14/05/2026
လုပ်ငန်းတစ်ခုက စျေးကွက်ထဲကို စတင်ဝင်ရောက်တော့မယ်ဆိုရင် "ဘယ် Market Position ကို ယူမလဲ"၊ "ကိုယ့်ကိုယ်ကိုယ် ဘယ်လို Position သတ်မှတ်မလဲ" ဆိုတာက အရမ်းကို အရေးကြီးပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Al Ries နဲ့ Jack Trout တို့ရဲ့ Positioning ဆိုတဲ့ စာအုပ်ထဲမှာ အသေအချာ ပြောပြထားပါတယ်။ Positioning သီအိုရီအရ စျေးကွက်ထဲမှာ နေရာစုံ လိုက်လုနေမယ့်အစား Customer စိတ်ထဲမှာ "စကားလုံးတစ်လုံး" ဒါမှမဟုတ် "နေရာတစ်ခု" ကိုပဲ အပိုင်စား ယူထားနိုင်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းကို အသေးစိတ်ပြောပြပေးထားပါတယ်။
ဥပမာအားဖြင့် ကမ္ဘာကျော် Brand တွေကို ကြည့်မယ်ဆိုရင် -
Apple လို့ ပြောလိုက်ရင် လူတွေ စိတ်ထဲမှာ "Innovation" ဒါမှမဟုတ် "Simplicity" လို့ ချက်ချင်း ပေါ်လာတယ်။
Nike လို့ ပြောလိုက်ရင် "Inspiration" ဒါမှမဟုတ် "Performance" လို့ တန်းပြီး မြင်ယောင်ကြတယ်။
သင့် Brand ကရော Customer စိတ်ထဲမှာ ဘယ်လိုနေရာမျိုး ယူထားပြီးပြီလဲ? 👇
➡ Own a Word (စကားလုံးတစ်လုံးကို ပိုင်ဆိုင်ပါ)
လူတွေဟာ သတင်းအချက်အလက်တွေ ကြားထဲမှာ ရှုပ်ထွေးနေတတ်ပါတယ်။ သင့် Brand ကို "ခေတ်အမီဆုံး" လား၊ "အယုံကြည်ရဆုံး" လား၊ ဒါမှမဟုတ် "အလွယ်ကူဆုံး" လားဆိုတာ တစ်ခုခုကို ပြတ်ပြတ်သားသား သိနေပါစေ။
➡ Be the First or Be Different (ပထမဆုံးဖြစ်ပါ သို့မဟုတ် တခြားသူတွေနဲ့ကွဲပြားပါ)
Customer ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ "လှေကားထစ်" မှာ ပထမဆုံးလူ ဖြစ်နေဖို့ ကြိုးစားပါ။ ပထမဆုံး မဟုတ်ရင်တောင် တခြားသူတွေနဲ့ မတူတဲ့ Unique ဖြစ်တဲ့ နေရာတစ်ခုကို ဖန်တီးယူရပါမယ်။
➡ Focus over Generalization (အာရုံစိုက်ပါ)
လူတိုင်းအတွက် အရာအားလုံး ဖြစ်ဖို့ ကြိုးစားတာဟာ Positioning ပျောက်ဆုံးခြင်းပါပဲ။ တစ်ခုတည်းသော အားသာချက်ကိုပဲ ထပ်ခါတလဲလဲ ပြောပြီး Customer ရဲ့ စိတ်ထဲမှာ စွဲထင်ကျန်ရစ်အောင် လုပ်ပါ။
စျေးကွက်ထဲမှာ လူတွေကို ဘယ်လို စည်းရုံးရမလဲဆိုတာနဲ့ ကိုယ့် Brand ကို နေရာတစ်ခု အခိုင်အမာ ရစေချင်တယ်ဆိုရင် Al Ries နဲ့ Jack Trout တို့ရဲ့ Positioning စာအုပ်ကို မဖြစ်မနေ လေ့လာကြည့်သင့်ပါတယ်။
"Marketing ဆိုတာ ကိုယ့်လုပ်ငန်းကို Customer ရဲ့ စိတ်ထဲမှာ နေရာတစ်ခုရအောင် ဘယ်လိုယူမလဲဆိုတာ သိမ်းပိုက်မလဲဆိုတာပါ"
သင့် Brand ကို ပြိုင်ဘက်တွေကြားထဲမှာ သိသိသာသာ ကွဲထွက်သွားစေမယ့် Positioning Strategy တွေနဲ့ တည်ဆောက်ချင်တယ်ဆိုရင်တော့... 𝐌𝐞𝐠𝐠𝐚𝐫𝐚𝐭𝐢𝘃𝐞 က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။
𝐈𝐓’𝐒 𝐀𝐋𝐋 𝐀𝐁𝐎𝐔𝐓 𝐑𝐄𝐒𝐔𝐋𝐓
📞 𝐏𝐡𝐨𝐧𝐞 — 𝟎𝟗 𝟒𝟒𝟗 𝟐𝟒𝟐 𝟒𝟕𝟔