05/09/2020
မိတ်ဆွေတို့ စီးပွါးရေးအခြေအနေကောင်းကြလား?
COVID-19 စလိုက်တဲ့ March လကုန်လောက်တည်းက စီးပွါးရေးနယ်ပယ်အသီးသီးမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ကုန်ပစ္စည်းရောင်းချတဲ့သူတွေမှာလည်း Health Precautions တွေကြောင့် လူအဝင်အထွက်နည်းသွားသလို Service ပေးရတဲ့လုပ်ငန်းတွေမှာလည်း သိသိသာသာ လှုပ်ခတ်မှုတွေရှိလာပါတယ်။
ယခုလို Stay Home, Lockdown အခြေအနေတွေမှာ Customer တွေကိုယ့်ဆီ ဘယ်လိုလာမလဲဆိုတာထက် Customer တွေဆီ ကိုယ်ဘယ်လိုရောက်အောင် သွားမလဲဆိုတာ အင်မတန်အရေးပါလာပြီ။
ယနေ့ခေတ်မှာ စစ်တမ်းများအရ ၂၂ သန်းထက်မနည်းသော မြန်မာနိုင်ငံရှိလူဦးရေများက Social Media ကိုအသုံးပြုနေကြပြီး အဲ့ထဲမှာ ကိုယ့် Target Customer မပါနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီနေရာမှာ ကိုယ့်ကုန်ပစ္စည်း ကိုယ့်ဝန်ဆောင်မှုကို Social Media Platform တွေကတစ်ဆင့် စျေးရောင်းချခြင်း၊ လူအများသိအောင်ကြော်ငြာခြင်းတွေကို သုံးရတဲ့ငွေနဲ့တန်အောင် မိမိစီးပွါးရေး ဆက်လက်ရှင်သန်အောင်မြင်ဖို့ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။
ကဲ မိတ်ဆွေတို့ရေး နောက်အပတ်တွေမှာ Atom and Suit ကနေ Digital Marketing ကတစ်ဆင့် Business အပေါ် ဘယ်လိုအကျိုးရှိတဲ့အရာတွေကို မျှဝေပေးသွားမလဲဆိုတာ သိရအောင် စောင့်ကြည့်ပေးကြပါဦးနော်။
See you in next sharing ❤️