Kovidaryarma Monastery Yangon Myanmar

Kovidaryarma Monastery Yangon Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kovidaryarma Monastery Yangon Myanmar, Advertising/Marketing, Kovidaryarma Monastery, Yangon.

25/11/2023
03/05/2023

အကိုင်းဆက်အဖူးမြှုပ်မျိုးပွားနည်း အကြောင်း သိကောင်းစရာ ....

အကိုင်းဆက်၊ အဖူးမြှုပ် မျိုးပွားနည်းဖြင့် ပွားများရရှိသော သရက်ပျိုးပင်များသည် မိခင်၏ ဗီဇနှင့် တူညီသော အပင်များဖြစ်ခြင်း နှစ်တို ၃-၄နှစ် အတွင်း သီးထွက် စတင်ရရှိနိုင်သဖြင့် အပင်ပြုစု ထိန်းသိမ်းရသည့် ကာလတိုတောင်းပြီး ဝင်ငွေစောစောရရှိသဖြင့် စရိတ်သက်သာပြီး အမြတ်ငွေကို ကာလတိုအတွင်း ရရှိခြင်း ၊

အရွယ်အစား ညီညာသော ပျိုးပင်များ ရရှိသဖြင့် စိုက်ပျိုးရေး ပြုစု ထိန်းသိမ်းရာတွင် လွယ်ကူခြင်း၊ ဗီဇတူ ပျိုးပင်အမြောက်အမြား ထုတ်ယူနိုင်ခြင်း စသောအကျိုးကျေးဇူးများ ရှိပါသည်။ သို့ဖြစ်၍ သရက်ခြံ စိုက်ပျိုးသူများသည် ကိုင်းဆက်၊ အဖူးမြှုပ်နည်းဖြင့် မျိုးပွားထားသော ပျိုးပင်များကိုသာ စိုက်ပျိုးသင့်ပါသည်။

သရက်ပင်များကို အကိုင်းဆက်၊ အဖူးမြှုပ် ရာတွင်အောက်ပါကိုင်းဆက်နည်းများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် သင့်တော်သလို အသုံးပြုကြပါသည်။

၁။ သပ်သွင်းပင်ထောက်ကိုင်းဆက်နည်း (Inarching)

၂။ လျှာထိုးကိုင်းဆက်နည်း (Whip and tongue grafting)

၃။ သပ်သွင်းကိုင်းဆက်နည်း (Wedge and cleft grafting)..

၄။ ပါးချင်းအပ်ကိုင်းဆက်နည်း (Splice grafting)

၅။ ဘေးတိုက်ပါးချင်းအပ်ကိုင်းဆက်နည်း (Splice grafting)

၆။ အစေ့တွဲလျက်သရက်ပင်ပေါက်အားကိုင်းဆက်ခြင်း (Stone grafting)

ရ။ အဖူးတုံးမြှုပ်နည်း (Chip budding) တို့ဖြစ်ပါသည်။

သရက်ကိုင်းဆက်နည်း အချို့ကိုအောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

၁။ သပ်သွင်းပင်ထောက်ကိုင်းဆက်နည်း (Inarching)

(က-၁) မျိုးကိုင်း (Scion) ရွေးချယ်ခြင်း

မိမိအလိုရှိသော မျိုးမှ ကျန်းမာ သန်စွမ်း၍ရောဂါကင်းပြီး သီးထွက်ပုံမှန်ကောင်းသော အပင်ကိုရွေးယူပါ။ ပင်ပျိုဖြစ်ပါက ပို၍ကောင်းမွန်ပါသည်။ ပျိုးပင် ထုတ်လုပ်ခြင်းကိုဆောင်ရွက်ပါက မျိုးယူမည့် မျိုးပွားခင်းကို သီးသန့်တည်ထောင် စိုက်ပျိုးသင့်ပါသည်။

မျိုးယူမည့် မိခင်အပင်များကို အကွာအဝေးစိပ်စိပ်ဖြင့် စိုက်ပျိုးပြီး အပင်အမြင့်ကို ထိန်းသိမ်းထားရှိခြင်းဖြင့် ၎င်းမိခင်အပင်တွင် သပ်သွင်းပင်ထောက် ကိုင်းဆက်ခြင်း၊ အဖူးကိုင်းရယူခြင်းတို့ လွယ်ကူမည်ဖြစ်ပါသည်။

မျိုးရယူမည့် မိခင်သရက်ပင်တွင် သစ်ရည်တက်နေပြီး သက်တမ်း ၆-၁၂ လသား အရွယ် မျိုးကိုင်းကိုရွေးချယ်ရပါမည်။ မျိုးကိုင်း၏ အရောင်သည် အစိမ်းရောင်မှ အစိမ်းရင့်ရောင် ရှိရမည် ဖြစ်ပါသည်။ ထိုပြင့်အောက်ခံပင်နှင့် လုံးပတ်တူညီသော ကိုင်းဖြစ်က အသင့်တော်ဆုံး ဖြစ်ပါသည်။..

(က-၂) အကိုင်းဆက်ရန် မျိုးကိုင်းတွင် ပြင်ဆင်ခြင်း

ရွေးချယ်ထားသော ကိုင်းဆက်မည့် မျိုးကိုင်း၏ ထိပ်ဖျားမှ ၁-၁.၅ ပေ အကွာတွင် အကိုင်းအချင်း၏ တစ်ဝက်ခန့်အထိ ခပ်စောင်းစောင်း ဓားချက် ပထမ ဓားချက် တစ်ခုလှီးပါ။

၎င်းဓားချက်၏အောက်ဘက် ၁.၅-၂ လက်မ အကွာမ ှမျက်နှာပြင် ညီညာစွာ ပထမဓားချက်နေရာအဆုံးနှင့် ဆုံသည်အထိ ဒုတိယဓားချက်ကို တစ်စောင်းလှီး ဖြတ်၍ အသားစကို ဖယ်ထုတ်ပါ။

လှီးဖြတ်၍ ဖြစ်ပေါ်လာသော မျက်နှာပြင်ကို လက်ဖြင့်လည်းကောင်း၊ အခြားအရာဖြင့် လည်းကောင်းမထိစေရန် သတိပြုပါ။ ဤသို့ဆောင်ရွက်ပြီးသောအခါ မျိုးကိုင်းမှာ အကိုင်းဆက်ရန် အဆင်သင့်ဖြစ်ပြီး ဖြစ်ပါသည်။

(ခ-၁) အောက်ခံပင်ရွေးချယ်ခြင်းနှင့် အကိုင်းဆက်ရန် ပြင်ဆင်ခြင်း

ပျိုးဘောင် သို့မဟုတ် ပျိုးအိတ်တွင် ပျိုးထောင်ထားသော သရက်ပျိုးပင်များမှ ပင်စည်ဖြောင့်မတ်၍ ခဲတံလုံး အရွယ်ရှိပြီး အမြစ်ဆုံမကောက်ကွေ့လွန်းသော ပျိုးပင်ကိုရွေးချယ်ပါ။

ရွေးချယ်ထားသော ပျိုးပင်ကို အမြစ်မနာအောင် တူးဆွ နှုတ်ယူပြီးရေသောက်မြစ်ကို လိုအပ်သလို ဖြတ်တောက်ပေးပါ။ အရွက်များကို ဖြတ်တောက်ဖယ်ရှားပါ။

၅ x ၆ လက်မ အရွယ်အစားရှိ ပလက်စတစ်အိတ်၏ လေးပုံတစ်ပုံခန့်တွင်းသို့ ရေဆွတ်ထားသော အုန်းဆံမှုန့်အဆွေးသို့မဟုတ် လွှစာမှုန့်အဆွေး ၃ဆ နှင့် စပါးခွံဖွဲပြာ ၂ ဆ အရောကို ဦးစွာသိပ်ထည့်ပါ။

၎င်းနောက် အထက်ဖော်ပြပါ ပြင်ဆင်ထားသော သရက်ပျိုးပင်ကို အသင့် ပြုလုပ်ပြီးသော အိတ်အတွင်းသို့ ပြောင်းထည့်ပါ။ အုန်းဆံမှုန့် ဖွဲပြာအရောကို ထပ်မံ ဖြည့်သိပ်ထည့်ပေးကာ ကြိုးဖြင့် တင်းကျပ်စွာ ချည်နှောင်ထားပါ။ သို့ဖြင့် သရက်ပျိုးပင် အမြစ်ကို ထုတ်ပိုးထားသော သရက်အောက်ခံပင်ကို ရရှိပါသည်။

၎င်းထုပ်စီးထားသော သရက်အောက်ခံပင်၏ ပင်စည်ကို အထုပ်၏ အထက် ၃ လက်မနေရာမှ မျက်နှာဝ ၁.၅-၂ လက်မ အရှည်ရှိစေရန် ခပ်စောင်းစောင်းလှီးဖြတ်ပါ။

ထိုပထမဓားချက်၏ ကျောဘက်ထိပ်ဖျားတွင် ၁.၂ လက်မခန့် မျက်နှာဝပေါ်ရန် တစ်စောင်းလှီးပေးပါ။ ဤသို့ဖြင့် တစ်ဖက်စောင်းရှည်သောပုံရရှိပါမည်။ မျိုးကိုင်း (Scion) တွင် ကိုင်းဆက်ရန် အသင့်ဖြစ်နေသောအောက်ခံပင်ကိုရရှိပြီးဖြစ်သည်။

(ဂ) အကိုင်းဆက်ခြင်း

မျိုးကိုင်း (Scion) တွင်လည်းကောင်း၊ အောက်ခံပင်တွင်လည်းကောင်း အကိုင်းဆက်ရန် အဆင်သင့်ပြင်ဆင်ပြီး ဖြစ်ပါသည်။ သို့ဖြစ်၍ လှီးဖြတ်ထားသော မျိုးကိုင်းနှင့် အောက်ခံပင်တို့၏ မျက်နှာပြင် နှစ်ခုကို ပါးချင်းအပ်ပြီး ပလတ်စတစ် ပတ်တီးစဖြင့် လုံခြုံတင်းကျပ်စွာ ရစ်ပတ် ချည်နှောင်ပေးပါ။

လှီးဖြတ်ထားသော မျက်နှာပြင် ၂ ခုကို ပါးချင်းအပ်ရာတွင် အပင် ၂ ခု၏ အခေါက် (အစာကြောစည်း)နှင့် အသား (ရေကြောစည်း) ကြားရှိ အသားတိုးလွှာ (Cambium Layer) ချင်း ထိစပ်နေရပါမည်။

မျိုးကိုင်းနှင့် အောက်ခံပင်စည် လုံးပတ်တူညီပါက အသားတိုးလွှာချင်း ထိစပ်မှု ရာနှုန်းပြည့် ရှိမည် ဖြစ်ပါသည်။

ဤနည်းဖြင့် သပ်သွင်းပင်ထောက် အကိုင်းဆက်ရာတွင် မျိုးရယူသည့် မိခင်အပင်၏ အကိုင်းများတွင် အထုပ်များတွဲလျက် လေထဲတွင်ပင် ရှိနေမည်ဖြစ်သည်။ ထိုပြင့် ပျိုးပင်ထုပ်များကိုရေလောင်းပေးရန် မလိုပါ။

အောက်ခံပျိုးပင်၏ အမြစ်တွင် ရေဆွတ်ထားသော အုန်းဆံမှုန့်ဖြင့် လုံခြုံတင်းကျပ်စွာ ထုတ်ထားသဖြင့် အကိုင်းဆက်စဉ် ကာလတစ်လျှောက် လုံလောက်သောအစိုဓာတ် ပါရှိပြီးဖြစ်ပါသည်။.

တစ်လမှ တစ်လခွဲ ကြာသောအခါ အကိုင်းများ ဆက်နေပြီ ဖြစ်သည့်အပြင် အောက်ခံပင်မှလည်း အမြစ်သစ်များ ထွက်နေပြီ ဖြစ်သည်။ ထိုအခါ ဆက်ထားသည့်နေရာ၏ အောက်မှ မျိုးကိုင်းကို ဖြတ်၍ ပျိုးပင်ထုပ်ကို ဖြုတ်ယူရမည် ဖြစ်သည်။

၎င်းနောက် ၅” x ၈” အရွယ်အစားရှိ ပလပ်စတစ် ပျိုးအိတ်သို့ ရွှေ့ပြောင်းစိုက်ပျိုး ပြုစုထားရှိပါ။ ပျိုးအိတ် အသစ်သို့ ရွှေ့ပြောင်းစိုက်ပျိုးရာတွင် မျိုးကိုင်းတွင် ပါဝင်သော သရက်ရွက်များကို သင့်တော်သော အရေအတွက်သာ ချန်၍ ဖြတ်ပစ်ပါ။

ဤသို့ ပြုလုပ်ခြင်းဖြင့် ပျိုးပင်မှ ရေငွေ့ ဆုံးရှုံးမှုကိုလျော့နည်းစေပါသည်။ ကိုင်းဆက်ပြီး ပျိုးပင်များကို အရိပ်ကြဲကြဲအောက်တွင် ၁-၂ လခန့် ထား၍ ပြုစုပေးပါ။

လုံလောက်သောအမြစ်များထွက်ရှိပြီး ပျိုးပင် ပုံမှန်ကြီးထွားနေပြီဆိုပါကစိုက်ခင်းတွင် မြေချ စိုက်ပျိုးနိုင်ပြီ ဖြစ်ပါသည်။

၂။ သပ်သွင်းကိုင်းဆက်နည်း (Wedge and Cleft Grafting)

သပ်သွင်းပင်ထောင် ကိုင်းဆက်နည်းကဲ့သို့ ကရိကထမများခြင်း၊ ပျိုးပင်ထုတ်လုပ်မှု စရိတ်သက်သာခြင်း၊ လူတစ်ဦးတစ်ရက် ကိုင်းဆက်နိုင်သည့် အပင်ဦးရေများခြင်း၊ ကာလတိုအတွင်းသန်စွမ်းသောပျိုးပင် ဖြစ်လာခြင်း စသော အကြောင်းများကြောင့် သရက်ကိုင်းဆက်ရာတွင် အသုံးများသော ကိုင်းဆက်နည်း ဖြစ်ပါသည်။

မျိုးကိုင်းရွေးချယ်ခြင်း

အဖူးကိုင်းကို အစိမ်းနုမှ အစိမ်းရင့်ရောင်ရှိ အပင်၏ အဖျားပိုင်းအကိုင်းမှ ရွေးချယ်ရယူပါ။ အဖူးကိုင်းကိုရွေးချယ် ဖြတ်ယူရာတွင် အရှည် ၂-၆ လက်မရှိပြီး၊ အချင်း ၀.၂၅-၀.၅၀ လက်မအရွယ် ရှိရမည်။ အဖူး ၂-၄ ဖူး ပါရှိရပါမည်။ အရွက်ကြားရှိ အဖူးများ ထင်ရှားစွာ ပြူထွက်နေရမည်။

အရွက်ကြားရှိ အဖူးများမှ ထင်ရှားစွာ ပြူထွက်မနေပါက အရွက်ကြားဖူးများ နိုးကြားလာစေရန် မျိုးယူမည့် အကိုင်းရှိ အရွက်များကို ရွက်ညှာချန်၍ ဖြတ်ပါ။

ရက်သတ္တပတ်ခန့် အကြာတွင် အရွက်ညှာများကို လက်ဖြင့် သပ်ချပါက အလွယ်တကူကြွေကျသွားမည် ဖြစ်ပြီး အရွက်ကြားဖူးများ စတင်ပြူထွက်လာပါမည်။ ၎င်းအဖူးကိုင်းကို မျိုးကိုင်းအဖြစ် ဖြတ်ယူကိုင်းဆက်နိုင်ပါသည်။

အကိုင်းဆက်ရန် မျိုးကိုင်း (Scion) အားပြင်ဆင်ခြင်း

ရွေးယူရရှိသော မျိုးကိုင်း၏ အရင်းဘက်တွင် မျက်နှာပြင် နှစ်ဖက်မှ သပ်ပုံးသဏ္ဍန်ရအောင် ဓားထက်ထက်ဖြင့် တစ်စောင်းလှီးဖြတ်ပါ။ ဖြစ်ပေါ်လာသော မျက်နှာပြင် နှစ်ဖက်စလုံး၏ အရှည်သည် ၁-၁.၅ လက်မရှိရမည်။

မျက်နှာပြင်ကို လက်နှင့် မထိရ။ သို့ဖြင့် မျိုးကိုင်းမှာအကိုင်းဆက်ရန် အဆင်သင့် ပြင်ဆင်ပြီး ဖြစ်ပါသည်။

အောက်ခံပင်တွင် အကိုင်းဆက်ရန် ပြင်ဆင်ခြင်း

ပင်စည် အချင်း ၀.၅ လက်မ အရွယ်ရှိပြီး ကိုင်းဆက်ရန် အသင့်ဖြစ်နေသောအောက်ခံပင် (Root Stock) ကိုအောက်ပိုင်းတွင် အရွက် ၂ - ၃ ရွက် ချန်၍ အပေါ်မှ ဓားဖြင့် တိတိရိရိဖြတ်ပစ်ပါ။ ရွက်ပြားတစ်ရွက်သာ ကျန်ရစ်စေရပါမည်။

ထိုနောက် ဖြတ်ထားသောနေရာ မျက်နှာပြင်တွင် ဓားထက်ထက်ဖြင့် ၁-၁.၅ လက်မအနက် ရအောင် ခွဲပေးပါ။ သို့ဖြင့် အောက်ခံပင်ပေါ် မျိုးကိုင်းဖြင့် အကိုင်းဆက်ရန် အဆင်သင့် အနေအထားကို ရရှိပြီး ဖြစ်ပါသည်။

အကိုင်းဆက်ခြင်း

အောက်ခံပင်နှင့် မျိုးကိုင်းကို အထက်ပါအတိုင်း အကိုင်းဆက်ရန် အဆင်သင့်ဖြစ်သောအခါ မျိုးကိုင်းအရင်းမှ သပ်ပုံ မျက်နှာပြင်ကို ထိပ်မျက်နှာပြင် ခွဲထားသောအောက်ခံပင် အတွင်းသို့ ထည့်သွင်းပါ။

အောက်ခံပင်နှင့် မျိုးကိုင်းသည် လုံးပတ်တူညီပြီး ဓားရာမျက်နှာပြင်များ ညီညာပါက သပ်ထိုးသွင်းသည့်အခါ ကွက်တိနေသား တကျ ဖြစ်ပေလိမ့်မည်။

မျိုးကိုင်း ထိုးသွင်းပြီးပါက ၀.၅ လက်မ ဗြက်အရွယ်ရှိသော အပျော့စား ပလတ်စတစ်အစဖြင့် ဆက်ထားသည့်နေရာ၏ အောက်ဖက်မှ စတင်၍ အပေါ်သို့ တင်းကျပ်စွာ ရစ်ပတ်ချည်နှောင်ပေးပါ။

ပလတ်စတစ်သည် ဆက်ထားသည့်နေရာက်ု လုံးဝ လုံခြုံစွာ ရှိစေရပါမည်။ မျိုးကိုင်းမှ ရေငွေ့ဆုံးရှုံးမှု နည်းစေရန် ကိုင်းဆက်ထားသော မျိုးကိုင်းကို ပလတ်စတစ်အိတ် အကြည်ဖြင့် လုံခြုံစွာ စွပ်ပေးထားရပါမည်။

ထိပ်ဖျားဖူးနှင့် ပလတ်စတစ်အိတ် မထိမ်ရန် ဂရုပြုပါ။ ကိုင်းဆက်ထားသော အပင်ကိုနေပြင်းတိုက်ရိုက် ထိတွေ့ခြင်းမှ ကာကွယ်ပေးပါ။

၂-၃ ပတ် ကြာသောအခါ မျိုးကိုင်းမှ အညွှန့်သစ်များ ထွက်စပြုလာပြီးဖြစ်သည်။ ထိုအခါ ဖုံးအုပ်ထားသော ပလတ်စတစ်အိတ်ကို ဖယ်ရှားပစ်ပါ။

၃။ စိုက်ခင်းအတွင်း အကိုင်းဆက်ခြင်း (Field Grafting)

အထက်ဖော်ပြပါ သပ်သွင်းကိုင်းဆက်နည်းဖြင့် စိုက်ခင်းအတွင်းရှိ အောက်ခံပင်များတွင် လိုက်လံ ဆက်ပေးမည် ဆိုပါက မျိုးကိုင်းများကို မိမိလုပ်နိုင်မည့် အရေအတွက်ကို ဖြတ်ယူသွားရမည် ဖြစ်ပါသည်။

ဖြတ်ယူထားသော မျိုးကိုင်းများကို ether ဖျန်းထားသော စက္ကူ သို့မဟုတ် ရေဆွတ်ထားသောစက္ကူ၊ အဝတ်စဖြင့် ရစ်ပတ်၍ ပလတ်စတစ်အိတ်တွင်း ထည့်၍ ယူဆောင်သွားရန် လိုအပ်သည်။

ဖော်ပြပါ စိုက်ခင်းအတွင်း အသင့်စိုက်ထားသောအောက်ခံပင်များတွင် သပ်သွင်းကိုင်းဆက်နည်းဖြင့် ကိုင်းဆက်ထားသော အပင်များသည် မြစ်စဉ်အင်အားကောင်းမွန်သောကြောင့် အရှိန်အဟုန်မပျက် ဆက်လက် ရှင်သန်သွားမည် ဖြစ်ပါသည်။

သို့သော် ကိုင်းဆက်မည့်သူ တစ်ယောက်သည် စိုက်ခင်းအတွင်း တစ်နေ့တာအတွက် ကိုင်းဆက်နိုင်မှု အရေအတွက်များများ မလုပ်ဆောင်နိုင်ပေ။ ထိုပြင့် မျိုးကိုင်းများကို ဖြုတ်ယူသွားရသဖြင့် မျိုးကိုင်းကို သတိပြု မထိန်းသိမ်းနိုင်က အပျက်အဆီး များတက်သည်။

ကိုင်းဆက်ပြီး အပင်များသည် စိုက်ခင်းကျယ်ကြီးထဲတွင် ဖြစ်သဖြင့် ကြည့်ရှုစစ်ဆေး ပြုစုစောင့်ရှောက်ရန် အချိန်ပေးရမည့် အခက်ခဲများနှင့် ကြုံတွေ့ရတက်သည်။

အထူးသဖြင့် အပင်ကောင်းမွန်စွာ ရှင်သန်ရေးအတွက် ရေရရှိမှုကို ဖန်တီးပေးရန် လိုသည်။ အရေးကြီးသောအချက်မှာ မျိုးကိုင်းဆက်သူသည် ကျွမ်းကျင်၍ လျင်မြန်မှု ရှိရန်လိုသည်။

အကိုင်းဆက်ပြီး အပင်ကိုနေပြင်းထန်သောနေရောင် တိုက်ရိုက်မတွေ့ထိစေရန် သတင်းစာစက္ကူ၊ သစ်ရွက်၊ ငှက်ပျောဖတ် စသည်များဖြင့် အကာအကွယ်ပေးထားမှသာ အကိုင်းဆက်ခြင်းအောင်မြင်မှု အရေအတွက်များမည် ဖြစ်ပါသည်။

သပ်သွင်းကိုင်းဆက်နည်းဖြင့် မျိုးပြောင်းလဲလိုသော အပင်ကြီးများ အပင်အိုများတွင် အကိုင်းဆက်ခြင်းကိုဆောင်ရွက်နိုင်ပါသည်။

၄။ ပျိုးခင်း၊ ပျိုးရုံတွင် အကိုင်းဆက်ခြင်း

ပျိုးခင်း၊ ပျိုးရုံတွင် ပျိုးအိတ်အတွင်း ပျိုးထောင်ထားသော သရက်အောက်ခံပင်များ၊ ပျိုးဘောင်ပေါ်တွင် ပျိုးထောင်ထားသော သရက်အောက်ခံပင်များသည် ပင်စည်လုံးပတ် ခဲတံလုံးခန့် အရွယ်တွင် အထက်ဖော်ပြပါ ဆောင်ရွက်ပုံနည်းများအတိုင်း အကိုင်းဆက်နိုင်ပါသည်။

ပျိုးခင်း၊ ပျိုးရုံတွင် အကိုင်းဆက်ပြီး ပျိုးပင်များကို ပလတ်စတစ်အိတ်ဖြင့် တစ်ပင်ချင်းမစွပ်ဘဲ၊ အကိုင်းဆက်အပင်များကို စုစည်း၍

ပလတ်စတစ်အကြည်ဖြင့် လုံခြုံစွာအုပ်ပေးခြင်း၊ ရေငွေ့၊ ရေမှုန်ဖြန်းပေးခြင်းဖြင့် ဆက်ထားသော မျိုးကိုင်းမှ ရေငွေ့ဆုံးရှုံးမှုကို လျော့နည်းစေမည် ဖြစ်ပြီး အကိုင်းဆက်ခြင်းအောင်မြင်မှု ရာခိုင်နှုန်းကို မြင့်မားစေပါသည်။ စရိတ်စက သက်သာစေပါသည်။

လေးစားစွာဖြင့် မှုပိုင် ရေးသားသူအား ..
ပေးပါသည်။

မျှဝေပေးလိုက်ပါတယ်ဗျ...

Address

Kovidaryarma Monastery
Yangon
955402

Telephone

+959429096618

Website

Alerts

Be the first to know and let us send you an email when Kovidaryarma Monastery Yangon Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share