IWAH Digital Marketing Agency

IWAH Digital Marketing Agency Creative Excellence | Measurable ROI. The Integrated Agency that guarantees your budget is an Investment, not an Expense.

DM us for a Creative Strategy consultation.

10/03/2026

Fast Fashion Trend တွေ ခေတ်စားလာသလို တစ်ခြားတစ်ဖက်မှာလဲ သဘာ၀ပတ်ဝန်းကျင်ကို အထိအခိုက်နည်းတဲ့ Sustainable Fashion ကို နှစ်သက်ကြတဲ့သူတွေအများကြီးလည်း ရှိနေပါတယ်။ အထူးသဖြင့် Local Brand တွေကို ပိုအားစိုက်ပြီး ထုတ်လာကြတဲ့အချိန်မှာ အလုံးအရင်းနဲ့ထုတ်တဲ့ Fast Fashion တွေအစား sustailable local fashion brand တွေကို ကောင်းမွန်ထိမိတဲ့ မားကတ်တင်း ပုံစံမျိုးနဲ့ သွားမယ်ဆိုရင် စျေးကွက် မရနိုင်ဘူးလား ?
အထက်ပါ မေးခွန်းအောက်မှာ Fast Fashion နဲ့ Sustainable Fashion ရဲ့ ကွာဟချက်တွေကို မြင်သာစေမယ့် Short Form Campaign Video တပုဒ်ကို ကျနော်တို့ စဉ်းစားခဲ့ကြပါတယ်။
Campaign Video Concept က ရိုးရှင်းပါတယ်။ နေ့ဓူတ၀ အသစ်အသစ်တွေ ထွက်နေတဲ့ Fast Fashion Brand တွေကို ခဏတိုင်း အသစ်ဝယ်ပြီး ဗီရိုထဲ ထည့်ထားပေမယ့် တကယ့်တကယ် ဝတ်ခါနီးဆို ဘာကို ဝတ်လို့ ဝတ်ရမှန်းမသိဘဲ ဗီရီုရှေ့ အချိန်ကုန်ရတဲ့ concept လေးပေါ့။
ဒီ Concept လေးကို ai နဲ့ story board ဆွဲပြီး ai နဲ့ပဲ video အဖြစ် ဖန်တီးထားပါတယ်။
မိတ်ဆွေတို့ရော Fast Fashion သမားလား ဒါမှမဟုတ် sustainable fashion သမားလား?

နည်းပညာနဲ့မားကတ်တင်းပေါင်းစပ်အသုံးပြုခြင်းကနေ အရင်ကဘတ်ဂျက်ကြောင့် ဖန်တီးဖို့ ခက်ခဲတဲ့ ကြော်ငြာသီချင်းတွေကို ဖန်တီးဖို့ ပ...
05/03/2026

နည်းပညာနဲ့မားကတ်တင်းပေါင်းစပ်အသုံးပြုခြင်းကနေ အရင်ကဘတ်ဂျက်ကြောင့် ဖန်တီးဖို့ ခက်ခဲတဲ့ ကြော်ငြာသီချင်းတွေကို ဖန်တီးဖို့ ပိုမို လွယ်ကူလာပါတယ်။ မကြာခင်မှာ IWAH ကနေ Adixin Myanmar အတွက် နိုင်ငံကျော် ဂီတပညာရှင် တဦးနဲ့ ဖန်တီးထားတဲ့ Commercial Song တပုဒ်ထွက်လာဖို့ရှိပေမယ့် အခုလောလောဆယ်တော့ Ai နဲ့ ရေး၊ဆို၊တီးထားတဲ့ Jingle Song လေးကိုပဲ အရင် မျှဝေလိုက်ရပါတယ်။

IWAH နှင့် လုပ်ငန်းရှင်များအကြား ပေါင်းကူးတံတားတစ်စင်း ရှာဖွေနေပါတယ် 📣"စာရင်းအင်းတွက်ချက်ရတဲ့ Accountant မဟုတ်ဘဲ လုပ်ငန်...
27/02/2026

IWAH နှင့် လုပ်ငန်းရှင်များအကြား ပေါင်းကူးတံတားတစ်စင်း ရှာဖွေနေပါတယ် 📣

"စာရင်းအင်းတွက်ချက်ရတဲ့ Accountant မဟုတ်ဘဲ လုပ်ငန်းတိုးတက်အောင် ဖန်တီးပေးရမယ့် Account Executive (AE) တစ်ဦးကို IWAHမှာ (မန္တလေးရုံးအတွက်) ခေါ်ယူနေပါတယ်။"

Account Executive ဆိုတာ ဘာလဲ? ဘာတွေလုပ်ရတာလဲ?

Digital Marketing ဆိုတာ မတူညီတဲ့ Professional တွေ၊ Talent ရှိသူတွေနဲ့ Skillsets ပေါင်းစပ်ရတဲ့ လုပ်ငန်းဖြစ်လို့ အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒီထဲမှာမှ AE ဆိုတာ ဘောလုံးအသင်းတစ်သင်းရဲ့ "ရှေ့တန်းတိုက်စစ်မှူး" လိုပါပဲ။

AE တစ်ယောက်ရဲ့ အဓိကတာဝန်က အေဂျင်စီမှာ အလုပ်အပ်ထားတဲ့ လုပ်ငန်းရှင်တွေရဲ့ Business ကို သေချာလေ့လာပြီး၊ အေဂျင်စီဘက်က Marketing ပံ့ပိုးမှုတွေနဲ့ လုပ်ငန်းရှင်ရဲ့ စီးပွားရေး ဘယ်လိုပိုတိုးတက်လာမလဲဆိုတာကို အမြဲရှာဖွေဖော်ထုတ်ပေးရတာမျိုးပါ။

IWAH ရဲ့ AE တွေက "အစုံသုပ်" မဟုတ်ဘူး
AE တွေကို အစုံသုပ်လို့ တင်စားလေ့ရှိကြပေမယ့် IWAH မှာတော့ AE တွေဟာ အေဂျင်စီတစ်ခုလုံးရဲ့ လုပ်ငန်းစဉ်တွေကို နှံ့နှံ့စပ်စပ် သိရှိနားလည်ထားသူတွေသာ ဖြစ်ပါတယ်။

🔹Marketing အကြောင်း သိရမယ်။

🔹Copywriter / Designer နဲ့ ဘယ်လိုပူးပေါင်းရင် အကောင်းဆုံးရလဒ်ထွက်မလဲ သိရမယ်။

🔹Internal Creative Team နဲ့လည်း အချိတ်အဆက်မိရမယ်။

Internal Team နဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလေလေ၊ Client ရဲ့ လုပ်ငန်းအတွက် ပိုမိုထိရောက်တဲ့ Support ပေးနိုင်လေလေပါပဲ။

Communication & Strategy
အရပ်စကားနဲ့ပြောရရင် AE တစ်ယောက်ဟာ ဆက်ဆံရေးကောင်းရမယ်၊ "အထာနပ်" ရမယ်။ Client ရဲ့ Business Growth ကို ရှေးရှုပြီး Internal Team ရဲ့ အားကိုအသုံးချပြီး ကူညီပေးရသူပါ။ AE ဟာ အေဂျင်စီရဲ့ ကိုယ်စားလှယ် (Representative) ဖြစ်တဲ့အတွက် စာပို့၊ စကားပြန်ရုံထက် အများကြီး ပိုပါတယ်။ Client အတွက် ဘယ်လို Service မျိုးက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို တွက်ချက်အကြံပြုပေးပြီး နှစ်ဦးနှစ်ဖက် Win-Win ဖြစ်အောင် ဖန်တီးပေးရသူပါ။

Career Opportunity
AE Life က စိန်ခေါ်မှုရှိသလို မတူညီတဲ့ Talent တွေနဲ့ တွဲလုပ်ရလို့ အတွေ့အကြုံသစ်နဲ့ ပျော်စရာတွေလည်း အများကြီးရှိပါတယ်။ Junior Position ကနေ Chief အထိ တက်လှမ်းနိုင်တဲ့ လမ်းကြောင်းလည်း ရှိပါတယ်။

🔍 အခုခေါ်ယူနေတဲ့ Mid-Level Position အတွက် လိုအပ်ချက်များ
လက်ရှိ IWAH မှာ Mid-Level Account Executive တစ်ဦး ခေါ်ယူနေတာဖြစ်ပြီး အောက်ပါအရည်အချင်းများရှိရန် လိုအပ်ပါတယ် -

🔹Experience: Marketing Agency တွင် အတွေ့အကြုံ (၂) နှစ်နီးပါး ရှိရမည်။

🔹Education: Marketing နှင့် ပတ်သက်သော Diploma သို့မဟုတ် Certificate တစ်ခုခု ရှိရမည်။

🔹Tech Skills: Computer နှင့် Google Tools များကို ကျွမ်းကျင်စွာ အသုံးချနိုင်ရမည်။

🔹Presentation: Presentation Slide များ ပြင်ဆင်နိုင်ပြီး ကောင်းမွန်စွာ တင်ပြနိုင်ရမည်။

🔹AI & Trends: AI Trend များကို သိရှိပြီး လက်တွေ့ အသုံးချနိုင်ရမည်။

🔹Communication: ဆက်ဆံရေးနှင့် ဆက်သွယ်ပြောဆိုမှု ကောင်းမွန်သူဖြစ်ရမည်။

🔹Social Media: Social Media Trends များကို နားလည်ရမည်။

🔹Technical Knowledge: Meta Business Suite, TikTok Algorithm, SEO နှင့် SEM တို့ကို နားလည်ရမည်။

🔹Work Style: On-site Hybrid လုပ်ဆောင်နိုင်ရမည်။

📩 လျှောက်ထားရန်
IWAH ဟာ Professional တွေကို တန်ဖိုးထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် သင်ဟာ အရည်အချင်းရှိတဲ့ AE တစ်ယောက်ဆိုရင် အောက်ပါအချက်အလက်များကို [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်။

🔹CV Form
🔹Cover Letter
🔹Portfolio
🔹Expected Salary (ခန့်မှန်းလစာ) (Necessary)

📅 Deadline: March 20, 2026

IWAH ရဲ့ ရှေ့တန်းတိုက်စစ်မှူးအဖြစ် ပူးပေါင်းဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ လျှောက်ထားလိုက်ပါ!

12/01/2026

Adixin EV Accessories Distribution ဌာနအတွက် E Commerence , Social Media Marketing ကဏ္ဍတွေမှာ အသုံးပြုနိုင်ဖို့အတွက် အရည်အသွေးကောင်းမွန်တဲ့ ဓါတ်ပုံတွေရရှိဖို့ IWAH Team မှ Professional Photoshoot ပိုင်းပံ့ပိုးပေးလျက်ရှိပါတယ်။
သင့်လုပ်ငန်းရဲ့ မားကတ်တင်းပိုင်းနဲ့ပတ်သက်ပြီး

▪️IWAH မှ အခမဲ့ အကြံဉာဏ်ရယူနိုင်ရန်အတွက် ဆက်သွယ်ရန် - 09950399480 (Viber / Whatsapp)
▪️ရုံးချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီ(တနင်္လာနေ့မှ စနေနေ့)
IWAH-It Win And How သည် မန္တလေးမြို့အခြေစိုက် Digital Marketing Agency တစ်ခုဖြစ်ပြီး ကုမ္ပဏီအသင်းအဖွဲ့များနှင့် အမှတ်တံဆိပ်များ၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊ လက်လီ အရောင်းဆိုင်များနှင့် ဖြန့်ချီရေးလုပ်ငန်းများအားလုံးအတွက် [ MLM လုပ်ငန်းများနှင့် ဥပဒေနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ အပ] Branding & Digital Marketing ဆိုင်ရာ နည်းဗျူဟာများ ကူညီပေးလျက်ရှိပါသည်။
Visit Our TikTok > https://www.tiktok.com/
Your Marketing is an Asset.
Stop Spending,
Start Investing.
Start your profitable marketing journey with us.
IWAH - It Win And How.
Visit our website > www.iwahcreative.com
&b

10/01/2026

စားသောက်ကုန်လုပ်ငန်းတခု ဒါမှမဟုတ် စားသောက်ဆိုင်လုပ်ငန်းတခု အောင်မြင်ဖို့အတွက် ဓါတ်ပုံအရည်အသွေးကောင်းကောင်း၊ Graphic Design ကောင်းကောင်းနဲ့ မားကတ်တင်း နည်းဗျူဟာကောင်းကောင်း တွေက အရေးကြီးတဲ့ အရာတွေပါ။ သင့်စားသောက်ဆိုင်လုပ်ငန်းအောင်မြင်ဖို့အတွက် IWAH က ပံ့ပိုးကူညီပေးဖို့အသင့်ရှိနေတာမို့ အခုပဲ ဆက်သွယ်လိုက်ပါ။

▪️အခမဲ့ အကြံဉာဏ်ရယူနိုင်ရန်အတွက် ဆက်သွယ်ရန် - 09950399480 (Viber / Whatsapp)
▪️ရုံးချိန် - မနက် ၉ နာရီမှ ညနေ ၅ နာရီ(တနင်္လာနေ့မှ စနေနေ့)

IWAH-It Win And How သည် မန္တလေးမြို့အခြေစိုက် Digital Marketing Agency တစ်ခုဖြစ်ပြီး ကုမ္ပဏီအသင်းအဖွဲ့များနှင့် အမှတ်တံဆိပ်များ၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊ လက်လီ အရောင်းဆိုင်များနှင့် ဖြန့်ချီရေးလုပ်ငန်းများအားလုံးအတွက် [ MLM လုပ်ငန်းများနှင့် ဥပဒေနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ အပ] Branding & Digital Marketing ဆိုင်ရာ နည်းဗျူဟာများ ကူညီပေးလျက်ရှိပါသည်။
Your Marketing is an Asset.
Stop Spending,
Start Investing.
Start your profitable marketing journey with us.
IWAH - It Win And How.
Visit our website > www.iwahcreative.com
&b

[English version below]ပြီးခဲ့သော နှစ်က Social Media Marketing Project တစ်ခုအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော Project တစ်ခုအက...
27/10/2025

[English version below]
ပြီးခဲ့သော နှစ်က Social Media Marketing Project တစ်ခုအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော Project တစ်ခုအကြောင်းကို ဂုဏ်ယူစွာဖြင့်မျှဝေလိုပါသည်။ အဆိုပါ Project မှာ မန္တလေးမြို့၏ နာမည်ကျော် အမှတ်တံဆိပ် တစ်ခုဖြစ်သော မင်းကြီးကြိုက် လုံချည် အမှတ်တံဆိပ် အတွက်ဖြစ်ပါသည်။

မင်းကြီးကြိုက်လုံချည် အမှတ်တံဆိပ်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာ သက်တမ်းရှိ မြန်မာ့ရိုးရာ လုံချည် အမှတ်တံဆိပ် တစ်ခုဖြစ်ပြီး ပရီမီယမ်ကွာလတီ အမျိုးသားဝတ် လုံချည်များကို ထုတ်လုပ်ဖြန့်ချိနေသော အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။ Website နှင့် Application ပေါ်က တစ်ဆင့် ပထမဦးဆုံး ခေတ်မီစွာ ရောင်းချခဲ့သော ဂုဏ်ယူဖွယ်ရာ အမှတ်တံဆိပ်တစ်ခုလည်းဖြစ်ပါသည်။

IWAH မှ မင်းကြီးကြိုက်လုံချည်၏ Social Media Marketing Project ကို တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် Brand ၏ ဂုဏ်သိက္ခာနှင့် ညီညွတ်သော Social Media Post များကို ဖန်တီးခဲ့ရုံသာမကဘဲ၊ ခေတ်နှင့်အညီ Minimalist Ads များကိုလည်း Creative ဖြစ်စွာ ဖန်တီးခဲ့ကြပါသည်။

ထို့အပြင် Awareness ကောင်းမွန်စေရန်နှင့် Sales ရရှိစေရန်အတွက် paid ads run ပေးခြင်းကိုလည်း ဝန်ဆောင်မှုပြုလုပ်ပေးခဲ့ကြပါသည်။ ထိုသို့ paid ads များ run ရာတွင်လည်း media buying allocation ၊ Ex*****on နှင့် reporting ပိုင်းများကိုလည်း စနစ်တကျ ပြုလုပ်ပေးခဲ့သည့်အတွက် ROI ကောင်းမွန်ခဲ့သည့် Project တစ်ခုလည်းဖြစ်ခဲ့ပါသည်။

Social Media Strategy ၊ Content Creation ပိုင်း၊ Paid Ads အပိုင်းတို့ကို ကျွမ်းကျင်ပြီး စနစ်တကျ ပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် လုပ်ငန်းရှင်ဘက်မှ Marketing အတွက် Budget များကို ထိုက်တန်သည့် investment တစ်ခုအဖြစ် ပြန်လည်ရရှိခဲ့ပါသည်။

IWAH-It Win And How သည် မန္တလေးမြို့အခြေစိုက် Digital Marketing Agency တစ်ခုဖြစ်ပြီး ကုမ္ပဏီအသင်းအဖွဲ့များနှင့် အမှတ်တံဆိပ်များ၊ အသေးစား၊ အလတ်စားနှင့် အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊ လက်လီ အရောင်းဆိုင်များနှင့် ဖြန့်ချီရေးလုပ်ငန်းများအားလုံးအတွက် [ MLM လုပ်ငန်းများနှင့် ဥပဒေနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားလုပ်ငန်းများမှ အပ] Branding & Digital Marketing Solution များ ကူညီပေးလျက်ရှိပါသည်။
We are proud to share a Social Media Marketing project we successfully managed last year for "Min Gyi Kyaik Longyi," one of Mandalay's most renowned brands.

With a heritage spanning over 30 years, Min Gyi Kyaik Longyi is a traditional Myanmar brand specializing in the production and distribution of premium-quality men's longyis (sarongs). They are also a pioneering brand, being the first in their field to modernize sales through a dedicated Website & Application.

In managing the Social Media Marketing project for Min Gyi Kyaik Longyi, IWAH not only created social media posts that aligned with the brand's prestigious reputation but also creatively developed modern, minimalist advertisements suited for the current era.

Furthermore, we provided comprehensive paid advertising services to enhance brand awareness and drive sales. Our systematic approach to running these paid ads—covering media buying allocation, ex*****on, and detailed reporting—resulted in a project with an excellent Return on Investment (ROI).

Our expertise and systematic ex*****on across Social Media Strategy, Content Creation, and Paid Ads ensured that the client’s marketing budget was transformed into a worthy and profitable investment.

IWAH - It Win And How is a Mandalay-based Digital Marketing Agency. We provide digital marketing services to corporations, brands, small, medium, and large-scale enterprises, retail shops, and distribution businesses. [We do not provide services for MLM businesses or illegal online gambling operations.]
Your Marketing is an Asset.
Stop Spending,
Start Investing.
Start your profitable marketing journey with us.
IWAH - It Win And How.
Visit our website > www.iwahcreative.com


[English version below]လုပ်ငန်း ၁၀ ခုတွင် ၈ ခုသည် ၎င်းတို့၏ Marketing Budget ကို ဖြုန်းတီးနေကြသည်။ဒါဟာ ပြင်းထန်သော်လည်း....
25/10/2025

[English version below]
လုပ်ငန်း ၁၀ ခုတွင် ၈ ခုသည် ၎င်းတို့၏ Marketing Budget ကို ဖြုန်းတီးနေကြသည်။
ဒါဟာ ပြင်းထန်သော်လည်း... ဈေးကွက်၏ အမှန်တရား သက်သက်သာ ဖြစ်သည်။

လုပ်ငန်းရှင်အများစုသည် တန်ဖိုးရှိသော Budget ကို ရင်းနှီးမြှုပ်နှံမှု (Investment) အဖြစ် အသုံးမချဘဲ၊ မားကတ်တင်း ခေါင်းစဉ်အောက်တွင် မရေရာသော လောင်းကြေး ထပ်နေကြသည်။ ကြော်ငြာများဖန်တီးသည်၊ Social Media တွင် ပိုစ့်တင်သည်၊ Brand Awareness ဟူသော စကားလုံးလှလှဖြင့် မိမိကိုယ်ကို နှစ်သိမ့်ကြသည်။

သို့သော် လကုန်တိုင်းမှာ လက်ရှိ သင်ပြုလုပ်နေသော မားကတ်တင်းအတွက် သင်သုံးလိုက်သော ငွေတစ်ကျပ်ချင်းစီမှ ရောင်းအား Sales မည်မျှ ပြန်ရခဲ့သနည်း။" Brand ကို လူမည်မျှ တိတိကျကျ မှတ်မိသွားသနည်း ဆိုသည့် မေးခွန်း ၂ခုကို ပြန်လည်မေးကြည့်သင့်သည်။
အဖြေအများစု သည် ကျေနပ်ဖွယ် ဖြစ်လေ့မရှိပါ။

အကြောင်းရင်းမှာ ရှင်းပါသည်။ လုပ်ငန်းအများစုသည် ခိုင်မာသော အုတ်မြစ် Brand Foundation မရှိဘဲ အဆောက်အဦး ဆောက်နေကြသောကြောင့် ဖြစ်သည်။
Foundation မခိုင်မာလျှင် ပြောမည့်စကား (Brand Message) နှင့် ရောင်းမည့်အချက် (Marketing Message) တို့သည် ရှင်းလင်းမှုမရှိနိုင်ဘဲ ဒီနေ့တစ်မျိုး၊ နက်ဖြန်တစ်မျိုး ဖြစ်လာလေ့ရှိကြသည်။

ရလဒ်မှာ ရေရှည်တန်ဖိုး Long-term Value တည်ဆောက်မည့်အစား၊ ရေတို ရောင်းအား Short-term ROI အတွက် Noise ဖန်တီးခြင်းကိုသာ အာရုံစိုက်လာကြသည်။ ပို၍ဆိုးသည်မှာ၊ Marketing နှင့် Sales ၏ ဆိုလိုရင်းများကိုရောထွေးပြီး၊ Sales များများ ရဖို့သက်သက်သာ ကြိုးပမ်းနေခြင်းသည် အကျိုးမရှိသော ကုန်ကျစရိတ် Marketing Expense သာ ဖြစ်သည်။

Marketing သည် ကုန်ကျစရိတ် မဟုတ်။ ရင်းနှီးမြှုပ်နှံမှု ဖြစ်ရမည်။
ထိရောက်သော Marketing ဆိုသည်မှာ သင်သုံးစွဲလိုက်သော ငွေတိုင်းက အနာဂတ်တွင် Brand ကို ယုံကြည်၊ မှတ်မိစေပြီး အကျိုးအမြတ်များ ပြန်လည်သယ်ဆောင်လာပေးမည့် ရင်းနှီးမြှုပ်နှံမှု (Investment) စစ်စစ် ဖြစ်ရမည်။

Marketing သည် စစ်မှန်ခြင်းမရှိ၊ရိုးသားမှုမရှိသော(ကြမ်းပိုးကိုလိပ်ဖြစ်အောင်ရေးသော)ရေပေါ်ဆီ စကားလုံးလှလှ၊ ဒီဇိုင်းလှလှ၊ လူကြည့်များရန် Trend များနောက် လိုက်နေခြင်းသက်သက် မဟုတ်ပါ။ Marketing သည် သင်၏ လုပ်ငန်း အုတ်မြစ် (Brand Foundation) မှ စတင်ရသည်။ ထို့နောက်မှသာ Data, Strategy နှင့် တိကျသော ရလဒ်များ လာရမည် ဖြစ်သည်။

IWAH သည် သင်၏ Marketing Budget များကို မရေရာသည့်တွင်းနက်ထဲ လောင်းထည့်နေသော ဖြုန်းတီးမှုများကိုရပ်တန့်စေပြီး၊ ရေရှည်တွင် တည်ငြိမ်သော အကျိုးအမြတ်များ ဆက်တိုက်ထုတ်ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် ပြောင်းလဲပေးနေသည့် မားကတ်တင်းအဖွဲ့အစည်းတခုဖြစ်သည်။

IWAH တွင် "Likes" နှင့် "Views" များကို အာရုံမစိုက်ပါ။ ကျွန်ုပ်တို့သည် သင်၏ "Profit Margin" နှင့် "Brand Equity" ကို တိုးတက်စေမည့်၊ တိုင်းတာနိုင်သော Marketing Solution များကိုသာ ဖန်တီးပေးသည်။

သင်၏ Budget ကို နောက်တစ်လ ထပ်မံ မဖြုန်းတီးလိုလျှင်၊ ကုန်ကျစရိတ် မှ ရင်းနှီးမြှုပ်နှံမှုအဖြစ် ယခုပင် စတင်ပြောင်းလဲလိုက်ပါ။ စစ်မှန်သော Marketing အတွက် Investment ပြုလုပ်ခြင်းဖြင့်သင်၏ငွေက သင့်အတွက် မည်သို့ အလုပ်ပြန်လုပ်ပေးနိုင်သည်ကို IWAH မှ ရှင်းပြပါရစေ။
IWAH-It Win And How ဟာ မန္တလေးမြို့အခြေစိုက် Digital Marketing Agency တခုဖြစ်ပြီး ကုမ္ပဏီအသင်းအဖွဲ့များနှင့် အမှတ်တံဆိပ်များ၊ အသေးစား၊အလတ်စားနဲ့ အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊လက်လီ အရောင်းဆိုင်များနှင့် ဖြန့်ချီရေးလုပ်ငန်းများအားလုံးအတွက် [ MLM လုပ်ငန်းများနှင့် ဥပဒေနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားလုပ်ငန်းများမှအပ] Digital Marketing ဝန်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။
[English Version]
This is a harsh statement, but it is… simply the market reality.
Most business owners don't use their valuable budget as an (Investment); instead, they are making uncertain "gambles" under the banner of "marketing." They create ads, post on Social Media, and console themselves with the nice-sounding phrase, "Brand Awareness."

But at the end of every month, you should ask two questions about your current marketing:
"For every dollar spent, how much in Sales did we get back?"
"And how many people precisely remember our Brand?"
The answer, most of the time, is not satisfactory.

The reason is clear: Most businesses are trying to build a structure without a solid "Brand Foundation."

When the Foundation is weak, the "Brand Message" and "Marketing Message" lack clarity. They become one thing today and another tomorrow.
The result: instead of building Long-term Value, they focus only on creating "Noise" for Short-term ROI. What's worse, they confuse the very definitions of Marketing and Sales. This singular focus on getting more sales is nothing but a wasteful "Expense."

Marketing is not an "Expense." It must be an "Investment."
Effective Marketing is a true (Investment), where every dollar spent builds future trust and brand recall, guaranteeing a return of profits.

Marketing is not about superficial fluff—inauthentic, dishonest words (spinning tales), or just chasing trendy designs for views. Marketing must begin at your "Brand Foundation." Only then do Data, Strategy, and precise Results follow.

IWAH is the marketing organization that stops you from pouring your budget into an uncertain "black hole." We transform that waste into an investment engineered to produce stable, long-term returns.

At IWAH, we don't focus on 'Likes' and 'Views'. We only create measurable Marketing Solutions that will grow your 'Profit Margin' and 'Brand Equity.
If you do not wish to waste your budget for another month, it is time to convert your "Expense" into an "Investment."

Invest in authentic marketing. Let IWAH show you how your money can finally start working for you.
IWAH - It Win And How is a Digital Marketing Agency based in Mandalay, Myanmar. We offer a full suite of Digital Marketing services to companies, corporations, brands, SMEs, large-scale industrial businesses, retailers, and distribution companies.
(Please note: We do not provide services for Multi-Level Marketing (MLM) businesses or any illegal online gambling operations.)
Your Marketing is an Asset.
Stop Spending,
Start Investing.
Start your profitable marketing journey with us.
IWAH - It Win And How.
Visit our website > www.iwahcreative.com


[အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်]A brand's success on social media is heavily dependent on the "Visual Quality" of ...
22/10/2025

[အောက်တွင် မြန်မာလို ဖတ်ရှုနိုင်ပါသည်]
A brand's success on social media is heavily dependent on the "Visual Quality" of the content it presents. Today, IWAH would like to revisit a Graphic Design Project from over two years ago as a Case Study.

This project reaffirmed our answer to the question: "Why is it essential to create high-quality visuals for social media?"

Case Study: GP Watch

1. The Photo-Centric Approach

This design utilizes a "Photo-Centric" (photo-focused) approach rather than a "Minimalist" one. This means that 90% of the design's impact depends entirely on the product photograph itself. Text, logos, and model numbers exist merely as secondary elements to support the main visual.

2. Strengths

The main focal point of the entire image is the watch itself. The use of professional lighting highlights the reflections on the watch's black steel body, the intricate details of the Chronograph Dials, and the date display, making them stand out clearly.

The dark, rugged texture used in the background directly evokes feelings of "Durability," "Masculinity," and "Luxury."

The color palette, based on black, grey, and white, ensures that the brand logo and text are clear and legible. This professional product photo immediately captures the viewer's attention and entices them to read the accompanying text.

Why Should You Create High-Quality Visuals to Reflect Your Brand's "True Image" on Social Media?

1. The First Impression is the Brand Image. On a social media feed, the first thing a customer encounters from your brand isn't the text; it's the "image." If your product photo is low-quality (e.g., poorly lit, blurry, or haphazardly shot), the customer will instantly perceive your product as "low quality," "cheap," and "untrustworthy."

2. It Reflects the Product's "True Value." Let's say you are selling a high-quality watch. But if the advertisement is a photo taken with a phone camera in a poorly lit room, the watch's intrinsic value is immediately lost. Only a professional, meticulously crafted visual can convey your product's "true quality" to the customer.

3. It Builds Trust. Presenting a meticulously crafted and detailed image is a way of indirectly telling the customer, "Our brand is professional," and "We care about every single detail of our product." This is, without a doubt, a key factor in building trust between a brand and its customers.

In conclusion, whether it's a project from over two years ago or a recent one, IWAH's core philosophy remains the same: "Good design is not mere decoration; it is the most powerful weapon for communicating your brand's true value, quality, and identity.
IWAH - It Win And How is a Digital Marketing Agency based in Mandalay, Myanmar. We offer a full suite of Digital Marketing services to companies, corporations, brands, SMEs, large-scale industrial businesses, retailers, and distribution companies.
(Please note: We do not provide services for Multi-Level Marketing (MLM) businesses or any illegal online gambling operations.)
Social Media ပေါ်က Brand တစ်ခုရဲ့ အောင်မြင်မှုဟာ သူတင်ဆက်တဲ့ Content တွေရဲ့ "ပုံရိပ်" (Visual Quality) အပေါ် အများကြီး မူတည်နေပါတယ်။ ဒီနေ့ IWAH က လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက ဖန်တီးခဲ့တဲ့ Graphic Design Project တစ်ခုကို Case Study အဖြစ် ပြန်လည်ဖော်ပြပေးချင်ပါတယ်။

ဒီ Project ကနေ "ဘာကြောင့် Social Media မှာ အရည်အသွေးမြင့် ပုံရိပ်တွေ ဖန်တီးသင့်သလဲ" ဆိုတဲ့ အဖြေကို ကျွန်တော်တို့ ထပ်ပြီး အခိုင်အမာ တွေ့ရှိခဲ့ပါတယ်။

Case Study: GP Watch

၁။ Photo-Centric Approach

ဒီဒီဇိုင်းတွေမှာ "Minimalist" ပုံစံမျိုးထက် "Photo-Centric" (ဓာတ်ပုံကို အဓိကထားသော) ပုံစံကို အသုံးပြုထားပါတယ်။ ဆိုလိုတာက Design တစ်ခုလုံးရဲ့ အသက်ဟာ Product ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါ်မှာပဲ ၉၀% မူတည်နေတာမျိုးပါ။ စာသား၊ Logo နဲ့ Model နံပါတ်တွေက ဓာတ်ပုံကို ပံ့ပိုးပေးတဲ့ အရန် အစိတ်အပိုင်းတွေအဖြစ်သာ တည်ရှိနေပါတယ်။

၂။ အားသာချက်များ

ပုံတစ်ခုလုံးရဲ့ အဓိကဆွဲဆောင်မှုက နာရီကိုယ်တိုင်ပါ။ Professional Lighting အသုံးပြုမှုက နာရီရဲ့ အနက်ရောင် Steel ကိုယ်ထည်ပေါ်က အလင်းပြန်မှု၊ မျက်နှာပြင်ပေါ်က အသေးစိတ် စက္ကန့်တိုင်းကွက်တွေ (Chronograph Dials) နဲ့ ရက်စွဲကို ထင်ရှားပေါ်လွင်စေပါတယ်။

နောက်ခံမှာ အသုံးပြုထားတဲ့ အနက်ရောင်၊ ခပ်ကြမ်းကြမ်း Texture ဟာ နာရီရဲ့ "ခိုင်ခံ့မှု" (Durability)၊ "အမျိုးသားဆန်မှု" (Masculinity) နဲ့ "ဇိမ်ခံပစ္စည်း" (Luxury) ဆိုတဲ့ ခံစားချက်ကို တိုက်ရိုက် ဖော်ပြပေးစွမ်းနိုင်ပါတယ်။

အရောင်အသုံးပြုမှုက အနက်၊ မီးခိုးနဲ့ အဖြူကို အခြေခံပြီး နာရီ Brand Logo နဲ့ စာသားတွေကို ရှင်းလင်းပြတ်သားစွာ မြင်သာစေသလို ဒီလို Professional ဆန်တဲ့ Product Photo က ကြည့်ရှုသူကို ချက်ချင်း ဆွဲဆောင်နိုင်ပြီး စာသားကို ဆက်ဖတ်ချင်စိတ် ဖြစ်ပေါ်စေမှာပါ။

Social Media မှာ သင့် Brand ရဲ့ "ပုံရိပ်အစစ်အမှန်" ကို ထင်ဟပ်ဖို့ Quality ကောင်းတဲ့ Visual တွေ ဘာကြောင့် ဖန်တီးသင့်သလဲ?

၁။ First Impression ဟာ Brand Image ပဲ ဖြစ်ပါတယ်။ Social Media Feed တွေပေါ်မှာ Customer က သင့် Brand ကို ပထမဆုံး ထိတွေ့ရမှာ စာသားမဟုတ်ပါဘူး။ "ပုံ" ပါ။ သင့်ရဲ့ Product Photo က အရည်အသွေးနိမ့်နေရင် (ဥပမာ - မီးရောင်မမှန်၊ မှုန်ဝါးနေ၊ ဖြစ်ကတတ်ဆန်း ရိုက်ထား) Customer က သင့် Product ကိုလည်း "Quality နိမ့်"၊ "ဈေးပေါ"၊ "မယုံကြည်ရ" လို့ ချက်ချင်း သတ်မှတ်လိုက်ပါလိမ့်မယ်။

၂။ Product ရဲ့ "တန်ဖိုးအစစ်အမှန်" (True Value) ကို ထင်ဟပ်စေတယ်။ သင်က အရည်အသွေးမြင့် နာရီတစ်လုံးကို ရောင်းချနေတယ်ဆိုပါစို့။ ဒါပေမယ့် ကြော်ငြာပုံက ဖုန်းကင်မရာနဲ့ အလင်းမကောင်းတဲ့ အခန်းထဲမှာ ရိုက်ထားတဲ့ပုံဆိုရင်၊ အဲ့ဒီနာရီရဲ့ တကယ့်တန်ဖိုးက ပျောက်ဆုံးသွားပါပြီ။ Professional ဆန်တဲ့၊ အနုစိတ် အချိန်ယူဖန်တီးထားတဲ့ Visual ကသာ သင့် Product ရဲ့ "Quality အစစ်အမှန်" ကို Customer ဆီ ပို့ဆောင်ပေးနိုင်မှာပါ။

၃။ ပုံတစ်ပုံကို သေသေချာချာ၊ အနုစိတ် ဖန်တီးတင်ဆက်ခြင်းဟာ "ကျွန်တော်တို့ရဲ့ Brand က Professional ဆန်ပါတယ်"၊ "ကျွန်တော်တို့ Product ရဲ့ အသေးစိတ်တိုင်းကို ဂရုစိုက်ပါတယ်" လို့ Customer ကို သွယ်ဝိုက်သောအားဖြင့် ပြောပြခြင်းတစ်မျိုးပါပဲ။ ဒါက Brand နဲ့ Customer ကြားက ယုံကြည်မှုကို တည်ဆောက်ရာမှာ အဓိကကျတဲ့အချက်ဆိုလည်း မမှားပါဘူး။

နိဂုံးချုပ်အနေနဲ့ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်ကျော်က Project ပဲ ဖြစ်ဖြစ်၊ အခုလတ်တလော Project ပဲ ဖြစ်ဖြစ်၊ IWAH ရဲ့ တူညီတဲ့ ခံယူချက်က"ကောင်းမွန်တဲ့ Design ဆိုတာ အလှဆင်ဖို့သက်သက် မဟုတ်ဘဲ သင့် Brand ရဲ့ တန်ဖိုး၊ အရည်အသွေးနဲ့ ပုံရိပ်အစစ်အမှန်ကို ပြောပြဖို့ အကောင်းဆုံး လက်နက်တစ်ခု" ဆိုတာပဲ ဖြစ်ပါတယ်။
IWAH-It Win And How ဟာ မန္တလေးမြို့အခြေစိုက် Digital Marketing Agency တခုဖြစ်ပြီး ကုမ္ပဏီအသင်းအဖွဲ့များနှင့် အမှတ်တံဆိပ်များ၊ အသေးစား၊အလတ်စားနဲ့ အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊လက်လီ အရောင်းဆိုင်များနှင့် ဖြန့်ချီရေးလုပ်ငန်းများအားလုံးအတွက် [ MLM လုပ်ငန်းများနှင့် ဥပဒေနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားလုပ်ငန်းများမှအပ] Digital Marketing ဝန်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။
Your Marketing is an Asset.
Stop Spending, Start Investing. Start your profitable marketing journey with us.
IWAH - It Win And How.
Visit our website > www.iwahcreative.com

20/10/2025

[English version below]
မင်္ဂလာရှိသော Diwali ပွဲတော်အခါသမယတွင် ဆီမီးခွက်များ၏ အလင်းရောင်သည် သင်၏ဘဝလမ်းခရီးကို ထွန်းလင်းတောက်ပစေပြီး၊ အမှောင်ဟူသမျှကို ပယ်ဖျောက်ကာ၊ ထာဝရငြိမ်းချမ်းခြင်း၊ နှစ်သက်ရွှင်လန်းခြင်း၊ နှင့် ကြွယ်ဝချမ်းသာခြင်းတို့ဖြင့် ပြည့်စုံနိုင်ပါစေ။

မြင့်မြတ်သော အလင်းရောင်တော်က သင်နှင့် သင့်မိသားစုဝင်အားလုံးကို ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ နှင့် ကြံစည်သမျှ အောင်မြင်ခြင်းတည်းဟူသော ကောင်းချီးမင်္ဂလာများ ပေးသနားပါစေ။

မင်္ဂလာရှိပြီး အဓိပ္ပာယ်ပြည့်ဝသော Diwali ပွဲတော်ဖြစ်ပါစေကြောင်း လေးနက်စွာ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
On this sacred festival of Diwali, may the glow of the diyas illuminate your path, banish all darkness, and fill your life with enduring peace, profound joy, and abundant prosperity.

May the divine light bless you and your loved ones with health, happiness, and success in all your endeavours.

Wishing you a blessed and deeply meaningful Diwali.

Do you think your life is tough? Try being our luggage.Commercial Campaign ConceptWe believe that competing and penetrat...
17/10/2025

Do you think your life is tough? Try being our luggage.
Commercial Campaign Concept
We believe that competing and penetrating a highly competitive market through correct methods will allow a brand to establish itself firmly in the long run.
By "correct methods," we mean more than just the goal of increasing awareness. A good strategy involves systematically identifying a brand's uniqueness and problem-solving capabilities, and then penetrating the market with innovative approaches.
Therefore, IWAH created the Commercial Campaign Concept: "Do you think your life is tough? Try being our luggage." using AI models.
Short-Term Objective To clearly and innovatively communicate the Unique Selling Point (USP) of the new luggage—Durability—to the Target Audience (air travelers) in a manner that surpasses typical advertisements.
Long-Term Objective To achieve Brand Positioning in the market as the best and most resilient luggage brand for harsh and challenging travel conditions.
Target Audience
Demographics: Individuals who frequently travel by air, especially business professionals, entrepreneurs, and adventure travelers.
Pain Point Worry and distress caused by luggage being mishandled at airports, damaged during transit due to poor quality, and the recurring need to replace non-durable bags.
Strategy To allow the audience to experience the luggage’s perspective, vividly demonstrating its endurance through rough handling.
The strategy involves comparing the emotional difficulty of a person's life with the physical resilience of the luggage to first capture the audience's emotion, and then clearly deliver the product's main advantage.
Content The advertisement will begin by showcasing a woman facing various conflicts and stressful situations in her daily life. The scene will then abruptly shift to show the luggage being subjected to extreme stress tests in harsh environments (e.g., thrown down stairs, dragged on rough roads, enduring severe weather). This visual comparison makes the audience feel that the "luggage’s life is tougher."
Campaign Measurement
Awareness - Increase in Video Views, Shares, and Campaign Hashtag usage across Digital Channels.
Brand Perception-Increase in Social Media Mentions featuring phrases like "Durable Brand" and "Toughest Luggage."
Sales/ROI-Increase in luggage sales (especially purchases made through Digital Channels) following the launch of the campaign.
Brand Message (Key Takeaway) The message "Go Ahead. Pack your world. We'll handle the rest." (ခရီးသွားပါ။ စိတ်ပူစရာမလိုဘဲ ထုပ်ပိုးပါ။ ကျန်တာကို ကျွန်တော်တို့ တာဝန်ယူပါတယ်) converts the luggage's durability into an explicit Assurance. This guarantee empowers the audience to confidently make the decision to purchase the luggage.
IWAH - It Win And How is a Digital Marketing Agency based in Mandalay, Myanmar. We offer a full suite of Digital Marketing services to companies, corporations, brands, SMEs, large-scale industrial businesses, retailers, and distribution companies.
(Please note: We do not provide services for Multi-Level Marketing (MLM) businesses or any illegal online gambling operations.)
ပြိုင်ဆိုင်မှု ပြင်းထန်များပြားသော စျေးကွက်ထဲတွင် အမှတ်တံဆိပ် တခုကို မှန်ကန်သော နည်းလမ်းများဖြင့် ယှဉ်ပြိုင်ထိုးဖောက်ခြင်းဖြင့် ရေရှည်တွင် ခိုင်မာသော အမှတ်တံဆိပ် တခုအဖြစ် ရပ်တည်နိုင်စေမည်ဟု ကျနော်တို့ ယုံကြည်ပါသည်။
မှန်ကန်သော နည်းလမ်းများဟု ဆိုရာတွင် လူသိများစေရန် ဆိုသော ရည်ရွယ်ချက်တခုထက်ပိုမိုကာ အမှတ်တံဆိပ်၏ ထူးခြားမှု၊ပြသနာကို ဖြေရှင်းပေးနိုင်မှုတို့ကို စနစ်တကျ ဖော်ထုတ်ကာ တီထွင်ဆန်းသစ်မှု ရှိသော နည်းလမ်းများ စျေးကွက်ထိုးဖောက်ခြင်းသည် ကောင်းမွန်သော နည်းစနစ်တရပ်ပင်ဖြစ်ပါသည်။
သို့ဖြစ်ပါသောကြောင့် "Do you think your life is tough? Try being our luggage." ဆိုသော Commercial Campaign Concept တခုကို IWAH မှ Ai models များအသုံးပြုခြင်းဖြင့် ဖန်တီးပြုလုပ်ခဲ့ပါသည်။
Short Term Objective
Luggage အသစ်၏ အကြမ်းခံနိုင်မှု (Durability) ဟူသော Unique Selling Point (USP) ကို ပုံမှန်ကြော်ငြာများထက် ပိုမိုဆန်းသစ်ထိရောက်သောနည်းလမ်းဖြင့် Target Audience (လေကြောင်းခရီးသည်များ) ထံသို့ ရှင်းလင်းပြတ်သားစွာ ပေးပို့ရန်။
Long Term Objective
စျေးကွက်အတွင်းတွင် ခက်ခဲကြမ်းတမ်းသော ခရီးသွားလာမှုများအတွက် အကောင်းဆုံးနှင့် အကြမ်းခံနိုင်ဆုံး Luggage Brand အဖြစ် Brand Positioning ရယူရန်။
Target Audience
လူဦးရေအမျိုးအစား: လေကြောင်းခရီးဖြင့် မကြာခဏ ခရီးသွားလာလေ့ရှိသူများ၊ အထူးသဖြင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် Entrepreneurs များ၊စွန့်စားခရီးသွားများ။
Pain Point
အကြောင်းအမျိုးမျိုးကြောင့် လေဆိပ်တွင် ပစ္စည်းပစ်ချခံရခြင်း၊ လမ်းခရီး၌ ပျက်စီးလွယ်သော Luggage အိတ်များကြောင့် စိတ်သောကရောက်ရခြင်း၊ အရည်အသွေးမမီသော အိတ်များကို မကြာခဏ လဲလှယ်နေရခြင်း။
Strategy
Luggage ကို လူသားတယောက်ကဲ့သို့ ဝင်ရောက်ခံစားပြီး ကြမ်းတမ်းမှုများကို ခံနိုင်ရည်ရှိကြောင်း မြင်သာစေရန်။
လူ့ဘဝရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို Luggage အိတ်ရဲ့ ကြံ့ခိုင်မှုနဲ့ နှိုင်းယှဉ်ဖော်ပြခြင်းဖြင့် ပရိသတ်ရဲ့ စိတ်ခံစားမှုကို ဦးစွာရယူပြီးမှ ထုတ်ကုန်ရဲ့ အားသာချက်ကို ထိုးဖောက်ပြသခြင်း။
Content
ကြော်ငြာအစတွင် အမျိုးသမီးတဦး၏ ပဏ္ဍိပက္ခအခြေအနေများကို ပြသခြင်းမှ
ရုတ်တရက် မြင်ကွင်းပြောင်းပြီး Luggage အိတ်ကို လှေကားပေါ်၊ကြမ်းတမ်းသော ရာသီဥတုအောက်၊လမ်းပေါ်နှင့် ဆိုးရွားသော ပတ်ဝန်းကျင်အခြေအနေများတွင် ပစ်ချခြင်း၊ ဆွဲဆောင့်ခြင်း၊စသည့် ပြင်းထန်သော စမ်းသပ်မှုများ ပြသခြင်းဖြင့် ပရိသတ်ကို "Luggage ဘဝက ပိုခက်တယ်" ဟူသော ခံစားချက်ခြင်း။
Campaign Measurement
01.Aareness
Digital Channel များပေါ်ရှိ Video Views၊ Share များ၊ နှင့် Campaign Hashtag အသုံးပြုမှုနှုန်း တိုးတက်လာစေခြင်း။
02.Brand Perception
အကြမ်းခံနိုင်သော အမှတ်တံဆိပ်" (Durable Brand) ဟူသော စကားလုံးများဖြင့် Social Media Mention များ တိုးပွားလာခြင်း။
03.Sales/ROI
Campaign စတင်ပြီးနောက် Luggage ရောင်းအား (အထူးသဖြင့် Digital Channel မှ ဝယ်ယူမှု) မြင့်တက်လာခြင်း။
Brand Message (Key Takeaway)
"Go Ahead. Pack your world. We'll handle the rest." (ခရီးသွားပါ။ စိတ်ပူစရာမလိုဘဲ ထုပ်ပိုးပါ။ ကျန်တာကို ကျွန်တော်တို့ တာဝန်ယူပါတယ်) ဆိုတဲ့ Message က Luggage ရဲ့ အကြမ်းခံနိုင်မှုကို စိတ်ချရမှု (Assurance) အဖြစ် အာမခံချက်ပေးလိုက်သောကြောင့် ပရိသတ်က ရဲရဲတင်းတင်း ဝယ်ယူရန် ဆုံးဖြတ်နိုင်စေမည်။
IWAH-It Win And How ဟာ မန္တလေးမြို့အခြေစိုက် Digital Marketing Agency တခုဖြစ်ပြီး ကုမ္ပဏီအသင်းအဖွဲ့များနှင့် အမှတ်တံဆိပ်များ၊ အသေးစား၊အလတ်စားနဲ့ အကြီးစား စက်မှုလက်မှုလုပ်ငန်းများ၊လက်လီ အရောင်းဆိုင်များနှင့် ဖြန့်ချီရေးလုပ်ငန်းများအားလုံးအတွက် [ MLM လုပ်ငန်းများနှင့် ဥပဒေနှင့် မညီညွတ်သော အွန်လိုင်းလောင်းကစားလုပ်ငန်းများမှအပ] Digital Marketing ဝန်ဆောင်မှုတွေ ပေးအပ်လျက်ရှိပါတယ်။
Your Marketing is an Asset.
Stop Spending, Start Investing. Start your profitable marketing journey with us.
IWAH - It Win And How.
Visit our website > www.iwahcreative.com

Address

Head Office : Room No(04), 19th Floor, Tower A, Kanbae Tower, No(28), Kanbae Butayone Street, Yankin Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959974468266

Alerts

Be the first to know and let us send you an email when IWAH Digital Marketing Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to IWAH Digital Marketing Agency:

Share