ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ

  • Home
  • Myanmar
  • Yangon
  • ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ

ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ Home & Garden website

29/04/2026

ဒီရက်ပိုင်း မိုးရိပ်တွေ မြင်ရလို့
အမိုးတစ်လွှာ လှပ်ပစ်ရပါတော့မယ်။
နေ ရဲ့ အလင်းရောင် နည်းနေလို့လေ။

တကယ်ကို အရိပ်တကြည့်ကြည့်ပါပဲ
ချစ်သောရေ❤️

ချစ်တဲ့
ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ

28/04/2026

Morning ခ🌺
အချိန် နဲ့ မီးလာ/ပျက် အချိန်တွေမှာ
တစ်နေ့ တစ်နေ့
မင်မင်ရဲ့ အခြေအနေ 😅

သိချင်ကြတယ်ဆိုလို့ပြောပြလိုက်ပီနော်😊ကိုယ့်ခြံမှာလုပ်သမျှလေးတွေကို မျှဝေခြင်းသာ ဖြစ်ပါတယ်လို့ဦးစွာ ပထမ ပြောပါရစေရှင်😊💚စာ...
27/04/2026

သိချင်ကြတယ်ဆိုလို့ပြောပြလိုက်ပီနော်😊ကိုယ့်ခြံမှာ
လုပ်သမျှလေးတွေကို မျှဝေခြင်းသာ ဖြစ်ပါတယ်လို့
ဦးစွာ ပထမ ပြောပါရစေရှင်😊
💚စာတော့ နည်းနည်းရှည်ပါမယ် အပင်ချစ်သူဆို အဆုံးထိဖတ်ပေးနော် အကျိုးမယုတ်စေရဘူး🥰
♦️"သော"Thiamethoxam ♦️
ဒီဆေးက အပင်ထဲစုပ်ဝင်သွားတဲ့ 🦠ပိုးသတ်ဆေးပါ။🦠
စုပ်စားပိုးတွေအတွက် ထိရောက်ပါတယ်။
ဖားဥ လို ပန်းဥမှာ ကပ်နေတဲ့ ပိုးတွေအတွက်လဲ ထိရောက်ပါတယ်။
⌛️⌛️🎈ရေ ၁ လီတာကို 0.3/0.5 ml ပါ
မနက်စောစော /ညနေခင်းတွေမှာ ဖြန်းပါ
☀️နေပြင်းချိန် မဖြန်းပါနဲ့
၂ကြိမ်ထက် ပိုဖြန်းလို့ မရပါဘူး။⛔️
မင်မင် ခြံမှာတော့ မိုးဥိးကျ တစ်ကြိမ်
မိုး လယ်(သို့)နှောင်း အပင်အခြေအနေတွေ ကြည့်ပီးဖြန်းပါတယ်။ ပိုးသတ်ဆေးဖြန်းပီး ၁၀ ရက်လောက်ဆို
🌺ပုံမှန် Hatake (ဟားတားကဲ)+ လိုအပ်တဲ့ အားဆေးတွေ ပြန်လောင်းပါတယ်ရှင်။

💊Chemical ဆေးမို့ ဆေးဖြန်းရင် အရေပြားနဲ့မျက်နှာတွေ
မျက်လုံးထဲတွေ မဝင်အောင် အကာအကွယ်
လက်အိတ်🧤
Face Mask/Face shield😷
တွေ ဝတ်ဆင်ပီး အသုံးပြုပါရှင်။
ကိုယ်လုပ်တာလေးတွေ ကို မျှဝေပေးခြင်းသာဖြစ်ပါတယ်ရှင်။ကိုယ်လဲ သဇင်စိုက်ခါစက နဝေတိန်တောင်တွေ တအားဖြစ်ခဲ့ဘူးပါတယ် ၊အပင်တွေ ကောင်းချင်ဇောနဲ့ ဆေးပေါင်းစုံလဲ သုံးခဲ့ဘူးပါတယ်။
တဖြည်းဖြည်းနဲ့ သိလာတာက ။အပင်အားဆေးပဲဖြစ်ဖြစ်၊ အမြစ်အားဆေးပဲဖြစ်ဖြစ်၊ အပွင့်အားဆေးပဲ ဖြစ်ဖြစ် နာမည်ပေါင်းစုံနဲ့ အားလုံးအတူတူတွေပဲ ဖြစ်တယ်ဆိုတာပါပဲ။
🛑သဇင်ရဲ့ အဓိက လိုအပ်ချက် က
လုံ လောက်တဲ့ နေ အလင်းရောင်☀️
လေဝင်လေထွက်ကောင်းကောင်း🌬🌪
ရေ ပေးဝေမှု မျှတရင် 🌀
ဘားပလက် ဆေးထောင်းဖြန်းရင်တောင် ပွင့်တယ် လို့
စာပေတွေထဲ ဖတ်ထားဖူးပါတယ်။သို့သော်ငြားလည်း
သဘာဝအတိုင်း တောမှာ ပွင့်တာလိုမျိုးမှ မဟုတ်တာလေ နော်။ တစ်ကူးတက စိုက်ပျိုးကြတာဆိုတော့ လိုအပ်တဲ့ အစာ အဟာရတွေ ကတော့ လိုအပ်တာပေါ့ရှင်။🥰
ကိုယ့်ခြံမှာ လုပ်သမျှလေးတွေ အလျှင်းသင့်သလို မျှဝေပေးရင်း နိဂုံးချုပ်ပါရစေရှင်😊
Pageထဲက
အပင်ချစ်သူ အပေါင်း ကျန်းမာရွှင်လန်းလို့
စိုက်သော အပင်တိုင်း ဝေဆာဖူးပွင့်ကြပါစေရှင်။
ပန်းဥ စ တည် ဥအသစ်ချတဲ့ အချိန်
ဥထွားဆေး ဆိုတာလေး တစ်မျိုး ထပ်ပြောပြပေးမယ်။
အခုတော့ မီးလေး ခဏ မှိတ်လိုက်ပါမယ်နော်😁
❤️တစ်ဦးက စေတနာ တစ်ဦး မေတ္တာ❤️ ဆိုတဲ့ စိတ်ကလေးနဲ့
Comment လေးတွေ ချန်ခဲ့ပေးပါနော်❤️🥰😊
ချစ်တဲ့ ❤️💚
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ🧡❤️💚

📛‼️ဒိန်း ဒိန်း Danger☠️ဂရုစိုက်နေရင်း ကြားထဲ က⛔️Error တက်အန္တရာယ် အနေအထားက level -1 အဆင့်တစ်ပင်စ နှစ်ပင်စ တွေ့လာရပါပီ။ပိ...
26/04/2026

📛‼️ဒိန်း ဒိန်း Danger☠️
ဂရုစိုက်နေရင်း ကြားထဲ က
⛔️Error တက်
အန္တရာယ် အနေအထားက level -1 အဆင့်
တစ်ပင်စ နှစ်ပင်စ တွေ့လာရပါပီ။
ပိုးသတ်ဆေး ပါးပါး လေး ပေးမှ ရပ်မှာပါ။🚫
ဒီလိုမှ မလုပ်ရင် တစ်တိုင်လုံးကူး အတတ်တွေ မည်းလာပီး ရိကျသွားတော့မှာပါ
ရာသီဥတု ပူပြင်းချိန် အမြစ် မချသေးတဲ့ ကြားကာလ
နေပူလိုက် ရေစိုလိုက် မှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ သဘာဝတွေ။
ပိုးသတ်ဆေးဖြန်းရင် ညနေပိုင်း ပဲဖြန်းပါတယ်ရှင်။
အဖြစ်အပျက်တွေကလဲ မျိုးစုံ ကြိုးခုန်
လေ့လာစရာတွေဆိုတာလဲ မကုန်သောပဲ။
ပျော်နေပါပီ။
ဘာ ပိုး သတ် ဆေး ဖြန်း လဲ သိ ချင် ကြ သေး တယ် ဟုတ်
အဲ့ ဒါ ဆို comment လေး ချန် ထား ပေး🥰🥰
ဆေး ဘူး ကြီး နဲ့ တစ် ကွ ပြန် လာ ခဲ့ ပါ့ မယ်ရှင်။😁😁
ချစ်တဲ့💚❤️
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ ❤️

၂၀၂၀/၁၀ လပိုင်း က ပွင့်ခဲ့တာလေးတွေအချေသတင်းကြီးတဲ့ ရွှေမင်သမီး မျိုး အစောမျိုး သူက ၉လပိုင်း ဆိုတာနဲ့ အဖူး စထိုးပီ ၁၀လပို...
25/04/2026

၂၀၂၀/၁၀ လပိုင်း က ပွင့်ခဲ့တာလေးတွေ
အချေသတင်းကြီးတဲ့ ရွှေမင်သမီး မျိုး
အစောမျိုး
သူက ၉လပိုင်း ဆိုတာနဲ့ အဖူး စထိုးပီ ၁၀လပိုင်း
ဝါကျွတ် တာနဲ့ ပွဲဝင်ဖို့ ပွင့်ကြတဲ့ အစောဆုံးပွင့်တဲ့မျိုးစိပ်ပါ။
ကိုဗစ် နဲ့ ဂယက်တွေ ရိုက်တဲ့နှစ်မှာ ပွင့်ချက်က လှချက်။
နယ် ခြံ အပြောင်းအရွှေ့တွေမှာ မျိုးတွေရော သေတာက သေနဲ့ ဘယ်ရောက်ကုန်ပီလဲ မသိတော့။
၂၀၂၂ကြတော့ နည်းနည်း ထပ်ဝယ်ထည့်လိုက်တယ်။
လှလှလေးတွေ ပွင့်ပေးကြပါဦးလို့💚🥰
💚ခဲခဲစိပ်စိပ် လှချက်က လက်ကုန်ပဲ။❤️
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ

ပျိုးခဲ့သောပန်း🌿ပွင့်ခဲ့သောပန်း🌿🌸ရောင်းပေးခဲ့သမျှတွေ ပြန်ကြည့်ပီး ကြည်နူးလို့🥰လာမည့်နှစ် ၂၀၂၆-၂၀၂၇ ပန်းပွင့်ချိန်ရာဇာဝင်...
17/04/2026

ပျိုးခဲ့သောပန်း🌿
ပွင့်ခဲ့သောပန်း🌿🌸
ရောင်းပေးခဲ့သမျှတွေ ပြန်ကြည့်ပီး ကြည်နူးလို့🥰
လာမည့်နှစ် ၂၀၂၆-၂၀၂၇ ပန်းပွင့်ချိန်
ရာဇာဝင်းတင့် ရဲ့
🎼ပြန်လည်ဆုံဆည်းကြမယ်🎵🎶 အချစ်ရယ်🎼🥰🧡💚
ချစ်တဲ့
❤️ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ

ဒီပိစိလေးက ဒီအရွယ်လေး ဖြစ်လာပီ🩷နွေရဲ့ OASIS လေး💚နောက် ၂ရက်ဆို ပွင့်ပီ🌿ချစ်တဲ့ 🧡🩷❤️💚ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ
17/04/2026

ဒီပိစိလေးက ဒီအရွယ်လေး ဖြစ်လာပီ🩷
နွေရဲ့ OASIS လေး💚
နောက် ၂ရက်ဆို ပွင့်ပီ🌿
ချစ်တဲ့ 🧡🩷❤️💚
ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ

✨ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင်  စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေလို့  #ပင်မြင့်စံတော်ဝင်သဇင်ပန...
17/04/2026

✨ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ အခါသမယတွင် စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေလို့
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ မှ
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။ 🙏
———————-

VPN ချိတ်နေရလို့ပါ😔ဆေးထုပ်အမှာလေးတွေ ပို့ပါမယ်နော်ဒီရက်ပိုင်း deli သမားလေးတွေ နားလို့ပါပို့ပီးတာနဲ့ ဂိတ်ပြေစာတွေ ပို့ပေး...
13/04/2026

VPN ချိတ်နေရလို့ပါ😔
ဆေးထုပ်အမှာလေးတွေ ပို့ပါမယ်နော်
ဒီရက်ပိုင်း deli သမားလေးတွေ နားလို့ပါ
ပို့ပီးတာနဲ့ ဂိတ်ပြေစာတွေ ပို့ပေးပါမယ်နော်
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ

13/04/2026

Pageထဲ က အိမ်တွင်းပုန်း အမျိုး ချစ်သောတို့
ရေလောင်းလိုက်ပါတယ်နော်။🥰
အေးချမ်းကြပါစေရှင်။
#ချစ်တဲ့ ❤️
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ

အမြစ်ဆေး ဘာဆေးသုံးလဲ မေးကြလို့ပါမင်မင်သုံးတဲ့ အမြစ်အားဆေးပါရှင်။ရေတစ်ဂါလံ လဖ္ဘက်စား ဇွန်း ၁/၂ ဇွန်းပါဘူးကြီး /ဘူးသေး ရှိ...
11/04/2026

အမြစ်ဆေး ဘာဆေးသုံးလဲ မေးကြလို့ပါ
မင်မင်သုံးတဲ့ အမြစ်အားဆေးပါရှင်။
ရေတစ်ဂါလံ လဖ္ဘက်စား ဇွန်း ၁/၂ ဇွန်းပါ
ဘူးကြီး /ဘူးသေး ရှိပါတယ်။
စိုက်ပျိုးရေး ဆေးဆိုင်တွေမှာ ဝယ်လို့ရပါတယ်ရှင်။
#ပင်မြင့်စံတော်ဝင်သဇင်ပန်းခြံ

Address

Maha Thiri Street
Yangon
007

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

095405509

Website

Alerts

Be the first to know and let us send you an email when ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပင်မြင့်စံ တော်ဝင်သဇင်ပန်းခြံ:

Share