HOG Esports

HOG Esports Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HOG Esports, Marketing Agency, Marla Myine Yeiktha Street, Yangon.
(466)

Permanently closed.

HOG is the most influential Esports organization in Myanmar, pioneering some of best events to promote the local scene, while acting as the official partner of Facebook Gaming to work closely with the community to promote creators across the region.

🔥Something Is Coming! 🔥HOG Esports အနေနဲ့ ဒီတစ်ခေါက်မှာတော့ မတူညီတဲ့ပုံစံအသစ်တွေနဲ့ပြန်လာတော့မှာပဲဖြစ်ပါတယ် 😉ဘော်ဒါတို့ရ...
14/05/2025

🔥Something Is Coming! 🔥

HOG Esports အနေနဲ့ ဒီတစ်ခေါက်မှာတော့ မတူညီတဲ့ပုံစံအသစ်တွေနဲ့ပြန်လာတော့မှာပဲဖြစ်ပါတယ် 😉

ဘော်ဒါတို့ရောဘာများဖြစ်မယ်ထင်ကြလဲဗျ?

သိပ်မကြာခင်မှာ ကြေငြာပေးသွားမှာဖြစ်လို့ Page ကို Like & Follow လုပ်ပြီးစောင့်မျှော်ပေးကြပါဦးနော်🤗

Knock Out Series 1: Fall Guys Tournament အလှူပြိုင်ပွဲမှာ HOG Esports မှ မ, တည်ပြီးတော့ ထမင်းနှင့်ဟင်း လူအယောက် (၁၀၀၀)စာ...
03/09/2021

Knock Out Series 1: Fall Guys Tournament အလှူပြိုင်ပွဲမှာ HOG Esports မှ မ, တည်ပြီးတော့ ထမင်းနှင့်ဟင်း လူအယောက် (၁၀၀၀)စာကို Myanmar Kitchen မှ တစ်ဆင့် လှူဒါန်းသွားမှာပါ။ Creators တွေကလည်း Tournament အပြီးမှာ ရလာတဲ့ ဆုကြေးငွေထဲမှ တစ်စိတ်တစ်ပိုင်းကို ထပ်ပေါင်းလှူဒါန်းသွားမှပါ။ 👏🏻🙌🏻

🤍Myanmar Kitchen အကြောင်း အသေးစိတ်ကိုလည်း သူတို့ရဲ့ page ဖြစ်တဲ့ https://www.facebook.com/MyanmarMARC မှာ သွားရောက် လေ့လာနိုင်ပါတယ်။

Creators အယောက် (၄၀) က မိမိ တို့ရဲ့ လုပ်အားထဲကနေ လိုအပ်နေတဲ့ သူများအတွက် တတ်နိုင်တဲ့ ဘက်ကနေ တစ်တက်တစ်အားပါဝင်ကူညီပေးကြမှာ ဖြစ်ပြီး Viewers တွေ အနေနဲ့ကလည်း Tournament Stream တွေကို ကြည့်ရှုပေးခြင်းနဲ့ ကုသိုလ်ယူပါဝင်ကြပါလို့ နှိုးဆော်လိုက်ပါတယ်။ 📣📣


👑Knock Out Series 1: Fall Guys Tournament
🗓Date : 10, 11, 12 September, 2021
🕒Time : ညနေ (၃) နာရီမှ (၆) နာရီထိ

HOG Esports, GameSauce နှင့် Creator များရဲ့ page များက တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

အခု Event မှာ ပါဝင် Noti ယူထားဖို့ မမေ့ပါနဲ့နော်။ https://fb.me/e/42S8U7qj2

👑👑 Knock Out Series 1: Fall Guys Tournament [Presented by HOG Esports] 👑👑Game ပြိုင်ပွဲတွေကြည့်ရင်း ကုသိုလ်ယူနိုင်မယ့် T...
30/08/2021

👑👑 Knock Out Series 1: Fall Guys Tournament [Presented by HOG Esports] 👑👑

Game ပြိုင်ပွဲတွေကြည့်ရင်း ကုသိုလ်ယူနိုင်မယ့် Tournament ပွဲမှာ ပါဝင်ပေးဖို့ နှိုးဆော်လိုက်ပါတယ်။ 📣

Gaming Creators အယောက် (၄၀) ပါဝင်ပြီး စုစုစည်းစည်းနဲ့ ယှဥ်ပြိုင်ဆော့ကစားကြမယ့် Tournament ပြိုင်ပွဲ တစ်ခုဖြစ်ပါတယ်။ 👏🏻

ဒီ Tournament ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ Gaming Community မှ Creators များက မိမိ တို့ရဲ့ လုပ်အားထဲကနေ လိုအပ်နေတဲ့ သူများအတွက် တတ်နိုင်တဲ့ ဘက်ကနေ တစ်ရပ်တစ်အားပါဝင်ကူညီပေးဖို့ဖြစ်ပါတယ်။ 🤗🤍

အလှူအနေနဲ့ HOG Esports မှ မ, တည်ပြီးတော့ ထမင်းနှင့်ဟင်း လူအယောက် (၁၀၀၀)စာကို Myanmar Kitchen မှ တစ်ဆင့် လှူဒါန်းသွားမှာပါ။ Creators တွေကလည်း Tournament အပြီးမှာ ရလာတဲ့ ဆုကြေးငွေထဲမှ တစ်စိတ်တစ်ပိုင်းကို ထပ်ပေါင်းလှူဒါန်းသွားမှာဖြစ်ပါတယ်။ 🤍

ကိုယ်တတ်စွမ်းတဲ့ဘက်ကနေ ကြိုးကြိုးစားစား ပါဝင် လှူဒါန်းမယ့် Creators တွေရဲ့ Tournament အလှူ Stream တွေမှာ ဝင်ရောက်ကြည့်ပေးရင်းနဲ့ ဒီအလှူမှာ ကုသိုလ်ယူ ပါဝင်ကြပါဦးခင်ဗျာ။🤍

👑👑Knock Out Series 1: Fall Guys Tournament 👑👑
🗓Date : 10, 11, 12 September, 2021
🕒Time : ညနေ (၃) နာရီမှ (၆) နာရီထိ

HOG Esports, GameSauce နှင့် Creator များရဲ့ page များက တစ်ဆင့် တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ 🎮🎮

ပါဝင် ယှဥ်ပြိုင်ရင်း လှူဒါန်းသွားမယ့် Creator အယောက် ၄၀ နှင့် Caster များကို လည်း မကြာခင်မှာ ကြေညာပေးမှာပဲဖြစ်ပါတယ်။ Tournament အကြောင်း အသေးစိတ် အကြောင်းအရာများကို ထပ်မံကြေညာသွားမှာ ဖြစ်လို့ Stay Tuned နော်။

Gamers in a nutshell :)
29/08/2021

Gamers in a nutshell :)

"လေယာဉ်ပေါ်ကဆင်းပြီး Loot တွေကောက်မှ Battle Royale Game မဟုတ်ပါ"2020 ခုနှစ်အထိ Battle Royale Game အမျိုးအစားတွေဟာ First-...
28/08/2021

"လေယာဉ်ပေါ်ကဆင်းပြီး Loot တွေကောက်မှ Battle Royale Game မဟုတ်ပါ"

2020 ခုနှစ်အထိ Battle Royale Game အမျိုးအစားတွေဟာ First-person shooter ဖြစ်ရမယ် Map ကလဲ အကျယ်ကြီးဖြစ်ရမယ်ဆိုပြီးသတ်မှတ်ထားခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတော့ developer Mediatonic ဟာ Battle Royale Genre ကိုအခြေခံပြီး သကြားလုံးလေးတွေနဲ့ တူတဲ့ အကောင်လေးတွေ တစ်ယောက်နဲ့ တစ်ယောက်အပြိုင် နောက်ဆုံး Crown ကိုလုယူရတဲ့ Fall Guy ဆိုတဲ့ Game ကို ဖန်တီးခဲ့ပါတယ်။ Fall Guy ဟာ ရိုးအီလှတဲ့ Battle Royale Game အမျိုးအစားတွေထဲကနေ ဖောက်ထွက်လာခဲ့ပြီး အောင်မြင်မှုတွေများစွာရရှိခဲ့ပါသေးတယ်။ ဒီကနေ့ဒီအချိန်ထိ များစွာသော Player Base နဲ့ Community ကျန်ရှိနေပြီး သင်ကိုယ်တိုင် ကစားချင်တယ်ဆိုရင်တော့ Steam မှ ာ$19.99 နဲ့ ဝယ်ယူကစားနိုင်မှာပဲဖြစ်ပါတယ်။

အားလုံးပဲမင်္ဂလာပါ မတွေ့ရတာကြာပြီနော် ...  နေကောင်းကျန်းမာ အဆင်ပြေကြရဲ့လားခင်ဗျာ။
27/08/2021

အားလုံးပဲမင်္ဂလာပါ မတွေ့ရတာကြာပြီနော် ... နေကောင်းကျန်းမာ အဆင်ပြေကြရဲ့လားခင်ဗျာ။

Creators’ Xmas Campaign လေးမှာ Live Stream တွေ ကြည့်ရင်း Comment တွေပေးရင်း Facebook Gaming ရဲ့ Exclusive Giveaway တွေ က...
19/12/2020

Creators’ Xmas Campaign လေးမှာ Live Stream တွေ ကြည့်ရင်း Comment တွေပေးရင်း Facebook Gaming ရဲ့ Exclusive Giveaway တွေ ကံစမ်းကြမယ်။

Live Stream ပိုကြည့်လေ Comment ပိုပေးလေ ကံထူးဖို့ အခွင့်အရေး ပိုရလေပဲနော်။

၂၁ ရက် ဒီဇင်ဘာ ၂၀၂၀ ကနေ ၂၈ ရက် ဒီဇင်ဘာ ၂၀၂၀ ထိ မြန်မာနိုင်ငံရဲ့ official gaming creator (၁၀)​ယောက်က သူတို့ရဲ့ သက်ဆိုင်ရာ Facebook Gaming Page တွေကနေ ပိုမို ထူးခြားတဲ့ Live streaming တွေ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

အဲ့ဒီ Live Stream ကို ကြည့်ရှုပြီး Comment ပေးတဲ့ သူတိုင်းက Facebook Gaming ရဲ့ Exclusive Giveaway ကို ပါဝင် ကံစမ်းနိုင်မှာပဲဖြစ်ပါတယ်။ Live stream က အချိန်ကန့်သတ်ထားတာ မရှိဘဲ ပိုကြည့်လေ Comment ပိုပေးလေ အခွင့် အရေး ပိုရလေပဲ ဖြစ်ပါတယ်။

Comment ပေးတဲ့ သူတွေ ထဲကမှ
Supporter (၁) ယောက် အတွက် Creator ကိုယ်တိုင် Sign ထိုးထားတဲ့ Facebook Gaming Merchandise အကုန်လုံးကို ရမှာဖြစ်ပါတယ်။ ဘာတွေပါမလဲဆိုတော့ Facebook Gaming မတ်ခွက်၊ Facebook Gaming Sticker, Creator ရဲ့ Sticker, Facebook gaming Tote Bag, နဲဲ့ Facebook Gaming Tshirt တွေပဲဖြစ်ပါတယ်။

Top Star Sender (၉) ယောက်ထဲကမှ
(၂)ယောက်က Creator ကိုယ်တိုင် Sign ထိုးထားတဲ့ Facebook Gaming မတ်ခွက် ၊ (၃)ယောက်က Facebook Gaming Sticker,
(၃)ယောက်က Creator ရဲ့ Sticker,
(၁)​ယောက်က Facebook Gaming Tshirt ကို ရရှိမှာပဲဖြစ်ပါတယ်။

Live ကြည့်ပြီး Comment ပေးတဲ့သူ (၁၄) ယောက်ထဲကမှ
(၂)ယောက်က Creator ကိုယ်တိုင် Sign ထိုးထားတဲ့ Facebook Gaming မတ်ခွက် ၊ (၆)ယောက်က Facebook Gaming Sticker,
(၆)ယောက်က Creator ရဲ့ Sticker ကို ရရှိမှာပဲဖြစ်ပါတယ်။

Support လည်း လုပ်မယ်၊ star လည်း ပေးမယ်၊ comment လည်း ပေးမယ်ဆိုရင်တော့ giveaway မှာပါဝင်ဖို့ အခွင့်အရေး (၃) ခု ရမှာပါ။
Star ပေးမယ်၊ Comment ပေးမယ်ဆိုရင်တော့ giveaway မှာပါဝင်ဖို့ အခွင့်အရေး (၂) ခု ရမှာပါ။
Comment ပေးမယ်ဆိုရင်တော့ ပိုပေးလေ Livestream ပိုကြည့်လေ အခွင့်အရေးပိုများလေ ဖြစ်မှာပါ။

Creator တွေလည်း ပျော်ပျော်ကြီး stream ရင်း ပရိသတ်တွေကလည်း ပိုပိုကြည့်ရင်း December လလေးကို ကုန်ဆုံးကြမယ်။ Xams လက်ဆောင်အဖြစ် Facebook Gaming Merchandise တွေ ကံစမ်းကြမယ်။

အားလုံးပဲ Merry Creators’ Xmas!!

Creator တွေရဲ့ Stream မယ့်ရက်တွေကို ထပ်မံ ကြေညာပေးသွားမှာမို့ HOG Esports Page ကို Like and See first လုပ်ထားဖို့လည်း မမေ့နဲ့နော်။

Facebook Gaming ရဲ့ official partner တစ်ယောက် ဖြစ်ခွင့်ရနိုင်မဲ့အခွင့်အရေး နောက်တစ်ကြိမ်ပြန်လာပါပြီ  🤩Game Streamer ဆိုတ...
14/12/2020

Facebook Gaming ရဲ့ official partner တစ်ယောက် ဖြစ်ခွင့်ရနိုင်မဲ့အခွင့်အရေး နောက်တစ်ကြိမ်ပြန်လာပါပြီ 🤩

Game Streamer ဆိုတာလည်း Professional Career တစ်ခုဖြစ်နိုင်ပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း Game ဆော့ ရတာ Stream ရတာကို ဝါသနာပါတယ်ဆိုရင် ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူးနော် 💫

Facebook Gaming ရဲ့ official Creators Service Provider ဖြစ်တဲ့ HOG esports နဲ့အတူ အခုအစီအစဉ်မှာ ပါဝင်နိုင်ဖို့

🔹အနည်းဆုံး Followers 15,000
🔹အနည်းဆုံး Daily Watch Hours 250
( Daily Watch Hours ဆိုတာကတော့ သင်နောက်ဆုံး stream ထားတဲ့ live တွေထဲကမှ minutes view ကို 60 နဲ့ စားပြီးရလာမဲ့ ရလဒ်ပဲဖြစ်ပါတယ်)
🔹အနည်းဆုံး Monthly Stream Hours 60
🔹Facebook Streaming မှာ bad reputation မရှိသူ
🔹Facebook တစ်ခုတည်း မှာပဲ Exclusive Stream သူ ဖြစ်ရပါမယ်။

Benefit တွေ အနေနဲ့
🔹Facebook “Partner” Badge ရမယ်
🔹Facebook Gaming က Monetization tools တွေ အကုန် ဖွင့်နိုင်မယ်
🔹ပုံမှန် ဝင်ငွေ ရှိမယ်
🔹လိုအပ်တဲ့ အထောက်အပံ့တွေ အပါအဝင် အခြား exclusive အခွင့်အရေးတွေရနိုင်မှာဖြစ်ပါတယ်။

ℹ️💁🏻‍♂️အသေးစိတ်သိချင်ရင်တော့ အောက်က Form မှာ အချက်အလက်တွေ ဖြည့်ပြီး ဒီအစီအစဥ်လေးမှာ ပါဝင်နိုင်ပါတယ်။

သိချင်တဲ့ မေးခွန်းတွေကိုလည်း Form ထဲက “Question” ကွက်လပ်မှာ ဖြည့်ပြီး မေးထားခဲ့လို့ ရပါတယ်။

📑👉🏻https://forms.gle/WD2Efm2Ntr7tz4Cr5

Create a new survey on your own or with others at the same time. Choose from a variety of survey types and analyze results in Google Forms. Free from Google.

Address

Marla Myine Yeiktha Street
Yangon

Telephone

09950011111

Website

Alerts

Be the first to know and let us send you an email when HOG Esports posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to HOG Esports:

Share