Diploma in Computer Arts Dip.CA

Diploma in Computer Arts Dip.CA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Diploma in Computer Arts Dip.CA, Graphic designer, 26 Aung Zeya Road, South Dagon, Yangon.

31/12/2020

၂၀၂၀ ခုနှစ်ကတော့ အရင်နှစ်တွေနဲ့မတူတဲ့
နှစ်တစ်နှစ်ဖြစ်ခဲ့ပြီး အားလုံးအတူတူ Covid-19 ကို အကောင်းဆုံးရင်ဆိုင်ဖြတ်ကျော်ကြရင်း
လာမည့် ၂၀၂၁ ခုနှစ်မှာလည်း ရောဂါဘယ အမြန်ဆုံးကင်းဝေးပြီး ကံကောင်းခြင်းတွေ၊ ကျန်းမာခြင်းတွေ၊ ချမ်းသာခြင်းတွေနဲ့ ပြည့်စုံနိုင်ကြပါစေလို့
နှစ်သစ်ဆုမွန်ကောင်းတောင်းရင်း.... 🙏🙏🙏
အားလုံးပဲပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။


28/11/2020

(၂၉.၁၁.၂၀၂၀) တန်ဆောင်မုန်းလပြည့်နေ့ တန်ဆောင်တိုင်ပွဲတော် အခါသမယတွင် (၇) ရက်သားသမီး အားလုံး ရောဂါဘယ ကင်းဝေးပီး စိတ်၏ ကျန်းမာခြင်း ကိုယ်၏ ချမ်းသာခြင်းများ နှင့် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်
🙏🏻🙏🏻🙏🏻


🏘

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ကတော့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဖြစ်ပါတယ်။မြတ်စွာဘုရားရှင်က မယ်တော်မိနတ်သားကို...
30/10/2020

ယနေ့ အောက်တိုဘာလ ၃၁ ရက်နေ့ကတော့
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)
ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က မယ်တော်မိနတ်သားကို ကျေးဇူးဆပ်သည့်အနေဖြင့် အဘိဓမ္မာတရားဦးဟောကြားပြီး လူ့ပြည်ကို ပြန်လည် ကြွမြန်းလာတဲ့ အချိန်အခါသမယလည်း ဖြစ်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာအရ အန‌န္တောအနန္တငါးပါးနှင့်တကွ အသက်အရွယ်အားဖြင့်ကြီးသူ၊ ဝါအရကြီးမြတ်သူ မိဘဘိုးဘွား၊ ဆရာသမားတွေကို ဂါရဝပြုကန်တော့လေ့ရှိတဲ့ ဒီသီတင်းကျွတ်ကာလမှာ မြန်မာပြည်သူ၊ ပြည်သားအားလုံး ကျန်းမာရွှင်လန်းပါစေကြောင်းနှင့် ယခု ဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးမှ အမြန်ဆုံး ကျော်လွှာနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

🌝🙏

26/10/2020

ယခုလို Stay at Home အချိန်ကာလမှာ အားလုံးလဲ ကျောင်းကြီးကို လွမ်းနေကြတဲ့အတွက် ‌အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းရဲ့ ပုဂံလေ့လာရေးခရီးစဉ် သင်တန်းသား/သူများ သွားရောက်ခဲ့တဲ့ လေ့လာရေးမှတ်တမ်း
(၂.၃.၂၀၂၀ - ၅.၃.၂၀၂၀) ကို ပြန်တင်ပေးလိုက်ပါတယ်။

ကျောင်းသား၊သူများအားလုံးလဲ အခုဖြစ်ပွား‌နေတဲ့ ကပ်ရောဂါဘေးမှ အမြန်ဆုံး ကျော်လွှာနိုင်ပါစေလို့ ဆန္ဒပြုရင်း အရင်ကလိုအားလုံး ပျော်ပျော်ရွှင်ရွှင် ပြန်ဆုံကြရအောင်။

Videography
-----------------
Htoo Myat Aung
Khant Lynn Maung
Yamin Thu Aung

Video Editing & Post
----------------------------
Kaung Hsu Thway

UNESCO World Heritage List
Bagan Ancient City Excursion Trip (Official)
Diploma in Computer Arts (Dip.CA) Students
.CA #2020

အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းကျောင်းအသိပေးကြေညာချက်။
08/09/2020

အနုပညာကွန်ပျူတာဒီပလိုမာသင်တန်းကျောင်း
အသိပေးကြေညာချက်။

၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အနုပညာကွန်ပျူတာဒီပလိုသင်တန်း စက်တင်ဘာလတွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများစာရင်းကြေညာခြင်း
18/08/2020

၂၀၂၀- ၂၀၂၁ ပညာသင်နှစ်
အနုပညာကွန်ပျူတာဒီပလိုသင်တန်း စက်တင်ဘာလတွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများစာရင်းကြေညာခြင်း

၂၀၂၀- ၂၀၂၁ ပညာသင်နှစ် အနုပညာကွန်ပျူတာဒီပလိုသင်တန်း ဩဂုတ်လတွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများစာရင်းကြေညာခြင်း
18/08/2020

၂၀၂၀- ၂၀၂၁ ပညာသင်နှစ်
အနုပညာကွန်ပျူတာဒီပလိုသင်တန်း ဩဂုတ်လတွင် တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများစာရင်းကြေညာခြင်း

 #အမှိုက်နဲ့ဘဝ ဓါတ်ပုံပြိုင်ပွဲClean Yangon နှင့် Enervon-C တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပါတယ်။ #ရည်ရွယ်ချက် ၁. စွန့်ပစ...
11/08/2020

#အမှိုက်နဲ့ဘဝ ဓါတ်ပုံပြိုင်ပွဲ

Clean Yangon နှင့် Enervon-C တို့ ပူးပေါင်းပြုလုပ်ခြင်းဖြစ်ပါတယ်။

#ရည်ရွယ်ချက်
၁. စွန့်ပစ်အမှိုက်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများအား သတိပြုဆင်ခြင်နိုင်စေရန်
၂. စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ လျော့နည်းပပျောက်စေရန်
၃. နိုင်ငံတဝှမ်းသန့်ရှင်းသာယာလှပလာစေရန်
၄. လူသားတိုင်း ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ကြစေရန်

#ဆုကြေးငွေ
ပထမဆု - (၇) သိန်းကျပ်
ဒုတိယဆု - (၅) သိန်းကျပ်
တတိယဆု - (၃) သိန်းကျပ်
လူကြိုက်အများဆုံးဆု - (၁) သိန်းကျပ် + Enervon-C (၃) လစာ
နှစ်သိမ့်ဆု (၁၀) ဆု - (၅) သောင်းကျပ် + Enervon-C (၃) လစာ

#ပြိုင်ပွဲအစီအစဉ်
ဓါတ်ပုံဆိုဒ် - 12x18 လက်မ
လက်ခံမည့်အရေအတွက် - ပြိုင်ပွဲဝင်တစ်ဦးလျှင် (၃) ပုံအများဆုံး
ဓါတ်ပုံများလက်ခံမည့်ကာလ - သြဂုတ်လ (၁) ရက်မှ သြဂုတ်လ (၂၀) ရက်နေ့ထိ
ဆုရွေးချယ်ကြေငြာမည့်နေ့ - ပြန်လည်ကြေငြာပေးမည်။
ဓါတ်ပုံပညာရှင်များမှ အကဲဖြတ်ဆုရွေးချယ်သွားမှာ ဖြစ်ပါတယ်။

#ပြိုင်ပွဲစည်းကမ်းချက်များ

- ပြိုင်ပွဲဝင်တဦးလျှင် ပြိုင်ပွဲဝင်ဓာတ်ပုံ 12"x18" အရွယ်(၃)ပုံ ပေးပို့ ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲဝင်ပုံများပေးပို့ရာတွင် မူရင်းဖိုင်ဖြစ်သော Raw, Tiff , Jpeg ပုံများအား မိမိအမည်ဖြင့် Folder တည်ဆောက်၍ CD ဖြင့်ပါ ပြိုင်ပွဲလက္ခံမည့် နောက်ဆုံးရက်မတိုင်မီ ပေးပို့ရမည်ဖြစ်သည်။

- မည်သည့်ကင်မရာ အမျိုးအစားဖြင့်မဆို ဝင်ပြိုင်ခွင့်ရှိသော်လည်း ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထားသော ပုံများ မဖြစ်ရပါ။ ဝင်ပြိုင်မည့်ပုံများသည် ၂၀၂၀ ခုနှစ်အတွင်းရိုက်ကူးထားသော ပုံများသာဖြစ်ရမည်။

- ပြည်တွင်း/ပြည်ပ ပြိုင်ပွဲများတွင် ဆုရဖူးသောပုံများနှင့် စီးပွားရေးကြော်ငြာများ၊ ပုံနှိပ်ထုတ်ဝေမီဒီယာများ နှင့် Web Page များတွင် အသုံးပြုပြီးသော ပုံများမဖြစ်ရပါ။

- ပြိုင်ပွဲဓာတ်ပုံများအား ၂၀၂၀၊ သြဂုတ်လ (၂၀) ရက်နောက်ဆုံးထား၍ မည့်သည့်နည်းလမ်းဖြင့်မဆို အရောက် ပေးပို့ရမည်ဖြစ်သည်။ (ပေးပို့ရမည့်လိပ်စာအား ဖော်ပြပေးထားမည်။)

- ပြိုင်ပွဲဝင်ဓာတ်ပုံများအား အကဲဖြတ်ဒိုင်သူကြီးများမှ စီစစ်၍ ပထမ(၁)ဆု ၊ ဒုတိယ(၁) ၊ တတိယ (၁) ၊ နှစ်သိမ့်ဆု (၁၀) ဆုအပြင် ၊ People Choice award (၁)ဆု အား ပေးအပ်သွားမည်ဖြစ်သည်။

- People Choice Award ရွေးချယ်ရာတွင် Clean Yangon ၏ Official Page မှ တင်သည့် စကာတင်ပုံများထဲမှ Love Reaction အများဆုံးအား ရွေးချယ်သွားမည်ဖြစ်သည်။

- ပြိုင်ပွဲဝင်ဓာတ်ပုံများအား မိမိ၏မူပိုင်ဓာတ်ပုံဖြစ်ကြောင်း ပြိုင်ပွဲဝင်ဘက်မှ တာဝန်ယူရမည်ဖြစ်သည်။

- ပြိုင်ပွဲကာလအတွင်း တစ်စုံတရာ အငြင်းပွားမှုပေါ်ပေါက်ပါက Clean Yangon ၏ အဆုံးအဖြတ်သာ အတည် ဖြစ်ပါမည်။

- ပြိုင်ပွဲတွင်ဆုရရှိသော ဓာတ်ပုံများအား တခြားသောစီးပွားရေးလုပ်ငန်းများ၊ ပြိုင်ပွဲများတွင်အသုံးပြုခြင်းမပြုရ။

- ပြိုင်ပွဲဆုရရှိသော ဓါတ်ပုံများအား Clean Yangon ၏ အသိပညာပေးအစီအစဉ်များတွင် အသုံးပြုရန် ပြိုင်ပွဲဝင်သူမှ ခွင့်ပြုပြီး ဖြစ်ရမည်။

- တခြားသောပြိုင်ပွဲများတွင် ဝင်ပြိုင်ထားဖူးသော ပြိုင်ပွဲဝင်ပုံများအား လက္ခံမည်မဟုတ်ပါ။

ပေးပို့ရမည့်လိပ်စာ
Soccer House Cafe
ဝေဇယန္တာလမ်းမ၊ သုဝဏ္ဏဘောလုံးကွင်းအရှေ့၊ National Football Academy ဘေး


၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ခုနစ်ရက်သားသမီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ...
03/08/2020

၁၃၈၂ခုနှစ်၊ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
ခုနစ်ရက်သားသမီးများ အားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ...

(၂၀၁၉-၂၀၂၀)ပညာသင်နှစ် CA-7/CA-8 ဖြေဆိုအောင်မြင်‌သူများစာရင်း။Grade 1 = NormalGrade 2 = GoodGrade 3 = BestGrade 4 = Excel...
02/08/2020

(၂၀၁၉-၂၀၂၀)ပညာသင်နှစ်
CA-7/CA-8 ဖြေဆိုအောင်မြင်‌သူများစာရင်း။

Grade 1 = Normal
Grade 2 = Good
Grade 3 = Best
Grade 4 = Excellent
Grade 5 = Outstanding

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့  ၂၀၂၀ ဗီဒီယိုပြိုင်ပွဲ
24/07/2020

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ၂၀၂၀ ဗီဒီယိုပြိုင်ပွဲ

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ၂၀၂၀ ဗီဒီယိုပြိုင်ပွဲ 🎦 🏆

သင်ဟာအသက် ၁၅ နှစ်နှင့် ၃၅ နှစ်ကြား လူငယ်တစ်ယောက်လား❓

သင်ဟာ လူမှုအကျိုးပြု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူဖြစ်ပါသလား❓

🌐 ဒီနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဆောင်ပုဒ်ကတော့ "လူငယ်ထု၏ပေါင်းစည်းအား ကမ္ဘာ့ဘေးများတိုက်ဖျက်သွား"ဖြစ်ပါတယ်။

လူငယ်တစ်ယောက်အနေနဲ့ ကိုယ့်ရပ်ရွာနဲ့ လူထုအကျိုးပြုလုပ်ဆောင်ချက်တွေ၊ လူငယ့်စွမ်းအားနဲ့ လူငယ့်အသံတွေကို အများသိအောင် သင့်ရဲ့ တီထွင်ဆန်းသစ်တဲ့ တင်ဆက်မှုတွေနဲ့ ၂မိနစ်စာ ဗီဒီယိုပြိုင်ပွဲလေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။

ပြိုင်ပွဲဝင်သူများထဲမှ တီထွင်ဆန်းသစ်မှု၊ ဆွဲဆောင်နိုင်မှုတွေအပေါ် အခြေခံပြီး ပထမ၊ဒုတိယ၊ တတိယ ဆုတွေလက်ဆောင်ပေးမယ့်အပြင် ဆုရတဲ့သူတွေရဲ့ video တွေကိုလဲ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားမှာ ပြသသွားမှာဖြစ်ပါတယ်။

ဆုတွေကတော့ 🏆

🥇 ပထမဆု (၅၀၀၀၀၀ကျပ်)၊
🥈 ဒုတိယဆု (၄၀၀၀၀၀ကျပ်)၊
🥉 တတိယဆု (၃၀၀၀၀၀ကျပ်) တို့ဖြစ်ပြီး
ပြိုင်ပွဲဝင်အားလုံးကိုလည်း အမှတ်တရ လက်ဆောင်တွေပေးမှာပါ။

အောက်ဖော်ပြပါ စည်းမျဉ်းများနဲ့ အကြံပြုချက်များကို ပြိုင်ပွဲမဝင်ခင် သေချာဖတ်ပေးဖို့ အသိပေးပါရစေ 👉 shorturl.at/agorJ

1️⃣လူမှုအသိုက်အဝန်းဖွံ့ဖြိုးရေးအတွက် တထောင့်တနေရာက သင့်ရဲ့ပူးပေါင်းပါဝင်မှုကို ဖုန်း/ကင်မရာဖြင့် ၂မိနစ်စာ ဗီဒီယိုရိုက်ကူးပါ။ သို့မဟုတ် မိမိအကျိုးပြုလုပ်ဆောင်ခဲ့သည့် မှတ်တမ်းများကို ၂မိနစ်စာဗီဒီယိုအဖြစ် ပြောင်းလဲတင်ဆက်ပါ။ မိမိနှစ်သက်သလို တီထွင်ဆန်းသစ်တဲ့ တင်ဆက်မှုနဲ့ဗီဒီယိုရိုက်ကူးနိုင်ပါတယ်။

2️⃣ဗီဒီယိုကို သင့်ရဲ့ ကိုယ်ပိုင် Facebook account မှာ public ဖြင့် တင်ရပါမယ်။ ဩဂုတ်လ ၄ရက်နေ့ နောက်ဆုံးထား တင်ပေးရပါမယ်။

3️⃣ပြိုင်ပွဲဝင် ဗီဒီယိုရဲ့ caption မှာ UNFPA Myanmar ကို mention ပါ။

4️⃣ hashtags နှစ်ခုပါရပါမယ်။

5️⃣သူငယ်ချင်း ၅ယောက်ကို tag တွဲရပါမယ်။

လက်ဆောင်ရယူဖို့ အချက်အလက်များဖြည့်သွင်းရန် 👉 shorturl.at/hpCDQ

FXB Myanmar/ Health Poverty Action Myanmar/ MATE - မိတ် မျိုးဆက်ပွားကျန်းမာရေး/ Myanmar Youth Stars/ Plan International Myanmar/ Pathfinder International/ VSO/ Myanmar Partners in Policy and Research

အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်းအား ရပ်ဆိုင်းခြင်း။
22/07/2020

အနုပညာကွန်ပျူတာဒီပလိုမာသင်တန်း
၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်းအား ရပ်ဆိုင်းခြင်း။

Address

26 Aung Zeya Road, South Dagon
Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959899001005

Alerts

Be the first to know and let us send you an email when Diploma in Computer Arts Dip.CA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Diploma in Computer Arts Dip.CA:

Share