Little Boss Digital Marketing

Little Boss Digital Marketing Little Boss is a content creation & marketing group that has been operating by well-experienced , talented professionals & creative youngsters in Myanmar.

🎉 Our 2nd Anniversary 🎉[လက်ဆောင်အစီအစဉ်ပါဝင်ပါသည်]ကျွန်တော်တို့ Little Boss ဟာ အခုဆိုရင် တည်ထောင်ခဲ့တာ ၂နှစ်ဆိုတဲ့ အချိန...
16/08/2024

🎉 Our 2nd Anniversary 🎉

[လက်ဆောင်အစီအစဉ်ပါဝင်ပါသည်]

ကျွန်တော်တို့ Little Boss ဟာ အခုဆိုရင် တည်ထောင်ခဲ့တာ ၂နှစ်ဆိုတဲ့ အချိန်ကာလကို ရောက်ရှိလာခဲ့ဖြစ်ပါတယ်။

ဒီ ၂နှစ်တာအတွင်းမှာ ပြည်တွင်းပြည်ပက စီးပွါးရေးလုပ်ငန်းပေါင်း အမျိုးအစား (၅၀) ကျော်နဲ့ လက်တွဲနိုင်ခဲ့ပြီး အောင်မြင်မှုတွေ၊ ဂုဏ်ယူစရာတွေနဲ့အတူ အခက်အခဲတွေ၊ သင်ယူစရာတွေလည်း အများကြီးရခဲ့ပါတယ်။

၂နှစ်ဆိုတဲ့အချိန်ကာလဟာ နှစ်ပေါင်းများစွာ တည်ရှိလာခဲ့တဲ့ အခြားစီးပွါးရေးလုပ်ငန်းတွေနဲ့ယှဉ်ရင် မပြောပလောက်အောင် သေးငယ်နေသေးပေမဲ့ အခုလိုကာလမှာ လူငယ်တွေချည်း စုစည်းရပ်တည်နိုင်ခဲ့တာဖြစ်တဲ့အတွက် Little Boss အဖွဲ့သားတွေဟာ များစွာကျေနပ်ဂုဏ်ယူမိပါတယ်။

ဒီလိုရပ်တည်လာနိုင်အောင်လည်း ယုံယုံကြည်ကြည်နဲ့ မိမိရဲ့စီးပွါးရေးဖွံ့ဖြိုးမှုလမ်းကြောင်းမှာ တစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ပေးခဲ့တဲ့ လုပ်ငန်းရှင်တွေရဲ့ ကျေးဇူးကိုလည်း ဘယ်တော့မှ မေ့လျော့သွားမှာ မဟုတ်ပါဘူး 🙏🏻

ဒါကြောင့် အခုလို Digital Marketing နယ်ပယ်ထဲမှာ ဆက်လက်ရပ်တည်နိုင်အောင် ပူးပေါင်းပေးခဲ့တဲ့ လုပ်ငန်းရှင်များကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ရော၊ ၂နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ပါ -

Little Boos ကနေ Digital Package နှစ်လစာ ဝယ်ယူမယ့်လုပ်ငန်းရှင်တို့ကို မြန်မာငွေ ၅၀၀,၀၀၀ ကျော်တန် တန်ဖိုးရှိတဲ့ တစ်လစာ Premium Package ကို လက်ဆောင်ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

အကန့်အသတ်နဲ့ ဒီတစ်လပဲ ပေးအပ်သွားမှာဖြစ်လို့ စိတ်ပါဝင်စားတဲ့လုပ်ငန်းရှင်တွေအနေနဲ့ Little Boss ရဲ့ Chat box ကို အမြန်ဆုံး လာရောက်ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ ❤️

[ယခု Post ကို Like & Share လုပ်ပြီး post အောက်မှာ Screenshot Comment ပြန်မန့်ထားသူတွေအတွက် မြန်မာငွေ ၃၅၀,၀၀၀ ကျော်တန် တန်ဖိုးရှိတဲ့ တစ်လစာ Digital Package ကြီးကို လက်ဆောင်ပြနါလည်ပေးအပ်သွားဖို့ရှိပါတယ်
ခင်ဗျာ]

ကျွန်တော်တို့ရဲ့ စူပါဟီးရိုး❕သဘာဝလွန် စွမ်းအားတွေကို မပိုင်ဆိုင်ထားပေမဲ့ ရှိသမျှအစွမ်းအစနဲ့ ကျွန်တော်တို့ကို ကာကွယ်ပေးခဲ...
16/06/2024

ကျွန်တော်တို့ရဲ့ စူပါဟီးရိုး❕

သဘာဝလွန် စွမ်းအားတွေကို မပိုင်ဆိုင်ထားပေမဲ့ ရှိသမျှအစွမ်းအစနဲ့ ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့တယ်။

နူးညံ့‌တဲ့စကားလုံးတွေကိုမကြားရပေမဲ့ အဖေ့ရဲ့ နူးညံ့တဲ့နှလုံးသားကိုတော့ ကျွန်တော်တို့မြင်နေရတယ်။

Bubble Tea ဆိုတာ အဖေ အောက်ခံပန်းကန်ပြားထဲ ငှဲ့ပေးတဲ့ လက်ဖက်ရည်လောက် အရသာရှိပါ့မလားလို့ သံသယဝင်မိပါတယ်။

အခုလို အဖေများနေ့ မှာ ကျွန်တော်တို့ရဲ့ စူပါဟီးရိုးများကို ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်‌‌တော်တို့ရဲ့ စူပါဟီးရိုးများ
ကျန်းမာပျော်ရွှင်ကြပါစေ။

အဖေ့ကို ချစ်တယ်လို့မပြောဖူးသေးရင် ဒီနေ့ သွားပြောလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

အာဘွားပါဖေဖေ 😁


VPN ကြောင့်‌လမ်းပျောက်နေကြပြီလား❔အခက်အခဲ အကြပ်အတည်းတွေကြားမှာ ဖြေရှင်းစရာပြဿနာတွေများနေမယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်...
10/06/2024

VPN ကြောင့်‌လမ်းပျောက်နေကြပြီလား❔

အခက်အခဲ အကြပ်အတည်းတွေကြားမှာ ဖြေရှင်းစရာပြဿနာတွေများနေမယ်ဆိုတာ ကျွန်တော်တို့နားလည်ပါတယ်။

ဒီလိုအခြေအနေမှာ ဘယ်လိုကူညီပေးနိုင်မလဲ အဖြေရှာရင်းမှ ကျွန်တော်တို့ဘက်က ပေးနိုင်တဲ့ Business Consultation Service ကို Free လုပ်ပေးဖို့ စီစဉ်လိုက်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ မန္တလေးမှာနေထိုင်ပြီး Business တစ်ခုကိုအကောင်အထည်ဖော်နေတယ်ဆိုရင် ကျွန်တော်တို့နဲ့ ဆွေးနွေးတိုင်ပင်ဖို့ Free Business Consultation Service ကိုရယူနိုင်ပါပြီ။

တစ်ယောက်ထဲစဉ်းစားမနေပါနဲ့❕
ကျွန်တော်တို့ Team တစ်ခုလုံး Brainstorming လုပ်ပြီး မိတ်ဆွေတို့ရဲ့ Business အတွက်အကြံပေးနိုင်ဖို့ အစွမ်းကုန်အားထုတ်ပေးသွားပါမယ်ဗျာ။

အခုလိုအခြေအနေတွေမှာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီရင်း အချင်းချင်းဝန်းရံပံ့ပိုးပေးသွားကြဖို့လိုမယ်ထင်လို့ ဒီလိုစီစဉ်လိုက်ရတာပဲဖြစ်ပါတယ်။

စိတ်ဝင်စားလို့ Consulting လုပ်ချင်တယ်ဆို လို့သာမန့်ခဲ့လိုက်ပါ။

(မန္တလေးက ဖြစ်ဖို့တော့လိုမယ်နော်)

ကျွန်တော်တို့ရဲ့ အခက်အခဲတွေကိုတူတူဖြတ်ကျော်ကြရအောင်။

Stop thinking and make it happens❕

"လုပ်ငန်းရှင်များရဲ့ပန်းတိုင် = LB ရဲ့ပန်းတိုင်"

📨 m.me/littlebossdigitalmarketing
☎️ 09 2201741


𝐓𝐡𝐚𝐧𝐤𝐬 𝐅𝐨𝐫 𝐂𝐡𝐨𝐨𝐬𝐢𝐧𝐠 𝐔𝐬 💕 မန္တလေးမြို့က Workshop Hand Tools တွေ လက်လီလက္ကားဝယ်ယူနိုင်တဲ့ 𝐀𝐮𝐧𝐠 𝐇𝐚𝐧𝐝 𝐓𝐨𝐨𝐥𝐬 အတွက် Logo ကိုဖန...
31/05/2024

𝐓𝐡𝐚𝐧𝐤𝐬 𝐅𝐨𝐫 𝐂𝐡𝐨𝐨𝐬𝐢𝐧𝐠 𝐔𝐬 💕

မန္တလေးမြို့က Workshop Hand Tools တွေ လက်လီလက္ကားဝယ်ယူနိုင်တဲ့ 𝐀𝐮𝐧𝐠 𝐇𝐚𝐧𝐝 𝐓𝐨𝐨𝐥𝐬 အတွက် Logo ကိုဖန်တီးခွင့်ရခဲ့ပါတယ်။ 🛠️

ရွေးချယ်စရာတွေအများကြီးရှိတဲ့အထဲမှာမှ
အမြဲသုံးမယ့် Logo လေးကို မှာ အပ်နှံတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ ❤️

လုပ်ငန်းတိုင်းမှာ မျက်နှာစာတစ်ခုအဖြစ်အသုံးပြုပြီး
အမြဲတွေ့နေရမယ့် အရောင်/ကာလာဒီဇိုင်းကို တစ်စုတစ်စည်းထဲတွေ့မြင်မှတ်မိနိုင်ဖို့ဆိုတာ First Impression ဖြစ်တဲ့ Logo က အရေးအကြီးဆုံးပါ။

အဲ့လို အရေးကြီးတဲ့ Logo ကို သင်လည်း သင့်လုပ်ငန်းအတွက် First Impression မှာမကျရှုံးဖို့ ကောင်းကောင်းရေးဆွဲဖို့လိုအပ်နေပြီဆိုရင် 𝐋𝐢𝐭𝐭𝐥𝐞 𝐁𝐨𝐬𝐬 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐓𝐞𝐚𝐦 ကိုသတိရလိုက်ပါ။ 💁🏻

Project Scope - Aung Hand Tools
Logo + Cover Design

Logo Package တွေအကြောင်း သိချင်ရင်တော့ဗျာ။
အောက်က Link အပြာလေးကိုနှိပ်ပြီးသိချင်တာတွေမေးလို့ရပါတယ်ခင်ဗျာ။ ❕

"လုပ်ငန်းရှင်များရဲ့ပန်းတိုင် = LB ရဲ့ပန်းတိုင်"

📨 m.me/littlebossdigitalmarketing
☎️ 09 2201741


ငွေကုန်ခံပြီး Boost တာတောင် မရောင်းရဘူးလား 💭ရောင်းအား တက်ဖို့အတွက်နဲ့ Boosting မှာပိုက်ဆံတွေကုန်ပြီး ထင်သလောက်မထိရောက်တာ...
27/05/2024

ငွေကုန်ခံပြီး Boost တာတောင် မရောင်းရဘူးလား 💭

ရောင်းအား တက်ဖို့အတွက်နဲ့ Boosting မှာပိုက်ဆံတွေကုန်ပြီး ထင်သလောက်မထိရောက်တာတွေကြုံတွေ့နေရတယ်ဟုတ်။

ဒါဆိုပြဿနာက ဘာလဲ။

အရောင်း Post တစ်ခုထဲနဲ့ ရောင်းအားတက်ဖို့မျှော်လင့်ပြီး Boosting Service တွေအပ်တာက မှန်ကန်တဲ့နည်းလမ်းတော့မဟုတ်ဘူးနော်။

Marketing ရဲ့သဘောအရ ဝယ်ယူသူတွေ Chat Box အထိရောက်လာဖို့အတွက် ဖြတ်ကျော်ရတဲ့ခရီးစဉ်‌လေးရှိပါတယ်။

ဒီခရီးစဉ် ချောမွေ့ဖို့အတွက် Content တွေနဲ့ လမ်းညွှန်ပေးရင်း စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာမယ့် ဝယ်ယူသူတွေကို လူကြီးမင်းတို့က ရောင်းပေးရုံပါပဲ။

ဒီလိုမျိုး စနစ်တကျနဲ့ အရင်ထက် သိသာတဲ့ ပြောင်းလဲမှုတွေရချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ အရမ်းတန်တဲ့ Package တစ်ခုရှိပါတယ်။

▫️ Creative Content 7 ပုဒ်
▫️ Creative Design 7 ပုဒ်
▫️ 10$ Free Boosting တွေအပြင်

လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် အကြံဉာဏ်ပေးမယ့် Digital Marketing Consultation လည်းပါဝင်မှာပဲဖြစ်ပါတယ်။

ပြိုင်ဆိုင်မှုတွေပြင်းထန်လာတဲ့ Digital Marketing ‌ခေတ်မှာ ကိုယ့်ရဲ့ Brand နောက်ကျမကျန်ခဲ့အောင် အခုပဲစတင်ဖို့လိုလာပြီနော်။

မိမိ‌ Page ကို အရင်ကထက် စိတ်ဝင်စားမှုပိုမိုးတိုးလာစေချင်ရင်၊ ဒါမှမဟုတ် Engagement သိသိသာသာကောင်းလာစေချင်ရင် ကျွန်တော်တို့ LB နဲ့ သာလက်တွဲလိုက်ပါ ။

စိတ်ဝင်စားတယ်ဆို Comments မှာ လို့သာမန့်ခဲ့လိုက်နော်။

Package တွေအကြောင်း ခရေစေ့တွင်းကျ
ပြောပြပါ့မယ်။

"လုပ်ငန်းရှင်များရဲ့ပန်းတိုင် = LB ရဲ့ပန်းတိုင်"

📨 m.me/littlebossdigitalmarketing
☎️ 09 2201741

Formula 1 နှင့် စကားပြောသော Pit Stop❕Pit Stop ဆိုတာ ကားပြိုင်ပွဲတွေမှာ ဆီဖြည့်ဖို့နဲ့၊ Servicing လုပ်ဖို့အတွက် ခေတ္တရပ်ရ...
24/05/2024

Formula 1 နှင့် စကားပြောသော Pit Stop❕

Pit Stop ဆိုတာ ကားပြိုင်ပွဲတွေမှာ
ဆီဖြည့်ဖို့နဲ့၊ Servicing လုပ်ဖို့အတွက်
ခေတ္တရပ်ရတဲ့ အခိုက်အတန့်တစ်ခုပဲဖြစ်ပါတယ်။

တစ်စက္ကန့်တိုင်းဟာ တန်ဖိုးရှိနေတဲ့ ပြိုင်ပွဲအတွက်
Pit Stop မှာသုံးလိုက်ရတဲ့ စက္ကန့်ပိုင်းလေးက ပထမနေရာကို လွဲချော်‌စေမယ့်စက္ကန့်တွေဖြစ်သွားနိုင်ပါတယ်။

Formula 1 လိုမျိုး ပြင်းထန်တဲ့အရှိန်အဟုန်နဲ့ ပြိုင်ဆိုင်မှုတွေရှိလာတဲ့ Marketing တွေကြားမှာ

ကိုယ် Brand က အရှေ့ဆုံးမရောက်ရင်တောင်
အမှီလိုက်နိုင်ဖို့လိုနေပါပြီ။

Social Media Platform တွေမှာ Brand တွေကလည်း အပြိုင်အဆိုင် Marketing လုပ်နေကြပါပြီ။

ဒီလိုပြိုင်ဆိုင်မှုတွေမှာ နောက်ကွယ်က Supporting ကောင်းကောင်းပေးနိုင်မယ့် Team တစ်ခုကသေ‌ချာပေါက်လိုအပ်ပါတယ်။

Formula 1 ပြိုင်ပွဲတွေမှာ ပထမနေရာကို ရနိုင်မယ့် စက္ကန့်တွေကို Pit Stop တွေက ရှာပေးနိုင်သလို

Digital Marketing မှာလည်း ဈေးကွက်မှာဦးဆောင်နိုင်မယ့် ရလဒ်တွေကို ကျွန်‌တော်တို့ရှာပေးနိုင်ပါတယ်။

ကျွန်တော်တစ်ခုမေးပါရစေ -
▫️ ကိုယ့်ရဲ့ Brand က နံပါတ်ဘယ်လောက်နဲ့
ပြိုင်ပွဲဝင်နေလဲ❔
▫️ ဒါမှမဟုတ် ပထမ ရမယ့် စက္ကန့်တွေကို
ဖြုန်းတီးနေမိပြီလား❔

အချိန်တွေနောက်မကျသေးပါဘူး။
ကျွန်တော်တို့ တူတူလက်တွဲပြီး အမှီလိုက်ဖို့ပဲလိုပါတယ်။

မိတ်ဆွေပန်းတိုင် = LB ပန်းတိုင်။

📨 m.me/littlebossdigitalmarketing
☎️ 09 2201741


အရေးမပါရင် အရာမပေးနဲ့❕MYEO ရဲ့ Content Creation  ပြိုင်ပွဲမှာ Little Boss Digital Marketing ရဲ့ Content Writer မောင်လေး ...
22/05/2024

အရေးမပါရင် အရာမပေးနဲ့❕

MYEO ရဲ့ Content Creation ပြိုင်ပွဲမှာ Little Boss Digital Marketing ရဲ့ Content Writer မောင်လေး အနိုင်ရခဲ့တဲ့ Content Creation လေးကို ပြန်လည်ဝေမျှပေးလိုက်ရပါတယ် ။

ကျွန်တော့် လုပ်ငန်းခွင်ထဲက အမတစ်ယောက်ပြောခဲ့တဲ့စကားတစ်ခွန်းကို သဘောကျမိရာကနေ ဒီအတွေးတွေဝင်လာလို့ ပြန်ပြောပြပါရစေ။

ကျွန်တော် စားပွဲပေါ်မှာ ကိတ်မုန့်တစ်ခု တင်ထားတယ်။ ကိတ်မုန့်ကို ပုရွက်ဆိတ်က လာစားတော့ ကျွန်တော် စိတ်မကြည်တဲ့ပုံစံနဲ့ -

"ဒီပုရွက်ဆိတ်တွေကတော့လာပြန်ပြီ"
ဆိုပြီး ရေရွတ်မိလိုက်တယ်။

အဲ့အချိန် သူပြောလိုက်တဲ့ စကားတစ်ခွန်းက
ကျွန်‌တော့ကို လုံးဝ 'ဟတ်' ထိသွား‌စေတယ်။

သူပြောတာက -
" စားပါစေ။ ကုသိုလ်ရပါတယ်။ သူတို့ဘယ်လောက်စားနိုင်မှာမို့လို့လဲ " တဲ့။

သေချာစဉ်းစားကြည့်‌တော့ ဟုတ်တယ်ဗျ။
သူတို့ဗိုက်ဝအောင်စားဦး ဒီမုန့်တစ်ခုလုံးတော့ ဘယ်လိုမှမကုန်နိုင်ဘူး။

ကျွန်‌တော့ခေါင်းထဲ အတွေးတွေအများကြီးဝင်လာတယ်။

ငါက ဘာလို့တွန့်တိုနေတာလဲ။
ကျွန်‌တော်တို့ စိတ်ထားတွေက ပုရွက်ဆိတ်တစ်ကောင် ဗိုက်ဝဖို့လောက်တောင် သဘောထားမကြီးနိုင်ကြတော့ဘူးလား။

နောက်ပြီး အရေးမပါတဲ့ အရာသေးသေးလေးတွေကို
အာရုံတွေစိုက်နေတာ မှန်ရဲ့လား။

ဒီ ပုရွက်ဆိတ်လိုပဲ တစ်ချို့ပြဿနာတွေကို မလိုအပ်ဘဲ ခေါင်းထဲထည့်ထားတာ တန်ရဲ့လား။

တချို့ကိစ္စတွေက ကျွန်တော်တို့အပေါ်ကို ဘယ်လောက်ထိ ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်လို့လဲဆိုတာ ပြန်စဉ်းစားဖို့လိုတယ်။

ကျွန်တော်တို့ရဲ့ ဘဝတွေထဲမှာ ဒီ ပုရွက်ဆိတ်လိုမျိုး အရေးစိုက်စရာမလိုတဲ့ ပြဿနာတွေ အများကြီးရှိတယ်။

ဒီအများကြီးထဲကမှ
လူတိုင်းကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက
လျှာအရိုး မရှိတိုင်း လျှောက်ပြောနေကြတဲ့ လူတွေပဲ။

ဒီလူတွေက စားပွဲပေါ်က ကိတ်မုန့်ကို လာစားတဲ့ပုရွက်ဆိတ်လိုပဲ။ ဘာမှဂရုစိုက်နေစရာမလိုဘူး။

အချိန်တန်ရင် ခါချလိုက်ရုံပဲ။

အတွေး
—----------------------------------------------------------

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ ဟာ ထူးခြားချက် (4) ခုရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ဗျာ၊ ...
22/05/2024

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ ဟာ ထူးခြားချက် (4) ခုရှိနေတဲ့ ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်ခုဖြစ်ပါတယ်။

ဗျာ၊ ဖွား၊ ပွင့်၊ စံ ဆိုတဲ့

✨ ဗျာ
ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကိုခံယူတော်မူပါသည်။

✨ ဖွား
က‌ဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါသည်။

✨ ပွင့်
က‌ဆုန်လပြည့်နေ့မှာ ဘုရားပွင့်တော်မူပါသည်။

✨ စံ
က‌ဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန်စံဝင်တော်မူပါသည်။

စတဲ့ ထူးခြားချက်တွေရှိနေပါတယ်။

ဘုရားရှင်ဟာ ဒီနေ့ ဒီအခါမှာ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူရန်အတွက် ဗောဓိပင်အား အမှီပြု၍ တရားအားထုတ်တော်မူခဲ့သည့်အတွက် ဗုဒ္ဓဘာသာဝင်တို့သည် ဗောဓိပင်အား ရေသွန်းလောင်းခြင်းဖြင့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပါတယ်။

ရေသွန်းလောင်းကြသည်မှာ ကဆုန်လတွင် ရေရှားပြတ်လပ်၍ ညှိုးလျော်အံ့နီးနီးဖြစ်သော ဗောဓိပင်ကို လန်းဆန်းစိုပြေစေရန်အတွက် ရည်ရွယ်ကြပါတယ်။

ယခု‌လိုနေ့ထူး‌‌နေ့မြတ်လေးမှာ အေးချမ်းမှုအပေါင်း ခညောင်းကြပါစေလို့ ကျွန်တော်တို့ LB Team မှ ဆုမွန်ကောင်းစကား ဆိုလိုက်ပါတယ်ဗျာ။ 🙏



#ကဆုန်လပြည့်နေ့

Address

129
Yangon

Telephone

09788842013

Website

Alerts

Be the first to know and let us send you an email when Little Boss Digital Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share