15/07/2024
ပိတောက် (ဗမာပိတောက်)၊ သစ်ပိတောက်
****************************************
ရုက္ခအမည် : Pterocarpus macrocarpus Kurz.
Family: Facaceae (Leguminosa)
Common names.Burma padauk
Common Names: Mai-chi-tawk, Mai-pi-tawk, Myanmar rosewood, Burmese rosewood, Angsana, Narra, Padauk, Padok, Thit-padauk
Collected by Kothet Naing Oo
Location : Mandalay myo
Flowering period March to April to May
သင်္ကြန်နားနီးလျှင် ပိတောက်ပန်း တွေပွင့်တော့မည်၊ မြို့ပြတွင် အတွေ့များသည့် ပိတောက်က ဗမာပိတောက်ဖြစ်သည်၊ ပွင့်ရင်လည်း ပင်လုံးညွှတ်မျှပွင့်ကြသည်၊ သင်းပျံ့သော ရနံကိုပိုင်ဆိုင်သည်။ အခုမြင်ရသော ပိတောက်ကို ဗမာပိတောက် ( မြန်မာပိတောက်) ဟု ခေါ်သည်၊ မြန်မာပိတောက်၏ မူရင်းဒေသများမှာ ( Southeastern Asia in northeastern India, Burma, Laos, Thailand, and Vietnam ) နိုင်ငံတို့ဖြစ်ကြသည်၊ tropical region ကို ပိုလို့နှစ်သက်သည်၊ ဗီယက်နန်လူမျိုးများကမူ giáng- or dáng-hương လို့ခေါ်ကြသည်၊ မြန်မာပိတောက်သည် နှစ်စဉ် ဧပြီလ သို့မဟုတ် မဟာသင်္ကြန်အခါတော်လ ထဲတွင့်ပွင့်ဖူးကြသည်၊ ထို့ပြင် မြန်မာနိုင်ငံ၏ National symbol အမျိုးသားရေး အမှတ်လက္ခဏာ တခုအဖြစ် သတ်မှတ် ခံထားရသော ပန်းလည်းဖြစ်သည်၊ ထို့ကြောင့် မြန်မာပိတောက်သည် National flower ဖြစ်သည်၊ လူတွေ့စစ်မေးတိုင်းမေးမိသည့် မေးခွန်းလည်းဖြစ်ပါသည်၊ အများစုက "တော်ဝင်သဇင်ပန်း" လို့ မှားယွင်းစွာဖြေမိကြသည်၊ မြန်မာပြည်နဲ့ ပိတောက်ပန်းက ခွဲခြားမရစကောင်းပါ၊
Plant Morphology
Pterocarpus macrocarpus ခေါ်သော မြန်မာ ပိတောက်သည် medium-sized tree အပင်လတ်မျိုးဖြစ်သော်လည်း 10–30 m (rarely to 39 m)အထိမြင့်မားစွာ ရှိတတ်သည်။ ပင်စည် trunk က1.7 m diameter အချင်းထိ ဗျက်အကျယ်ရှိတတ်သည်၊ ရာသီအလိုက် အရွက်ကြွေသော deciduous tree ဖြစ်သည်၊ အခေါက်သည် flaky, grey-brown အရောင်ဖြစ်သည်၊ ပင်စည်ကိုဖြတ်လိုက်လျှင် red gum အနီရောင် ကော်များစစ်ထုတ်ပေးသည်၊ နုနယ်သောအကိုင်းများတွင် အမွှေးများရှိသည်၊ ရွက်စွယ် stipules များပါသော်လည်း မထင်ရှားလှပါ၊ အကြွေစော၍ မတွေ့နိုင်ပါ၊ အရွက်များသည် တဆင့်ငှက်မွှေးရွက်ပေါင်း unipinnate leaves ဖြစ်ပြီး 200–350 mm ခန့် ရှည်လျားသည်၊ ရွက်မွှာ အရေအတွက် 9–11 leaflets ပါဝင်သည်၊ အရွက်များသည် အမွှေးမဲ့ စွာ ပြောင်လက်နေကြသည်၊ အဝါရောင် ပန်းများက 50–90 mm long ရှည်လျားော raceme or panicle inflorescences ပန်းခိုင်ထဲတွင်ရှိကြသည်၊ ပန်းခိုင်များက ကြားထွက် ထိပ်ထွက် ဖြစ်ပြီး တွဲလျားကျ ဝါ decline ဖြစ်နေတတ်သည်၊ သင်းပြန့်သော ရနံ့ fragrant ကိုထုတ်ပေးသည်၊ corolla များကွာပြီး standard wings keels များဖြင့် papilionaceous ပုံစံရှိကြသည်၊ stamens 9 to 10 ပါရှိကာ တစုစည်း monadelphous ဖြစ်သည်၊ အသီးက pod အမျိုးအစားဖြစ်ပြီး ပတ်လည်တွင် wing အတောင်ရှိသည်၊ 45–70 mm diameter လောက် အချင်းရှိသည်၊ အတွင်းတွင် seeds အစေ့ ၂ စေ့မှ ၃ စေ့အထိပါသည်၊
မြန်မာပိတောက်သားသည် အလွန်တန်ဖိုးကြီးလှသည် ၊ သစ်သား wood သည် durable ဖြစ်ကာ ခြဒဏ် ခံနိုင်သည်၊ ထို့ကြောင့်လည်း အိမ်ဆောက်ရာတွင် အဓိကသုံးကြသည်၊ heardwood အရောင်က အမျိုးမျိုးဖြစ်သည် pale goldern yellow အရောင်မှ deeper reddish brown အရောင်ရှိကြသည်၊ ရွှေဝါညိုရောင် သည် အမြဲရှိနေတတ်သည်၊ ပရိဘောဂပစ္စည်းလုပ်ရာတွင် အလွန်အရေးပါလှသည့် အသားဖြစ်သည်၊ ပိတောက်သားကို construction timber, cart wheels, tool handles နှင့် posts များပြုလုပ်ရာမှာ အသုံးပြုကြသည်၊ musical instruments နှင့် decorative objects များပြုလုပ်ရာတွင်လည်းပိတောက်သားကိုသုံးကြသည်၊ ပိတောက်သည် true rosewoodတော့ မဟုတ်ပါ သို့သော် ထိုသစ်သားကဲ့သို့လည်းရောင်းဝယ်ကြသည်၊ အပင်ကထွက်သော sap ကို ပါးစပ်အတွင်းဖြစ်သော ရောဂါများပျောက်ကင်းစေရန် ပြင်ပမှ အသုံးပြုသည်၊ အမြစ်သည် တိုင်းရင်းဆေးဖက်ဝင်သည်၊
မြန်မာပိတောက်အပင်များကလည်း ယခုအချိန်တွင် ရှားပါးလို့လာနေပြီဖြစ်သည်၊ တန်ဖိုးကြီးမားလှသော အသားကြောင့် နှစ်စဉ်ခုတ်ယူခြင်းခံနေရသည်၊ မျိုးတုံးမသွားအောင်ထိမ်းသိမ်းသင့်လှသော အပင်ဖြစ်သည်၊ ပြောသာပြောရတယ် မြန်မာပိတောက်ကို တောတွေမှာမတွေ့နိုင်တော့ပါ၊ မြို့ပေါ်မှာသာ တွေ့ရလို့ မြို့ပိတောက်ဖြစ်လို့နေပါဘီ၊ တနေ့ကရောက်ခဲ့သော ဘုန်းကြီး ကျောင်းကြီး တခုတွင် ပိတောက်သားရှာထိုးဖြင့် ခင်းထားသော နီညိုရောင် ကြမ်းခင်းကိုတွေ့ခဲ့ရသည် ၊ polish အရောင်ပြောင်လက်စွာဖြင့် ကျောင်းတော်ကြီး၏ ဧည့်ဆောင်ကား ကျက်သရေတင့်တယ်လှပါသည်၊ ယခုအချိန်တွင့် ထိုကဲ့သို့ အဆောက်အဦမျိုး ဆောက်ရန်မဖြစ်နိုင်တော့ပါ၊
မနေ့ညက မိုးသား တဖြောက်ဖြောက်ကျသံကြားရသည်၊ မိုးရနံ့ကြားရလျှင် ပိတောက်တွေပွင့်တော့မည်၊ အဖူးများက ပွင့်ရန်အားယူနေကြပြီဖြစ်သည်၊ ထူးထူးခြားခြားနေရာအတော်များများမှာ တရုပ်ဖက်က ဝင်လာသော ပိတောက်ပန်းအတု ပလပ်စတစ်ပန်းတွေ တွေ့နေရသည်၊
တနှစ်တွင် တလ ၊ တလတွင် တရက်သာပွင့်ကြသော မာနကြီးလှသော ပိတောက်ပန်းကို နွေဦနဲ့အတူ ကြိုဆိုရင်း ရေးသီမိတာပါ၊
သက်နိုင်ဦး မုံရွာတက္ကသိုလ်
All photos from Google.com
https://www.facebook.com/share/p/Q8Dm1B4RhdkaPtP7/?mibextid=oFDknk
Ref. Wikipedia
Search the world's information, including webpages, images, videos and more. Google has many special features to help you find exactly what you're looking for.