Pan Myat Kyar Phyu Monk's Robe Online Shop

Pan Myat Kyar Phyu Monk's Robe Online Shop ကောင်းမှုတစ်ခုနေ့စဥ်ပြုနိုင်ကြပါစ?

26/01/2024

စွန့်လွှတ်သင့်ရင်
ပြတ်ပြတ်သားသား စွန့်လွှတ်ပါ🍒

ဖတ်ကြည့်နော်…

ကျွဲတစ်ကောင်ဟာ…
သူ အလွန်မြတ်နိုး တန်ဖိုးထားတဲ့
သိပ်လှသော သူ့ရဲ့ဦးချိုလေးကို
အိုင်ထဲမှာ ကြည့်ပြီး

ဝမ်းသာပီတိတွေနဲ့
သူ့ဘဝသူ ကျေနပ်နေရှာပါတယ်။

နှစ်အနည်းငယ်ကြာလာတာနဲ့အမျှ
တဖြည်းဖြည်းရှည်လာတဲ့ သူ့ရဲ့ဦးချိုဟာ
ကျောပြင်နဲ့
ဗိုက်နားတစ်ဝိုက်ကို
စတင် ထိုးစိုက်ဝင်လာသတဲ့။

ဒီလိုနဲ့ပဲ
သွေးယိုစီးနေတဲ့ဒဏ်ရာက
နာကျင်နေပေမဲ့

ဦးချိုကို ချိုးထုတ်လိုက်ရင်
ဒီထက် ပိုနာကျင်လေမလားဆိုတဲ့
အတွေးနဲ့
မချိုးထုတ်ရက်ဘဲ

နာကျင်မှုတွေနဲ့အတူ
နေ့ရက်တွေကို ရှေ့ဆက်နေခဲ့တယ်
လေ…

ဒါကို
ကျီးတစ်ကောင်က တွေ့တော့
ကျွဲကို မေးတယ်။

#အဆွေကျွဲ
ဒဏ်ရာတွေနဲ့ ဘဝကိုရှေ့ဆက်နေတာ
မနာကျင်ဖူးလား-?
သင့်ရဲ့ဦးချိုကို
ချိုးထုတ်လိုက်ပါလား-?တဲ့။

ကျွဲက ပြန်ဖြေတယ်။

#မိတ်ဆွေကျီး
ချိုးထုတ်ချင်ပေမဲ့
ဒီထက်ပိုနာကျင်ရမှာကြောက်လို့
ဒီအတိုင်းလေး ထားထားတာပါ။

ကျီးက နောက်တစ်ခါ ထပ်ပြောပြန်တယ်။

#အဆွေကျွဲ
ကျွန်တော်ပြောတာ ယုံပါ
နာကျင်ခံပြီး အဓိပ္ပါယ်မဲ့နေတာနဲ့စာရင်
ချိုးထုတ်လိုက်စမ်းပါ။

ဒီတော့မှ ကျွဲဟာ
ကျီးစကားကို နားထောင်ပြီး
ချိုးထုတ်လိုက်တော့
ဒဏ်ရာက ရက်အနည်းငယ်အတွင်း
သိသိသာသာ သက်သာသွားခဲ့သတဲ့။

နောက်ဆုံးတော့ ကျွဲဟာ
ဦးချိုကို စွန့်လွှတ် ဆုံးရှုံးလိုက်ရပေမဲ့
နာကျင်မှု ဒဏ်ရာတွေလည်း
အချိန်နဲ့မျှသက်သာသွားခဲ့တယ်လေ။

ဘဝမှာ…
ကိုယ်အလွန်မြတ်နိုး တန်ဖိုးထားပြီး
မျှော်လင့်ထားတဲ့ အရာတွေက

တစ်ခါတစ်ရံမှာ ကိုယ့်အတွက်
နာကျင်စရာတွေ ဖြစ်မှန်းမသိ
ဖြစ်နေတတ်သလို
အဆိပ်အတောက်တွေလည်း
ဖြစ်နေတတ်ပါတယ်။

နာကျင်ရမှာ ကြောက်လို့
ဆုပ်ကိုင်ထားလေ
ပိုနာကျင်ရလေပါပဲ။

အစွဲအလမ်းကြီးလွန်းတဲ့စိတ်
တပ်မက်လွန်းတဲ့စိတ်ကို ပြင်ပြီး
နာကျင်စရာတွေကြားမှာ
စွန့်လွှတ်သင့်တာကို
ပြတ်ပြတ်သားသား စွန့်လွှတ်နိုင်မှ
ဘဝဟာ ပိုတန်ဖိုးရှိမှာပါ။

#ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.

မင်္ဂလာညချမ်းလေးပါရှင်🪷ခုနှစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေရှ...
22/01/2024

မင်္ဂလာညချမ်းလေးပါရှင်🪷

ခုနှစ်ရက်သားသမီး သူတော်ကောင်းအပေါင်းတို့

စိတ်၏ချမ်းသာခြင်း

ကိုယ်၏ကျမ်းမာခြင်းနှင့်ပြည့်စုံကြပါစေရှင်
🪷🪷🪷

29/12/2023
29/12/2023

ရင်ဘတ်ခြင်းမတူရင်
ရယ်သံကအစ ဥပေက္ခာပြုလိုက်ပါ

စိတ်ထဲကမပါတဲ့စကားနဲ့
အပိုတွေအဆစ်ပေးတဲ့ဒေသက
၀မ်းနည်းခြင်းတွေကိုဖန်တီးပေးတက်လို့
အမြဲရှောင်ပါ

လောကဓံက ချိုချိုခါးခါး
ဘ၀ကိုဆေးဘက်၀င်အောင်တော့
အမြဲကြိုးစားဖို့မမေ့နဲ့

ပေးမိတဲ့လက်မှာ
ယူချင်မိတဲ့ဆန္ဒတွေကင်းအောင်နေ

ရင်ထဲကမပါတဲ့လက်ခုပ်သံနဲ့
နောက်ကြောကအပြစ်တင်စကားတွေကိုလည်း
နား၀င်ချိုတက်အောင်လေ့ကျင့်

လူဖြစ်လာတာ
ငွေရှာဖို့အတွက်တစ်ခုထဲမဖြစ်စေနဲ့

ချစ်တဲ့သူတွေကို
ပျော်အောင်ထားပါ

ခင်တဲ့သူတွေကိုလည်း
အတက်နိုင်ဆုံးနားလည်ပေးလိုက်ပါ

အမုန်းတရားတွေလည်း
ကင်းရှင်းပါစေ

ထို့နောက်

မင်းအပြုံးတွေလည်း
နေ့စဉ်အမြဲတောက်ပနေပါစေ ။

Black-Note
#ဓမ္မသုတရသစာစုများ

13/12/2023

လူ့ပင်လယ်မှာ တွေ့ဆုံခြင်း တစ်ခုက
တစ်ယောက်နဲ့ တစ်ယောက်
ချစ်ခဲ့ကြလို့ပဲ ဖြစ်ဖြစ်

ဒါမှ မဟုတ် အချင်းချင်း
ထိခိုက်နာကျင်စေခဲ့လို့ပဲ ဖြစ်ဖြစ်

ဘယ်လို အဆုံး သ တ် နဲ့ပဲ ကြုံကြုံ
အချိန်ကာလ တစ်ခုထိ စိတ်ရင်းအမှန်နဲ့
ပေးဆပ်ခဲ့ကြဖူးတယ် ဆိုရင်

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ
ထိုက်တန် ပါ တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ~~~
ဘဝထဲက တွေ့ဆုံမှု တိုင်းဟာ
ကိုယ့်ကို ပိုကောင်းမွန်တဲ့ ဘဝတစ်ခုနဲ့

ပြည့်ဝတဲ့ လူတစ်ယောက် ဖြစ်လာအောင်
ကူညီ ပံ့ပိုးပေးနေ လို့ပါဘဲ ။
🌸crd🌸
🌸🌸🌸🌸🌸
#ဓမ္မသုတရသစာစုများ

09/12/2023

လောကမှာ
လူတစ်ချို့က
စေတနာနဲ့ မထိုက်တန်လို့မဟုတ်ဘူး
စေတနာရဲ့ တန်ဖိုးကိုမသိလို့ပါ။

တစ်ချို့က
မေတ္တာ နဲ့ မထိုက်တန်လို့မဟုတ်ဘူး
မေတ္တာရဲ့တန်ဖိုးကို
နားမလည်လို့ပါ။

တစ်ချို့က
သစ္စာနဲ့မထိုက်တန်လို့မဟုတ်ဘူး
သစ္စာရဲ့တန်ဖိုးကို
မသိကြလို့ပါ။

ကိုယ်က ဘယ်လောက်ပေးပေး
သူ့ဘက်က ရယူလိုမှု မရှိရင်
ကိုယ်ပေးသမျှအရာရာက အလကားတန်ဖိုးမဲ့နေမှာပါပဲ။

ဘဝမှာ ကိုယ့်ဘက်ကကြည့်သရွေ့
မှန်နေပေမယ့် တစ်ချို့တစ်ချို့ရဲ့
အတွေး၊အမြင်၊အသိတရားတွေက
ကိုယ်နဲ့ထပ်တူတော့ ကျမနေပါဘူး
ဒါကြောင့် ကိုယ်ဘယ်လောက် မှန်မှန်
အဆိုးမြင်နဲ့ကြည့်သရွေ့ သူတို့အမြင်မှာတော့
ကိုယ်က မှားနေတဲ့သူပဲဖြစ်နေမှာပါ။

ဒီလိုပဲ နေရာတိုင်းမှာ
လူတိုင်းအပေါ် အမြင်တစ်ခုထဲ
မကြည့်ပါနဲ့ လူ...လူ...ချင်းတူခဲ့ရင်တောင်မှ
စိတ်ဓာတ်နဲ့ခံယူချက်ခြင်းကွဲ ပြားကြပါတယ်။

မေဆု -အတွေး၊ရသစာစုများ

photo ဆွေး - ကဗျာစာတို

Address

No(307)/yankin Street/laydaukan Quarter/thingangyun Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Pan Myat Kyar Phyu Monk's Robe Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pan Myat Kyar Phyu Monk's Robe Online Shop:

Share