Aung Naing Htun - MYS Certificates Trainers

Aung Naing Htun - MYS Certificates Trainers training, coaching & Sharing

“ဘဝဆိုတာ အတွေးအမြင်နဲ့”တိုက်ရိုက်အချိုးကြတယ်ပျော်ရွှင်မှုတွေဖြစ်စေ စိတ်ပူပန်မှုတွေဖြစ်စေအတွေးက စတယ်အတွေးကို ယုံကြည်မှုက ...
31/12/2023

“ဘဝဆိုတာ အတွေးအမြင်နဲ့”

တိုက်ရိုက်အချိုးကြတယ်

ပျော်ရွှင်မှုတွေဖြစ်စေ စိတ်ပူပန်မှုတွေဖြစ်စေ

အတွေးက စတယ်

အတွေးကို ယုံကြည်မှုက ထိန်းချုပ်နိုင်တယိ

ယုံကြည်မှု ရစေတာက

ကိုယိတိုင်တာ လိုချင်တာက ဘာလဲ ?

လိုချင်တာကို ဘယ်လိုရအောင်လုပ်ရမလဲ ?

ရခဲ့ရင်လည်း ဘယ်လိုခံစားရမလဲ ?

ကိုယိတန်ဖိုးထားတာက ဘာလဲ ?

ဒီဟာ သိပြီဆိုလျှင် တစ်ဆက်တည်းမှာ

ပတ်ဝန်းကျင်ကောင်း မိတ်ဆွေကောင်းရှိဖို့

အရေးကြီးတယ် သူတို့က ကိုယ်ကို သိမှာ မဟုတ်

ကိုက သိအောင်လုပ်ရမယ် အဲထက်အရေးကြီး

တာက ကိုယ်ကိုယ် အရင်သိအောင်လုပ်ရပါ

လိမ့်မယ်

ဟုတ်ပါသလား ?/

ဘဝ မှာ အောင်မြင်ပျော်ရွှင်စေဖို့

ကိုယ်အကြောင်းသိအောင် အရင်လုပ်ကြပါစို့

# ANT NOTES ✍🏼👑

“အောင်မြင်သော Coachဆိုသည်မှာ ယခုအချိန်ထိ   Coach လုပ်နေသူပင်။”                                    Ben Schwarizwalder
13/12/2022

“အောင်မြင်သော Coachဆိုသည်မှာ ယခုအချိန်ထိ

Coach လုပ်နေသူပင်။”

Ben Schwarizwalder

“ရည်ရွယ်ချက်အတွက် ဘဝမှာ ကိုယ်ကိုယ်ကို အရင် ဂရုစိုက်ပြီး လူအများကိုလည်း ကိုယ်လို ဂရုစိုက်ပါ။“ အနာဂတ်အတွက် ပစ္စုပ္ပန်ကို လ...
12/12/2022

“ရည်ရွယ်ချက်အတွက် ဘဝမှာ ကိုယ်ကိုယ်ကို အရင်

ဂရုစိုက်ပြီး လူအများကိုလည်း ကိုယ်လို ဂရုစိုက်ပါ။

“ အနာဂတ်အတွက် ပစ္စုပ္ပန်ကို လုံးဝအထိခိုက်မခံပါ

နဲ့”

# ANT NOTES

“ တော်သော Coach နှင့်တွေ့လျှင် Coach ကို  Client က အထင်ကြီးလိမ့်မည် ။အလွန်ထူးချွန်သော Coach နှင့်တွေ့လျှင် Client မှ ကို...
10/12/2022

“ တော်သော Coach နှင့်တွေ့လျှင် Coach ကို

Client က အထင်ကြီးလိမ့်မည် ။အလွန်ထူးချွန်သော

Coach နှင့်တွေ့လျှင် Client မှ ကိုယ်ကိုယ် အထင်ကြီး

သွားလိမ့်မည် ။

Kathryn Jackson

26/09/2022
 #ပြောင်းလဲတာ ကြောက်ဖို့မကောင်းပါဘူး။ကြောက်ဖို့ကောင်းတာကကိုယ်ကိုယ်တိုင်မနှစ်သက်တဲ့သူအဖြစ် ပြောင်းလဲသွားခြင်းပါပဲ။ #ရင်င်...
17/09/2022

#ပြောင်းလဲတာ ကြောက်ဖို့မကောင်းပါဘူး။

ကြောက်ဖို့ကောင်းတာက

ကိုယ်ကိုယ်တိုင်မနှစ်သက်တဲ့သူအဖြစ် ပြောင်းလဲသွား

ခြင်းပါပဲ။
#ရင်င့်ကျက်တယ်ဆိုတာ အသက်နဲ့မဆိုင်ဘူး။ အသိနဲ့

ပဲဆိုင်တယ်။စိတ်နဲ့ပဲဆိုင်တယ်!

#အပြော နဲ့ အလုပ်တစ်ထပ်တည်း ကျတဲ့နေ့ဟာ --


အောင်မြင်ပျော်ရွှင်တဲ့နေ့ပါပဲ "

NOTES

10.5.2018

ဘဝမှာ တစ်ခုခုဆုံးဖြတ်ခြင်းရဲ့ အစဟာတွန်းအားပါပဲ စိတ်ပညာအရ တွန်းအားတစ်ခုဟာ အရွှေတစ်ခုကိုသွားဖို့ဆုံးဖြတ်ခြင်း စတင်ခြင်း အဆ...
29/08/2022

ဘဝမှာ တစ်ခုခုဆုံးဖြတ်ခြင်းရဲ့ အစဟာ

တွန်းအားပါပဲ

စိတ်ပညာအရ

တွန်းအားတစ်ခုဟာ အရွှေတစ်ခုကိုသွားဖို့

ဆုံးဖြတ်ခြင်း စတင်ခြင်း အဆုံးသတ်ခြင်း

ရလဒ် ဖြစ်ပေါ်လာခဲ့တာ မဟုတ်ပါလား

ကျေးဇူးတင်ပါတယ်

# ANT

NOTE

29/08/2022

#မိမိစိတ်ကိုထိန်းသိမ်းနည်း "
_________________________

လောကမှာ လူတွေဟာ
အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ -

- မဟုတ်မမှန်တာတွေ ပြောတာတွေ
- ရိုင်းရိုင်းပြပြ ပြောတာတွေ
- ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ
ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင် -

#မြတ်စွာဘုရားက_ကျင့်စဉ်လေး_ပေးထားတယ် ။
"န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ "

- ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူး လို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့။

- ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက်
ဖြစ်မသွားစေနဲ့ ။

- ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။
- အပြောမခံရခင်က စိတ်ကတစ်မျိုး၊ အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး
အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့

#အပြောမခံလိုက်ရခင်က_စိတ်မျိုးကို_ထိန်းထားပါတဲ့
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့
ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။

#တရားကျင့်တယ်ဆိုတာလဲဒါပါပဲ ။

တရားကျင့်တယ် ဆိုတာ အများက
" တင်ပလ္လင်ခွေ ထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ
အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ်၊
တရားအားထုတ်တယ် လို့ ထင်တယ် ။
အဲဒီလိုကျင့်တာက
သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး
မဖြစ်အောင် ထိန်းနိုင်တာကိုလည်း
တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။

ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့
စိတ်ကလေးကို ထိန်းသိမ်းမယ် လို့
သန္နိဋ္ဌာန် ချထားလိုက်ပါ ။

-----------------------------------------

#စိတ်ကလေးကို_မထိန်းနိုင်လို့_ပြောင်းသွားပြီဆိုရင်
#ထပ်ပြီး_ထိန်းလိုက်ရမှာက -

- မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။
- ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။
- မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လဲ
မကြားဝံ့ မနာသာ စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့ တဲ့

လူက ကိုယ့်ကိုလာပြီးဆဲရင် ပြန်ပြီး ဆဲတတ်ကြတယ် ။
ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ပြန်မပြောပါနဲ့ လို့ ပြောတာ ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။
ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ် ။
တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင်
ပေါက်ကွဲကုန်မယ် တဲ့ ။ တနည်းအားဖြင့်
သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ်
ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။

( ၃ ) အဲဒီစကားလာပြောတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။
ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ ။
စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး
ဒါကြောင့် မြတ်စွာဘုရားရှင်က
ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -

#ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

#ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။

#တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး
မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။

#ပိုပြီးခိုင်မာလာအောင်- အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။

#နောက်တစ်ခုက- အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီးကျယ်ပြန့်တဲ့မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။
---------------------------------------------------

လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့်
လေ့ကျင့်ယူကြရမယ် ။

တချို့ကပြောတယ် ။
ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ
မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ
အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။
အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့ မွေးရာပါ သန္တာန်မှာ
အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။
သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက #လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

ဒါဆို ဘယ်လိုလုပ်ရမလဲ ။
မေတ္တာဓါတ်တွေ ရလာအောင်
တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။
မလေ့ကျင့်ဘဲ ဘာမှ မဖြစ်လာနိုင်ဘူး။

တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။
လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။

#စိတ်ကိုလည်းလေ့ကျင့်ပေးရင်စွမ်းရည်တက်လာမှာပါပဲ ။

https://www.facebook.com/profile.php?id=100073474487916
သစ္စာ ပန်းခင်း

" #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ "
( မေတ္တာနှလုံး အစဉ်သုံး ၊ စာ- ၂၄- ၃၁ ) မှ အကျဉ်းအား ကောက်နုတ်ပူဇော်ပါ၏


Credit original
ဓမ္မဒါနအဖြစ်မျှဝေပူဇော်ပါသည်
⚜️⚜️⚜️⚜️⚜️
#သစ္စာပန်းခင်း

“မှတ်ကျောက်တင်ခြင်း အနုပညာ”တန်းဖိုးထားရသော ကျောက်တစ်လုံး ဖြစ်ဖို့အရည်အသွေး ဘယ်လောက်ရှိရှိ သေချာပေါက် မှတ်ကျောက်တင်ခံရသလိ...
28/06/2022

“မှတ်ကျောက်တင်ခြင်း အနုပညာ”

တန်းဖိုးထားရသော ကျောက်တစ်လုံး ဖြစ်ဖို့

အရည်အသွေး ဘယ်လောက်ရှိရှိ သေချာ

ပေါက် မှတ်ကျောက်တင်ခံရသလို့

လူဘဝ ဖြတ်သန်းမှုနေပယ်မှာ အရည်အသွေး

တွေ မည်မျှရှိနေပါစေ သူတော်ကောင်းတရား

တွေနဲ့အညီ နေထိုင် ရိုင်းပင်း ကူညီကြခြင်းဖြင့်

လူဘဝ အနှစ်သာရဆိုသော မှတ်ကျောက်

တင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း————

29.7.2022

NOTE ., ANT

14/06/2022

ကျွန်တော်ဖြတ်သန်းခဲ့ရသော

ကျွန်တော်အကြောင်း (ပ)

👍ငယ်စဉ်ဘဝ ကတည်း ကျမ်းမာခြင်းဆိုတာ

တန်းဖိုးထားတက်အောင် ခြူခြာခဲ့တဲ့ ကျွန်တော်

ကျွန်တော်က ငွေစု ဘဏ် (ဆေးဖိုးကုန်လို့ 😅😅)

အသက် (၂၀ ) အတွင်း ဆေးရုံ ၄ခါတက်ခဲ့ရတယ်)

✌🏻သင်ယူ လေ့လာ ကျင့်သုံး မှု အားနည်း

မှုက ပါရမိ ပါလာမှုတွေကို မှေးမိန်စေခဲ့သလို

စာတွေလေ့လာပြန်တော့ တိတိကျကျ

ကျင့်သုံးဖို့ မလုပ်ခဲ့

လုပ်ခဲ့တော့လည်း နည်းနည်းရလာရင်

ကျေနပ်ပြီး အရှိန်လျော့ချပြန်

တစ်ကယ် ကို feedback ရခဲ့သလို့

အခုဒီစာရေးနိုင်ချိန် ဘဝအကြောင်း

သုံးသပ်မိပြီး ကိုယ်စိတ် ၂လုံးစလုံး

တစ်သားတည်းကျ ဘဝကိုရှေ့ဆက်သွား

ဖို့ အားအင်တွေနဲ့

ကျေးဇူးတင်ပါတယ်

Note ANT

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959882228946

Website

Alerts

Be the first to know and let us send you an email when Aung Naing Htun - MYS Certificates Trainers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Aung Naing Htun - MYS Certificates Trainers:

Share