NOTI

NOTI Your Success, Our Strategy, Digital Excellence

🍀 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 🧨🎉"Welcome 2025: A year to dream big, work hard, and make unforgettable memories!"🙌 ❤️       #...
01/01/2025

🍀 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 𝐞𝐯𝐞𝐫𝐲𝐨𝐧𝐞 🧨🎉
"Welcome 2025: A year to dream big, work hard, and make unforgettable memories!"
🙌 ❤️

#2025

🙏  ပျော်ရွှင်ဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့ အချိန်အခါ🙏  မြန်မာ့ရိုးရာအခါသမယ ပျော်ရွှင်ဖွယ် တန်ဆောင်မုန်းလပြည့်နေ့လေးမှာ က...
15/11/2024

🙏 ပျော်ရွှင်ဖွယ်ရာ တန်ဆောင်မုန်းလပြည့်နေ့ အချိန်အခါ

🙏 မြန်မာ့ရိုးရာအခါသမယ ပျော်ရွှင်ဖွယ် တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လုပ်ငန်းများလည်း ကြီးပွားတိုးတက်အောင်မြင်နိုင်ကြပါစေလို့ 𝐍𝐎𝐓𝐈- 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐀𝐠𝐞𝐧𝐜𝐲 မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

#တန်ဆောင်မုန်းလပြည့်နေ့ #သာမညဖလအခါတော်နေ့

Local Brand တွေ မှိုလိုပေါက်လာတဲ့ခေတ်မှာ ကိုယ်ကခြေတစ်လှမ်းနောက်ကျနေသလို ခံစားနေရပြီလား❓💢ပို့စ်တင်ဖို့လည်း နေ့တိုင်းမလုပ်...
09/11/2024

Local Brand တွေ မှိုလိုပေါက်လာတဲ့ခေတ်မှာ ကိုယ်ကခြေတစ်လှမ်းနောက်ကျနေသလို ခံစားနေရပြီလား❓

💢ပို့စ်တင်ဖို့လည်း နေ့တိုင်းမလုပ်နိုင်
💢Quality ဖြစ်တဲ့ Content မျိုးလည်း မဖန်တီးနိုင်
💢Product Photo တွေကိုလည်း ဝယ်ချင်ဖွယ်ဖြစ်အောင် သေသေသပ်သပ်မလုပ်နိုင်ဘူးဆိုရင် Brand တစ်ခုအနေနဲ့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။

👉ဒါကြောင့် Brand Owner တွေအနေနဲ့

💯ကိုယ့်ရဲ့ လုပ်ငန်းကို သေချာလေး Branding လုပ်ချင်တယ်

💯Content နဲ့ Photo တွေကို Quality ရှိတာလေးတွေမှ သုံးချင်တယ်

💯Target Audience မှန်မှန်နဲ့ တစ်ယောက်ဆိုတစ်ယောက် ရောင်းရချင်တယ် ဆိုရင်တော့

🔶 Content Marketing
🔶 Graphic Design
🔶 Logo
🔶 Ads Promoting ( Boosting Service )
🔶 Motion Video စတာတွေကို One Stop Service ပေးနေတဲ့ NOTI နဲ့ လက်တွဲပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုကို တည်ဆောက်လိုက်ပါနော်။

𝐌𝐨𝐫𝐞 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧;

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐔𝐬: 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 (𝐨𝐫) 𝟎𝟗 𝟕𝟕𝟒𝟏𝟎𝟎𝟕𝟏𝟖











𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 ❤️ကမ္ဘာကြီးအတွက်တော့ သူဟာ သာမန်ဖခင်တစ်ဦးဆိုပေမဲ့ မိသားစုအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးဖြစ်ခဲ့ပါ...
16/06/2024

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲

❤️ကမ္ဘာကြီးအတွက်တော့ သူဟာ သာမန်ဖခင်တစ်ဦးဆိုပေမဲ့ မိသားစုအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံးဖြစ်ခဲ့ပါတယ်။ ငယ်ဘဝရဲ့ အကောင်းဆုံး သူငယ်ချင်း၊ အကောင်းဆုံး လမ်းပြကြယ်၊ အကောင်းဆုံးသူရဲကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

ဒီလိုနေ့လေးမှာ ချစ်ရတဲ့အဖေ့ကို ပြောပြချင်တဲ့ စကားလုံးလေးတွေရှိရင် 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ရေးပြီး NOTI တို့ အားလုံးနဲ့အတူ မျှဝေခံစားကြရအောင်လားနော်။

🙏ကမ္ဘာပေါ်ရှိ ကျေးဇူးရှင်ဖခင်များအားလုံးကို လေးစားဂုဏ်ပြုလျက်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော် ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲ...
22/05/2024

ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော် အခါသမယကစလို့ မိတ်‌ဟောင်းမိတ်သစ် လုပ်ငန်းရှင်များအားလုံး အိပ်မက်များကို အမြန်ဆုံးလက်တွေ့အကောင်အထည်ဖော်နိုင်ပါစေ။

🙏ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပြီး စီးပွားလာဘ်လာဘများ ဒီရေအလားတိုးပွားကြပါစေလို့ NOTI- Digital Marketing Agency မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။



#ကဆုန်လပြည့်ဗုဒ္ဓနေ့
#‌ညောင်ရေသွန်းပွဲတော်

🥰၂၀၂၄ ခုနှစ်၊ မေလေ ၁ ရက်နေ့ (ဗုဒ္ဓဟူး) မှာကျရောက်တဲ့ (၁၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ...
01/05/2024

🥰၂၀၂၄ ခုနှစ်၊ မေလေ ၁ ရက်နေ့ (ဗုဒ္ဓဟူး) မှာကျရောက်တဲ့ (၁၃၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုအပ်ပါတယ်။

သင်္ကြန်ဆိုတဲ့ စကားက သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာတဲ့ ဝေါဟာရဖြစ်ပါတယ်။ကူးပြောင်းခြင်းလို့ အ...
13/04/2024

သင်္ကြန်ဆိုတဲ့ စကားက သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာမှ သက်ဆင်းလာတဲ့ ဝေါဟာရဖြစ်ပါတယ်။ကူးပြောင်းခြင်းလို့ အဓိပ္ပာယ်ရပြီး နှစ်သစ်ကူးပြောင်းသော ကာလလို့လည်း ခေါ်ဆိုပါတယ်။

ဟိန္ဒူအယူအရ သိကြားမင်းနှင့် ဗြဟ္မာမင်းကြီး အငြင်းပွားကြတဲ့အခါ သိကြားမင်းနိုင်ပြီး ဗြဟ္မာမင်းကြီး၏ ဦးခေါင်းကိုရခဲ့ပါတယ်။ ဗြဟ္မာမင်းကြီးမှာ တန်ခိုးကြီးလှတာကြောင့် ဦးခေါင်းကြီးကို ပင်လယ်ထဲပစ်ချရင် ရေခန်းပြီး မြေကြီးမှာထားရင် မီးလောင်ပျက်စီးကြမှာပါ။လေထဲကို ပစ်ရင်လည်း သတ္တဝါအားလုံး မီးလောင်ကြမှာကို စိုးတာကြောင့် သိကြားမင်းက ဘယ်နေရာမှာမှ မထားဘဲ လက်ထဲမှာ ကိုင်ထားရပါတယ်။ နောက်ပိုင်းမှာ တန်ခိုးကြီးတဲ့ နတ်မင်းကြီးများကို တာဝန်လွှဲပြီး တစ်နှစ်ကို နတ်မင်းတစ်ပါးက ဦးခေါင်းကြီးကို ထိန်းသိမ်းထားဖို့ မိန့်ခဲ့ပါတယ်။ ဦးခေါင်းကြီးကို လွှဲယူမည့် အချိန်အတိအကျကို ပုဏ္ဏားတို့က တွက်ချက်ဖော်ထုတ်ကြပြီး အဲဒီအကူးအပြောင်းကာလကို 'သင်္ကန္တ'အခါလို့ ဆိုကြပြီး နှစ်တစ်နှစ်ပြည့်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

🙏သင်္ကြန်အခါသမယမှာ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ထွန်းကားရန်နှင့် ဗုဒ္ဓသာသနာပြန့်ပွားဖို့အတွက် လူ့ပြည်ဆင်းလေ့ရှိတယ်လို့လည်း အယူရှိကြပါတယ်။

ရှေး‌ရှေးတုန်းကတော့

အကြို - သပ္ပာယ် ( ဘုရားစေတီ ရေသပ္ပာယ်ခြင်း )
ကျဝယ် - ဆွမ်းကပ် ( ဆွမ်းကပ်လှူခြင်း )
အကြတ် - ခေါင်းလျော် ( ခေါင်းဆေး မဂင်္လာပြုလုပ်ခြင်း )
တက်သော် - ကျွေးဖြစ် (စတုဒီသာ ကျွေးမွေးခြင်း )
နှစ်ဆန်းတစ် - နှစ်သစ်တရားနာ ( တရားနာ ကုသိုလ်ယူခြင်း )ဆိုပြီး သင်္ကြန်ကာလကို တရားဓမ္မနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။

💦အဲဒီအချိန်တွေတုန်းက သင်္ကြန်ကာလမှာ ရေကစားတဲ့အလေ့အထမရှိသေးဘဲ နှောင်းပိုင်းကာလတွေ‌ရောက်မှ နှစ်သစ်ကို အေးချမ်းစွာ ကြိုဆိုတဲ့သဘောနဲ့ ရေပက်ခြင်း၊ရေလောင်းခြင်း အလေ့အထပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

💦အခုဆိုရင် သင်္ကြန်၊ သိကြားမင်းနဲ့ ရေကစားတာတွေက တစ်သားတည်းဖြစ်လာပြီး မြန်မာနိုင်ငံတင်မကဘဲ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊လာအိုနဲ့ ကမ္ဘောဒီးယားတွေမှာပါ ပြုလုပ်လာကြပါတယ်။

💦သင်္ကြန်ဟာ မြန်မာပြည်​သူပြည်​သားတိုင်း ပျော်ရွှင်ရတဲ့ အကြီးကျယ်အခမ်းနားဆုံး မြန်မာ့နှစ်သစ်ကူးပွဲတော်တစ်ခုဖြစ်ပြီး တန်ဖိုးထားထိန်းသိမ်းရမယ့် ရိုးရာဓလေ့လည်းဖြစ်ပါတယ်။

💗ဒါကြောင့် ရှေးယခင်ထဲက ထိန်းသိမ်းစောင့်‌ရှောက်လာတဲ့ ရိုးရာအမွေအနှစ်ကို လေးစားသောအားဖြင့် သရုပ်ပျက်အပြုအမူများ‌ ရှောင်ရှားပြီး ပျော်ရွှင်ဖွယ်ရာ သင်္ကြန်အချိန်အခါကို ဖြတ်သန်းနိုင်ကြပါစေလို့ ကျွန်တော်တို့ NOTI - Digital Marketing မှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

ရောင်းအားကျလို့ စိတ်ညစ်နေပြီလား?အခုလို အကျပ်အတည်းကာလကို ဦးဆောင်နေရတဲ့ လုပ်ငန်းရှင်တွေအတွက်  Struggle ဖြစ်ဆုံးအရာလို့ပြော...
10/04/2024

ရောင်းအားကျလို့ စိတ်ညစ်နေပြီလား?

အခုလို အကျပ်အတည်းကာလကို ဦးဆောင်နေရတဲ့ လုပ်ငန်းရှင်တွေအတွက် Struggle ဖြစ်ဆုံးအရာလို့ပြောရင် ရောင်းအားကျတာပဲဖြစ်မှာပါ။

🧏‍♂️သေချာတာတစ်ခုကတော့ ဒီပြဿနာ အခုရေတွင်းတူး အခုရေကြည်သောက်လို့ရတာမျိုးတော့ မဟုတ်ပါဘူး။

🙅‍♂️ရောင်းအားတွေထိုးကျတဲ့အခါ Agency တွေတစ်ခုပြီး တစ်ခုပြောင်းအပ်၊ နည်းအမျိုးမျိုးသုံးပြီး အချိန်ကုန်၊ ငွေကုန်နေရတာထက် …

လုပ်ငန်းရဲ့ အခြေခံအကျဆုံး အရေးကြီးဆုံးထောက်တိုင်တွေဖြစ်တဲ့ Sale And Marketing ကို ပြန်သုံးသပ်ကြည့်ဖို့ပဲ NOTI က အကြံပေးချင်ပါတယ်။

❌စီးပွားရေးလုပ်ငန်းမှာ Marketing မကောင်းရင် ဘာနဲ့တူလဲဆိုတော့ ဆီကြိတ်စက်ထဲကို ကန်တော့သေးသေးလေးသုံးပြီး နှမ်းတွေခံနေတာနဲ့ တူပါတယ်။ နှမ်းတွေကအများကြီးရှိပေမယ့် ကန်တော့ကသေးနေတော့ ဆီကြိတ်စက်ထဲ နှမ်းရောက်တာနည်းပါတယ်။

အဲလိုပါပဲ ကိုယ့်လုပ်ငန်းကို ဝယ်ယူနိုင်ချေရှိတဲ့ Customer အများကြီးရှိပေမယ့် Marketing မကောင်းတော့ သူတို့က ကိုယ့်လုပ်ငန်းကို မမြင်နိုင်၊ မသိနိုင်ပါဘူး။

❌Sale မကောင်းတာကျ ဘာနဲ့တူလဲဆိုတော့ ဝင်လာတဲ့နှမ်းတွေကို ဆီဖြစ်အောင်ကြိတ်ပေးမယ့် စက်“တုံး” နေတာနဲ့ တူပါတယ်။ နှမ်းတွေဝင်လာပေမယ့် ကြိတ်ပေးမယ့်စက်က တုံးနေတော့ ဆီကိုမရရှိနိုင်ပါဘူး။

အဲလိုပါပဲ Marketing ကြောင့်ဝင်လာတဲ့ ဝယ်နိုင်ချေရှိ Customer တွေကို Sale က တကယ်ဝယ်ယူအောင် Closed မလုပ်ပေးနိုင်တဲ့အခါကျတော့ လုပ်ငန်းရဲ့ ရောင်းအားကထိုးကျပါတယ်။

✅Sale ကောင်းရုံနဲ့ ရောင်းအားတက်မှာမဟုတ်သလို၊ Marketing ပဲကောင်းရုံနဲ့လည်း ရောင်းအားတက်နိုင်မှာ မဟုတ်ပါဘူး။ နှစ်ခုလုံး အပေးယူမျှမျှ ကောင်းမွန်မှသာ လုပ်ငန်းက ဘယ်ခေတ်၊ ဘယ်ကာလရောက်ရောက် ရောင်းအားကောင်းမှာ အသေအချာပဲ ဖြစ်ပါတယ်။

အခုဖတ်နေတဲ့ လုပ်ငန်းရှင်မှာ လုပ်ငန်းတစ်ခုရှိမယ်။ Marketing အနေနဲ့လည်း လုပ်တော့လုပ်နေတယ်။ ဒါပေမယ့် ရောင်းအားတွေကျနေတယ် (သို့) မရောင်းရဘူးဖြစ်နေရင်တော့

မြန်မာနိုင်ငံအနှံ့အပြား၊ နယ်ပယ်အသီးသီးမှာရှိတဲ့ လုပ်ငန်းပေါင်းများစွာကို အောင်မြင်စွာ Digital Marketing ဝန်ဆောင်မှုပေးနိုင်ခဲ့တဲ့ အတွေ့အကြုံရှိတဲ့ ကျွန်တော်တို့ NOTI ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ဗျ။

More Information;
Contact Us: Page Messenger (or) 09 774100718

💢 ဘယ်လုပ်ငန်းလုပ်လုပ် Marketing မကောင်းရင် မအောင်မြင်နိုင်တဲ့ Digital ခေတ်မှာ Marketing Agency တွေ မြန်မာနိုင်ငံအနှံ့အမျ...
08/04/2024

💢 ဘယ်လုပ်ငန်းလုပ်လုပ် Marketing မကောင်းရင် မအောင်မြင်နိုင်တဲ့ Digital ခေတ်မှာ
Marketing Agency တွေ မြန်မာနိုင်ငံအနှံ့အများကြီးမှ အများကြီးပေါ်လာပါတယ်။
‎
❗️ Digital Marketing Agency ထောင်ရတာက တကယ်လွယ်ပါတယ်။
‎
🔰 စာကောင်းကောင်းရေးတတ်တဲ့ Content Writer တစ်ယောက်ရယ်၊
ပုံကောင်းကောင်းဆွဲတတ်တဲ့ Graphic Designer တစ်ယောက်ရယ်၊
Boost နည်းနည်းပါးပါး လုပ်တတ်တဲ့သူတစ်ယောက်ရယ်ရှိရင် Agency ထောင်လို့ရပါပြီ။ ဒါပေမယ့် ပြဿနာက အဲလိုထောင်ထားတဲ့ Agency တွေမှာ Marketing Sense ပါမလာတာပဲဖြစ်ပါတယ်။
‎
🔰 အဲဒီအခါ ဘာဖြစ်လာလဲဆိုတော ဒီလိုလုပ် ဟိုလိုလုပ် စာအုပ်ထဲက Marketing Strategy တွေကို တတွင်တွင်ပြောနေပေမယ့် တကယ့်တကယ် လုပ်ငန်းမှာ အခက်အခဲတွေ၊ ပြဿနာတွေကြုံလာတဲ့အခါ သင့်လျော်တဲ့အဖြေပေးနိုင်စွမ်းမရှိပါဘူး။ ဒီမှာMarketingအပ်ရင် ဘယ်နှစ်လကနေ ဘယ်နှစ်လအတွင်း ဘယ်လောက်ထိ လုပ်ငန်း Grow Up ဖြစ်မယ်ဆိုတာမျိုး ရေရာတဲ့ အာမခံချက်မျိုး မပေးနိုင်ပါဘူး။
‎
❓ Digital Marketing လည်း လုပ်တာကြာနေပြီ။ ဒါပေမယ့် ရောင်းအားတွေ ဘာကြောင့်တက်မလာတာလဲ
‎
❓ ဘာလိုအပ်ချက်တွေကြောင့် လုပ်ငန်းက ကျပ်တည်းနေရတာလဲ
‎
❓ ဒီလမထိခဲ့တဲ့ Target ကို နောက်လထိအောင် ဘယ်လိုပြောင်းလဲပြီး Run မလဲ စသဖြင့် လက်တွေ့မှာ ဘက်ပေါင်းစုံကလာလေ့ရှိတဲ့ Struggle တွေအတွက် သေချာတဲ့အဖြေရှိမနေဘူး။ အဲတော့ ယုံယုံကြည်ကြည်အပ်ထားရတဲ့လုပ်ငန်းရှင်တွေ ဒုက္ခရောက်ရတော့တာပါပဲ။

✅ ဒီလိုမျိုးတွေအများကြီးရှိတယ်ဆိုပေမယ့်…

(၅) လအတွင်း ရောင်းအား (၂) ဆတက်စေရမယ်၊
(၁) လအတွင်း Engagement ဘယ်လောက်ထိရောက်ရမယ်… စသဖြင့်

✅ တကယ့်ကို Responsibility အပြည့်၊ Accountability အပြည့်နဲ့ Branding ကနေ Sale Closed ဖြစ်တဲ့ထိ ရေရာသေချာတဲ့ အာမခံချက်ပေးပြီး ကိုယ့်လုပ်ငန်းလိုသဘောထားကာ ကူညီဆောင်ရွက်ပေးတဲ့ Quality Agency တွေလည်း အများကြီးရှိပါတယ်။

🔸 ဒါပေမယ့် အရာရာဟာ Give and take ပဲမို့လို့ Quality Agency ဖြစ်တာနဲ့အညီ Service Charges ကလည်း Quality Charges ပဲဖြစ်မှာပါ။
‎
🔸 အဲဒီအခါ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေ၊ SME အသေးစားလုပ်ငန်းတွေ၊ အသေးစား Local Brand Owner တွေ၊ အခုမှ Digital Marketing စလုပ်မယ့်သူတွေ…
ဒီလို Service Fee အများကြီး မသုံးနိုင်တဲ့ လုပ်ငန်းရှင်တွေအတွက်တော့ Quality Agency တွေမှာအပ်ဖို့ အခက်အခဲရှိနေပါတယ်။
‎
ဒါကြောင့် ဒီလို လုပ်ငန်းရှင်တွေအတွက်…
‎
💯 “လုပ်ငန်းရှင်တိုင်း ထိရောက်တဲ့ Quality Digital Marketing Service ကို အသုံးပြုနိုင်ရမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ NOTI Digital Marketing Agency ကို စတင်အကောင်အထည်ဖော်ဖြစ်ခဲ့ပါတယ်။
‎
✅ ကျွန်တော်တို့ NOTI ဟာဆိုရင် Quality Agency ကြီးတွေထက် မပိုရင်တောင် Quality Agency ကြီးတွေထက် မလျော့တဲ့ Quality Service(အကောင်းဆုံးဝန်ဆောင်မှု) တွေကို Fair Price( အသက်သာဆုံးဈေးနှုန်း) နဲ့ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
‎
✅ ကျွန်တော်တို့ Agency က လုပ်ငန်းရဲ့ အခြေခံသဘောတရားကို သေချာလေ့လာပြီး လိုအပ်တဲ့နေရာတွေကို ထောက်ပြပေးဖို့နဲ Owner ရဲ့ မျှော်မှန်းချက် Goals တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ Marketing မလုပ်ခင် Consulting တစ်ကြိမ် Free လုပ်ပေးသွားဦးမှာပါ။
‎
✅ ဒါ့အပြင် အပတ်စဉ်လုပ်ငန်းတိုးတက်မှု Report၊ Customer အခြေအနေနဲ့ နောက်လာမယ့် Plan တွေအတွက်ပါ ဆွေးနွေးတိုင်ပင်ပေးသွားဦးမှာမို့ လုပ်ငန်းရှင်များအနေနဲ့ စိတ်ချယုံကြည်စွာ အားကိုးနိုင်ပါတယ်။
‎
👉ဒါကြောင့် အတန်ဆုံးနဲ့ အကောင်းဆုံးသော Digital Marketing Service မျိုးကိုလိုအပ်နေပြီဆိုရင်တော့ အခုပဲ Page Messenger ကို “NOTI” လို့ ပေးပို့လိုက်ပါခင်ဗျာ။
(အက်မင်မှ အသေးစိတ်လာရောက်ရှင်းပြပေးပါမယ်။)
‎

🚀ရောင်းအား (၂) ဆတက်ဖို့ တစ်ရက်ကို (8500) ကျပ်ထဲနဲ့ Digital Marketing အပ်နှံနိုင်ပါပြီ။ အခုမှစ Run မယ့် လုပ်ငန်းဖြစ်လို့ ...
31/03/2024

🚀ရောင်းအား (၂) ဆတက်ဖို့ တစ်ရက်ကို (8500) ကျပ်ထဲနဲ့ Digital Marketing အပ်နှံနိုင်ပါပြီ။

အခုမှစ Run မယ့် လုပ်ငန်းဖြစ်လို့ ဘက်ဂျက်အသက်သာဆုံးနဲ့ အထိရောက်ဆုံး Digital Marketing Service မျိုးရှာနေတာလား ❓

Service အပ်ထားပေမယ့် လကုန်စာရင်းချုပ်တိုင်း Results ကို စိတ်တိုင်းမကျလို့ ဘက်ဂျက်သက်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အာမခံချက်ပေးနိုင်မယ့် Service မျိုးရှာနေတာလား❓

လုပ်ငန်းပြိုင်တွေပေါများတဲ့ ခုခေတ်မှာ စီးပွားရေးလုပ်မယ်ဆိုရင် Digital Marketing မှာ မဖြစ်မနေ invest လုပ်ဖို့လိုပြီး အခုစလုပ်မယ်ဆိုရင်တောင် အတော့်ကို အမှီလိုက်ရမှာပါ။

💁‍♂️ဒါကြောင့် ဒီလိုလုပ်ငန်းရှင်တွေအတွက် အသေးစားဖြစ်ဖြစ်၊ အလတ်စားဖြစ်ဖြစ်၊ အကြီးစားဖြစ်ဖြစ် NOTI နဲ့ လက်တွဲမယ့် ဘယ်လုပ်ငန်းကိုမဆို…

🔰၂၄ နာရီ ၇ ရက်ပတ်လုံး Customer Message တွေနဲ့ စည်ကားနေအောင်
🔰လကုန်စာရင်းချုပ်တိုင်း Profit ကျန်နေအောင်
🔰Customer တွေရင်ထဲနေရာတစ်ခုအခိုင်အမာရရှိသွားအောင်

🎁Startup လုပ်ငန်းများအတွက် အထူးစီစဉ်ထားတဲ့ NOTI ရဲ့ အတန်ဆုံးနဲ့ ရလဒ်အကောင်းဆုံး Starter Package လေးရှိပါတယ်။

(ပထမဆုံးလက်တွဲသူ (5) ယောက်သာ ဒီလို Service ကို ဒီလို Fee နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်)

Starter Package လေးထဲမှာဆိုရင်

📌Quality Social Media Content/ Copywriting - (8) Posts
📌Quality Social Media Design - (8) Posts
📌Quality Social Media Cover Photo - (1) Post
📌Quality Social Media Profile Photo - (1) Post
📌Content Calendar
📌Seasonal Post - စသည်တို့ ပါဝင်မှာပဲဖြစ်ပါတယ်။

💁‍♂️ကိုယ့်လုပ်ငန်းက ကြီးတယ် Product များတယ် ဒါမှမဟုတ် အချိန်တိုအတွင်း ရောက်အားမြန်မြန်တက်အောင်၊ Customer ရင်ထဲ လုပ်ငန်းအမြန်ဆုံးရောက်အောင် ပို့စ်များများနဲ့ Digital Marketing လုပ်ချင် သူတွေအတွက်ကတော့ Premium Package ကိုရွေးဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်တော်တို့ NOTI နဲ့ ဘာကြောင့်လက်တွဲသင့်တာလဲ?

✅ ဘတ်ဂျက်ကို အသက်သာဆုံးဖြစ်အောင် သတ်မှတ်ထားပြီး ပေးရတဲ့ ဘတ်ဂျက်ထက် အဆပေါင်းများစွာ ပိုသာတဲ့ Quality ကို ရရှိနိုင်ခြင်း၊
✅Target Audience နဲ့ကိုက်ညီပြီး လုပ်ငန်းအတွက် ကွဲပြားဆန်းသစ်သော idea များကို ချပြနိုင်ခြင်း၊
✅ အချိန်တိုအတွင်း သတ်မှတ် KPI ပြည့်မှီပြီး ရောင်းအားတက်အောင် ဆောင်ရွက်ပေးနိုင်ခြင်း၊
✅လုပ်ငန်း အချိန်ဘယ်လောက်မှ ဘယ်လောက်အတွင်း ဘယ်လောက် Improve ဖြစ်လာမယ်ဆိုတာကို တိတိကျကျ အာမခံပေးနိုင်ခြင်း၊
✅အချိန်တိုအတွင်း လုပ်ငန်းရှင်သတ်မှတ်ထားတဲ့ KPI ပြည့်မှီအောင် ဆောင်ရွက်ပေးနိုင်ခြင်း၊
✅ကိုယ့်အရင်စောဝင်လာတဲ့ Competitor များကို လိုက်မှီအောင်၊ ကျော်ပြီး ဦးဆောင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ခြင်း၊
✅ Post တင်ပြီး ပြီးရောမဟုတ်ဘဲ ကိုယ်လုပ်ငန်းလိုသဘောထားပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ လှည့်ကြည့်စရာမလိုအောင် ဆောင်ရွက်ပေးခြင်း။

ကျွန်တော်တို့ NOTI Digital Marketing Agency ဟာဆိုရင် သက်ဆိုင်ရာအတွေ့အကြုံများစွာရှိတဲ့ Digital Marketer ၊ Content Writer၊ Graphic Designer ၊ Media Buyers တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး

လက်ရှိ (1) နှစ်ခွဲကျော်အချိန်တွင်းမှာ SME လုပ်ငန်းတွေသာမက Corporate လုပ်ငန်းများစွာထိ လက်တွဲညီညီနဲ့ Digital Marketing Service ပေးလာခဲ့ပြီးဖြစ်ပါတယ်။

🔰ကျွန်တော်တို့ Noti Digital Marketing Agency ရဲ့ ဆောင်ပုဒ်အတိုင်း

-Fair Price(အသင့်တင့်ဆုံး ဈေးနှုန်း)
-High Quality(အရည်အသွေးမြင့် Work Done)
-Special Warranty (အာမခံချက်အပြည့်) နဲ့ ကိုယ့်လုပ်ငန်းလိုသဘောထားပြီး ဝယ်ယူသူတွေရဲ့ Noti မပြတ်တဲ့အထိ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ Service ပေးသွားမှာပဲဖြစ်ပါတယ်။

💯စတင်လက်တွဲသည့်လမှ လုပ်ငန်းဟာမူလအခြေအနေထက် Sale, Engagement တိုမှာ သိသိသာသာတိုးတက်လာစေဖို့ (100) % အာမခံပါတယ်။

ဒါကြောင့် နှစ်သစ်မှာ လုပ်ငန်းအတွက် Digital Marketing လုပ်ဖို့စဉ်းစားနေပြီဆိုရင်တော့ ဒီပို့စ်လေးကနေပဲ ယုံကြည်စိတ်ချစွာ အတူစတင်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

🔰ဈေးနှုန်း

အခုခေတ်မှာ Content Writer တစ်ယောက်ကို ဝန်ထမ်းခန့်ရင်တောင် တစ်လကို အနည်းဆုံး လစာ (၃၀၀,၀၀၀) ပေးရပါတယ်။

NOTI ရဲ့ Package မှာဆိုရင်တော့ ပထမဆုံးအပ်နှံသူ (၅) ယောက်အတွက် တစ်လလုံးစာ Content, Graphic, Plan စသဖြင့် Digital Marketing နဲ့ပတ်သတ်ပြီး Services စုံစုံလင်လင်ပါဝင်တာကိုမှ (260,000-395,000) ကျပ်ကြားပဲ ကျသင့်မှာပါ။ ( တစ်ရက်ကို 8500 ကျပ် ဝန်းကျင်သာ ကျသင့်မှာပါ။)

▪️Starter Package - (260,000) ကျပ်
▪️Premium Package - (395,000) ကျပ်

👉ဒါကြောင့် အတန်ဆုံးနဲ့ အကောင်းဆုံးသော Digital Marketing Service မျိုးကိုလိုအပ်နေပြီဆိုရင်တော့ အခုပဲ Page Messenger ကို “NOTI” လို့ ပေးပို့လိုက်ပါခင်ဗျာ။

(အက်မင်မှ အသေးစိတ်လာရောက်ရှင်းပြပေးပါမယ်။)

🖐Online Business လုပ်သူတိုင်းသိထားသင့်တဲ့ Customer Stage 5ခုOnline Business ပဲလုပ်လုပ်၊ Offline Business ပဲလုပ်လုပ် အရေး...
24/03/2024

🖐Online Business လုပ်သူတိုင်းသိထားသင့်တဲ့ Customer Stage 5ခု

Online Business ပဲလုပ်လုပ်၊ Offline Business ပဲလုပ်လုပ် အရေးကြီးဆုံးက ကိုယ့်လုပ်ငန်း၊ ကိုယ့် Products ကို ဝယ်ယူမယ့် Customer တွေပါပဲ။ သူတို့ရှိမှ ကိုယ့်လုပ်ငန်းက ကောင်းမွန်စွာ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။

👍Customer တွေ ကိုယ့်လုပ်ငန်းကို နှစ်သက်သဘောကျအောင်၊
👍Customer တွေရင်ထဲ ကိုယ့် Product ရောက်အောင်၊
👍Customer တွေ ကိုယ့် Product ဝယ်ယူအောင်
👍Customer တွေ စိတ်တိုင်းကျဖြစ်အောင်… စသဖြင့် အသေးစိတ်ကအစ တွေးတောပြင်ဆင်ထားဖို့လိုပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ Online Business လုပ်နေသူတိုင်းသိထားသင့်တဲ့ အရေးကြီးဆုံး Customer Stage (5) ခုကို NOTI ကနေ မျှဝေပေးသွားပါမယ်။

1️⃣Know

ပထမဆုံးနဲ့ အခြေခံကျအဆုံး Stage ဖြစ်ပြီး အခုမှစလုပ်တဲ့ Business များအနေနဲ့ Know Stage ကနေ စတင်ရမှာပါ။ ကိုယ့်လုပ်ငန်းကို ချက်ချင်းစ၊ ချက်ချင်းတန်းရောင်းလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ့်လုပ်ငန်းအကြောင်း ဘယ်သူမှမသိသေးတာဖြစ်လို့ ဘယ်သူမှလည်း ဝယ်မှာမဟုတ်လို့ပါ။ ဒါကြောင့် ပထမဆုံးအနေနဲ့ ကိုယ့်လုပ်ငန်းကို Customer တွေရင်ထဲရောက်အောင် လုပ်ရပါမယ်။

‎👉 Know Stage ကို Social Media ပလက်ဖောင်းတွေပေါ်မှာ Content တွေ၊ Campaign တွေ၊ Offers တွေနဲ့ Marketing လုပ်ပြီး တည်ဆောက်နိုင်ပါတယ်။ Branding တည်ဆောက်တယ်လို့လည်း ခေါ်ကြပါတယ်။

2️⃣Trust

Customer တွေက ကိုယ့်လုပ်ငန်းအကြောင်းသိပြီးသွားပြီဆိုရင်လည်း ရောင်းလို့မရသေးပါဘူးခင်ဗျာ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့လုပ်ငန်း၊ Products နဲ့ ပတ်သတ်ပြီး Trust မရှိသေးလို့ပါ။ အခုလို competitor တွေ ဖောင်းပွလာတဲ့ခေတ်မှာဆိုရင် ပိုလို့တောင်ဆိုးပါသေးတယ်။ လုပ်ငန်းတူတွေ အများကြီးထဲကမှ ကိုယ့်လုပ်ငန်းကိုပဲ ရွေးချယ်ဖို့ဆိုရင် Customer တွေရင်ထဲမှာ ကိုယ့်လုပ်ငန်းနဲ့ ပတ်သတ်ပြီး Trust ဖြစ်နေဖို့လိုပါတယ်။

‎👉 Trust Stage ကိုတော့ influencer တွေ၊ Customer Review တွေ၊ Testimonial Content တွေနဲ့ တည်ဆောက်နိုင်ပါတယ်။

3️⃣Like

နောက်တစ်ဆင့်ကတော့ Customer တွေ ကိုယ့်လုပ်ငန်းကို ကြိုက်အောင် လုပ်ရမှာပဲဖြစ်ပါတယ်။ သိလည်း သိ ယုံလည်း ယုံခဲ့ပြီးပြီဆိုပေမယ့် မဝယ်ကြသေးပါဘူး။ ဘာကြောင့်လဲဆိုရင် မကြိုက်သေးလို့ပါ။ ဒါပေမယ့် Stage နှစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်လို့ ကြိုက်အောင်လုပ်ဖို့ မခက်တော့ပါဘူး။ ကြော်ငြာကောင်းကောင်း၊ Offer ကောင်းကောင်းတို့နဲ့ Digital Marketing သေချာလုပ်မယ်ဆိုရင် Customer တွေကြိုက်နှစ်သက်ဖို့ (၉၀) % သေချာပါပြီ။

‎👉 Like Stage ကိုတော့ Quality မြင့်တဲ့ ကြော်ငြာစာ၊ Media Buying တို့ကို အဓိကအားပြုပြီး တည်ဆောက်ရမှာပါ။

4️⃣Buy

သိလည်း သိပြီးပြီ၊ ယုံလည်း ယုံပြီ၊ ကြိုက်လည်း ကြိုက်ပြီးပြီဆိုတော့ အားလုံးမျှော်နေတဲ့ Customer ဝယ်တဲ့ Stage ကိုရောက်ပါပြီ။ Business လောကမှာတော့ “ရိတ်သိမ်း” Stage လို့ခေါ်ပါတယ်။ ရှေ့ Stage ၃ခုလုံးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး ပျိုးထောင်ခဲ့သမျှ အသီးအပွင့်တွေကို ဒီ Stage မှာ ရိတ်သိမ်းရလို့ပဲ ဖြစ်ပါတယ်။ ဒီ Stage ကိုရောက်ပြီဆိုရင်တော့ ကိုယ့်လုပ်ငန်း၊ ကိုယ့် Product ကို ရှယ်ရောင်းလို့ရပြီဖြစ်ပြီး Regular Customer တွေလည်း အများကြီးဝင်လာမှာပါ။

‎👉 Buy Stage ကိုတော့ Content, Copy, Graphic, Media Buying စတဲ့ Digital Marketing နဲ့ အခိုင်အမာ တည်ဆောက်ရမှာပါ။ Digital Marketing ကောင်းရင်ကောင်းသလို လုပ်ငန်းကလည်း လစဉ် Grow Up လာမှာပဲဖြစ်ပါတယ်။

5️⃣Referral

Regular Customer တွေကို Loyal Customer ဖြစ်အောင်၊ Loyal Customer တွေမှတစ်ဆင့် Customer အသစ်တွေ ထပ်မံရရှိလာအောင် တည်ဆောက်တဲ့ နောက်ဆုံး Stage ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ဖြစ်တဲ့ ဝယ်တဲ့အဆင့်ကိုပြီးဆုံးသွားပြီဆိုတော့ ကိုယ့်လုပ်ငန်းကို တစ်ခြားသူတွေဆီညွှန်းဆိုအောင်လုပ်ဖို့ပဲ ကျန်ပါတော့တယ်။ Corporate လုပ်ငန်းတွေမှာသာ တွေ့ရလေ့ရှိတဲ့ Stage ဆိုရင်လည်း မမှားပါဘူး။

‎👉 Referral Stage ကိုတော့ မပါမဖြစ် Digital Marketing အပြင် Special Offers တွေ( ဥပမာ- Vip Members) ၊ Promotions တွေနဲ့ တည်ဆောက်လို့ရပါတယ်။

ဒီ Stage (5) ခုကတော့ Online Business လုပ်တော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့် Customer Stage တွေဖြစ်ပြီး နောက်ရက်တွေမှာလည်း Business နဲ့ ပတ်သတ်ပြီး ဗဟုတသုတရဖွယ်များကို ထပ်မံမျှဝေပေးသွားပါဦးမယ်ခင်ဗျာ။

‎👉 ကိုယ့်ရဲ့ လုပ်ငန်းအတွက် အကောင်းဆုံးသော Digital Marketing Service ကို လိုအပ်နေပြီဆိုရင်တော့ 𝐍𝐎𝐓𝐈 Digital Marketing Agency ကို အခုပဲ ယုံကြည်စိတ်ချစွာ ဆက်သွယ်လိုက်ပါခင်ဗျာ။
‎
💪 Your Success, Our Strategy, Digital Excellence
‎

Address

Yangon

Telephone

+959774100718

Website

Alerts

Be the first to know and let us send you an email when NOTI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NOTI:

Share