27/11/2018
••• အက်ႌအျဖဴ နဲ့ အနက်တွေကို သစ်လွင်တောက်ပလာစေဖို့ •••
ကိုယ့်ရဲ့ အင်္ကျီအဖြူက အရောင်ခပ်ညစ်ညစ်နဲ့ ကြည့်မကောင်းတော့ဘူး
ဘယ်လောက်လျော်လျော် ဖြူမလာဘူး ညစ်ပတ်နေတယ်
အင်္ကျီအမဲကလည်း အရောင်တွေ လွင့်နေတယ်
ဒါဆို ဒီစိတ်ချ သေချာပြီး လွယ်ကူတဲ့ အရောင်တင်နည်းတွေကို သုံးကြည့်ပါ။
အင်္ကျီအဖြူတွေကို ပိုဖြူသွားစေဖို့
နည်းလမ်း ( 1 ) - မုန့်ဖုတ် ဆိုဒါ
~ ရေသန့်ဘူး 4 ဘူးစာ ရေနဲ့ မုန့်ဖုတ် ဆိုဒါ တစ်ခွက် ကို ဖျော်ပြီး အ၀တ်ကို လျော်ဖွတ်ပေးပါ။
နည်းလမ်း ( 2 ) - အကိုက်အခဲပျောက်ဆေး
~ အကိုက်အခဲပျောက်ဆေး 5 ပြားကို ရေနွေးပူမှာ ဖျော်ပါ။ အ၀တ်ကို တခန စိမ်ထားပြီး လျော်ဖွတ်ပါ။
နည်းလမ်း ( 3 ) - ရှာလကာရည်
~ ပုံမှန်လျော်နေကျ ဆပ်ပြာရည်ထဲကို ရှာလကာရည် တစ်ခွက် ထည့်ပြီး လျော်ဖွတ်ပေးပါ။
ဒီနည်းလမ်းတွေက အင်္ကျီကို ပိုမို ဖြူဖွေးသွားစေမယ့် မှန်ကန်တဲ့ နည်းလမ်းတွေပါ။ တစ်ထည်ချင်းစီ ခွဲလျော်ဖို့တော့ လိုပါလိမ့်မယ် ခင်ဗျ။
အင်္ကျီအမဲတွေကို ပိုနက်မှောင်စေဖို့ ဆိုရင်
နည်းလမ်း ( 1 ) - ကော်ဖီမှုန့် ( အသင့်သောက် ကော်ဖီမှုန့် မဟုတ်ပါ )
~ ကော်ဖီမှုန့် ကော်ဖီ နှစ်ခွက်စာ ကို ရေနှင့် ဖျော်ပြီး လျော်ဖွတ်ပေးပါ။
နည်းလမ်း ( 2 ) - ဆား
~ အနက်ရောင် အထည်တွေအတွက် အထူးသင့်လျော်တာကတော့ ဆား ထည့်ပြီး လျော်ဖွတ်တာပါပဲ။ အ၀တ်လျော်ရည်ထဲ ဆား တစ်ခွက် ထည့်ပြီး လျော်ဖွတ်ပေးပါ။
နည်းလမ်း ( 3 ) - ရှာလကာရည်
~ ရှာလကာရည်နဲ့ ရေ နဲ့ကို ဆတူရောပြီး လျော်ဖွတ်ပါ။ ဂျင်းအထည်တွေ အတွက်ဆိုရင် အ၀တ်ကို လှန်ပြီး ရေအေးနဲ့ လျော်ဖွတ်ပေးဖို့ လိုပါမယ်။
အထက်ပါ နည်းတွေအတိုင်း ကိုယ့်ရဲ့ အင်္ကျီအဖြူ ရောင် အနက်ရောင်တွေကို အရောင်တင်နိုင်ပါပြီ။
သတိပြုရမှာက ရေနွေးနဲ့ စိမ်မယ်ဆိုရင် ကိုယ့်ရဲ့ အကျီက ရေနွေးအပူချိန် ဘယ်လောက်ထိ စိမ်လို့ရသလဲဆိုတာ သိထားသင့်ပါတယ်။
ရေအပူ ဘယ်လောက်နဲ့ လျော်လို့ရသလဲ ဆိုတာကို အင်္ကျီမှာ ပါတဲ့ တံဆိပ်မှာ ပါဝင်တာမို့လို့ အခက်အခဲတော့ သိပ်မရှိပါဘူး။
အိမ်ရှင်မတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်လည်း ဒီလို အကျိုးရှိမယ့် Post လေးတွေကို ဖော်ပြပေးသွားမှာဖြစ်လို့ " ချက်ချင်း " Page ကို Like လုပ်ထားပေးပါ ခင်ဗျ။
#ချက်ချင်း အချိန်ပိုင်းအိမ်အကူ ၀န်ဆောင်မှု