
Bayda Land Digital Agency Bayda Land Marketing is an integrating marketing agency, offering services for all sectors in digital marketing.

Welcome to Bayda Land, a digital marketing agency based in Yangon, Myanmar. Our honest and transparent digital marketing work speaks for itself. We deliver a personal, passionate & tailored service to each and every one of our clients, big or small, based in London or abroad. We strongly believe that there’s no merit in a ‘one-size-fits-all’ approach to Social Media, SEO or SEM. Our digital market

ing methods are innovative and always anticipate the intent of your customers and search engines. If you want clear, honest and tangible results online with the opportunity to learn how they’re achieved then get in touch now to see how we can help.

၂၀၁၇မှာ အွန်လိုင်ကြော်ငြာအသုံးစရိတ်ဟာ တီဗီကြော်ငြာအသုံစရိတ်တွေထက် ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်လာ ၇၇.၃၇တက်သွားမယ်လို့ ခန့်မှ...
25/11/2016

၂၀၁၇မှာ အွန်လိုင်ကြော်ငြာအသုံးစရိတ်ဟာ တီဗီကြော်ငြာအသုံစရိတ်တွေထက် ပထမဦးဆုံးအကြိမ်အဖြစ် ဒေါ်လာ ၇၇.၃၇တက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။အမေရိကန်ပြည်ထောင်စုနဲ့ဂျပန်နိုင်ငံအပါအ၀င် နိုင်ငံပေါင်းဆယ်နိုင်ငံဟာ ကွန်ပျူတာတွေထက် မိုဘိုင်းလ်ဖုန်းတွေအပေါ်မှာ ပိုမိုအလေးထားသွားဖို့ကြေညာထားပါတယ်။

အွန်လိုင်းအသုံးပြုသူတွေဟာ စာသာနဲ့ရုပ်သေဓါတ်ပုံတွေကိုကြည့်ရှု့ တာထက် ဗီဒီယိုတွေကိုကြည့်ရှု့ ပြီး မှ ကုန်ပစ္စည်းတစ်ခုကို ပိုမိုဝယ်ယူချင်တာကို သုတေသနစာတမ်းတွေက ဖော်ပြထားကြပါတယ်။အမေရိကန်နိုင်ငံမှာ ဒစ်ဂျစ်တယ်မျက်နှာပြင်ကို အသုံးပြုပြီးကြော်ငြာတာဟာ ကြော်ငြာအသုံးစရိတ်စုစုပေါင်းရဲ့ ၅၇ ရာခိုင်နှုန်းခန့်အထိရှိပါတယ်။
နောက်ပိုင်းမှာ ခန္ဓာကိုယ်မှာဝတ်ဆင်ချိတ်ဆက်ထားတဲ့ ဒေတာပစ္စည်းတွေအပေါ်မူတည်ပြီး စားသုံးသူတွေရဲ့ အချက်အလက်ကို စီးပွားရေးလုပ်ငန်းရှင်တွေက အသုံးပြုပြီး ဈေးကွက်ရှာဖွေတာကိုပြုလုပ်သွားဖို့ရှိပါတယ်။ဥပမာ စမတ်နာရီလို လူတစ်ယောက်ဘယ်ကိုသွားတယ် ဘယ်နေရာရောက်နေတယ်ဆိုတာကို သတင်းအချက်အလက်ရယူပြီး ဒီလူတစ်ယောက်အတွက် ဘာလိုအပ်တယ် ဘာရောင်းသင့်တယ်ဆိုတာမျိုးတွေအထိတွေးခေါ်စဉ်းစားပြီး ကုန်ပစ္စည်းများကို ရောင်းချသွားဖို့ရှိပါတယ်။

ရောင်းသူတွေအပြိုင်အဆိုင်ဖြစ်လာတဲ့ ယခုခေတ်ကြီးထဲမှာ စားသုံးသူတွေရဲ့ ပင်ကိုယ်စရိုက်နဲ့ အနီးစပ်ဆုံးတူညီအောင်ရောင်းချနိုင်တဲ့ ကုန်ပစ္စည်းကသာလျှင် ရေရှည်မှာ အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်လာနိုင်ပါတယ်။သုံးစွဲသူတွေစီက သတင်းအချက်အလက်ရနိုင်သမျှရယူပြီး ဒစ်ဂျစ်တယ်ဈေးကွက်ကို အကောင်းဆုံးအသုံးချနိုင်မယ့် ရောင်းချသူတွေကသာ မိမိရဲ့ဖောက်သည်များကို အနာဂါတ်မှာ ဆက်လက်ထိန်းသိမ်းသွားနိုင်ပါလိမ့်မယ်။

22/11/2016

ဒစ်ဂျစ်တယ်တော်လှန်ရေးရဲ့ နောက်ဆုံးသက်ရောက်မှု ကတော့ မိုဘိုင်းဖုန်းတွေပဲဖြစ်ပါတယ်။လူတိုင်းဟာ ဖုန်းတစ်လုံးရှိရုံနဲ့ အရာရာအဆင်ပြေလာခဲ့ပါတယ်။ web pageတွေ လူမူကွန်ယက်စာမျက်နှာတွေကို တစ်ချိန်တုန်းက desk topကွန်ပျူတာကနေ သုံးစွဲလာနေရာကနေ လက်ဖ၀ါသာသာ အရွယ်သာရှိတော့တဲ့ မိုလ်ဘိုင်းဖုန်းတွေဆီကို တဖြည်းဖြည်းရောက်ရှိလာခဲ့ပါပြီ။
စီးပွားရေးလုပ်ငန်းတွေအားလုံးဟာလည်း မိုဘိုင်းဖုန်းကို အခြေခံတဲ့ app တွေ ဆော့ဝဲလ်တွေပေါ်မှာ အခြေပြုလှုပ်ရှားလာကြပါတယ်။အထူးသဖြင့် မြန်မာနိုင်ငံမှာ ရေပန်းအစာဆုံးကတော့ ဖေ့ဘုတ်ပဲဖြစ်ပါတယ်။ဖေဘုတ်ကို အခြေခံပြီး စီးပွားရေးနဲ့သက်ဆိုင်တဲ့ page တွေ group တွေထူထောင်ပြီး သုံးစွဲသူတွေကို ပစ်မှတ်ထားကား ဈေးကွက်ရှာဖွေလာကြတယ်။
Search engine အတွက်ဆိုရင်လည်း googleဟာ အကောင်းဆုံးဖြစ်လာခဲ့တယ်။ web page တွေ ပုံတွေ ဗီဒီယိုတွေ ဒါမှမဟုတ် ကုမ္ပဏီတွေ စီးပွားရေးလုပ်ငန်းတွေရဲ့လိပ်စာတွေကို ရှာဖွေမလား ။မြေပုံအညွှန်းတွေကအစ ဘာအကြောင်းအရာပဲဖြစ်ဖြစ် ဂူဂဲ မှာရှာဖွေလို့ရပါတယ်။နည်းပညာပြောင်းလဲမှုတွနဲ့အတူ ဂူဂဲဟာ အသုံးပြုသူတွေအတွက် တော်တော်ကြီးကို အဆင်ပြေလာခဲ့ပါပြီ။ဂူဂဲဟာ အသုံးပြုသူတွေအတွက် ပိုမိုစိတ်ချယုံကြည်ရတဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်းဖို့ အကောင်းဆုံးကြိုးစားနေပါတယ်။
ဒီဂျစ်တယ်ဈေးကွက်ရဲ့ အဓိကအကျဆုံး သော့ချက်ကတော့ အီးမေလ်းလိပ်စာမျာပဲဖြစ်တယ်။အသေးငယ်ဆုံးစီးပွားရေးလုပ်ငန်းလေးများအတွက်တောင် အီးမေလ်းက မရှိမဖြစ်လိုအပ်ပါတယ်။အဆုံးအစမရှိ ကျယ်ပြောလှတယ် ဒီဂျစ်တယ်လွင်ပြင်ကြီးထဲမှာ အီးမေလ်းလိပ်စာတစ်ခုရှိရုံနဲ့ ကိုယ်ရဲ့လုပ်ငန်း ကုန်ပစ္စည်းတွေကို အသုံးပြုသူတွေအကြားရောက်ရှိဖို့ ဆက်သွယ်ပေါင်းကူးပေးနိုင်တဲ့ ပလက်ဖောင်းတစ်ခုပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ မေးလိပ်စာဟာ ကိုယ်ကို အင်တာနက်မှာသိနိုင်တဲ့ ဆက်သွယ်မှုတစ်ခုပဲဖြစ်ပါတယ်။ပြင်ပကမ္ဘာမှာ အိမ်လိပ်စာရှိရသလို အင်တာနက်ကွန်ယက်ထဲမှာလည်း အီးမေးလိပ်စာဟာ ကိုယ့်ရဲ့ နံမည်တစ်ခုသဖွယ် အမြဲတမ်းကပ်ပါနေမှာပဲ ဖြစ်ပါတယ်။
အွန်လိုင်းမှာ ဗီယိုဒီယိုကြည်ရှု့ မှုကလည်း လာမယ့်နှစ်အတွင်း အတိုးတက်ဆုံးဖြစ်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ဓါတ်ပုံတွေ အသံတွေကိုပဲ အဓိကထားခဲ့ကြတဲ့ အင်တာနက်ခေတ်က နေ ဒေတာများများ အသုံးချနိုင်တဲ့ကွန်ယက်တွေနဲ့ အတူ အွန်လိုင်းမှာ ဗီဒီယိုကြည်ရှု့ မှုက ထိပ်ဆုံးကိုရောက်လာဖွယ်ရှိပါတယ်။အွန်လိုင်မှာတွေ့တဲ့ ဓါတ်ပုံလေးတစ်ပုံကိုကြည်ပြီး ဈေးဝယ်ယူနေရတဲ့ အခြေအနေကနေ ဗီဒီယိုဖိုင်တစ်ခုလုံးကိုကြည့်ရှုပြီးမှ ၀ယ်ယူတဲ့အဖြစ်မျိုး မလွဲမသွေရောက်လာပါလိမ့်မယ်။
အလားတူဖေ့ဘုတ်အပါအ၀င် လူမူကွန်ယက်ဝက်ဆိုက်တွေမှာပါ ဓါတ်ပုံတွေအစား ဗီဒီယိုတွေက နေရာယူသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုကို အဓိကထားတဲ့ you tube လိုမျိုဝက်ဆိုဒ်တွေဟာ ပိုမို လူသုံးများလာပါလိမ့်မယ်။
အင်တာနက်မှာ ဗီဒီယိုကြည့်ရှုမှုတွင်ကျုယ်လာတာနဲ့ အတူကြော်ငြာလုပ်ငန်းတော်တော်များများဟာလည်း အွန်လိုင်ပေါ်ကိုရောက်ရှိလာကြမှာဖြစ်ပါတယ်။အရင်ကဓါတ်ပုံတွေ စာတွေကိုပဲ အဓိကထားနေရတဲ့ အွန်လိုင်းကြော်ငြာလုပ်ငန်းဟာ ရိုးရိုးသတင်းစာတစ်စောင်ထက် နည်းနည်းပိုသာတယ်ဆိုရုံပါပဲ။နောင်တစ်ချိန် အွန်လိုင်ဗီဒီယိုကြည့်ရှုမှုအာကောင်းလာတဲ့အခါ ရုပ်သံလွှင့်မီဒီယာများလို လူထုအကြားပိုမို စိမ့်ဝင်အားကောင်းလာစေမှာဖြစ်ပါတယ်။အခမဲ့ရုပ်သံလိုင်းများသဖွယ် အွန်လိုင်းဗီဒီယိုကြော်ငြာများကို လူကြိုက်များလာတာနဲ့ အတူ အွန်လိုင်ကြော်ငြာလုပ်ငန်းဟာ ပိုမို ဖွံဖြိုလာဖို့တာဆူနေပြီဖြစ်ပါတယ်။
အမေရိကန်လိုနိုင်ငံမျိုးမှာတောင် လူမှုကွန်ယက်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကို အရွယ်ရောက်ပြီးသူများထဲမှ သုံးစွဲသူ ၇၂ရာခိုင်နှုန်းခန့်က လူကြိုက်အများဆုံးဖြစ်နေဆဲပါ။မိတ်ဆွေရဲ့ ကုန်ပစ္စည်း ရောင်းအားတက်ဖို့ဆိုရင် အရင်ဆုံး မိမိရောင်းချတဲ့ ပစ္စည်းကို လူသိဖို့လိုအပ်ပါတယ်။အဲလိုလူသိအောင်အတွက် ကြော်ငြာအားကောင်းဖို့လိုပါတယ်။ခေတ်စကားနဲ့ပြောရရင်ကြော်ငြာပေါက်ဖို့လိုပါတယ်။ဒါကြောင့် အသုံးပြုသူပရိသတ်များတဲ့ ဖေ့ဘုတ်အပါအ၀င် အင်တာနက်ကွန်ယက်မှာ စီးပွားရေးလုပ်ငန်းဈေးကွက်တွေ ရှာဖွေလာကြတာ မဆန်းပါဘူး။နောက်လည်း အခုထက်ပိုမိုပြီး ဖွံ့ဖြိုးစည်ပင်လာဖို့ပဲရှိပါတယ်။မိတ်ဆွေလည်း ဒီဂျစ်တယ်ခေတ်ကြီးမှာ နောက်ကျ ကျန်မနေခဲ့ရအောင် အသုံးပြုသူ user သို့မဟုတ် ဖြန့်ဝေထုတ်လုပ်သူတစ်ယောက် အနေနဲ့လိုက်ပါနိုင်အောင် အခုချိန်ကထဲ ပြင်ဆင်ထာသင့်ကြောင်းကို အချက်ပေးခေါင်းလောင်းထိုးနေပီဖြစ်ပါတယ်။

03/11/2016

ဗေဒါလမ်း - ဇော်ဂျီ
°°°°°°°°°°°°°°°°°°°°°°

ညို ပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလည်း မသက်သာ
အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး
အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လည်း မသက်သာ
နောက်တချီ ဒီတစ်လုံးက၊ ဖုံးလိုက်ပြန်ပါ
မြုပ်လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ
တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လည်း မသက်သာ
ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တစ်ရာနှစ်ရာ၊ဗေဒါက တစ်ပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ပဲ...။ ။

ဆရာဇော်ဂျီ

02/11/2016








၁၉၉၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဂျက်မ ဟာ သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ၁၇ ယောက်ကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့မှာ ရှိတဲ့ သူ့ရဲ့ တိုက်ခန်းကိုခေါ်ပြီး presentation တစ်ခုလုပ်ခဲ့ပါတယ်။ သူ့ကိုယုံကြည်ဖို့နဲ့ သူ့ရဲ့ အသစ်လုပ်မယ့် သူ့ရဲ့ လုပ်ငန်းမှာ ရင်းနှီးဖို့ပြောပါတယ်။ ဒါပေမယ့် ဂျက် ရဲ့ အတိတ်ကိုကြည့်မယ်ဆိုရင်ကတော့ သူ့ရဲ့ ရှုံးနိမ့်မှုသမိုင်းဟာ မလှပခဲ့ပါဘူး။

လူငယ်ဘဝကတည်းက ကျောင်းမှာ စာမတော်ပဲ coursework တော်တော်များများကို ကျသူအနေနဲ့ နာမည်ကြီးပါတယ်။ သူနှစ်သက်ရာ တက္ကသိုလ်တွေကို လိုက်လံလျှောက်ထားခဲ့ပြီး ဘယ်တော့မှလဲ လက်ခံခြင်း မခံခဲ့ရပါဘူး။ အဲ့ဒီနောက်ပိုင်းမှာ သူဟာ အလုပ်ပေါင်းများစွာကို လိုက်လျှောက်ခဲ့ပြီး ဘယ်တော့မှလဲ အရွေးမခံခဲ့ရပါဘူး။ နာမည်ကြီးဟမ်ဘာဂါကုမ္ပဏီဖြစ်တဲ့ McDonald မှာဆိုရင် လူပေါင်း ဒါဇင်ချီတဲ့အထဲက တစ်ဦးတည်းသော အရွေးမခံရသူဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ၂ ခု စဖို့ ကြိုးစားခဲ့ပါတယ်။ နှစ်ခုလုံး အလုပ်မဖြစ်ခဲ့ပါဘူး။

ဒါပေမယ့် အခု ၁၉၉၅ ခုနှစ်မှာတော့ ဂျက်ဟာ သူ သေသေချာချာကို ဆုံးဖြတ်ထားတဲ့ပုံပေါ်နေပါတယ်။ သူဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံးသော eCommence ကုမ္ပဏီကို တည်ထောင်သွားမယ်လို့ သူ့သူငယ်ချင်းတွေကို ရှင်းပြနေပါတယ်။ သူ့ရဲ့ ရှေ့က အလီလီရှုံးနိမ့်မှုတွေကို သူမေ့နေသလိုပါပဲ။

သူ့ရဲ့ ရှုံးနိမ့်မှုတွေကို သိပြီးသားဖြစ်တဲ့ သူ့သူငယ်ချင်းတွေကို သူက သူ့ရဲ့ အစီအစဉ်အကြောင်း နာရီပေါင်းများစွာတိုင်အောင် ရှင်းပြနေပါတယ်။ သူ့သူငယ်ချင်းတွေဟာ သူ့ရဲ့ ရှုံးနိမ့်မှုကို သိပြီးဖြစ်သလို သူ့ရဲ့ determination ကိုလဲ ကွက်ကွက်ကွင်းကွင်း မြင်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် သူတို့ ၁၇ ယောက်လုံးဟာ ဂျက်ရဲ့ ကုမ္ပဏီအသစ်အတွက် ဒေါ်လာခြောက်သောင်း စတင်ရင်းနှီးလိုက်ပါတယ်။

ဂျက်နဲ့ သူ့သူငယ်ချင်းတွေဟာ ဆုံးဖြတ်ချက်မှန်ကန်ခဲ့ပါတယ်။ နောက် ဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့အကြီးဆုံး eCommence ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာ Alibaba ကုမ္ပဏီရဲ့ တန်ကြေးဟာ ဒေါ်လာ ၁၈၀ ဘီလီယံခန့်ရှိနေပါပြီ။

ဒါပေမယ့် ဂျက်သာ တကယ်လို့ သူ့ရဲ့ ရှုံးနိမ့်မှုတွေက သူ့ရဲ့ ယုံကြည်ချက်တွေကို အနိုင်ယူခွင့်ပေးလိုက်မယ်ဆိုရင် ဒီကုမ္ပဏီဟာ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ အဲ့ဒီအစား သူဟာ မျက်လုံး စုံမှိတ်ကြိုးစားခဲ့ပါတယ်။

Bayda Land Marketing မှ ကြိုဆိုပါတယ်ရှင်။ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို မြန်မာငွေ ၁၂၀၀၀၀ ကျပ်ကစလို့ အသက်သာဆုံ...
25/10/2016

Bayda Land Marketing မှ ကြိုဆိုပါတယ်ရှင်။ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို မြန်မာငွေ ၁၂၀၀၀၀ ကျပ်ကစလို့ အသက်သာဆုံး ဈေးနှုန်းတွေနဲ့ အွန်လိုင်းပေါ်မှာ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်။ Social Media marketing, Public Relation handling များအပြင် website များကိုပါ အလှပဆုံးနဲ့ အမြန်ဆုံး ရေးဆွဲပေးခြင်းများကို အသက်သာဆုံး ဈေးနှုန်းနဲ့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်ရှင်။

Content ပိုင်းနဲ့ graphic ပိုင်းများအတွက်လည်း ပူပင်စရာမရှိပါဘူး။ နယ်ပယ်အသီးသီးက ပညာရှင်များကို ခေါ်ယူ လုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် creative ဖြစ်မယ့် အိုင်ဒီယာများနဲ့ အာမခံဝန်ဆောင်မှုများ ပေးနေပါပြီ။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံး ထိုးဖောက်ချင်တယ်ဆိုရင်တော့ Bayda Land Marketing ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

01-537642, 09-780-983367


Bayda Land Marketing မှ ကြိုဆိုပါတယ်ရှင်။ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းများကို မြန်မာငွေ ၁၂၀၀၀၀ ကျပ်ကစလို့ အသက်သာဆုံး ဈေးနှုန်းတွေနဲ့ အွန်လိုင်းပေါ်မှာ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်။ Social Media marketing, Public Relation handling များအပြင် website များကိုပါ အလှပဆုံးနဲ့ အမြန်ဆုံး ရေးဆွဲပေးခြင်းများကို အသက်သာဆုံး ဈေးနှုန်းနဲ့ ဝန်ဆောင်မှု ပေးသွားမှာဖြစ်ပါတယ်ရှင်။

Content ပိုင်းနဲ့ graphic ပိုင်းများအတွက်လည်း ပူပင်စရာမရှိပါဘူး။ နယ်ပယ်အသီးသီးက ပညာရှင်များကို ခေါ်ယူ လုပ်ဆောင်သွားမှာဖြစ်တဲ့အပြင် creative ဖြစ်မယ့် အိုင်ဒီယာများနဲ့ အာမခံဝန်ဆောင်မှုများ ပေးနေပါပြီ။ သင့်ရဲ့ စီးပွားရေးလုပ်ငန်းကို ဈေးအသက်သာဆုံးနဲ့ အထိရောက်ဆုံး ထိုးဖောက်ချင်တယ်ဆိုရင်တော့ Bayda Land Marketing ကို ဆက်သွယ်လိုက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။

Address

1st Floor, No. 37(B), Insein Road, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+95 1 537642

Alerts

Be the first to know and let us send you an email when Bayda Land Digital Agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bayda Land Digital Agency:

Share