07/05/2025
ရာသီချိန်ထက် စောသီးပြီး ဈေးကောင်းရနိုင်ဖို့ အစ္စရေးနည်းပညာနဲ့ ဘယ်လို လုပ်လို့ရသလဲ အချိန် (၅) မိနစ်ပေး ဖတ်ကြည့်ပါ။
ရာသီချိန်ထက် စောသီးပြီး စျေးကောင်းရနိုင်ဖို့ အစ္စရေးနည်းပညာနဲ့ ဘယ်လို လုပ်လို့ရသလဲ အချိန် (၅) မိနစ်ပေး ဖတ်ကြည့်ပါ။
✳️လျှို့ဝှက်ချက်ကတော့✳️
❇️ဆေးစွမ်းထက်ပုံကတော့
မာတီအင်ပီကေကို ရာသီချိန်မဟုတ် ပွင့်သီးစေဖို့နဲ့ အသီးကြီးထွားဖို့ လုပ်ဆောင်ပုံ လုပ်ဆောင်နည်း အသေးစိတ်ကို ဖတ်ရှုဖို့ ဒီလင့်ကို နှိပ်ပါ - http://bit.ly/39dt2Fc
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️
(UniCode) သရက်ပင်တွေကို ကြည့်လိုက်ရင် ပန်းပွင့်တဲ့ အပင်ကပွင့်၊ အရွက်ထွက်တဲ့ အပင်ကထွက်၊ အပွင့်အရွက်ရောတဲ့ အပင်ကရော၊ စောတဲ့ အပင်ကစော၊ နောက်ကျတဲ့ အပင်ကနောက်ကျ စတဲ့ မညီမညာ အခြေအနေတွေမှ ကင်းဝေးအောင် ဖြေရှင်းပေးနိုင်တဲ့ အစွမ်းထက် လက်နက်တစ်ခုကတော့ ရှိနေပါတယ်။ သရက် စိုက်ပျိုးခြင်းမှာ ပုံမှန် ရာသီချိန်ထက် နောက်ကျ၍ သရက်သီးပေါ်ခြင်းဟာ ပိုးမွှား ရောဂါကျပြီး အရည်အသွေးပါ ထိခိုက်တဲ့အပြင် သရက်ဈေးကွက်ကိုပါ ကိုင်တွယ် မရနိုင်တဲ့အတွက် သရက်စိုက်ပျိုးသူများအနေနဲ့ ဈေးကွက်မှာ ပေါ်ဦးပေါ်ဖျား မျက်နှာပန်းလည်းလှ ဈေးကောင်းလည်းရအောင်လို့ ပုံမှန် ရာသီချိန်ထက်စော၍ သရက်သီးပေါ်အောင် ဦးစားပေးလုပ်ကြဖို့ တကယ်ကို လိုအပ်နေပါပြီ။ ဒ့ါကြောင့် “မသိသူ ကျော်သွား၊ သိသူ ဖော်စား” ဆိုသလိုပဲ မသိသေးတဲ့သူများလည်း ဖော်စားလို့ရအောင်နဲ့ သိနေပြီးသားသူတွေလည်း ဆက်ပြီးဖော်စားလို့ရအောင် ရည်ရွယ်ပြီး ပြန်လည်မျှဝေလိုက်ပါတယ်။
✳️လျှို့ဝှက်ချက်ကတော့✳️
ရာသီချိန်ခါမဟုတ်ဘဲ သရက်သီး သီးစေလိုပါက ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေချိန် (ရွက်နုများအစိမ်းရောင်ပြောင်းလာပြီး တောင့်တင်းလာတဲ့အချိန်) မှာ သရက်ဖူးများ နိုးကြားလာစေရန်နဲ့ အဖူးထွက်ပြီး ပန်းပွင့်လာစေရန် ယမ်းစိမ်းမြေသြဇာ (ပိုတက်စီယမ် နိုက်ထရိတ်, KNO3) ကို ပက်ဖျန်းပေးရမှာပဲ ဖြစ်ပါတယ်။
❇️ယမ်းစိမ်း မြေသြဇာဆိုတာကတော့
အပင်များအတွက် အဓိက အများလိုအာဟာရဓါတ် ပိုတက်ဆီယမ် (K)ပမာဏ အများဆုံးပါတဲ့ မြေသြဇာဖြစ်ပါတယ်။ N:P:K အချိုး ၁၃:ဝ:၄၆ ပါဝင်ပေမယ့် ဖော့စဖရပ်စ်(P)ဓါတ်ကတော့ မပါဝင်ပါဘူး။ ၎င်းမြေသြဇာမှာ အပင်အတွင်း ဝင်ရောက်သွားရင် ရင့်မှည့် ဟော်မုန်း အီသိုင်လင်း(Ethylene) ဖြစ်ပေါ်စေပြီး ဒီဟော်မုန်းစွမ်းအားကြောင့် ရင့်မှည့်ပြီး အသီးများ အရောင်တောက်ပဖို့၊ မှည့်ချိန်စောပြီး အလေးချိန်တိုးစေဖို့၊ သီးနှံများ အာဟာရတန်ဖိုး ပိုများဖို့၊ အပြစ်အနာအဆာကင်းတဲ့ ထွက်ကုန်များရဖို့နဲ့ အထားခံဖို့အတွက် လှုံ့ဆော်ပေးနိုင်စွမ်းရှိတဲ့ ပိုတက်စီယမ်(K)နဲ့ နိုက်ထရိုဂျင်(N)တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ၎င်းဟာ မြေအတွင်း အော်ဂဲနစ်အက်ဆစ်များ ဖြစ်ပေါ်ခြင်းနဲ့ အမြစ်အတွင်းမှ အမြစ်စစ်ထုတ်ရည်များ ထွက်ရှိခြင်းကြောင့် ပိတ်ဆို့နေတဲ့ ဖော့စဖရပ်စ်(P)အား အော်ဂဲနစ် အက်ဆစ်များအတွင်း ပျော်ဝင်စေပြီး အပင်ကို ဖော့စဖရပ်စ်(P) ရအောင် တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။ အဲ့တာကြောင့် သရက်ပင်ဟာ နိုက်ထရိုဂျင်(N)၊ ဖော့စဖရပ်စ်(P)နှင့် ပိုတက်စီယမ်(K)တို့ကို နှစ်စဉ်ထည့်ပေးဖို့ လိုအပ်တာနဲ့ အကိုက်ပဲ ဖြစ်သွားပါတယ်။
❇️အပင်ကျန်းမာရေးကို ထောက်ပံ့တာကတော့
ဒီယမ်းစိမ်းမြေသြဇာကို အသုံးပြုရုံနဲ့ အပင်ရဲ့ ကျန်းမာရေးအရ အပင်ဆဲလ်နံရံများကို ပိုပြီးတောင့်တင်းခိုင်မာလာအောင် လုပ်ဆောင်ပေးပြီး Stomata လေရှူပေါက်များ အပွင့်အပိတ်ကို ဟန်ချက်ညီအောင် ထိန်းထားပေးနိုင်တာရယ်၊ သီးနှံပင်များ ရေဓာတ် ဆုံးရှုံးမှုကို သက်သာဖို့နဲ့ အမြစ်များ ရေစုပ်ယူစွမ်းရည်ကိုပါ ကောင်းမွန်အောင် ထိန်းညှိပေးတဲ့ စွမ်းအားရှင်လည်းဖြစ်တယ်။ ဒါ့အပြင် ယူရီးယား မြေသြဇာတစ်မျိုးတည်း ကျွေးထားတဲ့ သီးနှံပန်းမာန်၊ ဟင်းသီးဟင်းရွက်များဟာ ပုပ်သိုးလွယ်၊ ညှိုးလွယ်၊ နွမ်းလွယ်၊ ကျိုးကြွေလွယ်တာတွေ ဖြစ်တတ်တာမို့ ယမ်းစိမ်းကျွေးပါက သာမာန်အပင်တွေထက် သိသာထင်ရှား ကျန်းမာသန်စွမ်းပြီး ပိုးမွှားရောဂါ ဒဏ်တွေကိုလည်း ခံနိုင်အောင် စွမ်းဆောင်ပေးသေးပါတယ်။
❇️မြေကြီးကျန်းမာရေးအတွက်ကတော့
ဒီယမ်းစိမ်းမြေသြဇာမှာ ကလိုရိုဒ်ဓါတ်မပါတဲ့အတွက် ကလိုရင်းဓါတ် (Cl) ကို ကြောက်တဲ့ သရက်၊ သံပုရာ၊ ကြက်သွန်နီ၊ စတော် ဘယ်ရီ၊ အာလူးနဲ့ ထောပတ်အပင် စိုက်ခင်းမြေတွေမှာ ပိုတက်စီယမ် ကလိုရိုဒ်(KCl)သုံးပြီး ကလိုရင်းဓါတ်(Cl) အဆိပ်သင့်မြေ အဖြစ်ခံမယ့်အစား ပိုတက်စီယမ် အချိုးများတဲ့ ပိုတက်စီယမ် နိုက်ထရိတ်(ယမ်းစိမ်း)ကို သုံးကာ အဆိပ်သင့်မြေကနေ စိုက်ပျိုးမြေကြီးကို ပြန်လည်ကယ်တင်နိုင်ပါတယ်။ ပြီးတော့ ဆိုဒီယမ်ကလိုရိုဒ် (NaCl)များနေတဲ့ ဆားပေါက်မြေမှာ ယမ်းစိမ်းသုံးပြီး ရေသွင်းရေထုတ် လုပ်စရာမလိုဘဲ ဆားဒဏ်ပြဿာနာကို ဖြေရှင်းနိုင်ပါတယ်။
❇️ဆေးစွမ်းထက်ပုံကတော့
၎င်းဆေးဟာ ရေမှာ ပျော်ဝင်နိုင်စွမ်းကောင်းလို့ ရေနဲ့ဖျော်စပ်ပြီးဖျန်းတဲ့အခါ နော်ဇယ်ခေါင်း ပိတ်ဆို့ခြင်းတောင် မဖြစ်နိုင် တော့ဘူး။ ကိုယ်နှစ်သက်ရာ ဟော်မုန်းအားဆေးတွေနဲ့လည်း တွဲစပ်သုံးနိုင်ပြီး ဓါတ်ပြိုကွဲခြင်း၊ အာနိသင်ပျက်ခြင်းမဖြစ်လို့ သုံးရတာ သဟဇာတ ဖြစ်စေပါတယ်။ သရက်သီးယိုထိုးတဲ့ လုပ်ငန်းမှာလည်း သရက်သီးရဲ့ အထားအသို တာရှည်အထားခံမှုကြောင့် ယိုမထိုးမီ ကာလအတွင်း လုပ်ငန်းဆောင်တာ အဆင့်ဆင့် ဖြတ်ကျော်နေစဉ် အာဟာရတန်ဖိုး လျော့ကျခြင်းကိုပါ သက်သာစေပါတယ်။ ၎င်းဟာ အစိုင်အခဲပုံစံနဲ့ ကြဲပက်သုံးနိုင်လို့ အမြစ်များမှာသာမက အရွက်များမှာပါ အလွယ်တကူဝင်နိုင်တဲ့အတွက် ရွက်ဖျန်းဆေး အနေနဲ့လည်း ရွေးချယ်သုံးနိုင်ပါတယ်။
❇️အစွမ်းထက် လက်နက်တစ်ခုကတော့
ယမ်းစိမ်းမြေသြဇာ KNO3 ရဲ့N:P:K အချိုး ၁၃:ဝ:၄၆ နဲ့ မတူုခြားနားအောင် ဖော့စဖားရပ် (P) ထူးကဲထားတဲ့ အစွမ်းထက် မြေသြဇာတစ်မျိုးကတော့ ရှိနေပါပြီ။ ဒါကတော့ ရေတွင် ရာနှုန်းပြည့်ပျော်ဝင်တဲ့ မာတီအင်ပီကေ Multi NPK (၁၃း၃း၄၃) ရွက်ဖျန်း မြေသြဇာပဲ ဖြစ်ပါတယ်။ ယမ်းစိမ်းမှာ မပါတဲ့ ဖော့စဖရပ်စ်(P)ထပ်ထည့်ထားတဲ့ ရွက်ဖျန်းမြေသြဇာဖြစ်တာမို့လည်း သရက်အပွင့်နဲ့အသီး ဖြစ်ပေါ်အောင် စွမ်းအားပေးမယ့် လက်နက်တစ်ခုဆိုလည်း မမှားပါဘူး။ ဒါကြောင့် အပင်အတွက် နိုက်ထရိုဂျင်(N), ဖော့စဖရပ်စ်(P)နှင့် ပိုတက်စီယမ်(K)တို့ကို တစ်ခါတည်း ရနိုင်အောင် ကူညီပေးမယ့် အစွမ်းထက်လက်နက် မာတီအင်ပီကေ Multi NPK (၁၃း၃း၄၃) ရွက်ဖျန်း မြေသြဇာကို စွဲမြဲယုံကြည်စွာ သုံးပေးဖို့ အချိန်တန်ပါပြီ။
သရက်သီးလိုမျိုး အခြားသစ်သီးဝလံမျိုးစုံ၊ ပန်းမာန်များ၊ ဥယျာဉ်ခြံသီးနှံများ၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့မှာ အသီးအပွင့် တင်ရန်၊ အစေ့အဆံ ပြည့်ဝရန်၊ စောစီးစွာ သီးပွင့်စေရန်နှင့် ပွင့်ကိုင်းသီးကိုင်း အရေအတွက်တိုးစေရန် လုပ်ဆောင်ပေးမည့် မရှိမဖြစ် ဇာတ်လိုက်ကျော်ဖြစ်တာမို့ တောင်သူတွေ လက်ထဲကို ရောက်ရှိသင့်နေပါပြီ။
ဒ့ါကြောင့် သရက်ရာသီမှာ သရက်သီးကဲ့သို့ အသီးများကို အပွင့်ပွင့်ချိန်မဟုတ်တဲ့ (Off Season) ရာသီလွဲ အချိန်မှာ စောစောပွင့် စောစောသီးအောင်နဲ့ အပွင့်အသီး အရွယ်ညီပြီး အရွယ်အစားကြီးဖို့အတွက် စီးပွားဖြစ်သရက်စိုက်သူတွေ အိမ်တိုင်း အမှန်တကယ် ဆောင်ထားရမှာက ဆေးစွမ်းကျော် မာတီအင်ပီကေ Multi NPK (၁၃း၃း၄၃) ရွက်ဖျန်းမြေသြဇာပဲ ဖြစ်ပါတယ်။
✳️လျှို့ဝှက်ချက်ကတော့✳️
❇️ဆေးစွမ်းထက်ပုံကတော့
မာတီအင်ပီကေကို ရာသီချိန်မဟုတ် ပွင့်သီးစေဖို့နဲ့ အသီးကြီးထွားဖို့ လုပ်ဆောင်ပုံ လုပ်ဆောင်နည်း အသေးစိတ်ကို ဖတ်ရှုဖို့ ဒီလင့်ကို နှိပ်ပါ - http://bit.ly/39dt2Fc
💠စူပရင်း ဘိုင်အိုတက် 💠
(လောကသတ္တဝါ ဘေးကင်းစွာ၊ စွမ်းရည်မြင့်မား စိုက်ပျိုးရေးသွင်းအားစု နည်းပညာ)
🏢 ၁၉(စီ)၊ နဝဒေးဥယျာဉ်အိမ်ယာ၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။
☎️ (၀၉) ၇၉၅၉ ၆၅၄ ၈၀~၈၇ (နံနက် ၉နာရီ - ညနေ ၅နာရီ၊ တနလာင်္နေ့မှ သောကြာနေ့)
✳️ စုံစမ်းမေးမြန်းသည်များကို တနလာင်္နေ့ - သောကြာနေ့ (နံနက် ၉နာရီမှ ညနေ ၅နာရီအတွင်း ပြန်ကြားပေးပါမည်)
✳️ နည်းပညာအကူအညီရယူလိုပါက စူပရင်း ဘိုင်အိုတက် နည်းပညာ အကူအညီ Supreme BioTech (သီးနှံဓါတ်ပုံနှင့်တကွ သီးနှံဆိုင်ရာအချက်အလက်များ ပေးပို့ပါရန်)
💠စူပရင်း ဘိုင်အိုတက် 💠
✳️ နည်းပညာအကူအညီရယူလိုပါက စူပရင်း ဘိုင်အိုတက် နည်းပညာ အကူအညီ Supreme BioTech (သီးနှံဓါတ်ပုံနှင့်တကွ သီးနှံဆိုင်ရာအချက်အလက်များ ပေးပို့ပါရန်)