04/01/2020
၁၈၈၅ခုနှစ်တွင် မြန်မာတို့ရဲ့နောက်ဆုံးမင်းဆက်ဖြစ်သော သီပေါမင်းပါတော်မူသွားခဲ့ပြီးနောက်
မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှလက်အောက်သို့သိမ်းပိုက်ခံခဲ့ရပြီး ကိုယ့်မင်းကိုယ်ချင်းဖြင့် အုပ်ချုပ်သောဘဝမှ ကိုယ်ပိုင်လွတ်လပ်ခွင့်
ဆုံးရှုံးခဲ့ရသည်။ ထိုအချိန်မှစ၍ တိုင်းတစ်ပါးတို့ရဲ့ အုပ်ချုပ်စိုးမိုးမှုကို နှစ်ပေါင်းများစွာခံခဲ့ရပြီး
ခေတ်အဆက်ဆက်တိုင်းရင်းသားခေါင်းဆောင်ကြီးများအားလုံး စည်းလုံးညီညွှတ်စွာကြိုးပမ်းမှုအားဖြင့် ၁၉၄၈ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီး အချုပ်အချာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ်သို့ပြန်လည်ရောက်ရှိခဲ့သည်။ ထိုအချိန်မှစ၍
နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ(၄)ရက်နေ့ကို "လွတ်လပ်ရေးနေ့" ဟူ၍နေ့ထူးနေ့မြတ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
ယနေ့ ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်သည့် (၇၂)ကြိမ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။