Should v Must

Should v Must အလုပ်အကြောင်းဆွေးနွေးကြမယ် တိုင်ပင

ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်။ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်။ခဏကလေး ရပ်ကြည့်တာကအစ....ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆု...
09/05/2024

ချစ်ခြင်းမေတ္တာက ရိုးရှင်းပါတယ်။
ရရှိတယ် မရရှိဘူးဆိုတာ မေ့ထားတယ်။
ခဏကလေး ရပ်ကြည့်တာကအစ....
ဘဝကလေးကို လက်လွှတ်ပေးလိုက်ရတာအဆုံး....

ကိုယ်ရှုံးမိသမျှ ကိုယ့်စေတနာပါပဲ။
ကမ္ဘာမှာ ပန်းတွေပွင့်တယ်ဆိုတာ....
ဘယ်သူ့ကို ထိခိုက်ဖူးလို့လဲ

#ခွန်းညိုသွေး

မြန်မာနိုင်ငံမှာ စာရင်းတွေရေးဆွဲတဲ့အခါမှာ MFRS (Myanmar Finance Reporting Standard) နဲ့ ရေးဆွဲကြပါတယ်။ မြန်မာနိုင်ငံစာရင...
17/07/2020

မြန်မာနိုင်ငံမှာ စာရင်းတွေရေးဆွဲတဲ့အခါမှာ MFRS (Myanmar Finance Reporting Standard) နဲ့ ရေးဆွဲကြပါတယ်။ မြန်မာနိုင်ငံစာရင်းစစ်ရုံးက အသိအမှတ်ပြုထုတ်ပြန်ထားတဲ့ စာရင်းရေးဆွဲနည်းဆိုင်ရာ စည်းမျဥ်းစည်းနဲ့ အညီပေါ့။

MFRS ဆိုတာ IFRS (International Finance Reporting Standard) ကို အခြေခံထပ်တူပြုထားတာပါ။

အရင်က UK က International နဲ့ မပူးပေါင်းခင်က UK Standard ဆိုပီး သပ်သပ်ရေးဆွဲခဲ့တယ်။
LCCI က UK standard နဲ့ စာရင်းဆွဲတာပါ။
အဲဒီအချိန်မှာ မြန်မာနိုင်ငံကလည်း MRS ဆိုပီး UK Standard အတိုင်း ရေးဆွဲခဲ့ကြတယ်။

နောက်ပိုင်း UK က International နဲ့ ပူးပေါင်းလိုက်တဲ့အခါမှာ UK Standard ဆို သီးသန့်ခွဲထွက်နေရာက IFRS ဆိုပြီး ပူးပေါင်းရေးဆွဲခဲ့ကြတယ်။ မြန်မာနိုင်ငံကလဲ MRS ကနေ MFRS ဆိုပီး ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။

IFRS မှာက IAS လို့ခေါ်တဲ့ International Accounting Standards တွေကို တစ်စုတစ်စည်းထဲ ဖော်ပြထားတာပါ။
IAS တွေကလည်း တစ်နှစ်နဲ့တစ်နှစ် ထပ်ထပ်ပီးတိုးလာ ပြုပြင်သတ်မှတ်လာတာတွေလဲ ရှိပါတယ်။
ဘာလို့လဲဆိုတော့ အဓိကအားဖြင့် UK မှာဆို အခွန်နဲ့ပတ်သက်ပီး အရမ်းတင်းကြပ်တယ်။ ကုမ္ပဏီတွေက လည်း ဥပဒေဘောင်အတွင်းကနေ လက်တစ်လုံးခြား အခွန်လျော့ဆောင်တာတို့ အခွန်ရှောင်တာတို့ လုပ်လေ့ရှိကြတယ်။

အဲအချိန်မှာ IASB လို့ခေါ်တဲ့ International Accounting Standards Board ကလဲ ကုမ္ပဏီတွေ လုပ်နေတဲ့ ဟာကွက်တွေကြည့်ပီး IAS တွေ တစ်ခုပီးတစ်ခု ထုတ်ပြန်ပီး လိုက်လိုက်ပိတ်ကြတယ်။

အရင်သုံးနှစ်လောက်က IAS ဆိုတာ သိပ်မများခဲ့ဘူး အချက်အလက်လေးတွေကလဲ ယေဘူယျအားဖြင့်ပဲဖော်ပြထားတာကနေ ဒီခုချိန်မှာဆို IAS တစ်ခုချင်းစီမှာ criteria ဆိုတဲ့ စံ သတ်မှတ်နှုန်းတွေ တစ်ခုပီးတစ်ခုတိုးလာတာတွေ့ရပါတယ်။

အဲလို တင်းကြပ်လာတဲ့ စည်းမျဉ်းတွေကို အခြေခံပီး ရေးဆွဲထားတဲ့ MFRS မှာလဲ တစ်နှစ်နဲ့တစ်နှစ် မတူလာတာတွေ တွေ့ရပါတယ်။

အခု ဒီနေ့အချိန်မှာဆို ဘယ်နေရာမှာ အတွေ့များလဲဆိုတော့
IAS 20 လို့ခေါ်တဲ့ Government Grants ပါပဲ။

IAS 20 မှာဖော်ပြထားတဲ့ Government Grants ဆိုတာက ကုမ္ပဏီတစ်ခု လုပ်ငန်းတစ်ခုဟာ အစိုးရဆီကနေ ငွေကြေးဖြစ်စေ မတည်ပစ္စည်းဖြစ်စေ အထောက်အပံ့တစ်ခုခုဖြစ်စေ ရရှိထားတယ်ဆို အဲအထောက်အပံ့ကို Government Grants အနေနဲ့ စာရင်းသွင်းရပါတယ်။

အရင်တုန်းက မြန်မာနိုင်ငံမှာ အဲအတွက် စာရင်းသွင်းထားတာ မရှိခဲ့ကြတာတွေ့ရတယ်။ ဘာကြောင့်မသွင်းခဲ့ကြတာလဲ မေးကြည့်ရင် အများအားဖြင့် သွင်းရမယ်မှန်းမသိကြတာဆိုပီး ပြန်ဖြေကြတယ်။

တချို့ဆို ဘာလို့သွင်းရမှာလဲ ဒါက အစိုးရပစ္စည်းလေ ဆယ်နှစ် သုံးခွင့်ပေးထားလို့ နှစ်နှစ်ဆယ်အခမဲ့ငှားရမ်းခွင့်ပြုထားလို့
အဲအတွက်လဲ သဘောတူစာချုပ်ရှိတယ်ဆိုပီး ပြန်ဖြေရှင်းပေးတာလဲရှိကြတယ်။

တကယ်တမ်း Government Grants အနေနဲ့ ပေးတာက မူလသတ်မှတ်ထားတဲ့ စည်းကမ်းထဲမှာဆို
ကုမ္ပဏီတစ်ခုက လုပ်ငန်းတစ်ခုလုပ်မယ်

ဥပမာ- ပန်းခြံတို့၊ စက်မှုလက်မှုလုပ်ငန်းတစ်ခုခုတို့ ဆိုကြပါစို့။
အဲမှာ ပန်းခြံဆို အစိုးရက မြေနေရာပေးမယ် ဆယ်နှစ်စီမံကိန်း နှစ်နှစ်ဆယ်စီမံကိန်းပေါ့လို့ သတ်မှတ်မယ်။
စက်ရုံ အလုပ်ရုံဆိုလဲ စက်ပစ္စည်းဖြစ်စေ မြေနေရာဖြစ်စေ စက်ရုံအဆောက်အဦးဖြစ်စေ တစ်ခုခုပေါ့ အခမဲ့ငှားရမ်းသုံးစွဲခွင့်ပေးထားတယ်။

ဒါပေမယ့် အဲလို ပေးထားရတဲ့အတွက်
ဒီလုပ်ငန်းလုပ်ရာမှာ နိုင်ငံတော်အတွက်ဖြစ်စေ ပြည်သူလူထုအတွက်ဖြစ်စေ အကျိုးတစ်စုံတစ်ရာရှိရမယ်လို့ စာချုပ်မှာ ပါရှိရပါတယ်။

ဥပမာ- ပန်းခြံဆို ပြည်သူတွေအပန်းဖြေနားဖို့ရာအတွက် ဝင်ကြေးမယူဘူး။ အခမဲ့ လုပ်ပေးမယ်။ ပန်းခြံရှိတဲ့အတွက် ဆိုင်ခန်းတွေရှိလာမယ်။ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိမယ်။ အစရှိသဖြင့်ပေါ့။

စက်ရုံအလုပ်ရုံဆိုလဲ အဲလိုပဲ ပြည်သူတွေ အလုပ်အကိုင်အခွင့်အလမ်းပေါများလာမယ်။

အဲလို တင်ပြချက်တွေပေါ် မူတည်ပီး အစိုးရက ကုမ္ပဏီတွေကို မြေ၊ အဆောက်အဦ စသဖြင့် အထောက်အပံ့ပေးတာကို Government Grants လို့ခေါ်တာပါ။

နောက်ပီး အဲလိုအချက်အလက်နဲ့ မညီရင် အချိန်မရွေး ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ အချက်လဲ စာချုပ်တိုင်းမှာ ထည့်သွင်းချုပ်ဆိုကြပါတယ်။

ကုမ္ပဏီတွေကလဲ အမြတ်ရချင်လို့ စီးပွားအတွက်လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ Government Grants ကို လျှောက်ကြပါတယ်။ တကယ်ရလာခဲ့ရင်လဲ ဘယ်သူမဆို အကျိုးအမြတ်ကတော့ ရတာပါပဲ။

ဥပမာ စည်းကမ်းနဲ့မညီလို့ ငါးနှစ်နဲ့ ပြန်ရုပ်သိမ်းမယ်ဆိုတောင် အဲငါးနှစ်အတွက် ကုမ္ပဏီက အခမဲ့သုံးခွင့်ရလိုက်တော့ ငါးနှစ်ကုန်ကျစရိတ်သက်သာစေတယ်ဆိုပီး ကုမ္ပဏီတွေကလဲ သဘောတူလက်ခံလေ့ရှိကြတယ်။
အဲမှာ စာရင်းဘယ်လိုသွင်းကြလဲဆိုတော့

Government Grants လို့ ခေါင်းစဉ်ဖော်ပြပီး

G.G မှာ Debit
Liability (ပေးရန်တာဝန်) မှာ Credit

ဆိုပီး စာရင်းသွင်းကြရတယ်။

ပီးရင် တစ်နှစ်တစ်ခါ တန်ဖိုးလျော့တွက်ပီး
G.G ကို သတ်မှတ်ထားတဲ့ နှစ်ကာလနဲ့အညီ တစ်နှစ်စီ တန်ဖိုးလျော့တွက်ပေးရတယ်။
အဲဒါမှ အကယ်လို့ အစိုးရက ပြန်ပေး ပြန်သိမ်းမယ်ဆို
သူ့အတွက် ဘယ်လောက်တော့ သုံးထားပီးပီ ဆို စာရင်းကျန်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတော်များများမှာတော့ စာရင်းသွင်းထားတာမရှိဘူး။ စာရင်းစစ်မေးတဲ့အခါမှာလဲ စာချုပ်စာတမ်းတွေကို ပူးတွဲထုတ်ပြပေးလေ့ရှိတယ်။

ဒါပေမယ့် အကယ်လို့ နိုင်ငံခြားကုမ္ပဏီတစ်ခုက အဲကုမ္ပဏီနဲ့ ပူတွဲရှယ်ယာထည့်မယ် ပူးပေါင်းမယ်ဆို အဲစာရင်းတွေကို စာရင်းစည်းမျဉ်းနဲ့အညီ ပြန်ဆွဲပေးရလေ့ရှိပါတယ်။
အဲလိုစာရင်းဆွဲတဲ့အခါမှာ ရရှိထားတဲ့ G.G ကို လက်ရှိကာလပေါက်ဈေးနဲ့ တန်ဖိုးသင့်ပီး စာရင်းသွင်းရပါတယ်။ အဲဒါကို Fair Value (Present Value) လို့ခေါ်ပါတယ်။

ဒါက Government Grand (အစိုးရအထောက်အပံ့) ကို မရင်းနှီးသေးတဲ့ သူတွေ အတွက်ပါ။

ZMH

အခုဆို ရုံးပိတ်ရက်ရှည်လဲ ပီးဆုံးသွားပီဖြစ်ပါတယ်။ ဒီနှစ်မှာတော့ Covid -19 ကြောင့် သင်္ကြန်ဆိုတာကို Stay at Home နဲ့ အစားထို...
19/04/2020

အခုဆို ရုံးပိတ်ရက်ရှည်လဲ ပီးဆုံးသွားပီဖြစ်ပါတယ်။
ဒီနှစ်မှာတော့ Covid -19 ကြောင့် သင်္ကြန်ဆိုတာကို Stay at Home နဲ့ အစားထိုးလိုက်ရတယ်။
နောင်တစ်ချိန်မှာ ဟိုး 2020 တုန်းကပေါ့ ကပ်တစ်ခုကြောင့် သင်္ကြန်မလုပ်ခဲ့ရဘူး ဆိုတာ ပြောပြဖို့ အကြောင်းအရာတစ်ခုက မြန်မာလူမျိုးတိုင်းရဲ့ ရင်ဘတ်ထဲမှာ ရှိသွားမှာပါ။
ကဲ
ဒီတော့
ပိတ်ရက်အတွင်းမှာ ရေလဲမဆော့ရ အပြင်လဲမလည်ရနဲ့ လူတိုင်းရဲ့ အချိန်အတော်များများဟာ အွန်လိုင်းပေါ်မှာပဲ ရှိနေမယ်လို့ ယုံကြည်ပါတယ်။

အဲဒီမှာ သတိထားမိကြမှာပေါ့။ အတော်များများပို့စ်တွေ တင်ကြ ၊ Share ကြတဲ့ထဲမှာ
👉Stay at home မှာ အကျိုးရှိရှိဘယ်လိုဖြတ်သန်းကြမှာလဲ တို့
👉ပိတ်ရက်မှာ အကျိုးရှိရှိနဲ့ Free training ကို join ကြစို့ တို့
👉 ဒီလေးတွေ လုပ်ရင်း အိမ်မှာ နေနေရတဲ့ အချိန်ကို ဖြတ်သန်းကြပါစို့ တို့

🔹Free English Class
🔹Work out / Exercises / Yoga Class
🔹Free Language Class
🔹Free Training
🔹တရားထိုင် / ပုတီးအဓိဌာန် Challenge
တွေ့ကြတယ်မလား ။

သူငယ်ချင်းတို့ရော ဘာတွေနဲ့ Stay at home ကာလကို ဖြတ်သန်းခဲ့ကြတာလဲ။

တစ်ရက်စီ ကိုယ် ဖြတ်သန်း အချိန်ဖြုန်းခဲ့တဲ့ ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ပြန်ဆန်းစစ်ကြည့်ပီး
ငါဟာ ရောက်ရှိနေတဲ့ လက်ရှိအနေအထားမှာ Time Management ကောင်းလား ၊ လိုအပ်နေသေးလား မြင်တွေ့နိုင်ကြမယ် ထင်ပါတယ်။

အနေအထားတစ်ခုကိုရောက်နေတဲ့သူအတွက် ရတဲ့အချိန်လေးမှာ အေးအေးဆေးဆေးအနားယူခွင့်ရလို့ အနားယူလိုက်တယ်ဆိုတာ ပြဿနာတစ်ရပ် မဟုတ်ပေမယ့်
ကြိုးစားနေရဆဲ ဝေဝါးနေဆဲ နေရာတစ်ခုပေါ် မရောက်နိုင်သေးတဲ့ လူငယ်လေးတွေ သူငယ်ချင်းလေးတွေအတွက်တော့ အကျိုးပြုတစ်ခုခုကို မလုပ်ခဲ့မိဘူးဆို အကြံပြုချင်ပါတယ်။

လူတိုင်းမှာ ကံတရားကပေးလိုက်တဲ့ ကိုယ်ပိုင်အချိန်လေးတစ်ခု ရခဲ့မယ်ဆိုရင် အဲအချိန်လေးကို မဖြုန်းတီးမိစေဘဲ သတိလေးထားပီး အကောင်းဆုံးအချိန်လေးဖြစ်အောင် တန်ဖိုးထားပေးပါလို့။
ဒါဟာလဲ Self Time Management တစ်ခုပါပဲလို့။

ယနေ့ ကုမ္ပဏီဝန်ထမ်းလောကလူတိုင်းလို့မဆိုပေမယ့် (အတော်များများ ထက်ကျော်လွန်တဲ့ လူအတော်များများ) ဟာအလုပ်တစ်ခုလျှောက်ရာမှာ လစ...
01/03/2020

ယနေ့ ကုမ္ပဏီဝန်ထမ်းလောက

လူတိုင်းလို့မဆိုပေမယ့် (အတော်များများ ထက်ကျော်လွန်တဲ့ လူအတော်များများ) ဟာအလုပ်တစ်ခုလျှောက်ရာမှာ လစာများတာကို လိုချင်တယ်။ ရွေးချယ်ကြတယ်။

ကိုယ်လဲ ဒီတိုင်းပါပဲ။ တစ်ခါတလေ အလုပ်နှစ်ခု တပြိုင်ထဲ ကမ်းလှမ်းတာမျိုးလဲ ကြုံခဲ့ဖူးပါတယ်။ ဒါပေမယ့် ကုမ္ပဏီ/ လုပ်ငန်းအမျိုးအစား ရှေ့ရေး ကိုယ်စိတ်ဝင်စားမှု ကို မကြည့်မိဘူး။ ဒီအလုပ်က ဒီရာထူးနဲ့ ဒီလစာ။ ဟိုအလုပ်က ဘယ်လောက်။ စိတ်ထဲ သာတယ်ထင်တဲ့ဖက်ကို
ရွေးခဲ့တာများတယ်။ ကိုယ်ဘယ်လိုလုပ်ငန်းအမျိုးအစားကို စိတ်ဝင်စားတာလဲဆိုတာ ရာခိုင်နှုန်းအသေးလေးပဲ ထည့်စဉ်းစားတွက်ချက်ခဲ့တယ်။

ဒါကပဲလုပ်ငန်းခွင်တစ်ခုမှာ ကြာရှည်မနေဘဲ ဟိုပြောင်း ဒီရွှေ့လုပ်မိတဲ့အဓိက အချက်ပဲ။

တချို့လူတွေ အထူးသဖြင့် ကျောင်းပြီးခါစ အတွေ့အကြုံမရှိသေးတဲ့ ကလေးတွေအတွက် အလုပ်တစ်ခု ရွေးချယ်ရာမှာ ပိုဆိုးကြတယ်။
သူတို့လေးတွေရဲ့အတွေးမှာ အတွေ့အကြုံမရှိဘူးဆိုတဲ့ အတွေးအပြင် လုပ်ငန်းရှင်တချို့ရဲ့ ခံယူချက်အရ အတွေ့အကြုံမရှိလို့ ဆိုတဲ့ reason တွေပါ ကယက်ရိုက်ခံရတော့ ကိုယ့်ဝါသနာ ကိုယ်စိတ်ဝင်စားမှုဆိုတဲ့ ဂဏ္ဍကို ချန်ထားခဲ့ရပြီး ရတဲ့အလုပ် ဝင်လုပ်ကြတာကနေ
လုပ်ငန်းခွင်မပျော်ရွှင်မှု စိတ်ဖိစီးမှုတွေနဲ့ ကြုံလာကြပြီး တစ်ဖက်က
ကုမ္ပဏီအနေနဲ့လည်း ဝန်ထမ်းမတည်မြဲမှု အပြောင်းအလဲများမှု တွေနဲ့
ရင်ဆိုင်လာကြရတယ်။

နောက်ဆုံးမှာ

အလုပ်ရှာဖွေတဲ့သူတွေ တိုးပွားလာပြီး...............
ဝန်ထမ်းရှာဖွေတဲ့ အလုပ်ရှင်တွေ များပြားလာတာပါပဲ။

အလုပ်ရှင်အနေနဲ့ စိတ်ကြိုက်ဝန်ထမ်းရှားပါးနေသလို
ဝန်ထမ်းတွေအနေနဲ့ ကျေနပ်ပျော်ရွှင်တဲ့ လုပ်ငန်းခွင် ရှားပါးနေကြတာဟာ အပြန်အလှန်နဲ့ Balance ကို
ညီလိုက် မညီလိုက် တိုးလိုက် လျော့လိုက်နဲ့ပေါ့။

Should v Must

Thanks .

လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးကို Due Diligence လုပ်တဲ့အခါမှာ  Investor တွေအနေနဲ့ ဆန်းစစ်လေ့ရှိတဲ့ အရေးကြီးဆုံး အချက် (၁၀) ချက...
01/03/2020

လုပ်ငန်းတစ်ခုရဲ့ တန်ဖိုးကို Due Diligence လုပ်တဲ့အခါမှာ Investor တွေအနေနဲ့ ဆန်းစစ်လေ့ရှိတဲ့ အရေးကြီးဆုံး အချက် (၁၀) ချက်

၁. အရင်းအနှီးရရှိနိုင်မှု (Capital Access)
၂. ဖောက်သည် အရေအတွက် (Customer Base)
၃. ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်တဲ့ တွက်ခြေကိုက်မှု (Economies of Scale)
၎. ဘဏ္ဍာရေးဆိုင်ရာ စွမ်းဆောင်ရည် (Financial Performance)
၅. လူသားအရင်းအမြစ် (Human Capital)
၆. ဈေးကွက်အခင်းအကျင်းနှင့် အလားအလာ (Market Environment)
၇. ဈေးကွက်ချဲ့ထွင်မှု နှင့် ကုန်အမှတ်တံဆိပ် (သို့) လုပ်ငန်းရဲ့ နာမည်ကောင်းအတွက် ဗျူဟာ (Marketing Strategy and Branding)
၈. ရောင်းချသည့် ထုတ်ကုန် နှင့် ၀န်ဆောင်မှု အမျိုးအစား (Product/Service Offering)
၉. မဟာဗျူဟာဆိုင်ရာ ရေရှည်မျော်မှန်းချက်နှင့်အမြင် (Strategic Vision)
၁၀. ခေတ်မှီ နည်းပညာဆိုင်ရာများနှင့် ရင်းနှီးကျွမ်းဝင်မှု (Technology Updating)

Credit -

#သန်းအောင်
MaximaxSolution (MS)

အလုပ်တစ်ခု ရဖို့ ဘယ်လောက်ထိ ခက်ခဲနိုင်လဲ ဒီမေးခွန်းက အဖြေအမျိုးမျိုးရနိုင်ပါတယ်။ဒီနေ့မှာဆို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စ...
26/02/2020

အလုပ်တစ်ခု ရဖို့ ဘယ်လောက်ထိ ခက်ခဲနိုင်လဲ

ဒီမေးခွန်းက အဖြေအမျိုးမျိုးရနိုင်ပါတယ်။
ဒီနေ့မှာဆို အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေ အရမ်းများလာတာကိုလဲ သတိထားမိနိုင်ပါတယ်။
ဖောင်တစ်ခုတင်တာနဲ့ သုံးထောင်ပေးရတဲ့ အေဂျင်စီတွေတောင်ရှိပါတယ်။

အဲဒီမှာ ပြောချင်တာက ခုခေတ်လူငယ်လေးတွေ၊ ကျောင်းပီးစ ကလေးတွေ၊ လုပ်ငန်းအတွေ့အကြုံမရှိတဲ့သူတွေ၊ အများဆုံးက ရိုးရိုးဘွဲ့တစ်ခု အဝေးသင်ဘွဲ့တစ်ခုရပြီး ရတဲ့အလုပ်လုပ်မယ်ဆိုပီး မန်းလေး ရန်ကုန် စတဲ့မြို့ကြီးတွေကို စွန့်စားပီးရောက်လာကြတဲ့ နယ်က လူငယ်လေးတွေ
အများကြီးပါပဲ။

ခုခေတ်မှာ အလုပ်လျှောက်ရင် email နဲ့ လျှောက်ဖို့ အကြံပြုချင်ပါတယ်။ company အတော်များများလဲ email နဲ့ပဲ လျှောက်လွှာလက်ခံလာတာ တွေ့ရပါတယ်။

job websit တွေ အများကြီးရှိပါတယ်။ Resume ကို ကောင်းကောင်းလေးပြင်ထားပါ။ Laptop မရှိသေးရင် ဆိုင်တစ်ဆိုင်မှာ သွားပြင်ပီး ကိုယ့်ဖုန်းလေးထဲ ထည့်ထားပါ။
professional ဆန်ဆန် email တစ်ခုကို ဖွင့်ထားပါ။ ကိုယ်အမြဲသုံးမယ့် email တစ်ခုဖြစ်တဲ့အတွက် ကိုယ့်နံမည်အရင်းနဲ့ ဖြစ်စေချင်ပါတယ်။
ပီးရင် ကိုယ် ဘယ်လိုင်းလျှောက်ချင်တာလဲ Job websit တွေထဲရှာပါ။ Account create လုပ်ပါ။ ကိုယ်နဲ့ကိုက်ညီမယ်ထင်တဲ့ အလုပ်ခေါ်စာမှန်သမျှ လျှောက်ပါ။
ဖုန်းတစ်လုံးနဲ့ အင်တာနက်လိုင်းရှိရင် လျှောက်လို့ရတဲ့ အခြေအနေမှာ ဖောင်ဖိုးမကုန်ပါစေနဲ့ ။ ကားခ မကုန်ပါစေနဲ့။ အချိန်မကုန်ပါစေနဲ့။

လတ်တလော နံမည်ကြီးတဲ့ အလုပ်ရှာဖွေရေးတွေက

MyWorld
My Job Myanmar နဲ့
JobNet Myanmar

တွေ ဖြစ်ပါတယ်။ တခြားလဲ အများကြီးရှိပါသေးတယ်။ ဝင်ကြည့်ပါ။

MyWorld ကတော့ လစာမြင့်တဲ့ ရာထူးမြင့်တဲ့အလုပ်ကို ခေါ်တာများပါတယ်။ အတွေ့အကြုံမရှိတဲ့သူအတွက် သိပ်အဆင်မပြေလှပါဘူး။

MyJob က နယ်ပယ်စုံပါတယ်။ လျှောင်တဲ့သူလဲများပါတယ်။

JobNet ကတော့ ကုမ္ပဏီက တိုက်ရိုက်ခေါ်တာများလို့ သူ့ကိုတော့ ပိုကြိုက်ပါတယ်။ ကိုယ့်အရည်အချင်းနဲ့ သူ့လိုအပ်ချက် ကိုက်ညီဖို့ကတော့ ချွင်းချက်ပေါ့။

အလုပ်အကိုင်အခွင့်အလှမ်းနဲ့ အလုပ်လက်မဲ့ ပမာဏ မမျှတတဲ့အချိန်မှာ နည်းလမ်းတစ်ခု ထိုးဖောက်နိုင်ရင် အနည်းငယ်တော့ အခွင့်အရေးပိုပါလိမ့်မယ်။

ကံကောင်းကြပါစေ။

ဒီနေ့ခေတ်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ လစာကို ဖြန့်ကြည့်လိုက်ရင် အရမ်းကွာဟမှုများနေတာကို တွေ့မြင်နေရတယ်။ ဒါဟာ ဘာကြောင့်လဲ...
24/02/2020

ဒီနေ့ခေတ်မှာရှိတဲ့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ လစာကို ဖြန့်ကြည့်လိုက်ရင် အရမ်းကွာဟမှုများနေတာကို တွေ့မြင်နေရတယ်။

ဒါဟာ ဘာကြောင့်လဲဆိုတော့
နိုင်ငံခြားကုမ္ပဏီတွေဝင်ရောက်လာမှု များပြားမြန်ဆန်လာတာနဲ့ တစ်ပြိုင်နက် ကုမ္ပဏီကြီးတွေမှာ ကျွမ်းကျင်ဝန်ထမ်းလိုအပ်မှုမြင့်မားလာတယ်ဆိုတဲ့ အချက်က ရာခိုင်နှုန်းအတော်များများပါဝင်နေတယ်။

ဥပမာ - တချို့ ကုမ္ပဏီတွေရဲ့
Finance department တစ်ခုမှာ လစာနဲနဲ နဲ့ လူများများကို one of the position အနေနဲ့ ခန့်ထားကြတယ်။ နင်က AP သူက AR ဟိုတစ်ယောက်က Cash စသဖြင့်ပေါ့။ သူလုပ်တာ ဒီတစ်ယောက်မသိ ၊ ဟိုလူလုပ်တာ ဒီတစ်ယောက်မတတ်နဲ့ ဝန်ထမ်းရဲ့ Skill ကို ကန့်သတ်ပီး ထိန်းချုပ်ကိုင်သွယ်ခဲ့ကြတယ်။ တတ်သွားရင် တခြားတစ်နေရာပြောင်းသွားမယ်၊ အသစ်လာရင် ပြန်သင်ပေးရမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ PA လို့ခေါ်တဲ့ Personal Managememt System နဲ့ လုပ်နေတဲ့ လုပ်ငန်းမျိုးပေါ့။
ပေးတဲ့လစာကို ပြန်ကြည့်ရင် Chief account ဆိုတောင် 4 သိန်းပတ်ချာလည်နဲ့ 2 သိန်းပေးပြီး Account ရော Casher ရော လုပ်နေရတဲ့သူတွေ အများကြီး။

တခြားတစ်ဖက်မှာတော့ နိုင်ငံခြားကုမ္ပဏီအများစုမှာဆို ဝန်ထမ်းနှစ်ယောက် သုံးယောက်လောက်နဲ့ HR Admin , Finance ဆိုပြီး ချုံပစ်ပြီး ကုမ္ပဏီလုပ်နေတာကို တွေ့လာရတယ်။ တကယ်လဲ Handle လုပ်နိုင်တဲ့သူတွေ ရှိလာသလို
မနိုင်မနင်းနဲ့ လုပ်နေကြတဲ့ သူတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒါပေမယ့် အများစုက လစာမြင့်ကြတယ်။
Finance Manager ဆိုရင် 8သိန်းကနေ 15သိန်း. , သိန်း20 , သိန်3း0 စသဖြင့် ဝန်ထမ်းကို လစာနဲ့ ထိန်းချုပ်ထားတာကိုလဲ တွေ့ရတယ်။

ဒီမှာ တချို့က ဒီလောက်ရတာ ဖြစ်နိုင်လို့လား ခနခန မေးကြပါတယ်။
ရပါတယ်။
အခုခေတ် မြန်မာပြည်မှာ အထူးသဖြင့် ရန်ကုန်မှာ အလုပ်လျှောက်ချင်ရင်

1- English စကားပြောကို ကောင်းကောင်းပြောနိုင်အောင် လေ့ကျင့်ကြပါ။
conversation ကောင်းရင် communication ကောင်းရင် အလုပ်ကျွမ်းကျင်မှုရှိတာခြင်းအတူတူ အခွင့်အရေး နှစ်ဆမက ပိုသာပါတယ်။

2- Knowledge ပြည့်အောင် လေ့လာပါ။ သင်ယူပါ။
Accountant ဆိုရင် စာရင်းတင်မဟုတ်ဘဲ Tax ပိုင်းကို လေ့လာပါ။ Bank ပိုင်းကို လေ့လာပါ။ Admin ပိုင်းကို လေ့လာပါ။ မဆိုင်ဘူးလို့ မပြောပါနဲ့။ Management level နဲ့ Head တွေ ဖြစ်မှ လစာပိုရသလို
ဆက်စပ်မှုတွေ အကုန်သိနေမှ အလုပ်ရတာပါ။

ကြိုးစားသင်ယူကြပါလို့။

ဒီ candy crush game ကို ဆော့နေတာ သုံးနှစ်ကျော်လောက်ရှိပြီ။တအားစိတ်ဝင်စားလို့လား ဝါသနာပါလို့လားဆို ဂိမ်းကို ဝါသနာမပါဘူး။ဒ...
04/08/2019

ဒီ candy crush game ကို ဆော့နေတာ သုံးနှစ်ကျော်လောက်ရှိပြီ။

တအားစိတ်ဝင်စားလို့လား ဝါသနာပါလို့လားဆို ဂိမ်းကို ဝါသနာမပါဘူး။
ဒါဆို ဘာလို့ဆော့သလဲ .........

candy crush ရဲ့ အဓိကသော့ချက်က သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်မှာ သတ်မှတ်ထားတဲ့ပစ္စည်းကို ရယူနိုင်ရတာပဲ။

တစ်ခါတစ်ခါဆို အမှတ်တွေအများကြီးရနေပေမယ့် သတ်မှတ်ထားတဲ့ပစ္စည်းမရရင် အမှတ်များပြီးရှုံးသွားတယ်။

ဒီလိုပဲ တစ်ခါတလေကျတော့ လိုချင်တဲ့ပစ္စည်းကိုကြိုးစားနေရင်း တစ်ခါလေးရွှေ့ဖို့အလိုမှာ အကြိမ်ရေကုန်သွားလို့ အရှုံးပေးလိုက်ရတာလဲရှိတယ်။

ကိုယ့်ရဲ့ အပျော်ဆုံး အကျေနပ်ဆုံးအချိန်ကိုပြောရမယ်ဆို နောက်ဆုံးတစ်ချက်ရွှေ့နိုင်ရင် နိုင်မယ်ဆိုတဲ့အချိန်မှာ လက်ထဲမှာလဲ တစ်ကြိမ်ပဲကျန်တောတဲ့အချိန်။
ဒီလို တစ်ကြိမ်လေးရွေ့အပြီး ဂိမ်းကအနိုင်ဆိုတဲ့ အခိုက်အတန့်ဟာဆို ကိုယ့်အတွက် ငါလုပ်နိုင်ခဲ့တယ်ဆိုတဲ့ ဘဝင်စိတ်လေး ဝင်ဝင်လာတာ သတိထားမိတယ်။

အဲ တစ်ခါတစ်လေကျတော့ နောက်ဆုံးတစ်ကြိမ်ပဲကျန်တယ် နိုင်မယ့်အခွင့်အရေးလဲရှိပါရဲ့ ယောင်မှားပီး တခြားနေရာရွှေ့လိုက်မိတဲ့အခါလဲ ရှိဖူးတယ်။
ဒီလိုအချိန်ဆို ဟာာ ခနဲ စိတ်ထဲ မချင့်မရဲနဲ့ မရှုံးသင့်ဘဲကွာဆိုပြီး ဖြစ်ခဲ့သေးတယ်။

နောက်တစ်ချက်က ဒီဂိမ်းလေးကို လက်ရှိဘဝနဲ့ယှဉ်ပြီး ဆင်ခြင်သုံးသပ်မိတယ်။

တစ်ခါတလေ အလုပ်တွေလုပ်နေရင်း လွယ်လွယ်ကူကူပြီးဆုံးသွားတဲ့အခါရှိသလို အထပ်ထပ်အခါခါကြိုးစားပေမယ့် အဆင်မပြေတာလဲရှိတဲ့အခါ စိတ်ကို ဖြေတတ်လာတယ်။ (ကိုယ့်အတွက်ပေါ့)

Candy crush ဂိမ်းကိုဆော့ရင် နိုင်တာများလေ အောင်မြင်တာများလေ အလကားရတဲ့ ဘောနပ်စ် Power တွများလာလေပဲ။ အဲလိုအချိန်ဆို ကိုယ်တောင် သိပ်ဆော့စရာမလိုဘဲ ဘောနပ်စ်ရတဲ့ Power တွေအစွမ်းနဲ့ နိုင်သွားရော။
အဲဒီမှာ ခြေချော် လက်ချော်နဲ့များ ရှုံးနိမ့်သွားရင် Power က တဆင့်လျော့သွားတယ်။

ဒီလိုပဲ လူတွေမှာလဲ အောင်မြင်မှုများလေ အာဏာပိုလေ လက်ဆောင်ပေးချင်သူပေါလေပဲ
အဲဒီလူသာ တစ်ဆင့်နိမ့်သွားကြည့် အာဏာတဆင့်ကျပြီး အရင်လက်ဆောင်ပေးပြီး ခြံရံနေတဲ့သူလဲ အနည်းငယ် နည်းသွားတတ်တယ်။

ဒါကြောင့် candy crush game ကို ကလေးဂိမ်းလို့ သဘောမထားဘဲ စိတ်ထဲပင်ပန်းလာတယ်လို့ထင်ရင် ခေါင်းထဲနှောက်နေရင် သတ်မှတ်ထားတဲ့ အကြိမ်မှာ ဘယ်လောက်ထိရနိုင်သလဲဆိုပြီး ကိုယ့်ကိုကိုယ် ချဲလန့်လုပ်ရင်း ဆော့နေခဲ့တာ ......

အခုဆို level 1823 တောင် ရောက်လာခဲ့ပြီ။ 🤗

ဖြတ်လမ်းနည်းတွေရှိပေမယ့် မသုံးခဲ့ပါဘူး။ အနိုင် အရှုံးဆိုတာကို စိတ်ဝင်စားတယ်လေ။ ☺️

13/05/2019

အချိန်ပိုကြေးက တစ်နာရီ ဘယ်လောက်ရမှာလဲ လို့ မေးနေကြတယ်၊
တော်တော်များများကတော့ (၂) ဆလို့ ပြောကြတယ်။ အဲဒီနှစ်ဆကို ဘယ်အပေါ်မှာ အခြေခံပြီး တွက်တာလဲ။ လို့ မေးရင် မဖြေတတ်တော့ဘူး။

အဲဒီတော့ ရှင်းရှင်းဖြေရရင် အချိန်ပို လုပ်ခလစာနဲ့ ပတ်သက်ရင်

၂၀၁၆ ခုနှစ် အခကြေးငွေ ပေးချေရေး ဥပဒေ အခန်း (၄) အချိန်ပို အခကြေးငွေ အပိုဒ် (၁၄) တွင် အလုပ်သမားသည် အချိန်ပို လုပ်ကိုင်ရပါက အချိန်ပို အခကြေးငွေ နှုန်းထားကို ဥပဒေအရ သတ်မှတ်သည့် နှုန်းထားအတိုင်း ခံစားခွင့်ရှိသည်ဟု ပါရှိပါသည်။

ဥပဒေအရ သတ်မှတ်သည့် နှုန်းထား ဆိုသည်မှာ ၁၉၅၁ ခုနှစ် အလုပ်ရုံ ဥပဒေတွင် ပါရှိသည့် အချိန်ပို နှုန်းထားကို ဆိုလိုခြင်း ဖြစ်ပါသည်။

၁၉၅၁ အလုပ်ရုံ အက်ဥပဒေ တွင် အချိန်ပို လုပ်ရသည့်အတွက် အလုပ်သမား သာမန်ရရှိသည့် အခနှုန်း၏ (၂) ဆဖြင့် တွက်ချက် ခံစားခွင့်ပြုရမည် ဟု ပါရှိပါသည်။

အချိန်ပို တွက်နည်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

လစားအလုပ်သမားများအတွက်

တစ်​လစာ×၁၂လ ÷ ရက်သတ္တပတ် ၅၂× ​​အလုပ်​ချိန်​(၄၄နာရီ) သို့ (၄၈နာရီ) ×၂ ဆ = တစ်​နာရီ အချိန်​ပိုလုပ်​အားခ

နေ့စား အလုပ်​သမားများအတွက်

နေ့တွက်​လုပ်​ခ × ၆ ရက်​ ÷ အလုပ်​ချိန်​ ၄၄ နာရီ (သို့) ၄၈ နာရီ × ၂ ဆ = အချိန်​ပိုတစ်​နာရီလုပ်​အားခ

ပုတ်​ပြတ်​အလုပ်​သမားအတွက်
တစ်​ရက်​ပျှမ်းမျှဝင်​​ငွေ × ၆ ရက်​ ÷ အလုပ်​ချိန်​ ၄၄ နာရီ (သို့) ၄၈ နာရီ × ၂ ဆ = အချိန်​ပိုတစ်​နာရီလုပ်​အားခ

ယခုလက်ရှိ အနည်းဆုံးအခကြေးငွေ ဥပဒေသည် တစ်ရက်လျှင် ၄၈၀၀ ကျပ်ဖြစ်ပါသည်။

သို့ဖြစ်၍ တနာရီ လုပ်ခလစာနှုန်းကို ပုံသေနည်းဖြင့် တွက်ပါက --

လစားအလုပ်သမားများအတွက်

တစ်​လစာ×၁၂လ ÷ ရက်သတ္တပတ် ၅၂× ​​အလုပ်​ချိန်​(၄၄နာရီ) သို့ (၄၈နာရီ) ×၂ ဆ = တစ်​နာရီ အချိန်​ပိုလုပ်​အားခ

(၁၄၄၀၀၀ ကျပ် × ၁၂လ) ÷ (ရက်သတ္တပတ် ၅၂× ​​အလုပ်​ချိန်​(၄၄နာရီ) ×၂ ဆ = ၁၅၁၀ ကျပ်

(၁၄၄၀၀၀ ကျပ် × ၁၂လ) ÷ (ရက်သတ္တပတ် ၅၂× ​​အလုပ်​ချိန်​(၄၈နာရီ) ×၂ ဆ = ၁၃၈၄ ကျပ်

(ဤတွင် အလုပ်သမားများသည် မိမိတို့ကိုယ်ကို လစား အလုပ်သမားလား၊ နေ့စားအလုပ်သမား လား၊ ၄၄ နာရီ လုပ်ရတာလား၊ ၄၈ နာရီ လုပ်ရတဲ့ အလုပ်သမားလား သိရှိရန် လိုအပ်ပါသည်။ သို့မှသာ တွက်နည်းအတိုင်း တွက် တွက်ပါမည်။ )

နေ့စား အလုပ်​သမားများအတွက်

နေ့တွက်​လုပ်​ခ × ၆ ရက်​ ÷ အလုပ်​ချိန်​ ၄၄ နာရီ (သို့) ၄၈ နာရီ × ၂ ဆ = အချိန်​ပိုတစ်​နာရီလုပ်​အားခ

၄၈၀၀ ကျပ် × ၆ ရက်​ ÷ အလုပ်​ချိန်​ ၄၄ နာရီ × ၂ ဆ = ၁၃၀၉ ကျပ်

၄၈၀၀ ကျပ် × ၆ ရက်​ ÷ အလုပ်​ချိန် ၄၈ နာရီ × ၂ ဆ = ၁၂၀၀ ကျပ်

(နေ့စားလုပ်ခ နှင့် တွက်ရာတွင် အလုပ်အကိုင်အမျိုးအစားသည် တစ်ပတ်လျှင် ၄၄ နာရီသာ လုပ်ရသည့် လုပ်ငန်းအမျိုးအစားဖြစ်ခြင်း၊ တနလာင်္မှ စနေနေ့အထိ အလုပ်ဆင်းရာတွင် စနေနေ့တွင် အလုပ်ချိန် (၈) နာရီ ဆင်းရသည့်အတွက် အချိန်ပိုနာရီ (၄) နာရီစာ ရရှိသည့် အလုပ်သမားများသည် အချိန်ပို တစ်နာရီလျှင် ၁၃၀၉ ကျပ် ရရှိမည်ဖြစ်ပါသည်။ )

ထိုတွက်နည်းအတိုင်း ၂၀၁၅ ခုနှစ် သြဂုတ်လ အထိ အလုပ်သမားများ ရရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှ စ၍ OT တွက်ချက်ခြင်းအား တစ်နာရီ၏ လုပ်ခလစာ၏ နှစ်ဆဆိုသည့် ညွှန်ကြားချက်များ ထွက်လာခြင်းကြောင့် OT တွက်ချက်မှုနှင့် စပ်လျဉ်း၍ မရှင်းလင်းမှုများ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။

နိုင်ငံတွင် ဥပဒေ ရှိပါသည်။ ဥပဒေကို ကျင့်လည်း ကျင့်သုံးခဲ့ပါသည်။ သို့ဖြစ်ပါ၍ အပေါ်တွင် တွက်ပြထားသည့် တွက်ချက်နည်းများအတိုင်း မရရှိပါက အလုပ်ရှင်နှင့် ညှိနှိုင်းဆွေးနွေးနိုင်ပါသည်။ လိုက်နာမှု မရှိပါက ဥပဒေအရ အရေးယူနိုင်ပါသည်။

ညွှန်ကြားချက်များသည် ဥပဒေများကို လွှမ်းမိုးနိုင်ခြင်း မရှိပါ။

အချိန်ပိုလုပ်အားခ ပေးချေခြင်းနှင့် စပ်လျဉ်း၍ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်ဝင်းမှ အချိန်ပိုတွက်နည်း ကို အင်တာဗျူးပေးထားတာကို ပူးတွဲဖော်ပြအပ်ပါသည်။

ထို့ပြင် အလုပ်ခန့်ထားမှုဆိုင်၇ာ သဘောတူညီချက် စာချုပ်တွင် အချိန်ပိုလုပ်ကိုင်ခြင်းနှင့် စပ်လျဥ်း၍ အချိန်ပို လုပ်ခကို သက်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ပုံသေနည်းအတိုင်း တွက်ချက်ပေးရမည် ဟု ပါရှိပါသည်။

သို့ဖြစ်ပါ၍ အလုပ်ရှင်မှလည်းကောင်း၊ အလုပ်သမား ဦးစီးများမှ လည်းကောင်း OT နှစ်ဆ ပေးရမည့် နှုန်းထားအတိုင်း ပေးချေခြင်းမရှိဘဲ အခြားသော အချက်အလက်များ ကိုးကား၍ ပြောကြားလာပါက မည်သည့် ဥပဒေတွင် ပါသည်ကို မေးမြန်းပါ။ မိမိတို့မှ ဆွေးနွေးသည့်အခါ ဥပဒေအကိုးအကားကို ထောက်ပြဆွေးနွေးပါ။

လစာ၊ နေ့တွက် ခ ကို တစ်ရက်လျှင် ၄၈၀၀ ကျပ်ထက် ပိုရသော အလုပ်သမားများအနေဖြင့်လည်း အထက်ပါ တွက်ချက်နည်းအတိုင်း မိမိတို့၏ တစ်နာရီ အချိန်ပိုကြေးနှုန်းကို တွက်ချက်နိုင်ပါသည်။

Credit
ခိုင်ဇာအောင်
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM)
ဥက္ကဌ (မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှု လက်မှုအလုပ်သမားများ အဖွဲ့ချုပ် IWFM)
၂၀၁၈ ခုနှစ် မေလ (၁၈) ရက်။

ပင်​လုံစာချုပ်​မှ ကွက်လပ်ကလေး ဗိုလ်​ချုပ်​​အောင်​ဆန်းသည် ကချင်​ဒေသကို မြန်​မာပြည်​မနှင့်​အတူ တပေါင်းတစည်းထဲ လွတ်​လပ်ေ...
22/02/2019

ပင်​လုံစာချုပ်​မှ ကွက်လပ်ကလေး

ဗိုလ်​ချုပ်​​အောင်​ဆန်းသည် ကချင်​ဒေသကို မြန်​မာပြည်​မနှင့်​အတူ တပေါင်းတစည်းထဲ လွတ်​လပ်​​ရေးရ​စေချင်​သည်

ထို့​ကြောင့်​ ဗိုလ်​ချုပ်​​အောင်​ဆန်းကိုယ်​တိုင်​ ကချင်​ဒေသသို့ သွား​ရောက်​၍ ပြည်​မနှင့်​အတူ လွတ်လပ်​​ရေးယူဖို့ စည်းရုံးခဲ့​လေသည်

ဗိုလ်​ချုပ်​၏ စည်းရုံးမှု​ကြောင့်​ ကချင်​လူမျိုးများသည်​ ပြည်​မနှင့်​အတူ လွတ်​လပ်​​ရေး ရယူရန်အတွက် ပင်​လုံစာချုပ်​တွင်​ လက်​မှတ်​​ရေးထိုးရန်​ အကြောင်းဖန်လာခဲ့သည်

ထို့​ကြောင့်​ ပင်​လုံအစည်းအ​ဝေးသို့ ဆမားဒူးဝါ ဆင်​ဝါး​နောင် ဦး​ဆောင်​ပြီး ကချင်​​ဒေသမှ ကိုယ်​စားလှယ်​ ၆ ဦး တက်​​ရောက်​ခဲ့ကြလေသည်

ပင်​လုံတွင်​ ဆွေး​နွေး​သောအခါ ဒူဝါဇော်​လွန်းမှ
ကချင်​တို့ရဲ့ မူလတောင်​တန်း​ဒေသ (နယ်မြေ ၁ ဧရိယာ) အပြင်
ရှမ်း ဗမာတို့၏
ဗန်း​မော်
မြစ်​ကြီးနား
မိုးညှင်း
မိုး​ကောင်း
တနိုင်း ​ဒေသ (နယ်မြေ ၂ ဧရိယာ)
များကို​ပါ ​ပေါင်းပြီး ကချင်​ပြည်​နယ်​အဖြစ်
သတ်​မှတ်​​ပေးရန်​ တောင်းဆို​လေသည်

ထိုနယ်​များ မရလျှင်​ ပင်လုံ​စာချုပ်​ လက်​မှတ်​မထိုးနိုင်​ဟု အကျပ်​ကိုင်​​တော့သည်

ဒူဝါး​ဇော်​လွန်း၏ တောင်းဆိုမှု့အား အကြိမ်​ကြိမ်​​ ဆွေး​နွေး​သော်​လည်း မ​ပြေလည်​သဖြင့်​ ပင်​လုံအစည်းအ​ဝေး ပျက်​မတတ်ဖြစ်​ခဲ့ရသည်​ 
နောက်​ဆုံး ၃/၄ ရက်​ခန့်​ အကြိတ်​အနယ်​​ ဆွေး​နွေးပြီးမှ ​အောက်​ပါသ​ဘောတူညီချက်​များဖြင့်​ သ​ဘောတူခဲ့ကြသည်

(၁)
နယ်မြေ ၂ ဧရိယာ ဖြစ်​သော
မြစ်​ကြီးနား
ဗန်း​မော်​ခရိုင်​​ဒေသများနှင့်
မိုးညှင်း
မိုး​ကောင်း
စ​သော​ မြေပြန့်​​ဒေသများအား ကချင်​ပြည်​နယ်​အတွင်း ထည့်​သွင်းဖွဲ့စည်းရန်​ သ​ဘောတူသည်

(၂)
ကချင်​ပြည်​နယ်​အတွက်​ ပါလီမန်​အမတ်​ ၁၂ ​ဦး လျာထားသတ်မှတ်ရာ
ကချင်​​တောင်​တန်း​ဒေသ (နယ်မြေ ၁ ဧရိယာ) မှ ကချင်​ကိုယ်​စားလှယ်​ ၆ ဦး
မြစ်​ကြီးနား
ဗန်း​မော်​ ခရိုင်​​ဒေသ (နယ်မြေ ၂ ဧရိယာ) မှ ဗမာကိုယ်​စားလှယ်​ ၆ ဦး ပါဝင်​ရန်​ သ​ဘောတူသည်

(၃)
ခွဲထွက်​နိုင်​သည့်​ အခွင့်​အ​ရေးကို လုံးဝ စွန့်​လွှတ်​ပြီး မြန်​မာပြည်​မနှင့်​ ပူး​ပေါင်းရန်​ လုံးဝ သ​ဘောတူသည်

ဤကဲ့သို့ သဘောတူညီချက်များ ချမှတ်ပြီးမှသာ ပင်​လုံစာချုပ်​တွင်​ လက်​မှတ်​ထိုးရန်​ သ​ဘောတူခဲ့ကြပါသည်

သို့​သော်
ပင်​လုံစာချုပ်​ လက်​မှတ်​ထိုးချိန်တွင် ကချင်​ကိုယ်​စားလှယ်​ ခြောက်ဦးအနက် တစ်ဦးမှာ လုံးဝ လက်မှတ်မထိုးပဲ ရှိနေခဲ့သည်

ထိုသူကား
လော့ဒန်​ဒူးဝါ ​ဇော်​လ
ဖြစ်​ပေသည်

အဘယ့်ကြောင့် ဆိုသော် အခြား ကချင်​ကိုယ်​စားလှယ်များအား မ​ကျေနပ်​သောကြောင့်ဟု ဆိုလေသည်

အဘယ့်တွက် မ​ကျေနပ်​လဲဆို​တော့ မိမိတို့ နယ်​​မြေ​ဒေသ မဟုတ်​​သော
ရှမ်း
ဗမာတို့၏ နယ်​​မြေ​များအား အကျပ်​ကိုင် ​တောင်းဆိုသည့်​အတွက်​ ဟု ဆိုလေသည်

ထို့ကြောင့်
မိမိအ​နေဖြင့်​ တရားမျှတမှုမရှိဟု ယူဆကာ ပင်​လုံစာချုပ်​တွင်​ လက်​မှတ်​ မ​ရေးထိုးခဲ့တာ ဖြစ်ပါတယ်လို့ ပြောခဲ့လေသည်

အဘယ်မျှ ​ဖြောင့်​မတ်​မှန်​ကန်သလဲ ဆိုတာ လုပ်​ရပ်​နဲ့သက်​​သေပြခဲ့တဲ့ တိုင်းရင်းသား​ ခေါင်း​ဆောင်တဦး ဟု ခံစားမိပါသည်

ပင်​လုံစာချုပ်​ထဲက လက်​မှတ်​မထိုးထားတဲ့​ နေရာကွက်​လပ်​​လေးကို မြင်​တိုင်း ဖြောင့်မတ်သူကြီးကို လေးစားသတိရ​နေမှာပါ

မှီငြမ်း

(ကိုစွန်ရဲစာစုများ)

 # Dtac ရဲ့ အသုံးပြုရ အဆင်ပြေ မည့် စမတ်နည်းများDtac အင်တနက် စမတ်နည်းအသစ်အကန်အသတ် မရှိ *104*592*9094809 #180 ရက် 642 ဘတ်1...
21/02/2019

# Dtac ရဲ့ အသုံးပြုရ အဆင်ပြေ မည့် စမတ်နည်းများ

Dtac အင်တနက် စမတ်နည်းအသစ်
အကန်အသတ် မရှိ
*104*592*9094809 #180 ရက် 642 ဘတ်1 mbps
*104*593*9094809 #365 ရက် 1284ဘတ် 1mbps

*104*594*9094809 # 90ရက် 963 ဘတ် 4mps
*104*595*9094809 # 180ရက် 1498ဘတ် 4mbps
*104*596*9094809 #365ရက် 2675ဘတ် 4mbps

*104*598*9094809 # 90ရက် 1391ဘတ် 10mbps
#အင်တာနက် အကန်အသတ် မရှိ
*104*670*9094809 #5ဘတ် 1နာရီ
*104*672*9094809 #9ဘတ် မနက် ၆နာရီ မှ ညနေ ၆ နာရီ ထိ
*104*391*9094809 #19ဘတ်1ရက်
*104*387*9094809 #29ဘတ် 1ရက်
*104*397*9094809 #39ဘတ် 1ရက်
*104*322*9094809 #79ဘတ် 7ရက်
104*348*9094809 #98ဘတ် 7ရက်
*104*378*9094809 #107ဘတ်7ရက်
*104*388*9094809 # 150ဘတ် 7ရက်
*103*116*9094809 #199ဘတ်30ရက်
*104*379*9094809 #321ဘတ်30ရက်
*104*389*9094809 #535ဘတ်30ရက်
#မြန်မာပြည့် သို့ 1.50ဘတ်ဖြင့် ဖုန်းဆက်ရန်
*104*712*9094809 #
#ဖုန်းပြော စိတ်ကြိုက် နင့် အင်တနက် အကန်အသတ်မရှိ နံပါတ်များ
*104*65*9094809 #19ဘတ်1ရက်
*104*66*9094809 #25ဘတ်1ရက်
*104*67*9094809 #29ဘတ် 1ရက်
*104*75*9094809 #69ဘတ်7ရက်
*104*76*9094809 #99ဘတ်7ရက်
*104*77*9094809 #119ဘတ်7ရက်
*104*78*9094809 #169ဘတ်7ရက်
*104*95*9094809 #249ဘတ် 30ရက်
*104*96*9094809 #349ဘတ်30ရက်
*104*97*9094809 #449ဘတ်30ရက်
*104*98*9094809 #649ဘတ်30ဘတ်
#ဖုန်းပြော အကန်အသတ် မရှိ
*103*241*8883902 #13ဘတ် 1ရက်
Dtac internet speed topping နံပါတ် များ
အင်တနက် စမတ် ပြီး လိုင်းနှေး mb ကုန် နေပါ က ဒီနံပါတ်များ နဲ့ လိုင်း မြင့်လိုက်ပါ
*104*308 # 5 ဘက် 100mb 1ရက်
*104*755 # 9ဘတ် 500mb 24နာရီ
*104*756 #29 ဘတ် 1GB 3ရက်
*104*757 #49 ဘတ် 2GB 7ရက်
*104*758 #99 ဘတ် 4GB 15ရက်
Dtac ရဲ့ မှတ်ထား သင့်သော နံပါတ် များ
*102 # နံပါတ် စစ်
*110 # ပိုက်ဆံ ချေး
*112*ဖုန်းနံပါတ်*ပိုက်ဆံ # ငွေပို့ရန်20-200 လွဲလိုရ
*117 # အရေးပေါ် အင်တာနက် 5ဘတ် အောက် ဆို အသုံပြု၍ရ
*113*30 #ရက်ဝယ်း 30 60 90 စသည့်ဖြင့် ဝယ်းရ

*700 မြန်မာ ဝန်ထမ်း ဆက်သွယ်ရန်
*104*712*8883902 # မြန်မာပြည် ဖုန်း ပြော တစ်မိနစ် 1.50ဘတ် စမတ် ရန်
*104*71 # အင်တာနက် ဖွင့်
*104*72 # အင်တာနက် ပိတ်ရန်
*772 # access point ချိန်ရန်
*101*1*9 # အင်တာနက် လက်ကျန် စစ်ဆေး ရန်
*107*7 # မြန်မာ ဘာသာပြောင်း ရန်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Should v Must posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share