing Quater, Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959777001005

Alerts

Be the first to know and let us send you an email when Mega 39 Development Co., Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mega 39 Development Co., Ltd:

Share

Category